Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, May 29, 2018

လိုင်လသိုလ် ကဒရ်ဆိုတာ ဘာလဲ?



လိုင်လသိုလ် ကဒရ်ဆိုတဲ့ စာလုံးမှာ ဝေါဟာရနှစ်လုံးပါရှိပါတယ်။ တစ်ခုက လိုင်ယ်လ- ဆိုတာက ည ကိုခေါ်ပါတယ်။ ကဒရ်- ဆိုတဲ့ အဓိပ္ပာယ်က ဘုန်းကံ၊ တတ်စွမ်းနိုင်မှု၊ တို့ကိုဆိုလိုတာဖြစ်ပါတယ်။ ဒီနှစ်လုံးပေါင်းစပ်လိုက်ရင် ကျမ်းမြတ်ကုရ်အာန်မှာ လိုင်ယ်လသိုလ်ကဒရ် ဆိုတာက အလ္လာဟ်အရှင်မြတ်ရဲ့ ဘုန်းတော်ထွန်းတောက်တဲ့ ည၊ ဖန်ဆင်းခံများအတွက်ဆိုရင် လူသားတွေရဲ့ ကံကြမ္မာကို တိုင်းတာ သတ်မှတ်တဲ့ည။ ကျမ်းတော်မြတ် ကုရ်အာန်ကို ထုတ်ပြန်ပို့ချခြင်းအားဖြင့် တိုင်းတာသတ်မှတ်တယ်။

အနှိုင်းမဲ့ ကိုးကွယ်အရှင်ဟာ ကမ္ဘာဦး အစကတည်းက ခေတ်တိုင်း လူမျိုးတိုင်းထဲမှာ နဗီတမန်တော်တွေ စေလွှတ်ပြီးတော့ တရားအလင်းတွေကို ထုတ်ပြန်ပို့ချခဲ့ပါတယ်။ တရားအလင်းဆိုတာက အလ္လာဟ် အရှင်မြတ်သည် လူသားကို ဖန်ဆင်းထားတယ် ဒီကမ္ဘာလောကကြီးကိုလဲ ဒုက္ခတွေကင်းဝေးပြီး သာယာဖို့ လှပဖို့၊ သေပြီးနောက် တမလွန်ဘဝမှာလဲ ဒုက္ခတွေကင်းဝေးပြီးတော့ အနှိုင်းမဲ့ အကြွင်းမဲ့ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းသာယာမှု ရရှိစေဖို့ အဲဒိအတွက်ကို ခေတ်တိုင်း လူမျိုးတိုင်းမှာ လူသားတမန်တော်တွေကို စေလွှတ်ပြီးတော့ တရားလမ်းညွှန်နှင့်တကွ ပို့ချခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ နောက်ဆုံး တမန်တော်ချုပ် မုဟမ္မဒ်သခင် (ဆွလလ္လာဟ်ဟု အလိုင်းဟိ ဝစွလာမ်)ကို အေဒီ ၆၁၀ ခုနှစ်မှာ မွေးဖွားသန့်စင်တော်မူပြီး တမန်တော်ဖြစ်ကြောင်း ကြေငြာပြီးတဲ့နောက်မှာ လူသားတွေ အတွက် နောက်ဆုံးလမ်းညွှန် ကျမ်းတော်မြတ် ကုရ်အာန်ကို စတင်ထုတ်ပြန် ပို့ချတဲ့ ညကိုခေါ်ဆိုခြင်းလဲ ဖြစ်ပါတယ်။ ဒီမှာ ဝိသေသပေါင်းများစွာရှိပါတယ်။

ဒီညဟာ လူသားတွေရဲ့ ကံကြမ္မာကို တိုင်းတာသတ်မှတ်တဲ့ည ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ ပါဝင်တဲ့ လမ်းညွှန်ချက်များအတိုင်း ကျင့်ကြံကြမယ် ဆိုရင် လူသားတွေဟာ လောကမှာလဲ အောင်မြင်မယ် တမလွန်မှာလဲ ဒုက္ခတွေကင်းဝေးပြီး ငြိမ်းချမ်းမယ် ဆိုတဲ့သဘောလဲ ဖြစ်ပါတယ်။

ဒီကျမ်းဟာ ကမ္ဘာ့သမိုင်းကို ပြောင်းလဲပေးစေခဲ့တယ် ဆိုတာ ကမ္ဘာ့ပညာရှင်တွေ မုစ်လင်မ်တွေရော  မုစ်လင်မ်မဟုတ်သူတွေပါ ပညာရှင်တွေ အားလုံးက ကြေငြာထားပြီးသား ဖြစ်ပါတယ်။ ယနေ့ ကုရ်အာန်ကျမ်းတော်မြတ်နဲ့ ပတ်သက်လို့ အခြေခံစာလုံးတွေတောင် နားမလည်တဲ့ သူတွေက အစ္စလာမ်ကိုဝေဖန်တာဟာ ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိပါဘူး။ ဥပမာ ပြင်သစ် စစ်ဘုရင် နပိုလီယံဟာ သူကြွေးကြော်ခဲ့တယ် ငါဟာ ကမ္ဘာကြီးကို စိုးမိုးနိုင်တော့မယ် အဲဒီခါကြရင် ကမ္ဘာ့ လူသားတွေကို ပျော်ရွှင်တဲ့ လမ်းညွှန်တစ်ခုလိုတယ် အဲဒါက ကုရ်အာန်ပဲဆိုပြီးတော့ သူကိုယ်တိုင် ပြောသွားတာတွေ ရှိပါတယ်။

ထိုနည်းတူစွာ ကမ္ဘာ့ ကုလသမဂ္ဂဟောင်း ကိုဖီအာနန်၊ ဗြိတိသျှ အိမ်ရှေ့မင်းသား၊ နိုင်ငံရေးသမားတွေရော ကမ္ဘာ့ ပညာရှင်ပေါင်းများစွာက ကုရ်အာန်ကျမ်းသည် လူသမိုင်းကို အမှောင်ကနေ အလင်းကိုပေးခဲ့တယ် ဆိုတာ အတိအလင်း ကမ္ဘာကိုကြေငြာထားပြီးသားပါ။

ယနေ့ ဥရောပမှာ ပြန်ပြီးနိုးကြားလာတဲ့ ခေတ်ကိုရောက်လာတာ ဒါဟာ ကုရ်အာန်ကျမ်း ကျပြီးတဲ့နောက် အစ္စလာမ်ဘာသာဝင်တွေဟာ နှစ်ပေါင်း ၇၀၀ ကျော် ကမ္ဘာကို အလင်းပေးခဲ့တယ်။  စပိန် ကော်တိုဗာ ကြီးပေါ်ခဲ့တယ်။ ဘက္ကဒက် ယဉ်ကျေးမှုကြီးပေါ်ခဲ့တယ်။ အီဂျစ် ယဉ်ကျေးမှုကြီး ပေါ်ခဲ့တယ်။ ဥရောပမှာ ဆိုရင် ပုတ်ရဟန်းမင်း လုပ်မယ့်သူတောင်မှ မုစ်လင်မ်တွေရဲ့ ကော်တိုဗာ တက္ကသလိုလ်ကြီးမှာ လာပြီးတော့ ပညာရှာဖွေရတဲ့ အဲဒီခေတ်ကာလပါ။ လူသားတွေရဲ့ ယဉ်ကျေးမှု၊ သိပ္ပံ၊ သမိုင်း၊ ဘက်ပေါင်းစုံက ကိုယ်ကျင့်တရားတွေ အားလုံးပေးခဲ့တယ်ဆိုတာက ပညာရှင်တွေ အားလုံးလက္ခံထားပြီးသား ဖြစ်ပါတယ်။

သို့သော် မုစ်လင်မ်တွေ ကိုယ်တိုင်က ကုရ်အာန်ကျမ်းရဲ့ လမ်းညွှန်ချက်နဲ့ တဖြေးဖြေးအားနည်းလာတဲ့ အခါမှာ ဒီနေ့ နစ်နာမှုတွေ ဆုံးရှုံးမှုတွေ ကြုံတွေ့နေရပါတယ်။

လိုင်ယ်လသိုလ် ကဒရ်က အလ္လာဟ်အရှင်မြတ်ထံတော်က တမန်တော်မြတ်ထံကို ကုရ်အာန်ပို့ချခဲ့တာ မှန်ပါတယ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ကျော်က အဲဒိ လိုင်လသိုလ် ကဒရ်က ဘုန်းတော်ထွန်းတောက်တဲ့ည၊ ပြီးရင် အလ္လာဟ်အရှင်မြတ်ဘက်တော်က လူသားတွေအပေါ် ကျေးဇူးတော်ပြုမယ့် ကရုဏာပြုမယ့် ညဟာ နှစ်တိုင်းမှာရောပြန် ရှိသလားဆိုတော့ ကျမ်းတော်မြတ် ကုရ်အာန်အရ ရှိပါတယ်။

ကျမ်းတော်မြတ် ကုရ်အာန် စူရာဟ် (ကဏ္ဍ) ၉၇း ဗျာဒိတ်တော် ၁ မှာ အင်းနအန်ဇားလ်နာဟု ဖီးလ်လိုင်ယ်လသိုလ်ကဒ်ရ် မုချဧကန် ငါအလ္လာဟ်အရှင်မြတ်သည် ဒီကုရ်အာန်ကျမ်းတော်မြတ်ကို လိုင်ယ်လသိုလ်ကဒ်ရ်ညမှာ ထုတ်ပြန်ပို့ချခဲ့တယ်လို့ ပြောထားပါတယ်။ သနသ်ဇလု မလာအိကသုလ် ဝရ်ရူးဟု ကောင်းကင်တမန်တော်ချုပ်ကြီး ရူ လို့ခေါ်တဲ့ ဂျီဘရာအီးလ် (အ)နဲ့ ကျန်တဲ့ ကောင်းကင် တမန်တွေဟာ အုပ်စုလိုက် ထပ်ခါထပ်ခါ ဆင်းသက်ကြတယ်ဆိုတဲ့ အသုံးအနှုန်းတွေ ကျန်တဲ့ ဗျာဒိတ်တော်တွေမှာကြည့်ရင် အတိတ်မဟုတ်တဲ့အတွက် ဒါဟာနှစ်စဉ် ရမ်ဇာန် (ဥပုသ်)လရဲ့ ရက်ပေါင်း ၃၀ (သို့) ၂၉ ရက်အတွင်းမှာ ရှိပါတယ်။

