Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, October 8, 2016

ဂျီဒဟ် ထောင်က ပေးပို့ထားတဲ့ ရိုလူငယ်တစ်ဦး၏ ရင်ဖွင့်စာ

ဂျီဒဟ် ထောင်က ပေးပို့ထားတဲ့ ရိုလူငယ်တစ်ဦး၏ ရင်ဖွင့်စာ



အစ္စလာမိုအလိုက်ကွမ်

ချစ်ခင်လေးစားအပ်သော ရိုသမိုင်းစာရေးဆရာခင်္ဗျား၊
ကျန်းမာတော်မူပါရဲ့လား။ ကျွန်တော်ကတော့ ကျန်းမာချမ်းသာပါတယ်။ လူကြီးမင်းနှင့် မိသားစုအားလုံး ကျန်းမာချမ်းသာပါရန် အမြဲဆုတောင်းပါတယ်။

လူကြီးမင်းခင်္ဗျား-
ကျွန်တော်ရဲ့ အသာနားခံစာကို ဖြည့်စွက်ပေးပါမည်ဟု ကျွန်တော် မျှော်လင့်နေပါတယ်။ အကြောင်းကတော့- ကျွန်တော်သည် မောင်တောမြို့နယ်မြောက်ပိုင်း ဘော်လီဘာဇား (ကြိမ်ချောင်း) ဇာတိဖြစ်သော ရိုဟင်ဂျာတစ်ဦးဖြစ်ပါသည်။ ကျွန်တော်သည် ၂၀၁၂ လူမျိုးရေးသာသာရေး အတိကရုဏ်းပြီးနောက် မိမိနေရပ်မှထွက်လာကာ ဘင်္ဂလားဒေ့ရှ် နှင့် အီန္ဒိယ ပါစ်ပို့ နှစ်မျိုးကိုင်ဆောင်၍ ဆော်ဒီအရေဗီယာနိုင်ငံသို့ ထွက်ခွာ်လာပါသည်။ ဘင်္ဂလားဒေ့ရှ်လေယျာဉ်သည် အိုမန်နိုင်ငံလေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။ အိုမန်နိုင်ငံသို့ ရောက်သောအခါ ခရီးသွားလုပ်ငန်း ဖွဲ့စား၏ ညွှန်ကြားချက်အရ ဘင်္ဂလားဒေ့ရှ်ပါစ်ပို့ကို အိုမန်လေဆိပ်အိမ်သာတွင် ပျက်စီးပစ်ချရသည်။ တဖန် ကျွန်တော်သည် အိန္ဒိယပါစ်ပို့ ကို ကိုင်ဆောင်ကာ အိုမန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဆော်ဒီလေဆိပ်သို့ ဆိုက်ရောက်ခဲ့ပါသည်။ ဆော်ဒီလေဆိပ်သို့ ရောက်လာသောအခါ ဆော်ဒီ လဝက သည် ခရီးသည်များ၏ လက်ဗွေများနှိပ်ယူခဲ့ရာ ကျွန်တော်သည်လည်း အိန္ဒိယနိုင်ငံသားအဖြစ် လက်ဗွေနှိပ်ပေးရပါသည်။

