Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, October 14, 2016

၂၀၁၆ ခုနှစ်၊ ဘော်လီဝုဒ်ရုပ်ရှင်လောက၏ အချမ်းသာဆုံး မင်းသား (၅) ဦး

၂၀၁၆ ခုနှစ်၊ ဘော်လီဝုဒ်ရုပ်ရှင်လောက၏ အချမ်းသာဆုံး မင်းသား (၅) ဦး


 [ဘာသာပြန်- ပြောမဝ]

၁။ ရှားရုခ်ခါန် (Shahruk Khan)


ရှားရုခ်ခါန်သည် ဘော်လီဝုဒ် ရုပ်ရှင်လောက၏ ဘုရင်ဟု  သိသားထင်ရှားသော မင်းသားဖြစ်သည်။ သူ၏ စွဲလမ်းဖွယ်အပြုံး၊ သူ၏ ရွှင်မြူးဖွယ် ချက်ကျလက်ကျ ပြန်ပြောတက်သည့်  စွမ်းရည်ကြောင့် ရုပ်ရှင်လောက၏ အသိဥာဏ်ကြွယ်ဝဆုံး မင်းသားအဖြစ် တင်စားခံရသည်။ သူတွင် ဘော်လီဝုဒ်၏ သက်တမ်းအရှည်ဆုံး ရုံးတင်ပြသနိုင်ခဲ့သည့် ဇာတ်ကား ‘Dilwale Dulhania Le Jayenge’ ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။ သူ့ကို အချစ်ဘုရင်ဟုလည်း ခေါ်ဆိုကြသည်။ သူသည် ဘော်လီဝုဒ်၏ အချမ်းသားဆုံး မင်းသားအဖြစ် ရွေးချယ်ခံရသည်။ ပိုင်ဆိုင်မှုမှာ ကန်ဒေါ်လာ 600 မီလီလျံရှိသည်။ ထိုအပြင် အနောက်ဘင်န္ဒြာမှာရှိသော သူ၏  နန်းတော်ပမာ ခမ်းနားသော ဘင်ဂလို  Mannatနှင့် UAE မှာလည်း အိမ်ကြီးတစ်လုံး ပိုင်ဆိုင်ထား ပါသည်။ သူသည် Kolkata Knight Riders Cricket Club ၏ တွဲဖက်ပိုင်ရှင်လည်း ဖြစ်သည်။ ရုပ်ရှင် ဒါရိုက်တာ Aanand L Rai ၏ ဇာတ်ကားတစ်ကားနှင့် Imtiaz Ali ၏ ‘Raees’, ‘Dear Zindagi’, ‘Don 3' စသော အနည်းဆုံး ရုပ်ရှင်ဇာတ်ကားငါးခုနှင့်လည်း စာချုပ် ချုပ်ဆိုထားသည်။

၂။ အမီတာဘာချမ်း (Amitabh Bachchan)


အကြီးဆုံး ကြယ်ပွင့် အမီတာဘာချမ်းသည် မိမိ ရုပ်ရှင်လောကကို  ရူပီငွေ ၅၀၀ ဝင်ငွေဖြင့် စတင်ခဲ့ရာ နှင့် သူ၏ ပထမဆုံး သရုပ်ဆောင်ခမှာ ၁၀၀၀သာ ရှိခဲ့သည်။ သူ့ကို ရုပ်မြင်သံကြား ကြော်ငြာ အားလုံးနီးပါးတွင် မိနစ်တိုင်း စက္ကန့်တိုင်း မြင်တွေ့ရသည်။  Dabur Honey, Parker Pens, Cadbury Dairy Milk, Pepsi စသည့် မင်းသားကြီး အမီတာဘာချမ်းကြောင့် နာမယ်ကျော်ကြားလာသော ကြော်ငြာမှတဆင့် အစုအပုံ ဝင်ငွေများစွာ ရှိလာသည်။ သူ့သည် ကျော်ကြားသော TV show ‘Kaun Banega Crorepati’ တွင် ANGERလည်း ဖြစ်သည်။ ပိုင်ဆိုင်မှုမှာ ကန်ဒေါ်လာ ၄၀၂ မီလီလျံ နီးပါး ဖြစ်သည်။

