Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, February 4, 2019

အီရန်နိုင်ငံက ဧရာမလူသား




အီရန်နိုင်ငံက ဧရာမလူသား

-----------------------------------------------
(နတ်မျက်စိ ရေးသည်။) |


အီရာနီယန် ဟုခ် [Iranian Hulk] နှင့် ပါရှင် ဟာရ်ကလာစ် [Persian Hercules] ဟု  ထင်စားသည့် အံ့ဖွယ်ကာယဗလ ပိုင်ရှင်၊  အီရန်နိုင်ငံသား ဧရာမလူသား တစ်ဦးဟာ လူမှုကွန်ရက်တွင် အထူးကျော်ကြားနေတယ်။  သူကား အသက် (၂၄)နှစ်အရွယ် စဂျဒ် ဂါရီဘီ [Sajad Gharibi] ပင်ဖြစ်တယ်။ စဂျဒ်ဟာ အလေးမသမား၊ အားကစားသမား နှင့် MMA နပန်းသမား တစ်ဦးဖြစ်သည်။ သူ့ရဲ့ ပွဲတစ်ပွဲဟာ လူမှုကွန်ရက်တွင် အထူးပျံ့နှံ့ခဲ့ချိန်မှစ၍ သူ့ကို ပရိသတ်တွေက စိတ်ဝင်စားလာတယ်။  ပရိသတ်တို့ဟာ သူ့ရဲ့ မယုံနိုင်စရာ ကိုယ်ခန္ဓာ ပုံပန်းသဏ္ဌာန်နှင့် တုန်လှုပ်စေခဲ့တယ်။


 

စဂျဒ်ရဲ့အရပ်အမောင်းမှာ ၁၈၇ စင်တီမီတာ ရှိပြီး ကိုယ်အလေးချိန်မှာ ၁၈၅ ကီလိုဂရမ် ရှိတယ်။ သူ့ရဲ့ ဧရာမ ကိုယ်ခန္ဓာပုံပန်းသဏ္ဌာန်ကို ထိန်းသိမ်းရန် များပြားသော ကီလိုရီစွမ်းအင်ကို သွတ်သွင်းရမယ်။ သူဟာ နံနက်စာကို မလွတ်သူ တစ်ဦးလဲ ဖြစ်တယ်။ သူ့ရဲ့ အကြိုက်ဆုံးဟာ  အင်္ဂလိပ်နံနက်စာပဲ ဖြစ်တယ်။ အချိုးအစား ညီမျှပြည့်စုံတဲ့ နံနက်စာပေါ့။ 

စဂျဒ် ဟာ ရုတ်တရက် ကျော်ကြားလာတဲ့အခါ သူဟာ Instagram အကောင် ထုတ်လွင့်ကာ သူရဲ့ ရိုးရှင်းတဲ့ နဂိုဘောဒီနှင့် နေ့စဉ်အလုပ်တွေကို မျှဝေပေးတယ်။  ယခုဆိုလျှင် follwer (၅) သိန်းကျော်နေပါပြီ။ အစာရှောင်ကြဉ်တဲ့ နည်းလမ်းတွေနှင့် လေ့ကျင့်ခန်းတွေ မပါ။ သူစားသောက်တဲ့ အစားအစာချည်းပဲ မျှဝေတာဖြစ်တယ်။ သူ့ရဲ့ ပို့စ်တွေအရဆိုလျှင် သူဟာ သစ်သီးဝလံ၊ ငါး၊ ကြက်သား နှင့် နို့ စတာတွေ သုံးဆောင်ကြောင်း သိရတယ်။ 
သို့သော် သူ အဲဒီပိုစ့်တင်တဲ့ အစားအစာ ဟင်းလျာတွေ အကုန်လုံးကို အမှန်တကယ် စားသောက်တာ၊ မစားတာကိုတော့ သေသေချာချာ ပြောရန် ခဲယဉ်းတယ်။

လူတွေက ကမ္ဘာမြေကြီးပေါ် ဒီလောက်ကြီးမားသော ခန္ဓာကိုယ် ဘယ်လို ပိုင်ဆိုင်ထားသလဲ ဆိုတဲ့ အတွေး ပေးဆပ်အဖြေရှာနေကြတာပဲ။ သို့ပေမဲ့ သူ့ရဲ့ ၁၇၇ ကီလိုဂရမ် အလေးချိန်ဟာ အဝလွန်တယ် လို့လဲ မထင်ရဘူး။ ကြွက်သား သက်သက်ပဲ ထင်ရတယ်။ စဂျဒ် ရဲ့ ကီလိုရီဟာ မပြည့်စုံဘူးလို့တောင် ခန့်မှန်းနိုင်တယ်။ သူ့ရဲ့ ပရိုဖိုင်အရ သူ့ရဲ့ လေ့ကျင့်ခန်းတွေကတော့ Gym တွင် အချိန်များများ ဖြုန်းခြင်း၊ အလေးမခြင်းတို့ ဖြစ်တယ်။ 



