Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, October 11, 2016

၄။ အိုတ်တော်ရ်ဒါနာ (စေ့မျိုးစုံ ထမင်း သို့မဟုတ် ပြောင်းထမင်း)

 ၄။ အိုတ်တော်ရ်ဒါနာ (စေ့မျိုးစုံ ထမင်း သို့မဟုတ် ပြောင်းထမင်း)



ရေးသူ  ©        ရိုဟင်လေး|
အမျိုးအစား 📢 ရိုဟင်ဂျာရိုးရာ အစားအစာ
ကြားရုံနဲ့ စားချင်ဖွယ် မေးခွန်းထုတ်ချင်ဖွယ် ဆန်းကြယ်တဲ့ နာမည်တစ်ခုပိုင်ဆိုင်ထားတဲ့ မုန့်တစ်မျိုးဖြစ်ပါတယ်။ တစ်နှစ်ပတ်လုံးတွင်မှ တစ်ကြိမ်သာ ရိုဟင္ဂ်ာတို့ မြတ်မြတ်နိုးနိုးစားကြလေ့ရှိတယ်။ ထမင်းကလည်း နာမည်နှင့် လိုက်ဖက်လွန်း ကိုက်လွန်းလှတယ်။ သုံးလွန်းတင် ထမင်းဆိုတာလည်း သိပ်ကွာမယ် မထင်ပါချေ။ ပုံစံအရဆိုရင်လည်း ဦးပုညရဲ့ပြဇာတ်က ရေသည်မိန်းမ စားနိုင်တဲ့ ထမင်းလို ပဲစိတစ်ဝက်၊ ပြောင်းတစ်ဝက်နှင့် ဆန်လည်း တစ်ဝက်ပါတယ်။ ရေသည်မိန်းမစားနိုင်တဲ့ဆန်လို ကြမ်းကြမ်းတမ်းတမ်းတော့မဟုတ်ပါဘူး။ အောက်မေ့ ဝမ်းနည်းခြင်း သဘောကို ဖော်ဆောင်ရန်၊ ဆင်းရဲဒုက္ခကို ထပ်တူ ခံစားနိုင်ရန် ပြောင်းထမင်းကို ရိုးရာအစားအစာအဖြစ် သုံးဆောင်လေ့ရှိကြတယ်။ အိစ္စလာမ်တရားတော်ရဲ့ ညွှန်ကြားထားသော ဘာသာရေး စားပွဲတစ်ခုတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ရိုဟင်ဂျာတို့ဟာ မိမိတို့ရဲ႕ အစဉ်အလာအရ သုံးဆောင်ကြတဲ့ ရိုးရာအစားအစာ တစ်မျိုးဖြစ်ပါတယ်။ ဒီအစားအစာဟာ တစ်ချို့နေရာဒေသတွင် ပျောက်ကွယ် လုနီးပါးဖြစ်နေတယ်။ “အိုတ္တောရ်ဒါနာ ဘာ့သ်" ဆိုရင်တောင် မသိတသိ ဝိုးတိုးဝါးတား ဖြစ်နေသေတးယ်။

ဤအစားအစာဖြစ်ပေါ်လာရခြင်းမှာ အစ္စလာမ့်သမိုင်းနောက်ခံထားသည်။  တမန်တော်မြတ် (စွ) ဘဝပြောင်းတော်မူပြီးနောက် ဟိဂ်ျဂျရီ (၆၁)ခုနှစ်၊ မုဟရ်ရမ်လ (၂)ရက်နေ့မှ ကိုယ်တော်မြတ်သခင်၏ ချစ်သမီး ဖာဟ်တေမာဇဟ်ရာ (ရသွ)နှင့် ခလိဖာ အာလီသခင်(ရသွ)တို့၏ သားတော်ဆွေတော်များဖြစ်သော အိမာမ် ဟုစိုင်န်နှင့် နောက်လိုက်များအား အီဂျစ်ဘုရင်ခံ အမီရေ့ မာဝီယာသခင် (ရသွ)၏ သား  ယဇီဒ်၏ ဘုရင်ခံ အုဗိုင်ဒုလ္လာဟ်ရဲ့ စစ်သည်တော်များက အရိပ်အာဝါသမရှိသည့်၊ အကာအကွယ်မရှိသည့်၊ လွင်တီးခေါင် သဲကန္တာရထဲမှာ၊ နေပူကျဲကျဲအောက် ကရ်ဗလာသဲကန္တာရမှာ ဝိုင်းရံပိတ်ဆို့ထားခဲ့ကြပါတယ်။ ကရ်ဗလာမြို့သည် အီရတ်ပြည် ယူဖရေးတီးစ်မြစ်အနီးမှာ တည်ရှိပါသည်။ သို့သော် ကြားမှာ တောင်တစ်လုံးခြားလျက်ရှိသည်။