ဒီအတိုင်းပဲ တမန်တော်မြတ်ရဲ့ သြဝါဒ မှတ်တမ်းများအရ ရှင်းပါတယ် တစ်လုံးထဲမှာ ကဒရ် (ညထူး ညမြတ်)ဟာ ရှိနေပါတယ်။ အထူးသဖြင့် နောက်ဆုံး ဆယ်ရက်မှာရှိမယ်။ မ ဂဏန်းနဲ့ညတွေမှာ ရှိနိုင်ပါတယ် ၂၁. ၂၃. ၂၅. ၂၇.၂၉ ဒီညတွေမှာ ရှိနိုင်တယ်ပါတယ်။ အချိန်ပေးနိုင်တဲ့သူတွေက လမြတ် ရမ်ဇာန် (ဥပုသ်)လရဲ့ နောက်ဆုံး ဆယ်ရက်မှာ အီသီကဖ် လို့ခေါ်တဲ့ လောကီလုပ်ငန်းတွေ အကုန်လုံး စွန့်လွှတ်ဖြတ်တောက်ပြီးတော့ ဗလီဝတ်ကျောင်းတော်တွေမှာ သီးခြားသွားပြီးတော့ နေကြတယ် မလိုအပ်တဲ့ စကားတွေမပြောဘူး ကျမ်းတော်မြတ် ကုရ်အာန်လေ့လာကြတယ် အထူးဘာသာရေး ဆိုင်ရာကျင့်ဝတ်တွေကို ဖြည့်ဆည်းကြတယ် ဝတ်ပြုဆုတောင်းမှုတွေလုပ်တယ် ရုပ်ပိုင်းဆိုင်ရာ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ မြင့်တက်လာအောင်  လုပ်ကြရတယ်။ 

အဲလို ဗလီတွေမှာ သီးခြားမနေနိုင်ရင်လဲ နောက်ဆုံးဆယ်ရက်တွေမှာ ညပိုင်းတွေမှာ အိမ်မှာပဲဖြစ်ဖြစ် ဗလီမှာပဲဖြစ်ဖြစ် အချိန်ပိုင်းလေးတွေ ကောင်းမှုကုသိုလ်တွေကို ရှာဖွေနိုင်ပါတယ်။ ဒီလိုညတွေမှာ ကုရ်အာန်ကျမ်းတော်မြတ်တွေကို လေ့လာဖို့လိုတယ် လေ့လာဖို့ အာရုံမရှိသေးတဲ့လူတွေကလဲ ဒီညမှာ ဆုံးဖြတ်ဖို့လိုတယ် ကျမ်းတော်မြတ်ဟာ လူခပ်သိမ်းအတွက် လမ်းညွှန်လို့ ချပေးထားတယ်။

လူသားအားလုံး မုစ်လင်မ် မဟုတ်သည်ဖြစ်စေ ဟုတ်သည်ဖြစ်စေ အလ္လာဟ်ဘက်က ဖန်ဆင်းရှင်က ဖန်ဆင်းခံလောကကို ကရုဏာတရားအားဖြင့် ဒီလမ်းညွှန်ကျမ်းကို ချပေးထားတယ်။ သက္ကဝါ အလ္လာဟ်သိစိတ်မပြတ်ထားသူတွေအတွက်  လမ်းညွှန်လို့ပြောထားတယ်။ ယေဘယျအားဖြင့် ချပေးထားတာ အားလုံးအတွက်ပဲ လက္ခံတာ လက်မခံတာ ကိုယ့်ကိစ္စ၊ အစ္စလာမ်ကလဲ ဘယ့်သူ့ကိုမှလဲ မျက်စိမှိတ်ပြီးတော့ အတင်းအစ္စလာမ်ကို မယုံကြည်ခိုင်းဘူး။ 

“လာအက္ကရာ ဖိဒိန်း သာသနာရေးမှာ အဓမ္မစနစ်မရှိစေရ’’ မုစ်လင်မ်တွေအတွက်က လူတွေကို ဉာဏ်အမြော်မြင်နဲ့ နားဝင်ချိုမြ စကားအလှနဲ့ အစ္စလာမ်ရဲ့ အလှတရားတွေကို ပြောပြဖို့ပဲရှိတယ်။ 

အစ္စလာမ်မှာ သာသနာပြုတယ်ဆိုတာ မရှိပါဘူး။ မုစ်လင်မ်တစ်ယောက်ဟာ အစ္စလာမ်ကို လက္ခံယုံကြည်ပြီးခဲ့ရင် ကျမ်းတော်မြတ် ကုရ်အာန်ဟာ သူ့ရဲ့ဘဝလမ်းညွှန်ပဲ မုစ်လင်မ်တစ်ယောက်က ကျမ်းတော်မြတ် ကုရ်အာန်ပေါ်ထားရှိရမယ့် တာဝန်တွေက

(၁) ယုံကြည်မှုနဲ့ အလေးအမြတ်ထားရမယ်၊ အစ္စလာမ်ကို လက္ခံပြီးသူဖြစ်ရမယ်။ 
(၂) ဋ္ဌာန်ကရိုဏ်းကျစွာ ဖတ်တတ်အောင်ကြိုးစားရမယ်။
(၃) နားလည်သဘောပေါက်အောင် ကြိုးစားရမယ်
(၄) မိမိဘဝကို ကျမ်းတော်မြတ်ရဲ့ လမ်းညွှန်ချက်နဲ့  အညီလိုက်နာကျင့်သုံးရမယ်၊ ကျင့်ကြံလိုက်နာရမယ်
(၅) အမှန်တရားကို သိပြီးတဲ့နောက် ဖြန့်ချီရမယ်၊ အမှန်တရားကို လူတွေသိအောင်လုပ်ရမယ်။ 

တမန်တော်မြတ်ရဲ့ သြဝါဒတော်ရှိပါတယ် “ငါ တမန်တော်ထံက တစ်အာယသ် (စာတပုဒ်)ပင်ဖြစ်စေ ဖြန့်ချီရမယ်’’။ သို့သော် ကိုမလုပ်တဲ့ကိစ္စကို မပြောရဘူးဆိုပြီး မိန့်ဆိုထားပါတယ်။ ဒါကြောင့် ကုရ်အာန်ကို ဖြန့်ချိမယ့်သူတွေဟာ မိမိကိုယ်တိုင်က  စံပြလုပ်ဖို့လိုတယ် သိဖို့လိုတယ်။ 

ဒီညမှာတော့ အထူးသဖြင့် လွတ်ငြိမ်းချမ်းသာခွင့်တောင်းဖို့၊ အထူးဝတ်ပြုဆုတောင်းမှုတွေနဲ့ အလ္လာဟ်နဲ့ နီးကပ်သထက် နီးကပ်အောင်ပြုလုပ်ဖို့၊ ဒီလကစပြီး မိမိဘဝကို သန့်ရှင်းအောင် ကျင့်ကြံနေထိုင်ဖို့၊ လကရရှိတဲ့ သင်ခန်းစာတွေကို တနှစ်ပတ်လုံး တသက်လုံး ကောင်းမှုတွေနဲ့ ဘဝကိုတည်ဆောက် နေထိုင်ကြဖို့ အထူးပင်လိုအပ်ပါတယ်။ ဒီညမှာတောင်းတဲ့ တောင်းဆုတော်များလည်း ပြည့်စုံကြပါစေလို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။ 
copy

လေးစားလျှက်
မုဟမ္မဒ် (မော်လမြိုင်)


Sunday, May 27, 2018

ဘောလီဒ္ဓီ [ဘောလီရေကန်ကြီး]




ဘောလီဒ္ဓီ


(၁)
ဟိုး ပဝေးသဏီက
ဘောလီမည်ခေါ် ဒေးဝန်ကြီးမှ
လူအင်မျိုးအား ညီညာစုလို့
ရပ်သူရွာသား စီပွားဆောင်ဖို့
လက်ပေါင်းတူးဖော် ဘောလီဒ္ဓီ။

(၂)
ဖြူးမ မယု ကြားတင့်တည်
မြေကောင်းကျယ်ပြန့် ရှော်ရ်ဘီလ်ဝယ်
မိုးမိုးမတ်မတ် မြို့ရိုးအလား 
ပင်ထီးကုက္ကို၊ ကန်ပေါင်ရံလျက် 
အေးရိပ်ဆာယာ ခိုနားသူအား
ရေချမ်းအေးအေး မော့ပြေတည်း။ 

(၃)
သာမြရေကန် ခိုင်ကြံ့ကာ
ကန်ဘောင်ရိုးက မျက်တဆုံးစာ
ကြာစုံမွှေးကြိုင် လေပြည်ဆောင်
ရေအေးကြည်လင်  မျက်ရည်ကြည်သို့
ငါးစုံငှက်ဖော်တို့ နိဗ္ဗာန်လော။

(၄)
ဒဏ္ဍာရီဆန် ဘော်လီကန်က
ရွှေလှေလှော်ခတ် လကွယ်လပြည့်
ကိန္နရီ ကိန္နရာ ရေပက်ကစား
ဆိုင်ရာဆိုင်ရာ ယုံတမ်းစကား
ပုံပြင်သဖွယ် ပြောမြဲသား။

📓📓📓📓📓📓📓📓📓📓📓📓📓📓

ရိုဟင်လေး
မေလ (၁၁)ရက်၊ ၂၀၁၈၊  ၇ : ၄၄ (သောကြာ)
--------------------------------------------------------