အားကစားသမား တစ်ဦးအနေနဲ့  အဲ့လို မကျန်းမာစေသော အစားအသောက်တွေ ရှောင်ကြဉ်သင့်ပေမဲ့ သူရဲ့ အကောင် ပုံတွေအရဆိုရင်- သူဟာ soda ကို ကြိုက်တယ်။  Fanta ကျတော့လဲ သူရဲ့ အကြိုက်ဆုံး တစ်မျိုးဖြစ်တယ်။ Fanta အချိုရည်ကိုင်ထားတဲ့ ဓာတ်ပုံဟာ သူရဲ့ ခန္ဓာကိုယ် အရွယ်အစားအမှန် ခန့်မှန်းရန် ထောက်ပံ့တဲ့ပုံဖြစ်တယ်။ အချိုရည်ဗူးဟာ သူ့လက်ထဲမှာ အတော်သေးလွန်နေကြောင်း တွေ့ရတယ်။ နောက်ပုံတစ်ပုံကို သင်တို့ လေ့လာကြည့်နိုင်တယ်။ သူဟာ ကားတစ်ကားထဲ ဝင်နေတာကို တွေ့ရတယ်။ ကားက အဲ့လောက် သေးတာမဟုတ်ဘူးနော်။ သူ့အရွယ်အစားက ကြီးလွန်းလို့ ကားကို သေးငယ်သလိုလို တွေ့ရတာပဲ။ 

၂၀၁၆ ခုနှစ်တွင် စဂျဒ်ဟာ တပ်မတော်ထဲ ဝင်မယ်လို့ လူသိရှင်ကြား ထုတ်ပြောတယ်။ အီရန်တပ်မတော်နဲ့ ပေါင်းပြီးတော့ ISIS ကို တိုက်ထုတ်မှာတဲ့။ သူရဲ့ရည်ရွယ်ချက်ကတော့ ဆီးရီးယား ပြည်တွင်းစစ်ကနေ ISISကို တိုက်ထုတ်ရန်ပင် ဖြစ်တယ်။ သူ့ကိုသူ တိုင်းပြည်နဲ့ ပြည်သူတို့ရဲ့ ဒိုင်းကာဖြစ်တယ်လို့ ဆိုတယ်။ အဲ့ဒီအကောင်မှာ စစ်ယူနီဖောင်ဝတ်၊ သေနတ်တို ကိုင်ထားတဲ့ ပုံအချို့လဲ တွေ့ရတယ်။ စဂျဒ်ပြောတာက သင်တန်းတွေ၊ လေ့ကျင့်ခန်းတွေ အားလုံးဟာ စစ်သားကောင်း တစ်ဦးဖြစ်လာရန် ပုံပန်းအရွယ်အစားရရှိအောင် ကြိုးပမ်းနေခြင်းဖြစ်တယ်။ သူ့ရဲ့ ဘဝဟာ အလေးမခြင်းသာဖြစ်တယ်။ အဲဒါမှ လွှဲလို့ အခြားဝါသနာ မရှိဘူးလို့ ထင်ရတယ်။ 

ထို့အပြင် စဂျဒ်ဟာ စိတ်စေတနာကောင်း ပိုင်ရှင် တစ်ဦးလဲဖြစ်တယ်။ သူဟာ Charity Mission နဲ့လဲ ကျော်ကြားနေတယ်။ သူဟာ မိဘမဲ့ကလေး ဆေးရုံ၊ ရိပ်သာတွေမှာ သွားပြီး အချစ်ကင်းနေတဲ့ ကလေးသူငယ်တွေကို ချစ်ခင်သနားတယ်၊ ယုယစောင့်ရှောက်ပေးတယ်။ တခြားသူတို့ကိုလဲ သူနည်းလမ်းအတိုင်း ဆောင်ရွက်ရန် တိုက်တွန်းတယ်။ သူ့တိုင်းပြည်နဲ့ လူထုဟာ စည်းလုံးကြတယ်။ သူတို့ဟာ ကမ္ဘာ့ မကောင်းမှုခပင်းကို တိုက်ထုတ်ရန် တညီတညွတ်တည်း ရပ်တည်သင့်တယ်လို့လဲ သူကတိုက်တွန်းတယ်။ 
စဂျဒ် ရဲ့ ၁၄ နှစ်သား အရွက်က ပုံ

သူ့ရဲ့ နပမ်းသမားဘဝ၊ စိတ်သဘောထားကောင်းခြင်း၊ အံ့ဖွယ်ခန္ဓာ ပိုင်ဆိုင်ခြင်းစတဲ့ နောက်ခံတွေကြောင့် စဂျဒ်ဟာ လူမှုကွန်ယက်ကို လွှမ်းမိုးသူ တစ်ဦးဖြစ်လာခဲ့တယ်။ သူဟာ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးသို့ ပြောင်းလဲစေနိုင်မယ့် စွမ်းအင်ဖြစ်သတည်း။ 


Ref: Iranian Hulk Takes Over The Instagram

No comments:

Post a Comment