၃။ ဆလ်မာခါန် (Salman Khan)


ဘော်လီဝုဒ်၏ ‘ဆုလ်တန်'၊ ပရိသတ်များ၏ သဘောကျအများဆုံး မင်းသားဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပါ။  သူ၏ ပိုင်ဆိုင်မူမှာ ကန်ဒေါ်လာ ၁၈၀ မီလီလျံ ဖြစ်သည်။ ဆလ်မာခါန်သည် တတိယ အဆင့်တွင် ပါလာသည်။ သူသည် ဂလက်စီ ဘင်န္ဒြာ (Bandra)တွင် တိုက်ခန်း၊ Panvel ၌ ယာတောအိမ် တစ်လုံး၊ UAE တွင် တိုက်ခန်းတစ်လုံး ပိုင်ဆိုင်ထားသည်။ Sagar Reshma Apartments တွင် တိုက်ခန်းထပ် သုံးထပ် လည်း ပိုင်ဆိုင်ထားပါသည်။ သူသည် ခေတ်ပေါ် ဆိုက်ကယ်၊ စက်ဘီး၊ ကား များစွာ ပိုင်ဆိုင်ထားသူ ဟုလည်း ဂုဏ်ယူနိုင်သည်။

၎။ အာမီရ်ခါန် (Aamir Khan)


ဘော်လီဝုဒ်၏ အထွက်အထိပ် စွမ်းအားအကြီးဆုံး မင်းသား ဖြစ်သည်သာမက ပွင့်လင်းမြင်သာသော ရုပ်ရှင် ဒါရိုက်တာ တစ်ဦးလည်း ဖြစ်သည်။ ပိုင်ဆိုင်မှုမှာ ကန်ဒေါ်လာ ၂၀၀ မီလီလျံ ဝန်းကျင် ဖြစ်သည်။အချို့နေရာ တွင် ဇာတ်ကားတစ်ကားလျှင် ၄၀ Corore အထိပေးဆောင်ရသည်။

၅။ အက်ချဲ့ကုမ္မာ ( Akshay Kumar )


ဘော်လီဝုဒ်၏ Kiladi ဟု လူသိများသော Action မင်းသား Akshay Kumar သည် ခပ်ကြမ်းကြမ်း မင်းသားဖြစ်သည်။ သူ၏ သိုင်းဇာတ်ကွက်များနှင့် ဟာသဥာဏ်ရွှင်မှုသည် ဈေးအများဆုံး မင်းသားအဖြစ် ထိပ်ဆုံးမှ ဦးဆောင်နေသည်။ သူသည် စည်းကမ်းရှိရှိ ဘဝ ရှင်သန်ရေးနှင့် စောစောထသည်ကို နှစ်သက်သည်။ ပိုင်ဆိုင်မှုမှာ ကန်ဒေါ်လာ ၁၈၀ မိလီလျံနီပါးရှိသည်။ သူသည် လုပ်ကိုင်ရေးနှင့် ပုဂ္ဂိုလ်ရေး တန်းတူ အခွင့်အရေးကို ဦးဆောင် လှုပ်ရှားသူလည်းဖြစ်သည်။ အက်ချဲ့ကုမ္မာသည် နှစ်တစ်နှစ်တွင် အရောင်းကောင်းသည့် ဇာတ်ကား ၄-၅ ကား hit ထိသည်ဟု မှတ်တမ်းတင်ရသည်။


ကိုးကား။    ။ Prajakta Ajgaonkar  ၏ THE NET WORTH OF TOP FIVE RICHEST BOLLYWOOD ACTORS IN 2016 ဆောင်းပါးကို ဘာသာပြန်ခြင်းဖြစ်သည်။

 


No comments:

Post a Comment