ကျွန်တော်သည် 25/4/2015 နေ့တွင်  ကံကျားကွက်ကျား၍ တစ်စုံတစ်ယောက်၏ ထိုးပေးမှုကြောင့် ရဲထံတွင် ယာယီတည့်ခိုခွင့်လက်မှတ် (အေကာမာ)မပြနိုင်ခဲ့သဖြင့် အဖမ်းခံရသည်။ သူတို့က ကျွန်ုပ်ကို ပြည်ပြန်ပို့ရန် (ဆောဖောရ်) လက်ဗွေစစ်ရုံးသို့ ပို့ပြီး လက်ဗွေအစစ်ခံစေသည်။ ကျွန်တော်သည် ရိုဟင်ဂျာဖြစ်ကြောင်း၊ ခိုင်လုံသော အထာက်အထားများပါရှိကြောင်း ပြောဆိုသော်လည်း သူတို့က လက်ခံခြင်းမရှိချေ။ အကြောင်းမှာ ကျွန်တော်လေဆိပ်မှာ အိန္ဒိယနိုင်ငံသားအဖြစ် လက်ဗွေ နှိပ်ထားသောကြောင့်ဖြစ်သည်။ အိန္ဒိယသံရုံးက ယင်းကိစ္စနှင့် စပ်လျဉ်း၍ ကျွန်တော့ ထံမှ စုံစမ်းသောအခါ ကျွန်တော်သည် အိန္ဒိယနိုင်ငံသား မဟုတ်ကြောင်း အိန္ဒိယ ပါစ်ပို့သာ ဖွဲ့စားတွေက ကိုင်ဆောင်ခိုင်းကြောင်း ဖွင့်ဟခဲ့သည်။   သူတို့ကလည်း ကျွန်တော့်ကို လက်မခံနိုင်ကြောင်း၊ အိန္ဒိယနိုင်ငံသား အရေးကိုသာ ကိုင်တွယ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကျွန်ုပ်ကို ပြောသည်။  ကျွန်ုပ်သည် အိန္ဒိယပါစ်ပို့ ကိုင်ဆောင်လာသဖြင့် ဆော်ဒီအစိုးရကလည်း ကျွန်ုပ်ကို အဖိနိုပ်ခံရိုဟင်ဂျာ မဟုတ်ကြောင်း ငြင်းပယ်နေသည်။ ရိုဟင်ဂျာတို့ကို မြန်မာနိုင်ငံမှ ပါစ်ပို့ ထုတ်မပေးကြောင်း၊ ဆော်ဒီကိုရောက်ရှိလာသော ရိုဟင်ဂျာအားလုံးသည် ဘင်္ဂလာဒေ့ရှ်၊ အိန္ဒိယ၊ နီပေါ့ ပါစ်ပို့ကိုသာ ကကိုင်ဆောင်၍ ဝင်လာကြသည်ကို ဆော်ဒီအစိုးရက နားမလည်ချေ။

ယခုဆော်ဒ်ီထောင်များတွင် (၈၀၀) နီးပါးသော  နိုင်ငံအမျိုးမျိုး၏ ပါစ်ပို့ ကိုင်ထားသည့် ရိုဟင်ဂျာများ ထောင်နန်းစံနေရသည်။ ကျွန်ုပ်တို့ ခေါင်းဆောင်တို့ကလည်း တို့တွေကို ဒီထောင်လွှတ်လာအောင် ကြိုးပမ်းသည် မရှိပေ။ ဒီမှာရှိသော ရိုအဖွဲ့အစည်း ဂျာလီအာ ကလည်း လက်ဗွေမှတ်တမ်းမပါသော  အကျဉ်းသားများကို လွတ်မြောက်စေသည်။ ဆော်ဒီအစိုးရသည် ဂျာလီအာ ကို ရိုဟင်ဂျာအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အခွင့်အာဏာပေးထားသော်လည်း သူတို့က ကျွနုပ်တို့ကို လျစ်လျူရှုထားသည်။ ယခုကျွန်ုပ်တို့ လမ်းမမြင် ကမ်းမမြင်ဖြစ်နေသည်။  လွှတ်သည်လည်းမရှိ၊ ဆောဖောရ် ပြန်ပို့သည်လည်းမရှိ ၂-၃ နှစ်နီးပါး ထောင်ထဲပဲစံနေရသည်။ မိဘတွေက မျက်ရည်တွေနဲ့ တွေးတောလျက်သာ။

ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ ဖြစ်ရပ်မှန်ကို ဆောင်းပါးရေးကာ RB သတင်းဌာန၊ အခြားသတင်းဌာနများမှ ဖော်ပြပေးပါ။
အကယ်၍ ကျွန်ုပ်တို့၏ လေးစားအပ်သော ကိုယ်ကျိုးမဲ့ ခေါင်းဆောင်များက ခုံခုံမင်မင် ကြိုးစားပါလျှင် ထောင်မှ မုချလွှတ်မြောက်နိုင်ပါမည်ဟု ကျွန်တော် ယုံကြည်ပါသည်။

ဆော်ဒီအကျဉ်းထောင်က ပေးသော အစားအစာသည်လည်း မတည့်သည့်အပြင် ထောင်ရဲများ၏ နိုပ်စက်မှုဒဏ်လည်း ကဲလွန်းလှပါသည်။ကျွန်ုပ်နှင့်အတူ အကျဉ်းကျနေသော ရိုဟင်ဂျာအများစုသည် ကျွန်ုပ်ကဲ့သို့ အခြားနိုင်ငံတစ်ခုနှစ်ခု၏ ပါ့စ်ပို့ ကိုင်ဆောင်သူများဖြစ်သည်။

