Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, October 20, 2017

လွန်ခဲ့သော ၄ နှစ်က ကျနော်တင်ပြခဲ့သော ဦးတေဇ အကြောင်း

ဦးတေဇ

စုစည်းတင်ပြ 💰  ဂိုလ်ရှယ်လေး|

ဦးတေဇသည် အသက် ၅၀ နှစ်အရွယ်ရှိပြီး မြန်မာပြည်၏ ချမ်းသာဆုံးသော ထူးရင်းနှီးမြုပ်နှံ ထူးဖော် ရောင်းချရေး ကုမ္ပဏီနှင့် ကျွန်းသစ် ၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်များနှင့် လေကြောင်း ခရီးပို့ဆောင်ရေး မှ အကျိုးမြတ်များစွာ ရရှိနေသော သူ တဦးဖြစ်၏။ ယခင်စစ်အစိုးရနှင့် နီးစပ်သည်ဟု လူသိများသည့် စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇကို ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက် ရှမ်းကြီးမြင့်ဆွေဟု လူသိများသည့် ဒု ဗိုလ်မှူးကြီးမြင့်ဆွေ၏ ဒုတိယ သားဖြစ်သည်။

ဒဿ      မတန်း အောင်မြင်ပြီးနောက် စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့သော်လည်း တတိယနှစ်တွင် ပြည်ခရိုင် ကြို့ပင်ကောက်မြို့ ထူး ဆန်စက်ပိုင်ရှင် ဒေါ်ထူး၏ သမီး ဒေါ်သီတာမြင့်နှင့် လက်ထပ်ခဲ့သည်အတွက် စစ်တက္ကသိုလ်မှ ထွက်ခဲ့ရသည်။

ဦးတေဇသည် ကျောင်းမှ ထွက်ပြီးနောက်ပိုင်း ရန်ကုန်မြို့တွင် ပြန်လည်နေထိုင်ကာ စီးပွားရေးလုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် ၎င်းလည်းပါဝင် ဆန္ဒပြခဲ့ကြောင်း အဆိုပါ မဂ္ဂဇင်း တွင် ဖော်ပြထားသည်။

“၈၈ ဆိုတာ ကျနော်တို့ မျိုးဆက်လေ။ အဲဒီတုန်းက လမ်းပေါ်ထွက် ဆန္ဒပြခဲ့တာပေါ့” ဟု သူက ဆိုသည်။
၁၉၈၉ ခုနှစ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အချ မခံရမီက သွားရောက်ခဲ့သည့် နယ်ခရီးစဉ်များတွင် ၎င်းပိုင် မော်တော်ကားကို ပေးအပ် အသုံးပြုစေခဲ့ကြောင်းလည်း ဦးတေဇက ပြောသည်။

၁၉၉၄ – ၉၅ ခုနှစ်ခန့်တွင် ရန်ကုန်မြို့ ရွှေတောင်ကြားရပ်ကွက်၌ ထူးကုမ္ပဏီကို တည်ထောင်ကာ ထိုင်း- မြန်မာ နယ်စပ် မြိတ်- ထားဝယ် ဒေသ၌ သစ်ကွက်များကို လေလံဆွဲ၍ သစ်ထုတ်လုပ်ရေးလုပ်ငန်း စတင် လုပ်ဆောင်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင်မူ သစ်ထုတ်လုပ်ခြင်း လုပ်ငန်းကို ရပ်ဆိုင်းခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် သဘာဝ ပတ်ဝန်းကျင် ပျက်ဆီးမှု များပြားလာသည့်အတွက် ထိန်းသိမ်းရန် လိုအပ်လာခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ယခုအခါ ဦးတေဇသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်များတွင် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

စင်ကာပူနိုင်ငံတွင်သာ အနေများသည့် ဦးတေဇသည် ထူး ကုမ္ပဏီကို တဦးတည်းပိုင်အဖြစ်မှ ကုမ္ပဏီ အရာရှိကြီးများကိုပါ ရှယ်ယာ ပိုင်ဆိုင်စေသည့် ကော်ပိုရေးရှင်း သဘော ဖွဲ့စည်းကာ လုပ်ငန်းများကို စိတ်ချ ရသည့် ၀န်ထမ်းများဖြင့် လွှဲအပ်ထားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူပြီး နောက်ပိုင်းကာလ သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ဦးတေဇ တဦးတည်းကို လုပ်ပိုင်ခွင့်များ ချထားပေးခြင်း မရှိတော့ဘဲ၊ တခြားသော စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ် သည့် အေးရှားဝေါလ် ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင်၊ မက်စ်မြန်မာ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဒေါက်တာ ကိုကိုကြီး၊ ဒဂုံအုပ်စုမှ ဦးဝင်းအောင် စသည့်လုပ်ငန်းရှင်များကိုပါ လုပ်ငန်းများ ခွဲဝေလုပ်ကိုင်ခွင့်ပြုထားသည်။