အဲဒီအချိန်မှာ အုဗိုင်ဒုလ္လာဟ်ဗင်န်ဇီယာဒ်ထံက စာတစ်စောင်ရောက်ရှိလာသည်။ စာက-
“အခု ဟုစိုင်န်ဟာ တို့ရဲ့ လက်တွင်းရောက်နေပြီ။ ရှောင်တိမ်းလွတ်မြောက်မသွားစေနဲ့။ ဟုစိုင်န်ဟာ ယဇီဒ်ရဲ့သစ္စာမခံသမျှ ကာလပတ်လုံး သူနဲ့ သူ့ရဲ့ဘက်တော္သားများကို ရေတစ်စက်မျှ သောက်သုံးခွင့်မပေးကြနဲ့"
  ဟု ရက်ရက်စက်စက် ညွှန်ကြားခဲ့ပါသည်။ အဲဒီအချိန်မှာ ရန်သူများသည် အိမာမ်ဟုစိုင်န်နဲ့ ဘက်တော်သားများ ရေမသောက် သုံးနိုင်ရန် ရေရှိရာအရပ်ဟူသမျှကို ပိတ်ဆို့ထားလိုက်ကြပါသည်။ အုဗိုင်ဒုလ္လာဟ်ရဲ့ စစ်သည်တော် (၁ဝဝဝ)၊ နောက်တစ်နေ့ထပ်ရောက်လာတဲ့ ယဇီဒ်ရဲ့စစ်သည်(၄ဝဝဝ)၊ စုစုပေါင်း စစ်သည်(၅ဝဝဝ) ပါဝင်သည့် ယဇီဒ်ရဲ့ တပ်မတော်ကြီးက ကလေး၊ လူကြီး၊ အမျိုးသမီး အားလုံးပေါင်း (၇၂)ဦးမျှသာ ပါရှိသည့်  အိမာမ်ဟုစိုင်န်၏ မိသားစုအား တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် ဝိုင်းရံထားခဲ့ကြပါသည်။ အမှန်တရား အတွက် ခေါင်းအဖြတ်ခံ ရွတ်ရွတ်ရွှံရွှံ တိုက်ပွဲဝင်ခဲ့သည့် သမိုင်းတွင်ရစ်ခဲ့သော စစ်မက်ကြီးတစ်ခု ဖြစ်ပွားခဲ့သည်။

ထိုကဲ့သို့ အစာရေစာပြတ် ဝိုင်းရံပိတ်ဆို့သည့် အခိုက် မုဟရမ်လ ၂-၁၀ ရက်တို့တွင်   လူငယ်ခေါင်းဆောင် ကိုယ်တော်မြတ် ချစ်မြေးနှင့် ဘက်တော်သားများစွာသည်  စားနပ်ရိက္ခာ အလုံအလောက်မရှိသဖြင့် အတူပါလာသော ရရာသီးနှံအစားအစာများကို အစိမ်းသော်လည်းကောင်း၊ ချက်ပြုတ်၍သော်လည်းကောင်း စားခဲ့သည်ဟု ယူဆကြသည်။ ထိုအချိန် ထိုအခါကို သတိရ ဝမ်းနည်းပူဆွေးသည့် အနေဖြင့် ရိုဟင်ဂျာတို့သည် ပြောင်းထမင်းကို ချက်စားကြသည်။ 'အိုတ်တော်ရ်ဒါနာ ဘားသ်'ဟု အမည်တွင်သည်။ အဓိပ္ပာယ်မှာ နှံစားပြောင်းမျိုးစုံရောချက်သည့် ထမင်းဟု အဓိပ္ပာယ်ရသည်။ အမည်ကို ခွဲစိတ်ကြည့်လျှင် ‘အိုတ်တော်ရ်နှင့် ဒါနာ' ပေါင်းထားသော ပေါင်းစပ်နာမ်ဖြစ်သည်။ အိုတ်တော်ရ်မှာ (၇၀) ခုနှစ်ဆယ်၊ ဒါနာမှာ နှံစားပြောင်းနှင့် ဘာ့သ်မှာ ထမင်းဖြစ်သည်။ နှံစားပြောင်းမျိုး ခုနှစ်ဆယ်ပါဝင်သော ထမင်းဖြစ်လာသည်။ သို့သော် ရိုဟင်ဂျာဘာသာစကားတွင် ‘အိုတ်တော်ရ်' ဟူသောပုဒ်ကို ဗန်းစကားအဖြစ်သုံးလျှင် ခုနှစ်ဆယ်ဟု အဓိပ္ပာယ် မသက်ရောက်ဘဲ အမျိုးမျိုး(သို့) များစွာဟု အဓိပ္ပာယ် ကောက်ယူရသည်။ ဥပမာ- “တုအိ အိုတ်တောရ် ဒီလ္လား ဟာမ် ဇာနော်စ်။" အဓိပ္ပာယ်- မင်း အလုပ်အမျိုးမျိုး ကျွမ်းကျင်တယ်။
ထို့ကြောင့် နှံစားပြောင်းမျိုးစုံ ရောချက်သည့် ထမင်း ဟုသာ အဓိပ္ပာယ်ရသည်။

တချို့ပြောင်းထမင်းနှင့် မရင်းနှီးသောသူဆိုလျှင် ပြောင်းထမင်းတွင် ပါဝင်ပစ္စည်းအမျိုးပေါင်း (၇၀)မျိုး လိုမည် ဟုထင်ကြသည်။ မဖြစ်ဖြစ်အောင် စုဆောင်း၍ ချက်ပြုတ်ကြသည်။ အထင်မှားခြင်းသာ ဖြစ်ပေသည်။ မိမိမှာ အမျိုးအစားများများ ထည့်နိုင်လျှင် ကောင်းသည်။ ရိုတို့၏ ပထမလ အရှူးရစ္ဆာန် ၏ (၁၀) ရက်မြောက်နေ့တွင် ရိုဟင်ဂျာတို့သည် ဤအစားအစာကို ပြုလုပ်ကြသည်။ ဥပုသ် ဆောက်တည်ကြသည်။ အချင်းချင်း ဖိတ်ခေါ်ကျွေးမွေး ဧည့်ခံကြသည်။ အလှူဒါနပြုကြသည်။ တမျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်နေသည်။