စာညွှန်း 📖 ဤသမိုင်းဝင် ဘောလီဒ္ဓီ ခေါ် ဘောလီရေကန်ကြီးသည် မောင်းတောမြို့နယ်မြောက်ပိုင်း၊ အောင်စစ်ပြင်ကျေးရွာအုပ်စု၊ ရီဒါးရွာ၌ ကြိမ်ချောင်း-အောင်သပြေ ကားလမ်းနှင့် ကပ်လျက်တည်ရှိသည်။ ဤရေကန်ကြီးကို ဒေးဝန်ကြီး ဖတေအာလီ ခေါ် ဘောလီ က အင်္ဂလိပ်လက်ထက်မတိုင်မီ  တူးဖော် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ 





Saturday, May 26, 2018

မြန်မာ့နိုင်ငံရေးသမိုင်းမှ ဖျောက်ဖျက်၍ မရမည့် ခေတ်အဆက်ဆက် ရိုဟင်ဂျာလူမျိုး လွှတ်တော် ကိုယ်စားလှယ်များ



မြန်မာ့နိုင်ငံရေးသမိုင်းမှ ဖျောက်ဖျက်၍ မရမည့် ခေတ်အဆက်ဆက် ရိုဟင်ဂျာလူမျိုး လွှတ်တော် ကိုယ်စားလှယ်များ

မြန်မာ့နိုင်ငံရေးသမိုင်းမှာရှိခဲ့တာတွေကိုလိမ်ဖို့ဖြစ်နိုင်ပါ့မလား။ ရိုဟင်ဂျာဆိုတာနဲ့ ခါးခါးသီးသီးဖြစ်နေတဲ့သူတွေအနေနဲ့ ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေ အရင်လေ့လာသင့်တယ်။ အခုရေးနေတဲ့အကြောင်းအရာကို ခင်ဗျားလက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ မြန်မာ့သမိုင်းမှာ ဘယ်သောအခါမှဖျောက်ဖျက်လို့မရမယ့် အမြဲတမ်းရှိနေမယ့် သမိုင်းထဲကမှတ်တမ်းများဖြစ်ပါတယ်။

(၁) ဗြိတိသျှတို့သည် မြန်မာနိုင်ငံကို အိန္ဒိယပြည်မှခွဲထုတ်ပြီး ဒိုင်အာခီအုပ်ချုပ်ရေးကို ဖျက်သိမ်းလိုက်သည်။ မြန်မာနိုင်ငံအက်ဥပဒေကို ပြဌာန်းပြီး ၉၁ ဌာနအုပ်ချုပ်ရေးထူထောင်သည်။ ၉၁ ဌာနအုပ်ချုပ်ရေးတွင် ၉၁ ဌာနခွဲ၍ အုပ်ချုပ်ရမည်ဖြစ်သဖြင့် နိုင်ငံသားများလည်း ပါဝင်ရမည်။ မင်းတိုင်ပင်အမတ် (၁၃၂) ဦးရွေးချယ်ရန်ဖြစ်ပြီး တိုင်းရင်းသားများအပြင် နိုင်ငံခြားသားကိုယ်စားလှယ်များလည်းပါဝင်ခွင့် ရရှိသည်။ တိုင်းရင်းသားမဲဆန္ဒနယ်အဖြစ် မြန်မာ (၉၅) နယ်နှင့်ကရင် (၁၂) နယ် ပေါင်း (၁၀၇) နယ်၊ နိုင်ငံခြားသားမဲဆန္ဒနယ်အဖြစ် အိန္ဒိယအမျိုးသားများအတွက် (၁၃) နယ်၊ အင်္ဂလိပ်-မြန်မာ (၂) နယ်၊ တရုတ် (၁) နယ်၊ ဥရောပလူမျိုးများအတွက် (၉) နယ်၊ ပေါင်း (၂၅) နယ်ခွဲကာ ၁၉၃၆ ခုနှစ်နိုဝင်ဘာလတွင် ရွေးကောက်ပွဲကျင်းပခဲ့သည်။

ရခိုင်ဒေသတွင် တိုင်းရင်းသားမြန်မာမဲဆန္ဒနယ် (၉) နယ်နှင့်အိန္ဒိယအမျိုးသားများအတွက် စစ်တွေမြို့ပေါ်တွင် (၁) နယ်၊ မဲဆန္ဒနယ်ပေါင်း (၁၀) နယ်အတွက် မင်းတိုင်ပင်အမတ် (၁၀) ဦးရွေးချယ်ခဲ့ရာ ရိုဟင်ဂျာလူမျိုးများသည် မြန်မာတိုင်းရင်းသားမဲဆန္ဒနယ်မှ မဲပေးပိုင်ခွင့်ရရှိခဲ့ပြီး ဦးဂနီမာရ်ကန်သည် ဘူးသီးတောင်၊ မောင်းတောမြို့နယ်များ မဲဆန္ဒနယ်မှ မြန်မာတိုင်းရင်းသားကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။

(၂) ၁၉၄၇ ခုနှစ်အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့်ဗြိတိသျှဝန်ကြီးချုပ်အက်တလီတို့၏ မြန်မာနိုင်ငံကို တနှစ်အတွင်းလုံးဝလွတ်လပ်ရေးပေးရန်သဘောတူညီချက်ဖြင့် ချုပ်ဆိုခဲ့သောအောင်ဆန်း-အက်တလီစာချုပ်အရ တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲကို ၁၉၄၇ ခုနှစ် ဧပြီလ (၉) ရက်နေ့တွင်ကျင်းပခဲ့သည်။ ထိုရွေးကောက်ပွဲတွင် ဘူးသီးတောင်မဲဆန္ဒနယ်မှ ဦးအဒူဂဖားရ်  နှင့် မောင်းတောမဲဆန္ဒနယ်မှ ဦးဆုလ်တန်အာမတ်တို့ကိုရွေးချယ်တင်မြှောက်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းအစိုးရလက်ထက်တိုင်းပြုပြည်ပြုလွှတ်တော်အမတ်များဖြစ်ခဲ့ကြသည်။

(၃) ၁၉၅၁ ခုနှစ်ပါလီမန်ဒီမိုကရေစီစနစ်ရွေးကောက်ပွဲတွင် ဘူးသီးတောင်မြို့နယ်မဲဆန္ဒနယ် (၂)မှ ဦးအဘူဘော်ရှော်၊ မောင်းတောမြို့နယ်မဲဆန္ဒနယ် (၁)မှ ဦးဆုလ်တန်အာမတ်၊ မောင်းတောမြို့နယ်မဲဆန္ဒနယ် (၂) မှ  ဒေါ်အေးညွှန့် (ခ) ဒေါ်ဇူရာဘေဂါမ် နှင့် အထက်လွှတ်တော်အတွက် ဦးအဒူဂဖားရ်တို့ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။ ဒေါ်အေးညွှန့်သည် မြန်မာ့အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များထဲတွင် ပထမဆုံး အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ်သမိုင်းတင်ခံရသည်။ 

(၄) ၁၉၅၆ ခုနှစ်ပါလီမန်ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ် (၁) မှ ဦးအဲဇာရ်မီယာ၊ ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ် (၂) မှ ဦးအဘူဘော်ရှော၊ မောင်းတောမြို့နယ် မဲဆန္ဒနယ် (၁)မှ ဦးဆုလ်တန်အာမတ်၊ မောင်းတောမြို့နယ်မဲဆန္ဒနယ် (၂) မှ ဦးအာဘူလ်ခိုက်ရ်နှင့် အထက်လွှတ်တော်အတွက် ဦးအဒူဂဖားရ်တို့ ရွေးချယ်တင် မြှောက်ခြင်းခံခဲ့ရသည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် ဦးဆုလ်တန်မာမွတ်သည် ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း မဲဆန္ဒနယ်မှ ရွေးချယ်တင်မြှောက်ခံရသည်။

(၅) ၁၉၆၁ ခုနှစ် ပါလီမန်ဒီမိုကရေစီရွေးကောက်ပွဲတွင် ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ် (၁)မှ ဦးဆုလ်တန်မာမွတ်၊ ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ် (၂)မှ ဦးအဘူဘော်ရှော်၊ မောင်းတောမြို့နယ် မဲဆန္ဒနယ် (၁)မှ ဦးရရှစ်၊ မောင်းတောမြို့နယ် မဲဆန္ဒနယ် (၂)မှ ဦးအာဘူခိုက်ရ်နှင့် အထက်လွှတ်တော်အတွက် ဦးအဒူဆူဗန်တို့ရွေးချယ်တင် မြှောက်ခြင်းခံရသည်။

ပါလီမန်ဒီမိုကရေစီအစိုးရလက်ထက်တွင် ဦးဆုလ်တန်မာမွတ်သည် ပညာရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ဦးဆုလ်တန်အာမတ်သည် လူမျိုးစုရေးရာဝန်ကြီးဌာန ပါလီမန်အတွင်းဝန်အဖြစ်ခန့်အပ်ခံခဲ့ရသည်။ ထို့အပြင် ဦးအဒူဂဖားရ်နှင့် ဦးအာဘူဘော်ရှော်တို့လည်း ကျန်းမာရေးဝန်ကြီးဌာန ပါလီမန်အတွင်းဝန်များ အဖြစ်ခန့်အပ်ခံခဲ့ရသည်။ ထိုစဉ်က ပါလီမန်အတွင်းဝန်များသည် ဒုတိယ၀န်ကြီးနှင့်အဆင့်တူဖြစ်သည်။

(၆) ၁၉၇၄ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲတွင် ဘူးသီးတောင်မြို့နယ်မဲဆန္ဒနယ် (၁)မှ ဦးအဘူလ်ဟူးစိန်နှင့် မောင်းတောမြို့နယ်မဲဆန္ဒနယ် (၁)မှ ဒေါက်တာအဒူရဟင်တို့ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။

(၇) ၁၉၇၈ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲတွင် မောင်းတောမြို့နယ်မဲဆန္ဒနယ် (၂) မှ ဦးထွန်းအောင်ကျော် (ခ) ဦးအဒူဟိုက်ရွေးချယ်တင်မြှောက်ခြင်းခံရသည်။