“ကျနော်တို့က စီးပွားရေးမှာ တရားသဖြင့် ပြိုင်ဆိုင်ရတာကို သဘောကျတယ်။ အဲဒီလိုမျိုးပဲ ပြိုင်ချင်တယ်” ဟု ဦးတေဇက သတင်းထောက်ကို ဆက်လက်ပြောဆိုသည်။

Forbes မဂ္ဂဇင်း သတင်းထောက်က ထူးကုမ္ပဏီ၏ တနှစ်ဝင်ငွေ၊ အကျိုးအမြတ်၊ ရှယ်ယာအများဆုံး ပိုင်ဆိုင် သည့် ဥက္ကဋ္ဌ တဦး၏ တနှစ်ဝင်ငွေ စသည့် အသေးစိတ်မေးမြန်းချက်များ ကိုမူ ဦးတေဇက ဖြေဆိုရန် ငြင်းဆန် ခဲ့သည်။

ထိုကြောင့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းကြီး အများစုသည် ကုမ္ပဏီ၏ ဘဏ္ဍာရေးနှင့် ပတ်သက်၍ ထုတ်ပြန် ကြေညာခြင်း မရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့ မည်မျှ ချမ်းသာကြွယ်သည်ကိုလည်း ထုတ်ဖော်ပြောဆိုလေ့မရှိကြောင်း အဆိုပါ မဂ္ဂဇင်းတွင် ကောက်ချက်ချ ရေးသားထားသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက ရန်ကုန်မြို့၌ အီတလီသတင်းထောက် တဦးနှင့် တွေဆုံမေးမြန်းခန်းတွင်မူ ၎င်းပိုင်ဆိုင်သည့် ထူး ကုမ္ပဏီသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ၀င်ငွေရှိသည်ဟု ပြောဆိုခဲ့ဖူးသည်။

Wall Street ဂျာနယ်၏ အင်တာနက် စာမျက်နှာတွင်လည်း အရှေ့တောင်အာရှရှိ အချမ်းသာဆုံး ပုဂ္ဂိုလ် ၃၀ ဦး၌ ဦးတေဇသည် အဆင့် ၁၂ တွင်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

သို့သော် ပြီးခဲ့သည့် မေလအတွင်း ပြည်ပမှ စားအုန်းဆီ တင်သွင်းဖြန့်ဖြူးခွင့်နှင့် ပတ်သက်၍ ဦးတေဇ တဦးတည်းသာ တင်သွင်းခွင့် ပေးထားသည်ကို အစိုးရက ရုတ်သိမ်းခဲ့သည့်နောက်ပိုင်း ဦးတေဇ၏ ဥစ္စာဓန ကြွယ်ဝ ချမ်းသာမှုသည် တဖြည်းဖြည်း ကျဆင်း လာကြောင်း၊ ထိုအတွက် ၎င်းပိုင်ဆိုင်သည့် ဟိုတယ်များကို ရောင်းချနေကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းတွင် ပြောဆိုနေသည်။

လက်ရှိ ဦးတေဇပိုင် ထူးကုမ္ပဏီ၌ ၀န်ထမ်းပေါင်း ၄ သောင်းဖြင့် လည်ပတ်နေပြီး ဦးတေဇသည် ၀န်ထမ်းများ ၏ အကျိုးခံစားခွင့်ကို အပြည့်အ၀ပေးထားကြောင်း၊ ပထမဆုံး မြန်မာအမျိုးသမီး လေယာဉ်မောင်း တဦး အပါအ၀င် ရာနှင့်ချီသည့် ၀န်ထမ်းကောင်းများကို နိုင်ငံခြား ပညာတော်သင် အပါအ၀င် ခရီးစဉ်များကိုလည်း စီစဉ်ပေးသည့်အတွက် ၀န်ထမ်းများ အကြား နာမည်ကောင်း ရရှိနေကြောင်း သိရသည်။

သူ့အား အမေရိကန်ပြည်ထောင်စု အစိုးရမှ ၂၀၀၈ ခုနှစ်ကတည်းကပင် အရေးယူပိတ်ဆို့ရေး နာမည်ပျက် စာရင်း သွင်းထားခြင်းခံရလေသော အကြောင်းမှာ သူသည် နိုင်ငံတကာမှ အောက်လမ်းနည်းများဖြင့် ပြည်သူလူထုအား မတရားဖိနှိပ်ရက်စက် အနိုင်ကျင့် အုပ်ချုပ်ထားသော မြန်မာစစ်အစိုးရအတွက် လက်နက် များ ၀ယ်ယူပေးခဲ့သူဖြစ်လေသည်။