ပါဝင်ပစ္စည်းများ

              (၁) ဆန်
              (၂) နှံစားပြောင်း (ပြောင်းဟင်းသီးဟင်းရွက်အမျိုး)
              (၃) ဆီ
              (၄) ဆား
              (၅) ရေ
              (၆) မဆလာ
              (၇) အသား


ပြုလုပ်နည်း

ဦးစွာ လိုအပ်သည့် ပစ္စည်းများကို ရှာဖွေစုဆောင်းရသည်။ ပြောင်း၊ စေ့၊ ဟင်းသီးဟင်းရွက် မကျန် ရှာဖွေ စုဆောင်း၍ အဆင်အသင့်ထားရသည်။ အသားကို ဆီ၊မဆလထည့်ပြီး မီးဖိုပေါ်တွင် အနှပ်ခံထားရသည်။
ချက်ပြုတ်မည့် ဆန်ပမာဏကို ဆေးကြောရသည်။ အနှပ်ခံထားသော အသားနှင့် ဟင်းသီးဟင်းရွက်၊ ပြောင်းစေ့တို့ကို သောင်းပြောင်းရော၍ အိုးထဲတွင် ဆန်တစ်လွာ၊ ရောထားသည့် အသားဟင်း တစ်လွာ၊ ဆန်တစ်လွာ စသည့်ဖြင့် ထည့်ရသည်။ ဤသို့ အထပ်ထပ်ထည့်ပြီးလျှင် အပေါ်မှ ငှက်ပျောဖက်ရွက် အုပ်ကာ အဖုံးဖုံးထားရသည်။ ပြီးလျှင် အိုးကို မီးမျှင်မျှင် ရှိသော မီးဖိုပေါ် တင်ပေးပြီး အနှပ်ခံထားရသည်။ လိုအပ်သော အချိန်ပြီးလျှင် အိုးမှ အနံ့မွှေးများ အိမ်အနှံ့ တစ်ငွေ့ငွေ့ပျံလွင်နေမည်ဖြစ်သည်။ ထိုအခါ သံုးဆောင်ရန် အသင့်ဖြစ်ပီြ။


ရိုအစားအစာများကို အောက်ပါ လိင့်ခ်များမှ ဖတ်ရှုနိုင်ပါသည်။




Saturday, October 8, 2016

ဂျီဒဟ် ထောင်က ပေးပို့ထားတဲ့ ရိုလူငယ်တစ်ဦး၏ ရင်ဖွင့်စာ

ဂျီဒဟ် ထောင်က ပေးပို့ထားတဲ့ ရိုလူငယ်တစ်ဦး၏ ရင်ဖွင့်စာ



အစ္စလာမိုအလိုက်ကွမ်

ချစ်ခင်လေးစားအပ်သော ရိုသမိုင်းစာရေးဆရာခင်္ဗျား၊
ကျန်းမာတော်မူပါရဲ့လား။ ကျွန်တော်ကတော့ ကျန်းမာချမ်းသာပါတယ်။ လူကြီးမင်းနှင့် မိသားစုအားလုံး ကျန်းမာချမ်းသာပါရန် အမြဲဆုတောင်းပါတယ်။

လူကြီးမင်းခင်္ဗျား-
ကျွန်တော်ရဲ့ အသာနားခံစာကို ဖြည့်စွက်ပေးပါမည်ဟု ကျွန်တော် မျှော်လင့်နေပါတယ်။ အကြောင်းကတော့- ကျွန်တော်သည် မောင်တောမြို့နယ်မြောက်ပိုင်း ဘော်လီဘာဇား (ကြိမ်ချောင်း) ဇာတိဖြစ်သော ရိုဟင်ဂျာတစ်ဦးဖြစ်ပါသည်။ ကျွန်တော်သည် ၂၀၁၂ လူမျိုးရေးသာသာရေး အတိကရုဏ်းပြီးနောက် မိမိနေရပ်မှထွက်လာကာ ဘင်္ဂလားဒေ့ရှ် နှင့် အီန္ဒိယ ပါစ်ပို့ နှစ်မျိုးကိုင်ဆောင်၍ ဆော်ဒီအရေဗီယာနိုင်ငံသို့ ထွက်ခွာ်လာပါသည်။ ဘင်္ဂလားဒေ့ရှ်လေယျာဉ်သည် အိုမန်နိုင်ငံလေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။ အိုမန်နိုင်ငံသို့ ရောက်သောအခါ ခရီးသွားလုပ်ငန်း ဖွဲ့စား၏ ညွှန်ကြားချက်အရ ဘင်္ဂလားဒေ့ရှ်ပါစ်ပို့ကို အိုမန်လေဆိပ်အိမ်သာတွင် ပျက်စီးပစ်ချရသည်။ တဖန် ကျွန်တော်သည် အိန္ဒိယပါစ်ပို့ ကို ကိုင်ဆောင်ကာ အိုမန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဆော်ဒီလေဆိပ်သို့ ဆိုက်ရောက်ခဲ့ပါသည်။ ဆော်ဒီလေဆိပ်သို့ ရောက်လာသောအခါ ဆော်ဒီ လဝက သည် ခရီးသည်များ၏ လက်ဗွေများနှိပ်ယူခဲ့ရာ ကျွန်တော်သည်လည်း အိန္ဒိယနိုင်ငံသားအဖြစ် လက်ဗွေနှိပ်ပေးရပါသည်။

