Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, April 8, 2017

မယားပါသမီးႏွင့္ ေဖာက္ျပန္သည့္ ေ႐ြးေကာက္ပြဲေကာ္မရွင္ဦးစီးအရာရွိအား ဇနီးျဖစ္သူမွအမႈဖြင့္


ဧၿပီ ၈၊ ၂၀၁၇| သစၥာမင္း|

ပဲခူးတိုင္းေဒသႀကီး၊ ျပည္ခ႐ိုင္၊ ေ႐ႊေတာင္ၿမိဳ႕နယ္တြင္ ျပည္ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမွ ဦးစီး အရာရွိ တစ္ဦးအား ဇနီးျဖစ္သူမွ သူမ၏သမီးအရင္းႏွင့္ ေဖာက္ျပန္ေနသည့္အတြက္ ေ႐ႊေတာင္ရဲစခန္း၌ လာေရာက္ အမႈဖြင့္ထားေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ ေ႐ႊေတာင္ၿမိဳ႕၊သရက္ေတာရပ္ကြက္၊ ေအာင္ေျမသာနယ္ေျမ၊ ဝန္ထမ္းအိမ္ယာခြဲမႉး အရာရွိ လိုင္ခန္းေနထိုင္သူ ေဒၚမာလာရီ (၅၄)ႏွစ္သည္ ပထမခင္ပြန္း ဦးဝင္းသိန္းႏွင့္ သမီးတစ္ဦး ထြန္းကားခဲ့ၿပီးေနာက္ ၂၀၁၀ ခုႏွစ္တြင္ တရားဝင္ကြာရွင္းခဲ့ၿပီး ျပည္ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမွ ဦးစီးအရာရွိျဖစ္သူ ဦးသန္းဆင့္(၆၀)ႏွစ္ႏွင့္ လြန္ခဲ့ေသာ (၇)ႏွစ္ခန႔္က ဒုတိယအိမ္ေထာင္အျဖစ္ ေပါင္းသင္းကာ သမီးျဖစ္သူႏွင့္တစ္ကြ ေ႐ႊေတာင္ၿမိဳ႕ခ်ည္မွ်င္စက္႐ုံ ၊အရာရွိ အိမ္ယာလိုင္းခန္းတြင္  အတူေနထိုင္ခဲ့ၾကသည္။

ထိုကဲ့သို႔ အတူေနထိုင္ၾကရင္း ဧၿပီလ (၆)ရက္ေန႔ မြန္းလြဲ ၁ နာရီ ၃၀ မိနစ္အခ်ိန္တြင္ ခင္ပြန္းျဖစ္သူ ဦးသန္းဆင့္ႏွင့္ သမီးျဖစ္သူ မ------ (၂၂)ႏွစ္ တို႔ကို ေနအိမ္ အိပ္ခန္းအတြင္း အဝတ္အစားမပါပဲ အတူတူေဖာက္ျပန္ေနၾကသည္ကို ကိုယ္တိုင္ျမင္ေတြ႕ခဲ့ရသျဖင့္  ဧၿပီ(၇)ရက္ေန႔ ေန႔လည္ ၂ နာရီ ၂၀ မိနစ္အခ်ိန္ခန႔္တြင္ ေ႐ႊေတာင္ၿမိဳ႕မရဲစခန္းသို႔လာေရာက္ကာ ေဒၚမာလာရီမွ တရားလိုျပဳ တိုင္တန္းခဲ့ျခင္း ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕မွသိရသည္။

မိခင္ျဖစ္သူ ေဒၚမာလာရီမွ တရားလိုျပဳလုပ္တိုင္တန္းခ်က္အရ ျပည္ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမွ ဦးစီးအရာရွိျဖစ္သူ ဦးသန္းဆင့္အား ေ႐ႊေတာင္ၿမိဳ႕မရဲစခန္း(ပ)၅၆၀/၁၇၊ တစ္လင္တစ္မယားက်င့္သုံးျခင္း ဆိုင္ရာ ဥပေဒပုဒ္မ-၁၃ ျဖင့္ အမႈဖြင့္ထားၿပီး အမႈအားဒုရဲအုပ္ ေဇာ္သန္းထိုက္ မွ စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိသည္။

Source:ျပည့္သဲေမာင္(ျပည္)


ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် ပြည်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ တစ်ဦးအား ဇနီးဖြစ်သူမှ သူမ၏သမီးအရင်းနှင့် ဖောက်ပြန်နေသည့်အတွက် ရွှေတောင်ရဲစခန်း၌ လာရောက် အမှုဖွင့်ထားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ရွှေတောင်မြို့၊သရက်တောရပ်ကွက်၊ အောင်မြေသာနယ်မြေ၊ ဝန်ထမ်းအိမ်ယာခွဲမှူး အရာရှိ လိုင်ခန်းနေထိုင်သူ ဒေါ်မာလာရီ (၅၄)နှစ်သည် ပထမခင်ပွန်း ဦးဝင်းသိန်းနှင့် သမီးတစ်ဦး ထွန်းကားခဲ့ပြီးနောက် ၂၀၁၀ ခုနှစ်တွင် တရားဝင်ကွာရှင်းခဲ့ပြီး ပြည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိဖြစ်သူ ဦးသန်းဆင့်(၆၀)နှစ်နှင့် လွန်ခဲ့သော (၇)နှစ်ခန့်က ဒုတိယအိမ်ထောင်အဖြစ် ပေါင်းသင်းကာ သမီးဖြစ်သူနှင့်တစ်ကွ ရွှေတောင်မြို့ချည်မျှင်စက်ရုံ ၊အရာရှိ အိမ်ယာလိုင်းခန်းတွင်  အတူ နေထိုင်ခဲ့ကြသည်။

ထိုကဲ့သို့ အတူနေထိုင်ကြရင်း ဧပြီလ (၆)ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်တွင် ခင်ပွန်းဖြစ်သူ ဦးသန်းဆင့်နှင့် သမီးဖြစ်သူ မ------ (၂၂)နှစ် တို့ကို နေအိမ် အိပ်ခန်းအတွင်း အဝတ်အစားမပါပဲ အတူတူဖောက်ပြန်နေကြသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသဖြင့်  ဧပြီ(၇)ရက်နေ့ နေ့လည် ၂ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ရွှေတောင်မြို့မရဲစခန်းသို့လာရောက်ကာ ဒေါ်မာလာရီမှ တရားလိုပြု တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

မိခင်ဖြစ်သူ ဒေါ်မာလာရီမှ တရားလိုပြုလုပ်တိုင်တန်းချက်အရ ပြည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိဖြစ်သူ ဦးသန်းဆင့်အား ရွှေတောင်မြို့မရဲစခန်း(ပ)၅၆၀/၁၇၊ တစ်လင်တစ်မယားကျင့်သုံး
ခြင်းဆိုရာဥပဒေပုဒ်မ-၁၃ ဖြင့် အမှုဖွင့်ထားပြီး အမှုအားဒုရဲအုပ် ဇော်သန်းထိုက် မှ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။


Source:ပြည့်သဲမောင်(ပြည်)

No comments:

Post a Comment