ထိုကြောင့် အမေရိကန်ပြည်ထောင်စု ဘဏ်ဏာငွေ ကွပ်ကဲထိန်းချုပ်ရေး ဌာနမှ အဆိုပါ ဦးတေဇအား မြန်မာစစ်အစိုးရအတွက် စစ်ဘက်ဆိုင်ရာ ရံပုံ ငွေ အလုံးရင်းရှာပေးသူနှင့် လက်နက် ပွဲစားကြီး ဆိုသော ခေါင်းစဉ်အောက်တွင် ထည့်သွင်းသတ်မှတ်ကာ အရေးယူထားလေသည်။

သူသည် မြန်မာအစိုးရအနေဖြင့် မြောက်ကိုရီးယား ရုရှားနှင့် တရုတ်တို့မှသာပင် လက်နက်များ ၀ယ်ယူနိုင်သော ကာလ၀ယ်… နိုင်ငံတကာပိတ်ဆို့မှုများကြောင့် ပိတ်ညှပ်အသပ်ရှူကြပ်နေသော အဆိုပါ မြန်မာစစ်အစိုးရအတွက် ဆယ်စုနှစ်များကြာအောင် လက်နက်များဝယ်ယူရာတွင် ထဲထဲဝင့်ဝင့် ပါဝင် ပတ်သက် ကူညီခဲ့သူလဲဖြစ်သည်ဟု သိရသည်။

ထင်ထင်ရှားရှားသာဓကအနေဖြင့် ဆိုရပါမူ..စစ်ဘက်ဆိုင်ရာ အသုံးဆောင်များနှင့် ဝေဟင်မှ ပုံစံအမျိုးမျိုးဖြင့် ပျံသန်း ပစ်ခတ်နိုင်သော ရဟတ်ယာဉ် များအား ၀ယ်ယူရာတွင် ကြားပွဲစားကြီးအနေဖြင့် ဦးတေဇမှ အခိုင်မာ မားမားမတ်မတ် ဆောင်ရွက်ခဲ့လေသည်။

“န၀တ လို့ခေါ်တဲ့  ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က 1988 အာဏာသိမ်းပြီး စတက်တက်လာခြင်းမှာ ခြူးငွေးတပြားမှမရှိပါဘူး၊ ဒါနဲ့ သစ်တော်တော်များများကို ချက်ခြင်းခုတ်လှဲပြီး စရောင်းကာ ငွေရှာတော့တာ ပါပဲ၊ ဒါကြောင့် အဲဒီငြိမ်ပိအစိုးရအဖွဲ့က တေဇနဲ့ ဆက်ဆပ်လာရပါတယ်” ဟု ထောက်လှမ်းရေး ဗိုလ်မှူးအောင် ဦးအောင်လင်းထွဋ်မှာ ပြောပါသည်။မြန်မာ့လေတပ်က ရုရှားမှ ဖန်တီးတပ်ဆင်ထားသော ဥရောပ နိုင်ငံများ ၊ အမေရိကန်နှင့် တရုတ်တို့၏ အရည်သွေး တန်တူလောက်ရှိသည့် ချေမှုန်းရေး ရဟတ်ယာဉ်များ နှင့် မိုင်ကိုယန် အမ်အိုင်ဂျီ ၂၉ ဂျက်တိုက်လေယာဉ်တွေနဲ့ လောလောဆယ်မှာ လူရာ ၀င်အောင် တေဇ၏ ကြားပွဲစား ၀င်ရောက်ဆောင်ရွက်မှုဖြင့် တပ်ဆင်ထားကြပါတယ်။

ထိုတင်မက မြန်မာ့တပ်မတော်တွင် ကောင်ကင်းတာဝေးပစ် ရုရှားလုပ်ဒုံးကျဉ်နည်းစနစ်နှင့် အမြောက်များ လည်းရှိတာကတော့ လူတိုင်းသိလောက်ပါတယ် ရုရှားနိုင်ငံထုတ် မီဒီယာ ဗရာဗိုရာ သတင်းစာတွင် အလွန်ဆင်းရဲမွဲတေနေသော မြန်မာနိုင်ငံမှ ရုရှားထံတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၀၀ ဖိုးမျှ အကုန်ကျခံကာ ရုရှားလုပ် အဆိုပါ အမ်အိုင်ဂျီ ဂျက်တိုက်လေယာဉ်အစင်းပေါင်း ၂၀ အား ၀ယ်ယူခဲ့ကြောင်း နိုင်ငံတကာသို့ ကြွားလုံးထုတ်ပြီး ရုရှားလက်နက်များ အရောင်းသွက်ကြောင်း ရေးသားထားဘူးလေသည်။