စစ်အာဏာရှင်ဦးနေ၀င်း၏ ရိုဟင်ဂျာလူမျိုးများကိုနိုင်ငံသားအဖြစ်မှနိုင်ငံမဲ့ဘ၀သို့အရောက်ပို့သည့်မူဝါဒစတင်သည့် ၁၉၇၈ ခုနှစ်နောက်ပိုင်းကျင်းပသည့် ၁၉၈၂ ခုနှစ်နှင့် ၁၉၈၆ ခုနှစ်ရွေးကောက်ပွဲများတွင်ပါဝင်ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခဲ့သည်။သို့သော်လည်း ၁၉၉၀ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

(၈) ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသားလူ့အခွင့်အရေးဒီမိုကရက်တစ်ပါတီမှ ဘူးသီးတောင်မြို့နယ်မဲဆန္ဒနယ် (၁) မှဦးကျော်မင်း၊ ဘူးသီးတောင်မြို့နယ်မဲဆန္ဒနယ် (၂)မှ ဦးတင်မောင် (ခ) ဦးနူရ်အာမတ်၊ မောင်းတောမြို့နယ်မဲဆန္ဒနယ် (၁)မှ ဦးချစ်လွင်၊ မောင်းတောမြို့နယ်မဲဆန္ဒနယ် (၂)မှ ဦးဖဇာလ်အာမတ်တို့ရွေးချယ်တင်မြှောက်ခြင်းခံရသည်။ 

ဦးကျော်မင်းသည် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီ(စီအာရ်ပီပီ) အဖွဲ့ဝင်တဦးဖြစ်ပြီး၊ နိုင်ငံတကာအလုပ်သမား အဖွဲ့၊ ပြည်ထောင်စုနေ့ကြေညာချက်ထုတ်ပြန်မှုများတွင်အဓိကပါဝင်မှုကြောင့် ထောင်ဒဏ် (၄၇) နှစ်ကျခဲ့ရာ၊ ၂၀၁၂ ဇန်န၀ါရီလ (၁၃) ရက်နေ့တွင်လွတ်မြောက်လာခဲ့သည်။

(၉) ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ မောင်တောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်း (ခ) ဇော်ဟီရ်အမတ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်း (ခ) ဇိုက်ဒူရာဟာမာန်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်း (ခ) ဂျာဟန်ဂီရ် တို့လည်းကောင်း၊ ဘူးသီးတောင် မဲဆန္ဒနှယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဘော်ရှီးရ် တို့ အသီးသီး ရွေးချယ်တင်မြောက်ခြင်းခံရသည်။ 

ပြည်သူ့လွှတ်တော်ကိုစားလှယ်ဟောင်း ဦးအောင်ဇော်ဝင်းကို ၂၀၁၈ ခုနှစ်တွင် အရပ်သား တပ်မတော်အစိုးရမှ  ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ 

— လူထုဝဏ္ဏ

--------++-------

Friday, May 25, 2018

ကင်ဆာရောဂါဖော်ထုတ်ပေးမယ့် MasSpec Pen ဘော်ပင်နဲ့ တီထွင်သူ အီစ္စလာမ်ဘာသာဝင် Aydin Zahedivash


ကင်ဆာရောဂါကို စက္ကန့်ပိုင်းအတွင်း ဖော်ထုတ်ပေးမဲ့ MasSpec Pen ဘောပင်ကို တီထွင်သူ အီရန်နွယ်ဖွား အစ္စလာမ်ဘာသာဝင် အိုင်ဒန်ဇာဒီဗရှ် (Aydin Zahedivash)
= = = = = = = = = = = = = = = = = = = = = = = = = = = = = = = = =

ဒီ MasSpec Pen ဘောပင်ကလေးနဲ့ ခန္ဓာကိုယ်ကို တစ်ချက်ထိလိုက်ယုံနဲ့ ခန္ဓာကိုယ်ထဲမှာ ကင်ဆာရှိ/မရှိ ချက်ခြင်းသိနိုင်ပါတယ်။

“ဒါက အခြေနေတွေ လုံးဝ ပြောင်းလဲသွားစေပါတယ်။ ခွဲစိတ်ဆရာဝန်တစ်ဦးနဲ့ တစ်နေ့က ခွဲစိတ်စမ်းသပ်မှု လုပ်တော့ အဖြေ ထွက်ဖို့ နောက်ထပ် ၁ နာရီစောင့်ရပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိနည်းလမ်းဟာ အဲဒီလောက် အချိန်ကြာတတ်လို့ပါ။”


“ဒါပေမဲ့ ဒီနည်းလမ်းသစ်နဲ့ ကင်ဆာရှိ/မရှိ စက္ကန့် ၂၀ အတွင်းမှာ အဖြေထုတ်ပေးနိုင်သလို စမ်းသပ်နေကြ နည်းလမ်းဖြစ်တဲ့ အသားစထုတ်ယူမှုတွေ မပါဝင်ပါဘူး။ ကင်ဆာရှိ/မရှိ လက်ရှိစမ်းသပ်မှုမှာ လူနာ ကိုယ်ထဲက အသားစတွေကို ထုတ်ယူကြ တာပါ။ ကျနော်တို့ရဲ့ နည်းလမ်းကတော့ အဲဒီနေရာကို အသားစယူဖို့မလိုသလို အဲဒီနေရာကို ဘောပင်လေးနဲ့ထိလိုက်ယုံနဲ့ သိနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။” လို့ အိုင်ဒန်ဇာဒီဗရှ်က ပြောပြပါတယ်။

ခွဲစိတ်မှု လုပ်နေချိန်မှာ ကင်ဆာဖြစ်နေပြီလို့ ထင်ရတဲ့ နေရာက မော်လီကျူးကို ဘောပင်ထိပ်က ရေစက် ကလေးကနေ စုပ်ယူပီး စမ်းသပ်တာပါ။ ဒါကို ရောင်စဉ်တိုင်း က၇ိယာလို့ ခေါ်ပါတယ်။ အဲဒီလို စုပ်ယူလာတဲ့ မော်လီကျူးကို ခွဲခြမ်း စိတ်ဖြာပြီးတော့ ကင်ဆာရှိမရှိ အဖြေထုတ်ပေးတာပါ။

နောက်ပြီး ကောင်းတာတစ်ခုက ကင်ဆာရှိတဲ့နေရာကို အတိကျတိုင်းပေးပါတယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ ဘယ်နေရာက အသားစ ဘယ်လောက်ဖြတ်ထုတ်ရမယ် ဆိုတာ ခွဲစိတ်ဆရာဝန်တွေ သိနိုင်ပါလိမ့်မယ်။
“လူအသားစတွေနဲ့ ကျနော်တို့ စမ်းသပ်ပြီးပါပြီ။ လူနာတွေရဲ့ အသားစတွေနဲ့ ကျနော်တို့စမ်းသပ်တဲ့အခါ ကင်ဆာရှိမရှိ ၉၆ % ကျနော်တို့ မှန်ကန်နေတာကို တွေ့ခဲ့ကြပါတယ်။” လို့ အိုင်ဒန်ဇာဒီဗရှ်က ပြောပါတယ်။
ဒီကင်ဆာစမ်းသပ်တဲ့ ဘောပင်သစ်ကို ကျနော်တို့ ထုတ်လုပ်ဖို့ ၂ နှစ်ခွဲလောက် ကျနော်တို့ အချိန်ယူခဲ့ရ ပါတယ်။ ကျနော် တို့မှာ 3-D printer ရှိတဲ့အတွက် အလုပ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ချက်ခြင်းပဲ ထုတ်ယူနိုင်ခဲ့တာပါ။

နှစ်ပိုင်းအတွင်းမှာပဲ MasSpec ဘောပင်တွေကို အမေရိကန်ပြည်ထောင်စု၊ တက္ကဆတ်ပြည်နယ်၊ အော်စတင်မြို့မှာရှိတဲ့ တက္ကဆက်တက္ကသိုလ်၊ Dell ဆေးကျောင်းရဲ့ ခွဲစိတ်ခန်းထဲမှာ စမ်းသပ် အသုံးပြုနိုင်တော့မယ်လို့ အိုင်ဒန်က ပြောပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စု တလွှားမှာရှိတဲ့ ဆေးကျောင်းတွေမှာလည်း ဒီဘောပင်ကို အသုံးပြုဖို့ စီစဉ်ထားပါတယ်။ ပြီးယင် ဈေးနှုန်းအလွန်ချိုသာတဲ့ အိမ်သုံးဘောပင်တွေကို ထုတ်လုပ်ဖြန့်ချီဖို့ စီစဉ်ထားပါတယ်။

ဒါကြောင့်မိုလို့ နှစ်ပေါင်း အနည်းငယ်အတွင်းမှာ ဆီးချိုတိုင်းသလို လူတိုင်းကင်ဆာရှိ/မရှိ ကြိုတင် သိနိုင်တော့မှာ ဖြစ်ပါတယ်။

အိုင်ဒန်ဇာဒီဗရှ် (Aydin Zahedivash) ဆိုတဲ့ ဆေးပညာခေတ်သစ်ကို ဆန်းသစ်နိုင်ခဲ့တဲ့ ဒီသူရဲကောင်း လူငယ်လေး ဟာ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွေ့ခိုလှုံလာတဲ့ အီရန်လူမျိုး အစ္စလာမ်ဘာသာဝင် မိဘနှစ်ပါးက မွေးဖွားလာခဲ့သူ ဖြစ်ပါတယ်။

သူရဲ့ မွေးရပ်ဇာတိမြေဟာ ဟူစတန်မြို့ဖြစ်ပါတယ်။ သူဟာ The University of Texas မှာ BS, Biomedical Engineering နဲ့ ဘွဲရရှိခဲ့ပါတယ်။ သူကြီးပြင်းလာတဲ့အခါ သူဟာ နည်းပညာပိုင်းမှာ ထူးချွန်တာကို သတိထားမိ သွားပါတယ်။ သူဟာ ဇီဝအင်ဂျင်နီယာဘာသာရပ်နဲ့ လူသားတွေရဲ့ အသက်ကိုကယ်တင်မယ်လို့ သတိထားမိလာပါတယ်။