လေးစားအပ်သော လူကြီးမင်းခင်္ဗျား-
ကျွန်တော် လူကြီးမင်းကို အရှည်ကြီးပြော၍ လူကြီးမင်း၏ အဖိုးတန်ဆုံးအချိန်ကို မဖြုန်းတီးလိုပါ။
လူကြီးမင်း ကျွန်ပ်ထက်ပို၍ပင် သိရှိပါမည်ဟု ယုံကြည်ပါသည်။ ကျွန်ုပ်၏ ရင်ဖွင့်စာကို လျစ်လျူမရှူဘဲ သဒ္ဓာစေတနာထက်သန်စွာဖြင့် တစ်ခုခု ဆောင်ရွက်ပေးပါမည်ဟု မျှော်လင့်လျက်-

မှ

ရှော်ဖီကုလ် အီစ္စလာမ်
ခေတ္တ ဂျီဒဟ်အကျဉ်းထောင်
ဆော်ဒီအာရေဗီယာ


မှတ်ချက် = သမိုင်း စာရေးဆရာ Aman Ullah ထံသို့ပေးပို့သော ပေးစာကို FB Acc မှ ကူးယူဖော်ပြပေးခြင်းဖြစ်သည်။

အောက်ပါရှိသည်မှာ သူ၏ မူရင်းစာ

(This letter is sent to me (Ro Aman Ullah) from Jeddah Jail. Please share it and if possible render them with possible help.These youths are our assert, try to save them.)

Assalamu Alaikum Dear the author writer of Rohingya's history, 
How are you? I m fine, hoping you and your family are good health and I always praying for you and your family membership.

Sir..., I have a request to you, warmly hoping you will be fulfilled my requesting that is.... 
I am a rohingya, I was lived at Maung Daw North Bolibazar (Kyein Chaung). I was arrived Saudi Arabia after riot of 2012 by holding two passport one is Bangladesh passport another one is Indian passport. At first, I was hold Bangala passport, Bangladesh Air port to Oman Air port. When I arrived at Oman, I destroyed my Bangala passport at Oman toilet by guiding of (Dalal Man) and I hold the second passport Oman to Saudi. When I set out Saudi Air port the Immigration took fingerprints of all people (travellers), this time my fingerprint became Indian. 

Unfortunately I was give oneself /sb up by police in 25/4/2015 and they sent me to fingerprint office to check to be drove (Safar) because I can't showed Iqma them, I told I’m rohingya I have strong documents which bring from Burma but they didn’t believed my showing because my fingerprint is already Indian then they sent to Jail to be Safar. When Indian embassy arrived to me to fulfill Safar paper ,I told to embassy I’m not Indian I’m Burme (Rohingya) and he told me I can't accept you to be Safar ,I accepting who are Indian not others. Now Indian embassy clearly rejected me. The Saudi Arabia government denies we are not Rohingyas because we are already having Indian fingerprint. The government not understands that the Rohingyas can't get Myanmar passport, all rohingyas coming to Saudi Arabia by holding Bangali, Indian or Nepali passport, where we get our own passports. Now we are suffering in Saudi Arabian jail nearly (800 Rohingyas people by different kinds of fingerprints, our leaders don't try to release from jail for us, here having a Rohingya committee (Jaalia) the Jaliaa committee releasing rohingyas prisoners from jail who not having fingerprints only. the Saudi government had given power (authority) to Jaliaa committee to release rohingyas prisoners from jail but they are denying and ignoring . Now, what will we do some r over 2,3 years in jail no Safar no release all the parents are thinking and crying for son who is in jail.

Please anounce it to your article, Rihingya Blogger, other post and our Rohingyas leaders about we Saudi Arabian rohingyas prisoners .If our leaders will try for us I blive we must release from jail. Saudi jail foods are not fair for Rohingyas we suffering very difficult n feel torture from jail police. All rohingyas prisoners same to me by holding two passport in Saudi Arabia.we the rohingyas having three types of fingerprints bangali, Indian n Nepali who arrived after riot in 2012.

Sir.. I don't want to long explain to you about us because you know better than me about it . So, I close my writing. Hoping you will be do something for us. I read your fb post and RB news articles, I really interesting ur post so please tag me with ur fb post. 

Date: 8/10/2016, 
From 
Shofikul Islam,  
Jeddah Jail, Saudi Arabia.

No comments:

Post a Comment