လွန်ခဲ့သော နှစ် (၂၀၁၂)တွင် နေပြည်တော်မှ နှစ်ပေါင်း ၆၀ ထက်မနည်း တော်လှန်ပုန်ကန်နေကြသော တိုင်းရင်းသား သူပုန်အဖွဲ့စည်းများ အထူးသဖြင့် ကေအိုင်အေ ကချင် လွန်မြောက်ရေး တပ်မတော် နှင့် ၄င်း၏ အပေါင်းပါ မဟာမိတ်များအား ပြင်းပြင်းထန်ထန် အမြစ်ပြတ်ချေမှုန်းရန် ကြိုးစားခဲ့သည်။

ထိုသို့ဖြင့် မြန်မာ့ စစ်ဘက်ဆိုင်ရာ အုပ်စုမှ မြန်မာစစ်တပ်၏ စေခိုင်းညွန်ကြားမှုအောက်တွင် နယ်စပ်ဒေသ လုံခြုံရေးတပ်ဖွဲ့အနေဖြင့် မရပ်တည်သော အပစ်ခတ်ရပ်စဲထားသည့် သူပုန်အဖွဲ့များအား သိသာမြင်သာအောင် ခင်းကျင်းပြသသည့်အနေဖြင့် လေကြောင်း စစ်ဆင်ရေးများ ပြုလုပ်ပြခဲ့လေသည်။
သို့ရာတွင် ကံမကောင်းအကြောင်းမလှပဲ မြန်မာ တပ်မတော်မှ ဆင်နွဲခဲ့သော ရုရှားမှ တင်ပို့ထားသည့် ညံ့ဖျင်းသော လက်နက် ကရိယာ တည်ဆောက်မှု နည်းပညာကြောင့် လေကြောင်း တိုက်ခိုက်မှုများသည် အသုံးမ၀င်ပဲ အလဟသ အချီးနှီးဖြစ်ခဲ့ရသည်။ဲ

မန်မာ အာဏာရှင်မှာ ကြီးကြီးမားမားပင် အရေးပေါ် လက်နက်များအား ရုရှားမှ ၀ယ်ယူရခြင်းအကြောင်းမှာ ၂၀၀၁ခုနှစ် ထိုင်းနိုင်ငံနှင့်ဖြစ်ပွားသော နယ်စပ်ပြသနာတွင် အရေးနှိမ့်သွားရသောကြောင့်ဖြစ်ပြီး တရုတ်နိုင်ငံမှ စီးပွားရေးဆိုင်ရာ ကိစ္စများဆိုသော မျက်နှာဖုံးစွပ်ဖြင့် မြန်မာနိုင်ငံသို့လာရောက်ခဲ့သော ဒုတိယသမ္မတ စင်ကျန်ပင်း လာရောက်လည်ပတ်ပြီး တရုတ်ပြည်မှ ဂျက်လေယာဉ်များ ၀ယ်ယူမည့်အစား ရုရှား စစ်တိုက်လေယာဉ် အမ်အိုင်ဂျီ ၂၉ များအား တေဇအား စေလွှတ်ကာ ၀ယ်ယူခိုင်းခဲ့ခြင်းဖြစ်ပါသည်။

ရန်ကုန်စီးပွါးရေးအသိုင်းဝိုင်းမှ ပြောဆိုသတင်းပေးချက်အရဆိုလျင် ဦးတေဇသည် ၂၀၁၃ ခုနှစ် ဇွန်လတွင် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ရုရှားသို့သွားသော ခရီးစဉ်နှင့် ချိန်ကိုက်ကာ ရုရှားသို့ သွားရောက်ခဲ့၏။

မြန်မာ့ ကာကွယ်ရေးဦးစီးချုပ်မှ မော်စကိုသို့ သွားရောက်ကာ မပြီးပြတ်သေးသော မြန်မာစစ်အစိုးရ လက်ထက်မှ လက်နက် ၀ယ်ယူရန်ချုပ်ဆိုထားသည့် ကိစ္စရပ်များအား သွားရောက် အဆုံးသတ် ဖေါင်ပိတ်ရန်ဖြစ်လေ၏။

အကြောင်းမှ ရုရှားမှ ဦးတေဇ၏ အစီစဉ်ဖြင့် ၀ယ်ယူလာခဲ့သော လက်နက်များသည် အမှန်တကယ် စစ်ပွဲများအတွင်း ထိရောက်မှု မရှိပဲ အလဟသ ဖြစ်သွားရသော မြန်မာ့ တပ်မတော်၏ ကချင်ပြည်နယ် စစ်ဆင်ရေးကြောင့်ဟု သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၁၃ ခုနှစ် ဂျွန်လ ၂၃ ရက်မှ ၂၉ ရက်နေ့ထိ ရုရှား ကာကွယ်ရေး ၀န်ကြီး ဆာဂေရှိုဂူး၏ ဖိတ်ကြားချက်အရ သွားရောက်ကြောင်း ဖေါ်ပြထားလေသည်။
မြန်မာ့ကာချုပ်မှ သံသယဖြင့် မော်စကိုမြို့တော် အနီးတွင်ရှိသော ဂျေအစ်စီ အာအေစီ မစ် ဟုခေါ်သော ရုရှားတိုက်လေယဉ် များတည်ဆောက်သော စက်ရုံသို့ သွားရောက်ကြည့်ရှု့ခဲ့ပြီး ရုရှားမှ ထပ်မံ အဆင့်မြင့် ထားသည်ဟုဆိုသော မစ် ၂၉ တိုက်လေယာဉ်အား စမ်းသပ်ပျံသန်းပြခဲ့ကြောင်း မြန်မာ အလင်း သတင်းစာ တွင် တရားဝင် ရေးသားဖေါ်ပြထားခဲ့လေသည်၊