ကျွန်တော်သည် 25/4/2015 နေ့တွင်  ကံကျားကွက်ကျား၍ တစ်စုံတစ်ယောက်၏ ထိုးပေးမှုကြောင့် ရဲထံတွင် ယာယီတည့်ခိုခွင့်လက်မှတ် (အေကာမာ)မပြနိုင်ခဲ့သဖြင့် အဖမ်းခံရသည်။ သူတို့က ကျွန်ုပ်ကို ပြည်ပြန်ပို့ရန် (ဆောဖောရ်) လက်ဗွေစစ်ရုံးသို့ ပို့ပြီး လက်ဗွေအစစ်ခံစေသည်။ ကျွန်တော်သည် ရိုဟင်ဂျာဖြစ်ကြောင်း၊ ခိုင်လုံသော အထာက်အထားများပါရှိကြောင်း ပြောဆိုသော်လည်း သူတို့က လက်ခံခြင်းမရှိချေ။ အကြောင်းမှာ ကျွန်တော်လေဆိပ်မှာ အိန္ဒိယနိုင်ငံသားအဖြစ် လက်ဗွေ နှိပ်ထားသောကြောင့်ဖြစ်သည်။ အိန္ဒိယသံရုံးက ယင်းကိစ္စနှင့် စပ်လျဉ်း၍ ကျွန်တော့ ထံမှ စုံစမ်းသောအခါ ကျွန်တော်သည် အိန္ဒိယနိုင်ငံသား မဟုတ်ကြောင်း အိန္ဒိယ ပါစ်ပို့သာ ဖွဲ့စားတွေက ကိုင်ဆောင်ခိုင်းကြောင်း ဖွင့်ဟခဲ့သည်။   သူတို့ကလည်း ကျွန်တော့်ကို လက်မခံနိုင်ကြောင်း၊ အိန္ဒိယနိုင်ငံသား အရေးကိုသာ ကိုင်တွယ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကျွန်ုပ်ကို ပြောသည်။  ကျွန်ုပ်သည် အိန္ဒိယပါစ်ပို့ ကိုင်ဆောင်လာသဖြင့် ဆော်ဒီအစိုးရကလည်း ကျွန်ုပ်ကို အဖိနိုပ်ခံရိုဟင်ဂျာ မဟုတ်ကြောင်း ငြင်းပယ်နေသည်။ ရိုဟင်ဂျာတို့ကို မြန်မာနိုင်ငံမှ ပါစ်ပို့ ထုတ်မပေးကြောင်း၊ ဆော်ဒီကိုရောက်ရှိလာသော ရိုဟင်ဂျာအားလုံးသည် ဘင်္ဂလာဒေ့ရှ်၊ အိန္ဒိယ၊ နီပေါ့ ပါစ်ပို့ကိုသာ ကကိုင်ဆောင်၍ ဝင်လာကြသည်ကို ဆော်ဒီအစိုးရက နားမလည်ချေ။

ယခုဆော်ဒ်ီထောင်များတွင် (၈၀၀) နီးပါးသော  နိုင်ငံအမျိုးမျိုး၏ ပါစ်ပို့ ကိုင်ထားသည့် ရိုဟင်ဂျာများ ထောင်နန်းစံနေရသည်။ ကျွန်ုပ်တို့ ခေါင်းဆောင်တို့ကလည်း တို့တွေကို ဒီထောင်လွှတ်လာအောင် ကြိုးပမ်းသည် မရှိပေ။ ဒီမှာရှိသော ရိုအဖွဲ့အစည်း ဂျာလီအာ ကလည်း လက်ဗွေမှတ်တမ်းမပါသော  အကျဉ်းသားများကို လွတ်မြောက်စေသည်။ ဆော်ဒီအစိုးရသည် ဂျာလီအာ ကို ရိုဟင်ဂျာအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အခွင့်အာဏာပေးထားသော်လည်း သူတို့က ကျွနုပ်တို့ကို လျစ်လျူရှုထားသည်။ ယခုကျွန်ုပ်တို့ လမ်းမမြင် ကမ်းမမြင်ဖြစ်နေသည်။  လွှတ်သည်လည်းမရှိ၊ ဆောဖောရ် ပြန်ပို့သည်လည်းမရှိ ၂-၃ နှစ်နီးပါး ထောင်ထဲပဲစံနေရသည်။ မိဘတွေက မျက်ရည်တွေနဲ့ တွေးတောလျက်သာ။

ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ ဖြစ်ရပ်မှန်ကို ဆောင်းပါးရေးကာ RB သတင်းဌာန၊ အခြားသတင်းဌာနများမှ ဖော်ပြပေးပါ။
အကယ်၍ ကျွန်ုပ်တို့၏ လေးစားအပ်သော ကိုယ်ကျိုးမဲ့ ခေါင်းဆောင်များက ခုံခုံမင်မင် ကြိုးစားပါလျှင် ထောင်မှ မုချလွှတ်မြောက်နိုင်ပါမည်ဟု ကျွန်တော် ယုံကြည်ပါသည်။