သူဟာ နည်းပညာဆရာဝန်ဖြစ်လာတဲ့အခါမှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါလက္ခဏာ ပိုမိုကောင်းမွန်လာအောင် စီမံခန့်ခွဲတဲ့နေရာမှာ သမားတော်တွေကို အထောက် ကူပေးတဲ့ ကရိယာတွေကို သုံးပြီး စက်အားဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးတဲ့နေရာမှာ အကူညီပေးလို့ရအောင် သုတေသီအဖွဲ့တွေနဲ့ အတူတွဲအလုပ်လုပ်ခဲ့ဖူးပါတယ်။ အဲဒီ အရာကပဲ နည်းပညာနဲ့ ဆေးပညာနှစ်မျိုး ပေါင်းစပ်အသုံးပြုဖို့ ကျနော့်ကို ဆွဲဆောင်နိုင်ခဲ့ကြောင်း အိုင်ဒန်က ပြောပါတယ်။

Dell ဆေးကျောင်းမှာတော့ အိုင်ဒန်လေးဟာ ကွာဟချက်တွေ ကျဉ်းမြောင်းသွားစေဖို့နဲ့ ဆရာဝန်တွေ အလုပ်လုပ်တဲ့ နည်းလမ်း တွေကို လွယ်ကူသက်သာအထောက်ကူရဖို့ ဒီဘောပင်လေးကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။

အိုင်ဒန် အမြဲပြောနေတဲ့ လက်သုံးစကားတစ်ခုရှိပါတယ်။ “ဆရာဝန်တွေဟာ သိပ္ပံနဲ့ လူသားအကြားက သံတမန်တွေ ဖြစ်ပါတယ်ဗျာ” တဲ့။

This cancer-detecting pen could one day help surgeons better remove tumors


ရုပ်သံနားထောင်ရန်- ဗီအိုအေ သတင်း
https://www.facebook.com/VoA.Burmese.News/videos/10156104489085170/


စကားထဲက ရာဇဝင်




AURÍMADONPUR ÓR CÚIKKA RAZA,DULOR SORÓR FORZAR MEMA


“ဩရီမောဒေါန်ပူရ် ဩရ် ရှူက္ခိယာရာဇာ၊ ဓူလော်စော်ရော်ရ် ဖောရ်ဇာ မေမာ”

ဒီလိုရှေး လင်္ကာတွေ ပြောတတ်တဲ့ အဘွားကြီးရဲ့ စကားတွေ သွားရင်းလာရင်း မကြာမကြာ ကြားနေရလို့ နားတောင် ညည်းနေတတ်၏။ အဘွားကြီးက ကလေးတွေကို သိပ်ချစ်တာပဲ။ ဒါဒီလို့ လူသိများတယ်။ အမည်ရင်းကိုတော့ မသိဘူး။ ကလေးတွေရဲ့ ကောင်းတဲ့ စရိုက်ဖြစ်ဖြစ်၊ မကောင်းတဲ့ စရိုက်ဖြစ်ဖြစ်တွေ့ချင်း မြင်ချင်း တစ်ခုခု ပြောတာချင်းပဲ။ ပတ်ဝန်းကျင်က ကလေးတွေကတောင် သူ့လင်္ကာတွေတတ်လာပြီ။ စကား အချေအတင် ပြောတဲ့ခါ အဲ့လို စကားတွေ ပြောတတ်လာပြီ။ တို့ နှစ်အိမ်ကျော်မှာ နေတဲ့ ဒေါလီယား ဆိုတဲ့ ကလေးကတော့ အတော်ကို လင်္ကာတွေ ပြောတဲ့ အကျင့်ပါလာတယ်။  အဲ့လင်္ကာတွေ ပြောရင်း အနိုင်စား ကြတယ်။ တခါတလေ အဘွားကို သရော်တတ်တယ်။ ငါတို့တောင် နည်းနည်းရနေပြီ။ 

သူ့မြေးလေးတစ်ယောက်ရှိတယ်။ ဟာမီတ်လို့ ခေါ်တယ်။ လူငယ်ဖြစ်တဲ့အနည်းနဲ့ အိမ်အလုပ်တွေ အဲ့လောက် ဝင်မကူဘူး။ စာလည်းနည်းနည်း ညံ့တယ်။  လူငယ်သဘာဝ ပျော်ပါးကစားချင်စိတ် များတာပေါ့။ ဒါဒီက အမြဲ သူ့ကို ဆုံးမတယ်၊ စတယ်၊ ကျီစယ်တယ်။ ဒါဒီက စတာနောက်တာကို သူမခံချင်ဘူး။ သိပ်ကို စိတ်ဆိုးတတ်တယ်။ ဘာကြောင့်လဲ သိလား။ ဒါဒီက သူကို ဂုဏ်ပုဒ် တစ်ခုနဲ့ ခေါ်ကြတာကိုး။ ငါ့မြေး “ဩရီမောဒေါန်ပူရ် ဩရ် ရှူက္ခိယာရာဇာ” လို့ သူ့ကို ခေါ်ရင် မခံချင်ဘူး။ ဒါကြောင့် ဒါဒီက သူ့ကို မကြာခဏနောက်တတ်တယ်။ ဒီတော့ သူ့သူငယ်ချင်း ပေါင်းဖော်တွေကလဲ ဝိုင်း စကြတာပေါ့။ သူတစ်ခါတလေ ငိုတောင် ငိုတတ်တယ်။ ဒါနဲ့ မခံချင်တာကို သိလေ တဖြေးဖြေး သူနာမယ်ဂုဏ်ပုဒ်လဲ ပျံ့လေ ဖြစ်နေတယ်။ အဲ့ဒီ လင်္ကာရဲ့ အပြည့်အစုံကတော့ “ဩရီမောဒေါန်ပူရ် ဩရ် ရှူက္ခိယာရာဇာ၊ ဓုလ်လော် ဆော်ရော်ရ် ဖော်ရ်ဇာ မေမာ” ဖြစ်တယ်။ ဒါဒီနဲ့ ဆုံဖြစ်တော့ ပုံပြင်တွေ နားထောင်ကြတယ်။ ရှေးစကားတွေ ပြောတယ်။ အခွင့်ဆီဆိုင် ဒီသူ့မြေးလေးရဲ့ ဂုဏ်ပုဒ် လင်္ကာကို မေးဖူးတာရှိတယ်။ ဒါပေမဲ့ ဒါဒီက ဒီလင်္ကာဟာ ငပျင်းတွေကို ပြောတဲ့ လင်္ကာလို့ပဲ ဖြေခဲ့တယ်။ ရှင်းရှင်းတော့ မဖြေခဲ့ပါဘူး။ တို့ လည်း အဲလောက် အရေးစိုက်တာ မဟုတ်သဖြင့် အသေးစိတ်ကို ပြန်မမေးခဲ့ဘူး။


ဒီလိုဒီလို နှစ်ကုန်ရက်ကုန်နဲ့ တစ်နေ့ ဒါဒီရဲ့ ဘဝပြောင်းဖို့ အချိန်တန်သွားပြီ။ ဒါဒီလဲ ဘဝပြောင်းသွားလေပြီ။ သူကျန်ရစ်ခဲ့တဲ့ အမွေအချို့က လူငယ်တွေရဲ့ ပါးစပ်စည်တီးနေပြီ။ သူ့ လင်္ကာတွေ၊ ပုံပြင်တွေ ၊ စကားထာတွေက ကလေးတွေရဲ့ ပျော်ရွှင်မှု ဇာတ်ကွက်ကို အတန်တိုးပေးလိုက်တာပေါ့။

ဒါနဲ့ ၂၀၀၉ ခု ဒီဇင်ဘာလတွင် သူငယ်ချင်းတစ်ဦးရဲ့ အကူအညီနဲ့ စာအုပ်တစ်အုပ် မိတ်ဆက်ခွင့်ရခဲ့တယ်။ အဲ့ဒါက အခြားမဟုတ်ဘူး၊ ဗိုလ်မှူး ဘရှင် ရေးသားခဲ့တဲ့ ‘အနော်ရထာအရင်က မြန်မာနိုင်ငံတော်’ ဖြစ်တယ်။ အဲ့စာအုပ်ဖတ်ရင်း “အရိမဒ္ဓနာ ပြည်” ဆိုပြီးတော့ ပုဂံပြည်ရဲ့ ရှေးအမည်ကို ဖတ်လိုက်ရတယ်။ တကယ်တော့ ဒီ နာမယ်နဲ့ စာသင်တုန်းကတည်း ရင်းနှီးခဲ့တယ်။ ရာဇကုမာရ်ကျောက်စာမှာလဲ ဖော်ပြတာ ဖတ်ဖူးတယ်။ နောက်လဲ တခြား စာအုပ်တွေမှာ ဖတ်ဖူးတာရှိတယ်။  ဒါပေမဲ့ ဒီတစ်ခါ ဖတ်ဖူးတာနဲ့မတူဘူး။ ဒီတခေါက် ဖတ်တာနဲ့ ဟိုး ဒါဒီရဲ့ လင်္ကာကို ဗုန်းခနဲ သတိရမိတယ်။ “ဩရီမောဒေါန်ပူရ် ဩရ် ရှူက္ခိယာ ရာဇာ”။ အဲ့လင်္ကာရဲ့ အရီမောဒါန်ပူရ်နဲ့ သံတူ ဌာန်တူနေတာကို သတိပြုမိတယ်။ ဩရီမောဒေါန်ပူရ် ဆိုတဲ့ စကားလုံးဟာ အရိမဒ္ဓနပူရ လို့ ဆိုလိုတာဖြစ်တယ်။ ပူရက ပြည်ပေါ့။ ရှေး ပြည်က မြို့ရဲ့ အနက်ဖွင့် တယ်။ တို့မျိုးတွေက ပျု၊ မွန်၊ မြန်မာ၊ ကုလားတို့ရဲ့ ရှေးပုဂံပြည် နာမယ်ကို ယခုထိတိုင် လက်ဆင့်ကမ်း သုံးနှုန်း လာနေတာလားလို့ စဉ်းစားမိတယ်။ အားကျမိတယ်။ ဂုဏ်ယူမိတယ်။  အာရ်ကာန် ပုဂံ အင်းဝ စတဲ့ ဆက်ဆံရေး ဘက်ကို တောင်တလှည့် မြောက်တလှည့် အမျိုးမျိုး စဉ်းစားခန်း ဝင်မိတယ်။ ဒီလောက် တန်ဖိုးရှိတဲ့ ရာဇဝင် စကားတစ်ခွန်းကို ဒီအတိုင်း အမှတ်မဲ့ထားခဲ့တာလား။ ပြီးတော့ ဒါဒီကို ဆုံးရှုံးခဲ့ရတဲ့ အတွက် နှမြောမိခဲ့တယ်။ စိတ်ထဲမှာ အဲ့လင်္ကာပုဒ်ရဲ့ အဓိပ္ပာယ် အသေးစိတ်ကို ရှင်းပြနိုင်မယ့် သူတော် တစ်ပါးကို တိတ်တခိုး ရှာနေတယ်။ အဓိပ္ပာယ်ကို သေသေချာချာ သိရှိရန် စိတ်ဆန္ဒပြင်း လာခဲ့ တာပေါ့။