ရန်ကုန်တွင် ရှိနေကြသော သံတမန်အသိုင်းဝိုင်းမှ လက်ရှိကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်သည် ယခင်က ဦးတေဇအား အသုံးပြုကာ ချုပ်ဆိုထားခဲ့သော မြန်မာ့ စစ်အစိုးရ၏ မြောက်ကိုရီးယား တရုတ်နှင့် ရုရှားတို့မှ လက်နက်ဝယ်ယူရေး သဘောတူညီချက်စာချုပ်များအား အဆုံးသတ်ရှင်းလင်းရန် ကြိုးစားနေကြောင်း ကို ပြောဆိုနေကြပါသည်။

ဦးတေဇမှ ပွဲစားလုပ်ကာ မြန်မာ အစိုးရအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း (၉)ထောင်ကျော်မျှ တန်ဖိုး၇ှိသည့် ၀ယ်ယူထားပေးသော လက်နက်စာရင်းအား အောက်ပါအတိုင်း တွေ့မြင်နိုင်ပါသည်။

MAJOR ARMS SALES TO THE REGIME SINCE 1988

Supplier Year(s) of delivery Weapon description
Bulgaria 1999 100 Igla-1/SA-16 Gimlet portable
1995 50 WZ-121/Type-69 tanks
1995-1997 50 C-801/CSS-N-4/Sardine anti-ship missiles
1995-1997 6 Houxin/Type-037/1G missile boats
1997-1998 24 A-5C Fantan fighter/ground attack aircrafts
1998-1999 12 F-7M Airguard fighter aircrafts
1998-1999 40 PL-2A short range air to air missiles
1998-1999 40 PL-5B short range air to air missiles
1998-2002 5 Type-76 37mm naval gun turrets
1999 12 K-8 Karakorum-8 trainer/combat aircrafts
2001-2003 3 small armed warships
2002-2003 5 Rice Lamp fire control radars
2004-2005 3 Type-344 fire control radars
2004-2005 24 C-801/CSS-N-4/Sardine anti-ship missiles
2004-2007 8 AK-230 30mm naval guns
Germany 2003 10 Diesel engines
India 2006 2 BN-2 Islander helicopters (Number may be 4, including 2 BN-2 MP version)
2006 10 105mm light towed guns
2006 10 mine protected vehicles
2006 10 T-55 tanks
Italy 2001-2003 3 Compact 76mm naval guns
N. Korea 1999 16 Type-59-1 130mm towed guns
Poland 1990-1992 22 Mi-2/Hoplite helicopters
1991 13 W-3 Sokol helicopters
Russia 1995 7 Mi-8/Mi-17/Hip-H helicopters
1997 5 Mi-8/Mi-17/Hip-H helicopters
2001-2002 20 MiG-29S/Fulcrum-C Jet fighter aircrafts
2001-2002 60 R-73/AA-11 Archer short range air to air missiles
2002 30 R-27/AA-10 Alamo beyond visual range air to air missiles
2006 100 D-30 122mm towed guns
Serbia
2001 18 M-56 105mm Towed guns
2001 36 M-101A1 105mm Towed guns
2004 36 M-56 105mm Towed guns
2006 5 B-52 NORA 155mm Self-propelled guns
Ukraine 1999 12 AI-25/DV-2 turbofans
2002 14 T-72 tanks
2003 10 R-27/AA-10 alamo beyond visual range air to air missiles
2003 1 ST-68U/Tin Shield air surveillance radar
2003 10 BTR-3U Guardian Infantry Fighting Vehicles (Number may be up to 1000; possibly assembled from kits in Burma)
2007 10 MT-LB armored personnel carriers


🔫🔫🔫🔫🔫🔫🔫🔫🔫🔫🔫🔫🔫🔫🔫🔫

ကမ္ဘာ့ အချမ်းသာဆုံး ဘုရင် ဘူလ်ကိယာရဲ့ အံ့ဖွယ် ဝါသနာ!