ဆော်ဒီအကျဉ်းထောင်က ပေးသော အစားအစာသည်လည်း မတည့်သည့်အပြင် ထောင်ရဲများ၏ နိုပ်စက်မှုဒဏ်လည်း ကဲလွန်းလှပါသည်။ကျွန်ုပ်နှင့်အတူ အကျဉ်းကျနေသော ရိုဟင်ဂျာအများစုသည် ကျွန်ုပ်ကဲ့သို့ အခြားနိုင်ငံတစ်ခုနှစ်ခု၏ ပါ့စ်ပို့ ကိုင်ဆောင်သူများဖြစ်သည်။

လေးစားအပ်သော လူကြီးမင်းခင်္ဗျား-
ကျွန်တော် လူကြီးမင်းကို အရှည်ကြီးပြော၍ လူကြီးမင်း၏ အဖိုးတန်ဆုံးအချိန်ကို မဖြုန်းတီးလိုပါ။
လူကြီးမင်း ကျွန်ပ်ထက်ပို၍ပင် သိရှိပါမည်ဟု ယုံကြည်ပါသည်။ ကျွန်ုပ်၏ ရင်ဖွင့်စာကို လျစ်လျူမရှူဘဲ သဒ္ဓာစေတနာထက်သန်စွာဖြင့် တစ်ခုခု ဆောင်ရွက်ပေးပါမည်ဟု မျှော်လင့်လျက်-

မှ

ရှော်ဖီကုလ် အီစ္စလာမ်
ခေတ္တ ဂျီဒဟ်အကျဉ်းထောင်
ဆော်ဒီအာရေဗီယာ


မှတ်ချက် = သမိုင်း စာရေးဆရာ Aman Ullah ထံသို့ပေးပို့သော ပေးစာကို FB Acc မှ ကူးယူဖော်ပြပေးခြင်းဖြစ်သည်။

အောက်ပါရှိသည်မှာ သူ၏ မူရင်းစာ

(This letter is sent to me (Ro Aman Ullah) from Jeddah Jail. Please share it and if possible render them with possible help.These youths are our assert, try to save them.)

Assalamu Alaikum Dear the author writer of Rohingya's history, 
How are you? I m fine, hoping you and your family are good health and I always praying for you and your family membership.

Sir..., I have a request to you, warmly hoping you will be fulfilled my requesting that is.... 
I am a rohingya, I was lived at Maung Daw North Bolibazar (Kyein Chaung). I was arrived Saudi Arabia after riot of 2012 by holding two passport one is Bangladesh passport another one is Indian passport. At first, I was hold Bangala passport, Bangladesh Air port to Oman Air port. When I arrived at Oman, I destroyed my Bangala passport at Oman toilet by guiding of (Dalal Man) and I hold the second passport Oman to Saudi. When I set out Saudi Air port the Immigration took fingerprints of all people (travellers), this time my fingerprint became Indian. 

Unfortunately I was give oneself /sb up by police in 25/4/2015 and they sent me to fingerprint office to check to be drove (Safar) because I can't showed Iqma them, I told I’m rohingya I have strong documents which bring from Burma but they didn’t believed my showing because my fingerprint is already Indian then they sent to Jail to be Safar. When Indian embassy arrived to me to fulfill Safar paper ,I told to embassy I’m not Indian I’m Burme (Rohingya) and he told me I can't accept you to be Safar ,I accepting who are Indian not others. Now Indian embassy clearly rejected me. The Saudi Arabia government denies we are not Rohingyas because we are already having Indian fingerprint. The government not understands that the Rohingyas can't get Myanmar passport, all rohingyas coming to Saudi Arabia by holding Bangali, Indian or Nepali passport, where we get our own passports. Now we are suffering in Saudi Arabian jail nearly (800 Rohingyas people by different kinds of fingerprints, our leaders don't try to release from jail for us, here having a Rohingya committee (Jaalia) the Jaliaa committee releasing rohingyas prisoners from jail who not having fingerprints only. the Saudi government had given power (authority) to Jaliaa committee to release rohingyas prisoners from jail but they are denying and ignoring . Now, what will we do some r over 2,3 years in jail no Safar no release all the parents are thinking and crying for son who is in jail.

Please anounce it to your article, Rihingya Blogger, other post and our Rohingyas leaders about we Saudi Arabian rohingyas prisoners .If our leaders will try for us I blive we must release from jail. Saudi jail foods are not fair for Rohingyas we suffering very difficult n feel torture from jail police. All rohingyas prisoners same to me by holding two passport in Saudi Arabia.we the rohingyas having three types of fingerprints bangali, Indian n Nepali who arrived after riot in 2012.

Sir.. I don't want to long explain to you about us because you know better than me about it . So, I close my writing. Hoping you will be do something for us. I read your fb post and RB news articles, I really interesting ur post so please tag me with ur fb post. 

Date: 8/10/2016, 
From 
Shofikul Islam,  
Jeddah Jail, Saudi Arabia.