နောက်တစ်ရက် ညနေ သုံးနာရီလောက်တွင် အသက် (၈၀) နီးပါးရှိလာတဲ့ အထက်တန်းကျောင်းအုပ် ဆရာကြီး မောင်နု နှင့် သွားတွေ့တယ်။ သူက အသက်လဲကြီး ပညာရှိ တစ်ပါး ဖြစ်တဲ့အပြင် သူအများရဲ့ ဂုဏ်ပြုလေးစားခြင်းကိုလည်း ခံရသူဖြစ်တယ်။ သူ့ အသက် ၈၀ ဖြစ်သော်လဲ ကျန်းကျန်းမာမာပါပဲ။ ချမ်းအင်္ကျီ တစ်ထည်ဝတ်နေလျက် ကုလားထိုင်ပေါ် ထိုင်နေတာကို တွေ့ရတယ်။ နှုတ်ဆက်ပြီးတော့ စကားစတယ်။ အထက်ပါအကြောင်းနဲ့ လာရခြင်းဖြစ်တယ်။ အဲ့လင်္ကာကို ကျနုပ် မှတ်မိသလောက် ဖတ်ပြတယ်။ ဆရာကြီးက အော်…ဒီ လင်္ကာလား ဆိုပြီး ကျွန်ုပ် နည်းနည်း အသံလွဲနေတဲ့ဟာကို ပြန်ဖတ်ပြတယ်။ ပြီးတော့ အသက် ၈ နှစ်လောက်ရှိတဲ့ မြေးမလေးကို ခေါ်ကာ စာရွက် တစ်ရွက်နဲ့ ဘော်ပင် တစ်ချောင်း ယူခိုင်းတယ်။ လင်္ကာကို အင်္ဂလိပ်စာလုံးနဲ့ စာရွက်ပေါ် ချရေးတယ်။


 ပြီးရင် စကားလုံး တစ်လုံးချင်း ရေးပြီးတော့ ရှင်းပြတယ်။
အရိမဓောန်ပူရ် = ပုဂံပြည် 
ရှုက္ချိာ               = ငပျင်း 
ရာဇာ               = မင်း 
ဓူလ်                 = ထမ်းစင် 
စောရ်               = စီးသည် 
ဖောရ်ဇာ           = ပြည်သူ 
မေမာ               = သစ်သီးဝလံ

အဓိပ္ပာယ်ကတော့ “ပုဂံပြည် ငပျင်းမင်း၊ ထမ်းစင် စီးလျက် ပြည်သူ့ ဘဏ္ဍာတွေကို အလွှဲကုန်” ဖြစ်နိုင်တယ်။ စောလူးမင်း(သို့မဟုတ်) တရုတ်ပြေးမင်း ခေါ် နရသီဟပတေ့မင်းကို ရည်ညွှန်း ဖွဲ့တာ ဖြစ်ကောင်းဖြစ်နိုင် တယ်။ ယခု မင်းတို့ခေတ်လို တီဗွီတွေ ဗီဒီယိုတွေ မရှိတဲ့ ရှေးခေတ်တုန်းက ရိုတွေဟာ မြေဝိုင်းအကတွေ၊ ပုံပြင်၊ ဖူတီး ခေါ်တဲ့ ဒဏ္ဍာရီဝတ္တုတွေ၊ ဖော့သ် ဆိုတဲ့ လင်္ကာ စကားထာ တိုက်ပွဲနဲ့ ညကလေးကို ပျော်ဖြေ ကုန်ဆုံးကြစေတယ်။ ဒီတော့ လူ့နေ့စဉ်သုံး စကား အသုံးအနှုန်းမှာလဲ အလင်္ကာတွေ စကားထာတွေ စကားဝှက်တွေနဲ့ ပေါ့ကုန်တာပေါ့။ ဒီစကားတွေဟာ တဖြေးဖြေးနဲ့ ပျောက်ကွယ်လာနေတာ…သားရေ။ ဆရာကြီး ငယ်ငယ်တုန်းကဆိုရင် စကားထာ၊ စကားဝှက်တွေနဲ့ စကားပြောတာ သိပ်ကိုများတယ်။ ရှေးလူတွေက စကားပြေထက် လင်္ကာတွေ ပိုကြိုက်ခဲ့တဲ့ သဘောဆောင်နေတယ်…သားရေ။ ဒီလို အကျိုးသင့်အကြောင်းသင့် အတန် ဆွေးနွေးပြီးတော့ နာရီဘက်ကို ကြည့်တယ်။  နောက်ဆုံးတော့ နမာဇ်ချိန်ဖြစ်နေတဲ့ အတွက်ကြောင့် ဆရာကြီးနဲ့ နှုတ်ခွန်းဆက် ခွဲခွာခဲ့ရလေတယ်။

[လူထုဝဏ္ဏ ရေးသားသည်။]


ကျောက်တစ်လုံး ဒုက္ခသည်စခန်းတွင် Volunteer Teacher လုပ်ကိုင်ပေးနေသူအား တောင်ကုတ်တွင် ဖမ်းဆီးထိန်းသိမ်း

ဆရာမ မလှဖြူ  စစ်ဆေးရေးဂိတ်မှ ဖမ်းဆီးခံရစဉ်

တောင်ကုတ်။                ၂၀၁၈ မေ ၂၃ ၂၁ : ၁၀ချိန်တွင်  ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် တောင်ပုံကြီး စစ်ဆေးရေးဂိတ်တွင် ပူးပေါင်းအဖွဲ့မှကျောက်ဖြူ -တောင်ကုတ် -ရန်ကုန် ကားလမ်း အတိုင်းမောင်းနှင် လာသော ယာဉ်အမှတ် 6L 3391 ရွှေအောင်လံ ခရီးသည်တင်ယာဉ်အား စစ်ဆေးရာ ဆရာမ မရော်မီ(ခ) မလှဖြူ  (ဘ) ဦး ဇော်ဘော် ၂၃ နှစ်၊ အစ္စလာမ် ဘာသာ၊ ပထမနှစ် မြန်မာစာအထူးပြု ( ကျောက်ဖြူ ကျောက်တလုံး ဒုက္ခသည်စခန်း )နေသူအား စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ပါသည်။

၎င်းသည် ကျောက်တလုံးဒုက္ခသည်စခန်းတွင်  စေတနာ့ သင်ဆရာ [Volunteer Teacher] အလုပ်လုပ်ကိုင်ခဲ့ကြောင်း ၂၀၁၈ မေ ၂၃ရက်မနက်ပိုင်းတွင် ကျောက်ဖြူမှ ရမ်းဗြဲသို့ လိုင်းကားစီး၍ လည်းကောင်း ၊ ရမ်းဗြဲမှ တောင်ကုတ်သို့ ရွှေပြည်တန်ရေယာဉ်ဖြင့်လည်းကောင်း တောင်ကုတ် ကားဝန်းမှရွှေအောင်လံ ခရီးသည်တင်ယာဉ်ဖြင့် ရန်ကုန်သို့ လိုက်ပါစဉ် စစ်ဆေး ဖမ်းဆီးခြင်း ခံခဲ့ ရကြောင်းနှင့် လဝက အက်ဖြင့် အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ။

- ဇော်မင်းထိုက်

[FB- Zaw Min Htike]

81-Year-Old Man to Graduate From Georgetown After Decades



81-Year-Old Man to Graduate From Georgetown After Decades

nbcwashington.com

An 81-year-old man who attended Georgetown University more than 60 years ago but fell just a few credits short of graduating will finally earn his degree this week.

Carlos Manuel Sera, of Houston, will graduate from the McDonough School of Business after he was forced to drop out in 1959. Though he lives far from Washington, D.C. now, he said Georgetown has always been dear to him.

"I’ve always been a Hoya, from day one," he said in Houston.

When Manuel Sera started at Georgetown, his father was a high-ranking Cuban diplomat at the Cuban embassy in D.C.

4 Treated After Raccoon Attacks in Georgetown
In 1959, the political tide on the island nation began to shift, a revolution took hold and Manuel Sera’s father lost his job.

Without the financial means to stay in school, Manuel Sera left Georgetown to work in business and raise a family. Over the decades, he kept quiet about having never finished college. Recently, his granddaughter asked him about his past.

"In that conversation with her grandfather, she found out that he didn’t quite finish," Manuel Sera's daughter Mayte Sera Weitzman said.

Manuel Sera’s daughter reached out to Georgetown’s president, who contacted Professor Thomas Cooke in the business school. Manuel Sera enrolled and began to work with Cooke.

"I jokingly said to Carlos one day, 'I hope you’re not planning on joining a fraternity.' He laughed," Cooke recalled. "'Or the basketball team.' And his response was, 'I was on the basketball team!'"

Cooke learned Manuel Sera only needed four credits to finish his undergraduate business degree by passing a course on taxes. This spring, Manuel Sera completed his final class, mostly by working over the phone.

"Final grade was an A. I don’t give too many A’s," Cooke said.