ဘုရင် ဟစ္စနလ် ဘူလ်ကိယာ

ရေးသား - နတ်မျက်စိ|

ကမ္ဘာ့ အချမ်းသာဆုံး သက်ဦးဆံပိုင်ဘုရင်

ကမ္ဘာတဝန်း ချမ်းသာတဲ့ သူဌေးတွေဟာ များစွာရှိတယ်။ ကျနော်တို့ ပတ်ဝန်းကျင်ရှိ ချမ်းသာသော စီးပွားရေးရှင်တွေ၊ ပုဂ္ဂိုလ်ကျော်တွေ၊ နိုင်ငံရေးသမားတွေ၊ သရုပ်ဆောင်တွေမနည်းလှတဲ့ ကြားမှာ တချို့က ထူးခြားတယ်။ သို့သော် သူဌေးအများစုဟာ  ခမ်းနားထည်ဝါမှုအတွက် ငွေကြေး ဒလဟော သုံးစွဲခြင်း မရှိပါ ဘူး။ 

ထိုသို့ ဇိမ်ခံ ခမ်းနားထယ်ဝါမှုအတွက် ငွေကြေး အလွန်အကျွံ သုံးစွဲသူမှာ မပြောလောက်သော ပမာဏသာ ရှိလိမ့်မည်။ ထိုထဲတွင် ဘရူနိုင်းနိုင်ငံ့ ဘုရင် စူလ်တန် ဘုလ်ကိယာ [Sultan Hassanal Bulkhia] တစ်ပါး အပါအဝင်ဖြစ်သည်။  ဘုရင် ဟာဂျီ ဟစ္စနလ် ဘုလ်ကိယာ၏ စုစုပေါင်း ပိုင်ဆိုင်မှုမှာ အမေရိကန် ဒေါ်လာ ၂- ဘီလီယံ ကျော် အသားတင် တန်ဖိုးရှိသည်ဟု ခန်းမှန်းကြတယ်။ သူဟာ မလေးရှားနိုင်ငံ၌ ဖွားမြင်ပြီး ဘရူနှိုင်း နိုင်ငံရဲ့ ဘုရင်ဖြစ်လာတယ်။ ကမ္ဘာ့အချမ်းသာဆုံး လူသားတစ်ဦးအပြင် အချမ်းသာဆုံး ဘုရင် တစ်ပါး ဟူသော ဂုဏ်ပကာနနဲ့  ထင်ရှားတယ်။  

သူ့တိုင်းပြည်သည် ကမ္ဘာ့ စရိတ်သက်သာ မူတည်သော တိုင်းပြည်တစ်ခုဖြစ်တယ်။  လူမျိုး အသိုင်းအဝိုင်း များအတွက် အရိပ်ဆာယာအဖြစ် သတ်မှတ်တယ်။ တိုင်းသူပြည်သားတွေလည်း စီးပွားရေး ပြေလည်ပြီ အခွန်ကင်း နေထိုင်မှုကို ခံစားရတယ်။ ဘုရင့် တိုင်းပြည်က ရေနံနှင့် သဘာဝဓာတ်ငွေ့ ကြွယ်ဝတယ်။ ဒီ သယံဇာတ နှစ်ခုက ဘရူနိုင်းနိုင်ငံရဲ့ အဓိက ဝင်ငွေ အရင်းအမြစ်လဲ ဖြစ်တယ်။ 

ဘုရင်ကြီးဟာ ခမ်းနားထည်ဝါသော ဂုဏ်ပကာသနကို ဆောင်သော ဇိမ်ခံပစ္စည်းနဲ့ ထူးထူးခြားခြားတွေ အတွက် ငွေကြေး သုံးစွဲခြင်းကို နှစ်သက်တယ်။ သူဟာ အပျော်တမ်း ကားစီးခြင်းကို အထူးကို စိတ်ထက်သန် ပြင်းပြတယ်။ ဒါကို ဖြစ်ရိုးဖြစ်စဉ်ပါပဲ ဟု လုံးဝ မပြောနိုင်ပါဘူး။ အကြောင်းက လူအများစုဟာ ဇိမ်ခံကားတွေ ကို နှစ်သက်ကြတယ်။ ဒါပေမဲ့  သူတို့ဟာ ထောင်ဂဏန်းမက ကားတွေ စုဆောင်းခြင်းလောက် စိတ် ထက်သန်မှာ မဖြစ်နိုင်ပါဘူး။ 

ဟုတ်ပါတယ်… ဘုရင် ဘုလ်ကေယာ ဟာ ဇိမ့်ခံကား အစီး (၇၀၀၀) ကို စုဆောင်း ပိုင်ဆိုင်ထားပါတယ်။ ဒီကားတွေက သာမန် ကားတော့ မဟုတ်ပါဘူး။ အမြင့်မြတ်ဆုံး ဝန်ဆောင်မှု ပေးနိုင်တဲ့ နာမယ်ကျော် ကားတွေ ဖြစ်တယ်။ ဘုရင်မြတ်ကြီးက ကမ္ဘာ့ အရှိန်မြင့်သော၊ ပြိုင်ဖက်မရှိ ရှားပါးသော၊ တန်ဖိုးကြီးသော၊ လှပသော ကားတွေကို နှစ်သက်တယ်လို့ ဆိုကြတယ်။  

