Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, April 7, 2017

ကမ္ဘာ့ဒုတိယအလှဆုံး အမျိုးသမီးအဖြစ် သတ်မှတ်ခံရတဲ့ Priyanka Chopra


By ရွှေမွန် 
    
ဘောလိဝုဒ်ရဲ့ နာမည်ကျော် မင်းသမီးတစ်လက်ဖြစ်တဲ့ Priyanka Chopra  ဟာ လှပပြီး စွဲဆောင်မှုရှိသူ အဖြစ် နာမည်ကြီးသူပါ။သူမဟာ အခုဆိုရင်တော့ Angelina Jolie, Emma Watson, Blake Lively နဲ့ Michelle Obama တို့လို့ တကယ့်ဒိတ်ဒိတ်ကြဲကြဲ အကျော်အမော်တွေကို ကျော်တတ်ပြီး (၂၀၁၇)အတွက် ကမ္ဘာ့ဒုတိယအလှဆုံး အမျိုးသမီးအဖြစ် သတ်မှတ်ခံလိုက်ရ ပါတယ်။


ကမ္ဘာ့အလှဆုံး အမျိုးသမီးအယောက်(၃၀)စာရင်း မဲပေးရွေးချယ်မှုကိုတော့ အမေရိကန်လော့အိန်ဂျလိစ် အခြေစိုက်  BuzzNet ဆိုတဲ့ ဓါတ်ပုံ၊ဂျာနယ် နဲ့ဗီဒီယိုရှယ်တဲ့ ဆိုရှယ် မီဒီယာ နက်ဝါ့ခ်က ကြီးမှူးပြုလုပ်ခဲ့တာ ပါ။



ဒီစာရင်းမှာတော့ အဆိုတော် Beyonce ကနံပါတ်တစ်နေရာကို ရခဲ့ပါတယ်။ နံပါတ်နှစ်နေရာကိုတော့ Priyanka  ကရခဲ့တာပါ။Priyanka က သူမကို မဲပေးရွေးချယ်ပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူး တင်ကြောင်း သူမရဲ့ တွစ်တာ အကောင့်မှာရေးသားထားပါတယ်။”BUZZNET  မှာ vote လုပ်ပေးခဲ့တဲ့ အတွက် ကျေးဇူး တင်ပါတယ်။ဘီယွန်းဆေးက ကျွန်မအတွက်လည်း နံပါတ် တစ်ပါပဲ” လို့ ရေးထားခဲ့တာပါ။



မော်ဒယ်တစ်ယောက်ဖြစ်သလို Victoria’s Secret ရဲ့ နတ်သမီး တစ်ပါးဖြစ် တဲ့ Taylor Hill ကနံပါတ်(၃)၊Emma Watson ကနံပါတ်(၄)၊ 50 Shades ရဲ့ မင်းသမီး Dakota Johnson က (၅) ပါ။



Hillary Clinton က နံပါတ်(၆)၊Suicide Squad ရဲ့ မင်းသမီး Margot Robbie က(၇)၊Angelina Jolie က(၈)၊Fahriye Evcen က(၉)နဲ့ Alexandra Daddario က နံပါတ်(၁၀)နေရာတို့မှာ ရှိခဲ့ပါတယ်။စာရင်းမှာ ရွေးခဲ့တဲ့ အလှဆုံးအမျိုးသမီးစုစုပေါင်းကတော့ အယောက်(၃၀)ပါ။စူပါမော်ဒယ် Gigi Hadid က နံပါတ် (၁၃)နဲ့အမေရိကန်သမ္မတကတော်ဟောင်း Michelle Obama ကနံပါတ်(၂၁) နေရာတို့မှာ အသီးအသီး ရှိနေခဲ့ကြပါတယ်။

No comments:

Post a Comment