Thursday, October 6, 2016

Dóni miar Boholom fua ( ပညာမရှိသော သူဌေးသား )

Dóni miar Boholom fua 

( ပညာမရှိသော သူဌေးသား )

Lekóya: Rohangking

Cúna mia nam túayé
Cántír-zomanat Kuwáiccóré
Sodóri dónir uggúa fua

Górót také adoror zala
Elóm fonná nái cíkka
Bafor dui sug hairlo zehon
Kuwal fáilo futor zibon.

Fuk horé fosím horé
Uttor doin noto siné.
Bafor combottí rottór dón 
zana nai keéné soñlon.

Zaga zaga miras cómbottí 
Sure súlar fókkoror lalsí.
Gór bési hozzo fúzi
Ham nozaní háraiyé cómbottí.

Hoddá lói berar hórat mágiya
Haram zada be-adob fua
Lorai lorai mancé cára.
Farattú neali murát moijjé
Houn silor adár boinné.

Maáni (ခက်ဆစ်အဖွင့်)


  1.  adár             = အစာ။
  2.  adoror zala = အချစ်ကဲလွန်းသောကြောင့်။
  3.  berar           = လည်ပတ်ကာ။
  4.  baf               = ဖခင်။
  5.  be-adob      = ဒုစရိုက်။
  6.  Boholom    = ပညာမဲ့။
  7.  boinné        = ဖြစ်လေသည်။
  8.  Cantír-zomanat = ရှေးသရောအခါ။
  9.  cómbottí    = စည်းစိမ်။
  10.  Cúna mia   = သားအမည် “မောင်ရှူနာမျာ"။
  11.  cára            = မောင်းထုတ်သည်။
  12.  dón             = ဥစ္စာဓန။
  13.  dónir          = သူဌေး၏။
  14.  dui.             = နှစ်။
  15.  doin            = တောင်မျက်နှာ။
  16.  Elóm           = ပညာ။
  17.  Farattú       = ရွာမှ။
  18.  fókkoror     = လူလိမ်။
  19.  fonná          = စာပေ။
  20.  fua               = သား။
  21.  Fuk              = အရှေ့မျက်နှာ။
  22.  fúzi             = ဆပ်ပြီး။
  23.  Gór              = အိမ်။
  24.  hairlo          = ပိတ်သည်။
  25.  Ham            = အလုပ်အကိုင်။
  26.  háraiye       = ဆုံးရှူံးခဲ့သည်။
  27.  Haram zada = လူမိုက်။
  28.  hórat mágiya = တောင်းစား၍။
  29.  Hoddá         = ခွက်။
  30.  hozzo          = အကြွေး။
  31.  Houn           = လင်းတ။
  32.  keéné          = မည်သို့။
  33.  Kuwal         = ကံ။
  34.  Kuwaiccóré = မယုဒေသ၏ ရှေ့ဟောင်းအမည်။
  35.  lalsí            = လောဘ။
  36.  Lorai          = လိုက်၍။
  37.  moron        = သေခြင်း။
  38.  mancé       = လူတို့က။
  39.  murát         = တောတောင်၌။
  40.  miras         = အမွေ။
  41.  nam           = အမည်။
  42.  neali           = ထွက်သွားပြီး။
  43.  noto siné   = မသိ။
  44.  moijjé         = သေသည်။ စုတေ။
  45.  rottór          = ကိုယ့်စွမ်းအား။
  46.  silor            = စွန်ရဲ။
  47.  Sure           = သူခိုး က။
  48.  súlar.          = လုယက်သည်။
  49.  soñlon       = ထိန်းချုပ်ခြင်း။
  50.  túayé.         = မည့်ခေါ်သည်။
  51.  Uttor = မြောက်မျက်နှာ
  52.  uggúa fua = တစ်ဦးတည်းသော သား
  53.  Zaga = နေရာ
  54.  zana nai = မသိရှိ၊ မတတ်။
မှတ်ချက်။ ဆားတုံ ဆရာတော်၏ ပညာမရှိသော သူဌေးသားအကြောင်းကို ဇာတ်ရိုးယူ။

Wednesday, October 5, 2016

Rvision သတင်းဌာန၏ ရိုဟင်ဂျာအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်ဖိနိုပ်မှု အစီရင်ခံစာ

Rvision သတင်းဌာန၏ ရိုဟင်ဂျာအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်ဖိနိုပ်မှု အစီရင်ခံစာ



ဘာသာပြန်> လူထုဝဏ္ဏ

တိုင်းရင်းသား ရိုဟင်ဂျာတို့သည် အမိမြေပေါ်တွင် ဖိနိုပ်အကြမ်းဖက်မှု အမျိုးမျိုးကို ခေတ်အဆက်ဆက်က ခံလာရသည်။ ဘာသာခွဲ၊ လူနည်းစုဖြစ်ရသောကြောင့် လူမျိုးတုန်းသတ်ဖြတ်မှုအထိပင် ခံလာရသည်ကို ကမ္ဘာကပင် မီးမောင်းထိုးပြလာသည်။ သို့သော် အမိမြေကို စွန့်လွတ်ခြင်းကို မပြု၊ အသက်စတေး၍ နေထိုင်လာခဲ့ရသည်မှာ ကာလအတန် ကြာနေပါပြီ။ ထိုသို့ နှိပ်စက်မှုရေစီးတွင် မျှော့ပါလာအောင် ကြံစည်နေသော အာဏာညစ်တေး ငမိုက်သား တရားခံများကို ရိုဟင်ဂျာ သတင်းဌာနမှ အောက်ပါအတိုင်း မှတ်တမ်းတင် အစီရင်ခံခဲ့ပါသည်။