ဘုရင့် ကား ပါကင်

သူ့ရဲ့ ဝါသနာက အဇိမ့်ခံဆုံး ကားတွေ အများကြီး ဝယ်ယူစုဆောင်းနိုင်အောင် လှုံ့ဆော်ပေးခဲ့တယ်။ အဲ့ဒါကြောင့် ယနေ့သူဟာ ကားပေါင်း အစီး (၇၀၀၀) တောင် ပိုင်ဆိုင်နေတယ်။ သူ့ ကားအားလုံးရဲ့ စုစုပေါင်း တန်ဖိုးက အမေရိကန် ဒေါ်လာ (၅) ဘီလီယံကျော် ရှိတယ်လို့ သိရတယ်။ သူ့ စုဆောင်းထားတဲ့ ကားတွေ မှာ အောက်ပါအတိုင်း ဖြစ်တယ်-  

၁- Rolls Royce cars ( ၆၀၀ စီးခန့်) 
၂- Ferraris (၃၀၀ စီးကျော်) 
၃- Koenigsegg (၁၃၄ စီးခန့်)  
၎- McLaren F1s (၁၁ စီး)
၅- Dauer Porsche 962 LMs (၆ စီး)
၆- Jaguar အပါအဝင် တခြား ဇိမ်ခံ အအပျော်စီး ကား အမြောက်အမြား

ဘုရင် ဘူလ်ကိယာရဲ့ ကိုယ်ပိုင် လေယာဉ်

ဒီ ကား အစီး (၇၀၀၀) က စုလ်တန်ဘုရင်ရဲ့ ဝါသနာကို အတောမသတ်နိုင်ခဲ့ချေ။ အဲ့ဒါကြောင့် ဘုရင် မင်းမြတ်က ကိုယ်ပိုင် ဂျက် လေယဉ်ပျံတွေ ပိုင်ဆိုင်ရန် ဆုံးဖြတ်ခဲ့တယ်။ ဒီ ဂျက်လေယာဉ်တွေဟာ ဆန်းဆန်းကြယ်ကြယ် သီးသန့် ဒီဇိုင်းလုပ်ထားတဲ့ လေယာဉ်တွေဖြစ်တယ်။  သူဟာ တန်ဖိုးအကြီးဆုံး၊ အဇိမ့်ခံဆုံး ဖြစ်သော  ဘိုအင် ၇၄၇-၄၀၀ လေယာဉ်တစ်စီးနှင့် Airbus 340-200 တစ်စီးတို့ကို ပိုင်ဆိုင် ထားတယ်။ ဒီလေယာဉ်တွေရဲ့ အခန်းအများစုဟာ ရွှေပြားတွေနဲ့ ပြုလုပ်ထားတာဖြစ်တယ်။ 

ဝူး…ယုံချင်ယုံပေါ့! အသင်တို့ စူပါ အချမ်းသာဆုံးလို့ ဒါကိုပဲ ခေါ်မယ်ထင်တယ်။ သူက တစ်ကြိမ် ဆံပင်ညှပ်ရင် အမေရိကန် ဒေါ်လာ ၂၁,၀၀၀ ကို သုံးစွဲတယ်လို့ ပြောတယ်။ သူ တစ်ကြိမ်က ကမ္ဘာ့အချမ်းသာဆုံး အမျိုးသားအဖြစ် ကြေညာခဲ့တယ်။ ၁၉၈၀ ပြည့်တွင် သူ့ကို ကမ္ဘာ့ အကြွယ်ဝ ချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခဲ့တယ်။ ၁၉၉၀ ပြည့်နှစ်တွင် သူ့နေရာတွင် ဘီလ် ဂိတ်ကို အစားထိုးခြင်းဖြစ်တယ်။ 

ဘရူနိုင်း နိုင်ငံ ဘုရင်မင်းမြတ် နဲ့ မိသားစု စံပျော်တဲ့ နန်းတော်ဟာ မြို့တော် Bandar Seri Begawan မှာ တည်ရှိတယ်။  အဲ့ဒီ နန်းတော်မှာ အခန်းပေါင်း (၁၇၈၈) ခန်းရှိတယ်။  
သတင်း ရင်းမြစ်- Born Rich

Tuesday, October 17, 2017

SÓDÍ KISSÁ: A Rohingya Traditional Game


ရေးသား 📑 ရိုဟင်လေး|


အမျိုးအစား ♠ ရိုဟင်ဂျာ ရိုးရာ ကစားနည်းများ [Traditional Sports of Rohingya]|

ဆို့ဒီ ကိစ္ဆာ့ [Sódí Kissá]