Manuel Sera said he told the professor he was honored to earn the last credits he needed.

"I said, 'Professor, you have no idea how I have been fulfilled,'" Manuel Sera said, his voice quivering.

He will not be able to travel to D.C. for the graduation because of health issues. But graduating from a distance is just as meaningful, he said.

"I'm home," he said, choking back tears and clutching a hand to his heart.

Saturday, May 12, 2018

အဏ္ဏဝါရ် အီဗြာဟီမ်း ဘယ်သူလဲ?




အဏ္ဏဝါအီဗြာဟိမ်း [Anuwar Ibrahim ]


မလေးရှားနိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးနင့် ဒုဝန်ကြီးချုပ်တာဝန်တွေကို ထမ်းဆောင်ခဲ့သူတဦးအဖြစ် လူသိများခဲ့ပြီး သူဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့စဉ်က ကမ္ဘာ့အကောင်းဆုံး ဘဏဏ္ဍာရေးဝန်ကြီးဆုကို ချီးမြင့်ခြင်းခံခဲ့ရသည်။ အလွန်တိကျပြတ်သားပြီးဖြောင့်မတ်သူတဦးအဖြစ် မလေးရှားတွင် လူသိများခဲ့ပြီး တချို့က သူ့ကြောင်း မလေးနိုင်ငံ ချမ်းသာကြွယ်ဝလာခြင်းဟု နမိတ်ဖတ်ကြသည်။ ဘာသာတရားကိုင်းရှိုင်းသော မလေးလူမျိုးစစ်စစ်ဖြစ်တာကြောင်း မဟာသီယာပြီးရင် အဏ္ဏဝါဟာ မလေးပြည်သူများ၏ ရင်တွင်းမယ် ဟီးရိုးသဖွယ်ဖြစ်ခဲ့သည်။
အဏ္ဏဝါမှာ မဟာသီယာနင့် မတူတဲ့အချက်များစွာရှိသည်။၎င်းထဲမှ တခုမှာ စကားပြောစပ်ပြီး ပြတ်သားသည်၊ ဝေ့လည်ကြောင်ပတ်မပြောတတ်၊ စကားပြောရင် 'အားမှန်'ပါသည် ဘွင်းဘွင်းပြောပြီးဖြောင့်မတ်သည်။ တနည်းပြောရရင် ဗိုလ်ချုပ်အောင်ဆန်းနင့်တူသည်။
မလေးလူမျိုးများ ချစ်ခင်ရီုသေကြသည်။
ဗလီတခုကိုရောက်လာလျင်အားလုံးက အဏ္ဏဝါကိုစင်မြင့်ပေါ်တင်ကာ မိန့်ခွန်းချွေစေပြီး ဦးဆောင်ဝတ်ပြုစေကြသည်။

သူသည်ရှေ့ဆောင်အီမန်မ်တပါးကဲ့သို့ပင် ခွတ်ဘာဖတ်ပြီးရှေ့ဆောင်ဝတ်ပြုပေးသည်။
(မဟာသီယာက အဖိုးဖြစ်သူမှာ အိန္ဒိယကာကာလူမျိုးဖြစ်၍ အနည်းငယ်သွေးနှောသည်။သို့သော် ဇနီးသည်မှာတော်ဝင်မိသားစုမှဖြစ်ပြီး ဘုရင့်တပ်မတော်မှစစ်ဦးစီးချုပ်၏သမီးဖြစ်သည် စကားချပ်)
မလေးလူမျိုးများသည် မဟာသီယာကို အလွန်လေးစားဂုဏ်ယူတတ်ကြပြီး အဏ္ဏဝါကိုလည်း ဒုတိယအဖြစ်နောင်တချိန်တွင်ရွေးချယ်ရမည့်ခေါင်းဆောင်အဖြစ် ရာထားခြင်းဖြစ်သည်။
သို့သော်မမျော့်ဘဲ မဟာသီယာက အဏ္ဏဝါကိုရာထူးမှ ထုတ်ပယ်လိုက်ခြင်းကြောင်း မလေးလူမျိုးများ၏ စိတ်နှလုံးတွင် ဝမ်းနည်းပူဆွေးကာ စိတ်သောကရောက်ခဲ့ကြသည်။
ဒီထက်ဆိုးသည်မှာ အဏ္ဏဝါအားလိမ်တူချင်းဆက်ဆံသည်ဟု စွပ်စွဲကာ တရားစွဲဆိုစေခြင်းဖြင့် လူထုအုံကြွမူအထိဖြစ်လာစေခဲ့ကာ မဟာသီယာမှာအကြမ်းနည်းဖြင့် အာဏာရှင် ဆန်ဆန် ထိမ်းချုပ်ခဲ့ရသည်။

အဏ္ဏဝါရ် အီဗြာဟီမ်းကို ၁၉၄၇ ခု၊ ဩဂုတ်လ (၁၀) ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ တက္ကသိုလ်ကျောင်းသားဘဝတွင် ၁၉၆၈ မှ ၁၉၇၁ ခုအထိ အမျိုးသား မလေးမွတ်စလင် ကျောင်းသားများ သမဂ္ဂ [National Union of Malaysia Muslims Students]၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ တစ်ချိန်တည်းမှာ မလေးဘာသာ တက္ကသိုလ် လူမှုအဖွဲ့အစည်း၏ ဥက္ကဌလည်းဖြစ်လာသည်။ သူတွဲဖက် ထူထောင်ခဲ့ မလေးရှား မွတ်စလင်လူငယ် လှုပ်ရှားမှု အဖွဲ့၏ နာယက အဖွဲ့ဝင်လည်းဖြစ်သည်။ ၁၉၇၄ ခုတွင် အဏ္ဏဝါရ်သည် ကျေးလက်ငတ်မွဲဆင်းရဲမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲ၌ ဖမ်းဆီးခံခဲ့ရပြီး လပေါင်း ၂၀ ကျော် အကျဉ်းထောင် စံခဲ့ရသည်။ ၁၉၇၅ ခုမှ ၁၉၈၂ ခုနှစ်ထိ ကမ္ဘာ့ မွတ်စလင် လူငယ် အစည်းအရုံး၏ အာရှ ပစိဖိတ်ဒေသ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရသည်။ အမေရိကန်နိုင်ငံ၌ International Institute of Islamic Thought ကိုလည်း ၁၉၈၁ ခုတွင် တွဲဖက် ထူထောင်ခဲ့သူဖြစ်သည်။ ၁၉၈၃ မှ ၁၉၈၈ အထိ International Islamic University.of Malaysia ၏ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ 

၁၉၈၂ ခုတွင် အီစ္စလာမစ် လူငယ်အဖွဲ့အစည်း Angkatan Belia Islam Malaysia ကို ထူထောင်ကာ ဒုဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ မဟာသီယာ ဦးဆောင်သော မလေးအမျိုးသား ညီညွတ်ရေးအဖွဲ့ထောက်ခံမှု ရရှိသဖြင့် နိုင်ငံရေးလောကတွင် အထူး တိုးတက်မှုရခဲ့သည်။ ၁၉၈၃ ခုတွင် ယဉ်ကျေးမှု၊ လူငယ်နှင့် အားကစား ဝန်ကြီးဖြစ်လာခဲ့သည်။ ၁၉၈၄ ခုတွင် စိုက်ပျိုးရေး ဝန်ကြီးအဖြစ်လည်းကောင်း၊ ၁၉၈၆ ခုတွင် ပညာရေးဝန်ကြီးအဖြစ် လည်းကောင်း တာဝန်ယူခဲ့သည်။ ပညာရေးဝန်ကြီးအဖြစ်တာဝန်ယူနေစဉ် မလေးရှား ဘာသာစကားကို မလာယု ဘာသာစကား အဖြစ် အမည်ပြောင်းပေးနိုင်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် အဏ္ဏဝါရ်သည် ဘဏ္ဍာရေးဝန်ကြီးဖြစ်လာခဲ့သည်။ သူဘဏ္ဍာရေးဝန်ကြီးတုန်းက မလေးရှားနိုင်ငံ၏ စီးပွားရေး အလွန်အလွန် တိုးတက်လာခဲ့သည်။ အချိန်တိုအတွင်း Euromoney က သူ့ကို ကမ္ဘာ့အကောင်းဆုံး ဘဏ္ဍာရေးဝန်ကြီး လေးဦးထဲ စာရင်းသွင်းပေးလိုက်သည်။  Asiamoney က ၁၉၉၆ ၏ အကောင်းဆုံး ဘဏ္ဍာရေးဝန်ကြီး အဖြစ်သတ်မှတ်လိုက်သည်၁၉၉၃ ခုတွင် မဟာသီယာ၏ ဒုဝန်ကြီး ဖြစ်လာခဲ့သည်။ ။ ဒုဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး တာဝန်ထမ်းဆောင်နေစဉ် ၁၉၉၈ ခုတွင် အဏ္ဏဝါရ်ကို ကမ္ဘာ့ဘဏ် ၏ ဖွံ့ဖြိုးရေးကော်မတီ ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။ 

၁၉၉၀ နောက်ပိုင်းတွင် ကျေးဇူးရှင် မဟာသီယာနှင့် အုပ်ချုပ်ရေးဆိုင်ရာ သဘောထားကွဲလွဲမှုများ တစ်ဖြည်းဖြည်း မြင့်လာခဲ့သည်။ -----
  
မောင်ကြီး(စစ်တွေ)

Monday, May 7, 2018

ဗမာ့ ပထမဆုံး အမျိုးသမီး ပါလီမန်အမတ် (သို့) ဒေါ်အေးညွှန့်

Parliament Member Zuurah Khatun (a) Daw Aye Nyunt.



