Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, October 5, 2016

Rvision သတင်းဌာန၏ ရိုဟင်ဂျာအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်ဖိနိုပ်မှု အစီရင်ခံစာ

Rvision သတင်းဌာန၏ ရိုဟင်ဂျာအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်ဖိနိုပ်မှု အစီရင်ခံစာ



ဘာသာပြန်> လူထုဝဏ္ဏ

တိုင်းရင်းသား ရိုဟင်ဂျာတို့သည် အမိမြေပေါ်တွင် ဖိနိုပ်အကြမ်းဖက်မှု အမျိုးမျိုးကို ခေတ်အဆက်ဆက်က ခံလာရသည်။ ဘာသာခွဲ၊ လူနည်းစုဖြစ်ရသောကြောင့် လူမျိုးတုန်းသတ်ဖြတ်မှုအထိပင် ခံလာရသည်ကို ကမ္ဘာကပင် မီးမောင်းထိုးပြလာသည်။ သို့သော် အမိမြေကို စွန့်လွတ်ခြင်းကို မပြု၊ အသက်စတေး၍ နေထိုင်လာခဲ့ရသည်မှာ ကာလအတန် ကြာနေပါပြီ။ ထိုသို့ နှိပ်စက်မှုရေစီးတွင် မျှော့ပါလာအောင် ကြံစည်နေသော အာဏာညစ်တေး ငမိုက်သား တရားခံများကို ရိုဟင်ဂျာ သတင်းဌာနမှ အောက်ပါအတိုင်း မှတ်တမ်းတင် အစီရင်ခံခဲ့ပါသည်။

အာရ်ကာန်ပြည် အနှံ့အပြားတွင် ရိုဟင်ဂျာလူမျိုးများနေထိုင်သော ရွာပေါင်း ၁၄၀၀ ကျော်ရှိသည်။ နေ့စဉ် အာဏာပိုင် အဖွဲ့အစည်းများက နိုပ်စက်၍ သော်လည်းကောင်း လူမျိုးခြားများ၏ အားတင်မုန်းတီးမှုမှ သော်လည်းကောင်း ရွာတစ်ရွာလျှင် အနည်းဆုံး ပြသနာ တစ်ခု မှ ငါးခုစီ ဖြစ်ပေါ်လာရသည်။ အချိန်အတိုင်းအတာကို တွက်ဆကြည့်လျှင် နေ့တစ်နေ့တွင် မိနစ် ၁၄၄၀ ရှိသည်။ ဤသို့လျှင် အာရ်ကာန်မြေပေါ်တွင် မိနစ်တိုင်းတွင် ကိုးကွယ်ရာမဲ့ ရိုဟင်ဂျာ တစ်ဦးတစ်ယောက်၏ အသက် အိုးအိမ် အိနြေ္ဒ စသည့် တစ်ခုခု ဆုံးရှုံးခံနေရသည်။

RVISION သတင်းဌာန၏ Report အရ ပဋိပက္ခအေးကာလဖြစ်သော ၂၀၁၆ ခုနှစ်၊ ဇန္နဝါရီလမှ စက်တင်ဘာလ အတွင်း မတရားငွေညှစ်မှု၊ မဒိန်းကျင့်မှု၊ လူသတ်မှု၊ လုယက်မှု၊ မတရား မြေယာ သိမ်းဆည်း ကျူးကျော်မှု၊ စသည့် အမှုပေါင်း ၄၀၀ကျော်ဖြစ်ပေါ်ခဲ့သည်။ ယင်းတို့ကို စစ်ဆေးကြည့်ရာ ဖိနှိပ်ရက်စက်ခဲ့သော တရားခံတို့မှာ အောက်ပါအတိုင်း ရာခိုင်နှုန်းအလိုက် ဖော်ပြထားသည်။


  1.  37%              BGP          (နယ်ခြားစောင့် ရဲတပ်ဖွဲ့)
  2.  20%              Police       (ရဲတပ်ဖွဲ့)
  3. 12%               Others      (အခြားဌာနဆိုင်ရာများ)
  4. 2%                 Tabbé       (အာဏာပိုင် ကျွန်လောက်သား)
  5. 19%               Rakhines (ရခိုင်)

စသည်ဖြင့် အကြမ်းဖက် ရက်စက်ခဲ့ကြောင့်း တွေ့ရသည်။

လူ (၁၀)ယောက်လျှင် အာဏာပိုင်အဖွဲ့အစည်း၏ စားကွက်ရှာပေးသူ တပည့်လောက်သား တစ်ယောက် ရှိသည်။ ဤကဲ့သို့ လူမိုက် လူပုံခွေး တို့ကြောင့် ရိုတို့သည် ဖိနိုပ်မှုငရဲတွင်းမှ လွတ်မြောက်နိုင်ခြင်းမရှိပေ။

ဤသို့ ပဋိပက္ခအေးနေသော ကာလတွင် ရိုဟင်ဂျာလူမျိုး အပေါ် မိနစ်တိုင်းတွင် တစ်ဦးနိုပ်စက်မှုခံနေရလျှင် ပဋိပကက္ခာအတွင်း တစ်မိနစ်လျှင် အနည်းဆုံး ၁၀ ယောက်က မတရားဖိနိုပ် အကြမ်းဖက်မှုဒဏ်ကို ခံခဲ့ရသည်ဟု ခန့်မှန်းနိုင်ပါသည်။ အချိန်မီတာဆီးကာကွယ်မှုမပြုဘဲ လက်ပိတ်နှုတ်ပိတ်ကြည့်နေလျှင် မျိုးတုန်းနေသည့် တိရစ္ဆာန်သဖွယ် အာရ်ကာန်မြေပေါ်မှ လူမျိုးပါ ကွယ်ပျောက်နိုင်ဖွယ်ရှိသည်ဟု စိုးရိမ်စရာဖြစ်နေသည်။

Source:
Mohammad Noor,
ရိုဟင်ဂျာ သသတင်းဌာန ဒါရိုက်တာ

No comments:

Post a Comment