Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, August 4, 2022

စရိုက်အသွင်တူသော အစွန်းရောက်မျိုးချစ် နှစ်ယောက်


 စရိုက်အသွင်တူသော အစွန်းရောက်မျိုးချစ် နှစ်ယောက်

ဒီပုံတွေကိုတော့ သိကြမှာပါ။ အစွန်းရောက်သမားတွေရဲ့ သမိုင်းဝင်မှတ်တမ်းတြွေဖစ်တယ်။ ဝဲဘက်က အိန္ဒိယက အစွန်းရောက်အမျိုးသားရေးသမား နာတူရာမ်နဲ့ အပေါင်းအပါ (၇) ယောက် အုပ်စုဖြစ်တယ်။ ယာဘက်မှာ ဗမာပြည်က အစွန်းရောက်အမျိုးသားရေးသမား ဂဠုန်ဦးစောနဲ့ အပေါင်းအပါ (၉)ယောက် အုပ်စုဖြစ်တယ်။ ဒီနှစ်စုကို သူတို့နိုင်ငံအသီးသီးမှာ နိုင်ငံခေါင်းဆောင်ကြီးတွေကို လုပ်ကြံသတ်ဖြတ်မှုနဲ့ တရားရုံးတင် စစ်ဆေးတဲ့ မှတ်တမ်းပုံတြွေဖစ်ပါတယ်။ အစွန်းရောက်အမျိုးသားရေးသမားတွေရဲ့ အန္တရာယ်ဟာ ဘယ်လောက်ထိ ဆုံးရှူံးစေနိုင်တယ်ဆိုတာ ပုံတွေ မြင်မြင်ချင်း သတိရကြမှာဖြစ်တယ်။ လွတ်လပ်ရေးခေါင်းဆောင်ကြီးတွေကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီး တရားရုံးတွင် ကျေကျေနပ်နပ် သွားဖြဲ ရယ်မောနိုင်ရက်လောက်အောင် အမိုက်ရူးရူးတယ်။ ခပ်ရှင်းရှင်း ပြောရရင် မျိုးချစ်ဝါဒီတွေဟာ အစွန်းရောက်စိတ္တဇရောဂါသည်တွေပါပဲ။ ဒီလိုအုပ်စုတွေဟာ အများအားဖြင့် စရိုက်အသွင် ဆင်တူကြတယ်။ 

အိန္ဒိယလွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီကို လုပ်ကြံခဲ့သူ နာတူရာမ်ဂုတ်ဆေး (Naturam Godse) ဟာ အိန္ဒိယရဲ့ ထင်ရှားတဲ့ အမျိုးသားမျိုးချစ်အဖွဲ့အစည်း RSS (Rashtriya Swayamsevak Sangh) ရဲ့ အဖွဲ့ဝင်ဖြစ်ပါတယ်။ Hindu Mahasabha ရဲ့ အဖွဲ့ဝင်လည်းဖြစ်တယ်။ Hindu Rastra Dal ကို ဖွဲ့စည်းခဲ့တယ်။ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ နေထိုင်တဲ့အိန္ဒိယကို မဟာဟိန္ဒူလူမျိုးကြီးဝါဒ Hinduvta ကို ပုံသွင်းချင်သူဖြစ်တယ်။ အိန္ဒိယမှ ပါကိစ္စတန်နိုင်ငံ ခွဲထွက်ရေးမှာ ဂန္ဒီရဲ့ ကူညီထောက်ပံ့မှုပါတယ်လို့ မနာလိုဖြစ်ကာ ၁၉၄၈ ခု ဇန္နဝါရီလ ၃၀ ရက် ဘာသာပေါင်းစုံ ဆုတောင်းပွဲတစ်ခုမှာ လွတ်လပ်ရေးမော်ကွန်း မဟတ္တမဂန္ဒီကို လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်တယ်။ ၁၉၄၉ ခု နိုဝင်ဘာလ (၁၅) ရက်တွင် နာတူရာမ်ဂုတ်ဆေးကို ကြိုးပေးစီရင်ခဲ့တယ်။ ဒီလောက်တောင် ကမ်းကုန်ရက်စက်ခဲ့ပေမဲ့ ယနေ့ထိ အမျိုးသားရေးသမားအုပ်စုတွေက သူ့ကို ဟီရိုး လို့ သတ်မှတ်နေဆဲ။ 

အဲလိုပဲ ဗမာပြည်က လွတ်လပ်ရေးခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ခဲ့သူကလည်း မျိုးချစ်ဝါဒီ ဂဠုန်ဦးစော ဖြစ်တယ်။ ဦးစောနှင့်အပေါင်းအပါ (၉) ယောက်က မြန်မာ့အနာဂတ် လင်းရောင်ကိုပါ ပျက်စီးကာ အမှောက်နက်တွင်း ပို့ဆောင်ပေးခဲ့တယ်။ 

ဂဠုန်ဦးစောကလည်း ပြင်းထန်တဲ့ အမျိုးသားရေးဝါဒီတစ်ဦးဖြစ်တယ်။ ဝံသာနုကောင်စီရဲ့ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့တယ်။ မျိုးချစ်ပါတီကို ဖွဲ့စည်းခဲ့တယ်။ မျိုးစောင့်ဥပဒေ  “ဗုဒ္ဓဘာသာ ဗမာအမျိုးသမီးများ ထိမ်းမြှားလက်ထပ်ခြင်းဥပဒေ” ကို ပထမဆုံး စတင်ခဲ့သူဖြစ်တယ်။ မဟာဗမာ အဖွဲ့အစည်း (ဝါ) မဟာဗမာဂိုဏ်းကို ဖွဲ့စည်းသူလည်းဖြစ်တယ်။ ပုဂ္ဂိုလ်ရေး အငြိုးအတေးနဲ့ နိုင်ငံရေး သဘောထားကွဲလွဲမှုကြောင့် ၁၉၄၇ ဇူလိုင်လ ၁၉ ရက် အတွင်းရုံးအစည်းအဝေးတစ်ခုတွင် လွတ်လပ်ရေးခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်။ 

၁၉၄၈ ခု မေလ (၈) ရက်တွင် ကြိုးပေးစီရင်ခြင်းခံခဲ့ရတယ်။ ဂဠုန်ဦးစောကိုလည်း ဗမာပြည်က ၉၆၉ မဘသတွေက ဟီရိုး လို့သတ်မှတ်နေဆဲပါပဲ။ 

အစွန်းရောက်အမျိုးသားဝါဒီတွေကို ထောက်ခံနေသရွေ့ အဲဒီတိုင်းပြည်ဟာ အေးချမ်းမှာ မဟုတ်ဘူး။ ပြည်တွင်း ပဋ္ဋိပက္ခတွေ၊ အာဏာရှင်စနစ်တွေ ကင်းစင်မှာ မဟုတ်ပါဘူး။ 

အစွန်းရောက်အမျိုးသားရေးသမားများကို ဆန့်ကျင်ကြ၊

လူသားဝါဒကို ကျင့်သုံးကြ၊

အရေးတော်ပုံအောင်ရမည်။


-လူထုဝဏ္ဏ

(၅-၈-၂၀၂၂)

No comments:

Post a Comment