ပါလီမန်အမတ် ဒေါ်အေးညွှန့် (ခ) ဇူရားခါတုန်


          ဒေါ်အေးညွှန့်ကို စစ်တွေမြို့၊ ရူပရပ်နေ အဘ မင်းတိုင်ပင် ဦးဘိုးခိုင်၊ အမိ ဒေါ်မမတို့မှ ၁၉၁၉ ခု ဧပြီလ ၁၁ ရက် အင်္ဂါနေ့တွင် ဖွားမြင်သည်။ တစ်ဦးတည်းသော သမီးရတနာဖြစ်သည်။ အမည်ရင်းမှာ ဇူရားခါတုန် ဖြစ်သည်။


ငယ်စဉ်က စစ်တွေမြို့ စိန့်အင်းကွန့်ဗင့် (St. Anne's Covent) တွင်  သတ္တမတန်းအောင်သည်အထိ ပညာသင်ယူသည်။ ၁၉၃၇ ခုတွင် စစ်တွေမြို့ အစိုးရအထက်တန်းကျောင်း (အစိုးရ ဟိုက်စကူး)မှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်သည်။ ၁၉၃၇-ခုမှ ၁၉၃၉ ခုနှစ်အထိ အကြို ဆေးကျောင်းတွင်  ဆေးပညာ ဆည်းပူးသည်။ စိတ်မဝင်စားသည်အတွက် ၁၉၃၈ - ၁၉၃၉ ခုနှစ်တွင် ဆရာဖြစ်သင်ကောလိပ်သို့ပြောင်းပြီး ဆရာဖြစ်ပညာ ဆည်းပူးသည်။


၁၉၃၉-၄၀ ခုနှစ် ကျောင်းသူဘဝကပင် အမ်အေ ဦးမောင်ကြီး၏ အမျိုးသမီး ရဲတပ်ဖွဲ့အဖွဲ့ဝင်ဖြစ်ခဲ့သည်။  တက္ကသိုလ်သပိတ်အတွက် စည်းရုံးလှုံဆော်သည်။ ထိုစဉ် ရဲသတင်းစာတွင် ရွှေခိုင်သူ ခင်မျိုးညွှန့် အမည်ဖြင့် ပါဝင်ရေးသားသည်။ ခေတ်ပြိုင်သတင်းစာ အချို့၌လည်း ဆောင်းပါးများရေးသားပြီး အမျိုးသမီးများ နိုင်ငံရေး၌ ပါဝင်လာရန် လှုံဆော်သည်။ တက္ကသိုလ်မွတ်စလင်အသင်းတွင် အမှုဆောင်အဖွဲ့ဝင်နှင့် ဆရာဖြစ် ကော်လိပ်ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့သည်။


စစ်တွေမြို့သို့ ပြန်ရောက်သောအခါ စစ်တွေမြို့ အထက်တန်းကျောင်းတွင် အလယ်တန်း အင်္ဂလိပ်စာပြ ဆရာမ ဝင်လုပ်သည်။ ဖခင်ဖြစ်သူ ကိုလိုနီခေတ် မင်းတိုင်ပင်အမတ်နှင့် ဖဆပလ ပါလီမန်အမတ် ဦးဘိုးခိုင်၏ တိုင်းရေးပြည်ရေး ဟောပြောဆောင်ရွက်မှုများကို အားကျ စိတ်ပါပြီး တို့ဗမာသခင်အဖွဲ့နှင့် ဆက်သွယ်သည်။ တို့ဗမာအစည်းအရုံး ရွှေရတုသဘင် ကျင်းပသည့်အခါ အဖွဲ့ဝင်အဖြစ် တက်ရောက်ခွင့် ရခဲ့သည်။


တော်လှန်ရေးကာလတွင် ဗိုလ်ရန်အောင် ၊ သခင်လှမြိုင် ဦးစီးသော စစ်တွေမှ ရန်ကုန်သို့ သာပေါင်းလမ်း ခရီးကြောင်းတွင် လိုက်ပါတာဝန်ယူသည်။ ရန်ကုန်တွင် ညွှန့်ညွှန်ခိုင်ဟူသော လျှို့ဝှက်အမည်ဖြင့် လှုပ်ရှားခဲ့ သည်။ ၁၉၄၄ ခုခန့်တွင် အိုအင်အေ အိန္ဒိယ စစ်တပ်၊ ဂျပန်စစ်တပ်၊ ဘီဒီအေတပ်တို့ ဆက်သွယ်ရေးကိစ္စများ ဆောင်ရွက်ရင်း ထောက်လှမ်းရေး တာဝန်ကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။ ပဲခူးသို့သွားစဉ် ဒါပိန်းဘူတာတွင် သူတစ်ပါး မတရားခံရသည်ကို ကြားမှ မခံမရပ်နိုင်ဖြစ်ပြီး ဂျပန်စစ်သားကို ခြေမှန်လက်မှန် ပါးရိုက်လိုက်သဖြင့် ချက်ချင်း ဖမ်းဆီးခေါ်ဆောင် စစ်ဆေးခြင်းခံရသည်။ သတ္တိရှိစွာ ချေပရှင်းလင်းနိုင်သဖြင့် သဘောထားမှန်သည့် ဗိုလ်ဖြစ်သူက ပြန်လွှတ်ပေးလိုက်၍သာ အသက်ဘေးမှ ချမ်းသာရာရခဲ့သည်။


လွတ်လပ်ရေးရပြီးနောက် ဗဟိုစာတိုက်ကြီးတွင် စာရေးမ ဝင်လုပ်ပြီး အလွတ်သင်ဆရာမအဖြစ် စာလိုက်သင်ပြခဲ့သည်။ ဗမက (ဗမာမွတ်စလင် ကွန်ဂရက်)၊ ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့ လွတ်လပ်ရေး) အဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်ရင်း ဖူးစာဖက်တွေ့သည်။ တိုင်းပြုပြည်ပြုလွတ်တော်၊ မောင်တောမဲဆန္ဒနယ် အမတ် ဦးစူလ်တန်အမက် ခေါ် ဦးစိုးသန်း ဆိုသူဖြစ်သည်။


ရခိုင်မြောက်ပိုင်း လူထုကိုယ်စားပြု ဂျမီတွလ်အိုလမာအဖွဲ့ ခေါင်းဆောင်ဖြစ်လာသည်။ ဒေါ်အေးညွှန့်သည် ခင်ပွန်းဖြစ်သူ၏ နိုင်ငံရေး၊ လူမူရေး လုပ်ငန်းများတွင် ဒုက္ခအမျိုးမျိုး အခက်အခဲ အမျိုးမျိုးတို့ကို ရင်ဆိုင်ပြီး ပါရမီဖြည့်သည်။ ၁၉၅၁ ပါလီမန်ရွေးကောက်ပွဲတွင် မောင်တော မဲဆန္ဒနယ်မှ ရွေးကောက်ခံခဲ့ရသည်။ ဗမာပြည်၏ ပထမဆုံး အမျိုးသမီး ပါလီမန်အမတ်နှစ်ဦးမှာ ကရင်အမျိုးသား ကိုယ်စားပြု ဒေါ်ဘမောင်ရှိန် နှင့် ရိုဟင်ဂျာ အမျိုးသား ကိုယ်စားပြု ဒေါ်အေးညွှန့်ဖြစ်သည်။


၁၉၆၄ ခုတွင် အလက (၂)၊ အထက (၂) ရန်ကင်းတို့တွင် မူလတန်းပြဆရာမ ဝင်လုပ်သည်။ မြန်မာ့ တပ်မတော်နှင့်အတူ နိုင်ငံရေးရာများတွင် သက်စွန့်ကြိုးပမ်း ရဲဝံ့စွာ ဆောင်ရွက်ခဲ့သဖြင့် ၁၉၇၅ ခုနှစ်တွင် နိုင်ငံတော်မှ လွတ်လပ်ရေး မော်ကွန်းဝင် ဒုတိယအဆင့် (စစ်ရေးနှင့် နိုင်ငံရေး) ကြယ်နှစ်ပွင့် တံဆိပ် ချီးမြှင့်ခြင်းခံရသည်။


၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အတွင်း ရခိုင်ဒေသ တိုင်းရင်းသားများ စည်းလုံးရေး၊ ကယ်ဆယ်ရေး လုပ်ငန်းများကို ခေါင်းဆောင်မှု ပေးခဲ့သည်။ အမျိုးသမီးများကို စစ်ပညာပေးရန်အဆိုကို ပါလီမန်တွင် တင်သွင်းနိုင်ခဲ့သည်။ မြန်မာ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် တင်းပြည့်ပါတီဝင် ဗဟိုအလုပ်သမား အဖွဲ့ဝင်ဖြစ်ခဲ့သည်။


၁၉၇၉ ခုတွင် သက်ပြည့်ပင်စင် အငြိမ်းစားယူခဲ့သည်။ တောင်ဥက္ကလာပမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့သို့ ဝင်ရောက်ပြီး ကျရာတာဝန်ကို လိုလိုလားလား ထမ်းဆောင်ခဲ့သည်။ ၁၉၈၁ ခုနှစ် နိုဝင်ဘာလတွင် ပါလီမန်အမတ်ဟောင်းအဖြစ် နိုင်ငံတော်ပင်စင်ကို ခံစားခွင့်ရရှိခဲ့သည်။


အဖေ ပါလီမန်အမတ်၊ ခင်ပွန်း ပါလီမန်အမတ် ဖြစ်ရုံမျှမက ကိုယ်တိုင်လည်း ပါလီမန်အမတ်ဖြစ်ကာ နိုင်ငံတော်အတွက် ဘာသာ၊ သာသနာအတွက် ဘဝကိုမြှပ်နှံကာ ကြိုးပမ်းခဲ့သူဖြစ်သည်။ ဒေါ်အေးညွှန့်သည် အသက် (၇၁) နှစ်အရွယ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားခဲ့လေသည်။ 


--------------------------------------------------


(လူထုဝဏ္ဏ ရေးသည်။)




ကိုးကား 🔰 
၁။ ပါမောက္ခဒေါက်တာအောင်ဇော် ၏  တိုင်းရင်းသား မူဆလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ-၂ စာအုပ် 
၂။     မောင်ဆန္ဒ (လယ်ဝေး) ၏ ကမန်မျိုးနွယ်စုသမိုင်း စာအုပ်မှ ဓာတ်ပုံ ကိုးကား
၃။    U Ba Sein's [ Founder of Rohingya Blogger] facebook စာမျက်နှာ