အာရ်ကာန်ပြည် အနှံ့အပြားတွင် ရိုဟင်ဂျာလူမျိုးများနေထိုင်သော ရွာပေါင်း ၁၄၀၀ ကျော်ရှိသည်။ နေ့စဉ် အာဏာပိုင် အဖွဲ့အစည်းများက နိုပ်စက်၍ သော်လည်းကောင်း လူမျိုးခြားများ၏ အားတင်မုန်းတီးမှုမှ သော်လည်းကောင်း ရွာတစ်ရွာလျှင် အနည်းဆုံး ပြသနာ တစ်ခု မှ ငါးခုစီ ဖြစ်ပေါ်လာရသည်။ အချိန်အတိုင်းအတာကို တွက်ဆကြည့်လျှင် နေ့တစ်နေ့တွင် မိနစ် ၁၄၄၀ ရှိသည်။ ဤသို့လျှင် အာရ်ကာန်မြေပေါ်တွင် မိနစ်တိုင်းတွင် ကိုးကွယ်ရာမဲ့ ရိုဟင်ဂျာ တစ်ဦးတစ်ယောက်၏ အသက် အိုးအိမ် အိနြေ္ဒ စသည့် တစ်ခုခု ဆုံးရှုံးခံနေရသည်။

RVISION သတင်းဌာန၏ Report အရ ပဋိပက္ခအေးကာလဖြစ်သော ၂၀၁၆ ခုနှစ်၊ ဇန္နဝါရီလမှ စက်တင်ဘာလ အတွင်း မတရားငွေညှစ်မှု၊ မဒိန်းကျင့်မှု၊ လူသတ်မှု၊ လုယက်မှု၊ မတရား မြေယာ သိမ်းဆည်း ကျူးကျော်မှု၊ စသည့် အမှုပေါင်း ၄၀၀ကျော်ဖြစ်ပေါ်ခဲ့သည်။ ယင်းတို့ကို စစ်ဆေးကြည့်ရာ ဖိနှိပ်ရက်စက်ခဲ့သော တရားခံတို့မှာ အောက်ပါအတိုင်း ရာခိုင်နှုန်းအလိုက် ဖော်ပြထားသည်။


  1.  37%              BGP          (နယ်ခြားစောင့် ရဲတပ်ဖွဲ့)
  2.  20%              Police       (ရဲတပ်ဖွဲ့)
  3. 12%               Others      (အခြားဌာနဆိုင်ရာများ)
  4. 2%                 Tabbé       (အာဏာပိုင် ကျွန်လောက်သား)
  5. 19%               Rakhines (ရခိုင်)

စသည်ဖြင့် အကြမ်းဖက် ရက်စက်ခဲ့ကြောင့်း တွေ့ရသည်။

လူ (၁၀)ယောက်လျှင် အာဏာပိုင်အဖွဲ့အစည်း၏ စားကွက်ရှာပေးသူ တပည့်လောက်သား တစ်ယောက် ရှိသည်။ ဤကဲ့သို့ လူမိုက် လူပုံခွေး တို့ကြောင့် ရိုတို့သည် ဖိနိုပ်မှုငရဲတွင်းမှ လွတ်မြောက်နိုင်ခြင်းမရှိပေ။

ဤသို့ ပဋိပက္ခအေးနေသော ကာလတွင် ရိုဟင်ဂျာလူမျိုး အပေါ် မိနစ်တိုင်းတွင် တစ်ဦးနိုပ်စက်မှုခံနေရလျှင် ပဋိပကက္ခာအတွင်း တစ်မိနစ်လျှင် အနည်းဆုံး ၁၀ ယောက်က မတရားဖိနိုပ် အကြမ်းဖက်မှုဒဏ်ကို ခံခဲ့ရသည်ဟု ခန့်မှန်းနိုင်ပါသည်။ အချိန်မီတာဆီးကာကွယ်မှုမပြုဘဲ လက်ပိတ်နှုတ်ပိတ်ကြည့်နေလျှင် မျိုးတုန်းနေသည့် တိရစ္ဆာန်သဖွယ် အာရ်ကာန်မြေပေါ်မှ လူမျိုးပါ ကွယ်ပျောက်နိုင်ဖွယ်ရှိသည်ဟု စိုးရိမ်စရာဖြစ်နေသည်။

Source:
Mohammad Noor,
ရိုဟင်ဂျာ သသတင်းဌာန ဒါရိုက်တာ

Thursday, September 29, 2016

Adoijja Aññár (my beloved)

* Adoijja Aññár *

   (my beloved)


Lekóya : RohangKing

Adoijja aññár decór meçí,
adoijja maár mugór háñci.
Adoijja aññár áilla razar,
modú súror baací.


Adoijja aññár dánnor sórar,
bil bóraiyá hañjja.
Aññár farar vukor hañsé,
Mayuri ar Naff doijja.


Adoijja aññár e decór,
Foir kuwa, sóurar faní.
Adoijja aññár faigór záké,
nil asmanot kúci.


by
Rohang king.


Maáni (mini glossary)

- adoijja = beloved/
- ar         = and/
- áilla raza = cowboy/
- baací  = flute/
- bil       = field/
- foir     = pond/
- meçi  = soil/
- modú = honey/
- nil       = blue/
- háñci = smile/
- hañjja = godown/
- dáan  = paddy/
- doijja = river/
- vuk     = bossom/
- sóura = stream/
- súror  = rhythmic tune/
- kuwa  = well/
- zák     = flock/
++++++++++++++++++++++++

Taal (ထန်းပင်) ရေးသူ- ရိုဟင်းကိန်း

Taal (ထန်းပင်)

©----------------©
Graphic by Azaad

Lekóya: RohangKing

Taal gas ó harhána

Haze baze soona

Fata ré saáni

Maza ré thúni

Theeil loi hañsa

Bet fírí masa

Guijja siri tottá

Gula bone fiçá

Roc gáñrí tháiñya

miswak bone Cíyoñrjá

Beil dhufí mouka

tarir foula mussá.


26.9.2016 (mon)

Maáni (ခက်ဆစ်အဖွင့်)
---------------------------------
1. Beil        = နေမင်းကြီး။
2. Bet         =  နှီး
3. Cíyoñrjá = အမြစ်။
4. dhufí      = ဝင်သည်။ နစ်မြုပ်သည်။
5. Fata       = အရွက်
6. firâ         = မုန့်
7. fírí          = ယှက်သည်။
8. foula     = အရူး။
9. Guijja    = ပင်ရင်း၊ပင်စည်။
10. Gula    = အသီး။
11. hañsa = အနားအကွပ်။
12. Mouka = အခွင့်ကောင်း။
13. masa = စင်
14. Maza = အရိုး။
15. miswak = တံပူ။
16. Roc    = အရည်။
17. saáni = အမိုး။
18. siri      = ခွဲစိတ်သည်။
19. tarir    = ထန်းရည်
20. tháiñya = ထန်းလျက်
21. Theil   = အကိုင်းအလက်။
22. tottá    = ပျဉ်းချပ်။
23. thúni   = အိမ်တိုင်။

Friday, September 2, 2016

Ratar Setoni (ကြက်ဖဆော်သံ)


Ratar Setoni (ကြက်ဖဆော်သံ)

By Rohangking

Subá saadek lalmaile
Bakka rata fag záñré.
Bag de tani ganar tale.
Kukuruuk…kuk.

Uro uro uito né?
Mazi ailla gúnar foñté,
Hára uro Zaiñ buwaite
Duok besara soiñ roiyé
Zaiñt bazi té.
Kukuruuk…kuk.

Ooré nu nu zadumuni
Ehait ohait goijjai re,
Súwafor thal zargoi duñri
Uri loi jonnotor saabí
Kukuruuk…kuk.

Daker toré Allahró dakkua
Asolot asolot Jonnoti fua
Taile gumé zaiboi laaf
Uro soore gorí maaf.
Kukuruuk…kuk.

Beil mia  hoor daki
Hamo tuañrá torkir gatthí
Neri táile faiba ki
Saláke tuar soré úri
Kukuruuk…kuk.

Age uriyar faibo hone loot
Fissá sakka ulda zaibo foñt
Soore uriya háñci háñci
Duúr óre dibo bílki.
Kukuruuk…kuk.

Maani (Glossary)

1. Bag = ကြက်တွန်သံ။
2. Bakka rata = ကြက်ဖ။
3. bazí = ထိ၊မိ၍။
4. Beil mia = သူရဖန်စက် နေမင်း။
5. bílki = ခြောက်လှန့်သည်။ ပြုံးပြသည်။
6. Daker = ခေါ်နေသည်
7. dakkua = ဖိတ်ခေါ်သူ။
8. duñri = ပြေး၍။
9. Duok = ကမ်းစပ်တွင်ကျက်စားသော ငှက်တစ်မျိုး။
10. fag = အတောင်အပံ။
11. foñt = လမ်း။
12. gatthí = အထုပ်အပိုး။
13. goijjai = လူးလား။
14. gúna = ယာတော။
15. Hára = လျင်မြန်စွာ။
16. hoor = ပြောနေသည်။
17. jonnoti = နိဗ္ဗာန်သူ/သား။
18.
19. laaf = အကျိုးအမြတ်။
20.lalmaile = နီခြမ်းလာလျှင်။
21. maaf = လွတ်ငြိမ်းချမ်းသာခွင့်။
22. Mazí áilla = ယာခိုင်းခေါင်း။
23. nu nu = ကလေးကို ချစ်စနိုးခေါ်သည်။
24. Ooré = အို။
25. saabí = သော့။
26. sakka = ဘီး။
27. Salák = လိမ္မာသူ။
28. Setoni = နိုးဆော်သံ။
29. soiñ roiyé = စောင့်နေသည်။
30. soóre = စောစော။
31.Subá saadek = မိုးသောက်ချိန်။
32.Súwaf = အကုသိုလ်
33.tale = သံစဉ်။
34.thal = အစုအပုံ။
35.torkir = တိုးတက်မှု။
36.toré = အသင့်ကို။
37.tuañrá = သင်တို့။
38.tuar = ရှာဖွေသည်။
39.ulda = ပြောင်းပြန်။
40.zadumuni = ကလေးကို ချစ်စနိုးခေါ်သည်။
41.Zaiñt = ပိုက်ကွန်။