ဆို့ဒီရ် ကိစ္ဆာ့သည် ရိုဟင်ဂျာ ရိုးရာကစားနည်းများအနက် အလွန် ထင်ရှားသော ကစားနည်း တစ်မျိုးဖြစ် သည်။ လူငယ်တို့က ၎င်း နံမယ်ကြားရုံနဲ့ “အို…ဘာဇီရေ့” ကြောက် တယောင်ယောင် ဖယ်ခွာနေချင် တတ် သည်။ အကြောင်းမှာ လွယ်လွယ်နဲ့ အဆုံးမသတ်နိုင်သောကြောင့် ဖြစ်သည်။  ဥာဏ်ရည် ဉာဏ်သွေး စမ်း Debate လုပ်ရသော ပဟေဠိ ကစားနည်း တစ်မျိုးဖြစ်သည်။ 

ဆို့ဒီ ကိစ္ဆာ့ကို မြန်မာလို ‘ထုံးပုံပြင်’ ဟု အဓိပ္ပာယ်ဖွင့်နိုင်သည်။ ဒီနေရာမှာ ထုံးရဲ့ အဓိပ္ပာယ်က ကွမ်းစားထုံး မဟုတ်ပဲ  ခိုင်းနှိုင်းစကားလုံး အဖြစ် ‘အရှုံးခံသည်၊ ဦးဏှောက်စားသည်’ ဟု ရိုexpert တွေက လက်ခံကြ သည်။ (တခြား အဓိပ္ပာယ်ဖွင့်ဆိုတာလဲ ရှိတယ်) ဤကစားနည်း ထင်ရှားပုံက ကဲလွန်လှ၍ စကား ပြောဆို ရာတွင်တောင် အီဒီယမ် အဖြစ် စကားရှည် ကွေ့ကောက်ဝေဝုစ် ပြောဆိုနေသူကို တိုတိုနဲ့ ရှင်းရှင်း ပြောဆို ရန် ဒီကစားနည်း နံမယ်ကို ဥပစာပေး သုံးကြသည်။ ‘Sódi Kissá no hoíc’- တိုက်ရိုက် အဓိပ္ပာယ်က ‘စကားရှည်မနေနဲ့ လိုရင်း ရှင်းရှင်းပြော။’  

ရှေးအခါက ဤကစားနည်းကို General Knowledge Quiz ပုံစံမျိုး  ကစားခဲ့ကြတာဖြစ်တယ်။ လူငယ်တွေ ရဲ့ ဥာဏ်ရည် ထက်မြက်လာအောင် ရည်ရွယ်ချက်ဖြစ်မယ်လို့ သက်ကြီးတွေက ယူဆပါတယ်။ သို့သော် ယနေ့အချိန်တွင် မူလ ရည်ရွယ်ချက်ပင် မရှိတော့ချေ။  ဤကစားနည်းသည်  ပျောက်ကွယ်လုနီးပါး ဖြစ်နေ သည်မှာ တမျိုးသားလုံးအတွက် မဖြည့်ဆည်းနိုင်သော ဆုံးရှူံးမှုတစ်ခုဖြစ်သည်။  ယနေ့လူငယ်က အလဟဿ အချိန်ဖြုန်းဖို့ အတွက်သာ စည်းပျက် ကစားနည်းဟု ယူဆကြတယ်။ တကယ်တော့ ခေတ်ကာလ ကြာမြှင့် လာသည်နှင့်အမျှ ကစားနည်း မူတွေလဲ တဖြေးဖြေး ပျက်စီးလာခဲ့သည်မှာ  မျက်မှောက်တွင် အချိန်ဖြုန်း ကစားနည်းအသွင် ဖြစ်လာတာပါ။ အချိန်နှင့် တပြေးညီ ခေတ်သစ် ဂိမ်းတွေ၊ ဆိုရှယ်မီဒီယာတွေနှင့် တဖက်ပြည်က ကူးဝင်လာသော ကစားနည်းတွေက ရိုးရာကစားနည်းတွေ တဖြေးဖြေး မျိုစားနေကြတာကို သတိတောင်ပြုဖွယ် ခဲယှဉ်းလှတယ်။ နန်းလုပွဲ၊ ကျုးကျော်စစ်၊ လူမျိုးရေး ဘာသာရေး အဓိကရုဏ်း၊ အသား အရောင် ခွဲခြား ဆက်ဆံမှု စသည်တို့ကို ရက်ရက်စက်ခံခဲ့ရသော ဤအာရ်ကာန်ပြည်ကား စာပေဖက်တွင် အင်မတန် နောက်ကျခဲ့လေသည်။ ရှေးစာပေ မှတ်တမ်းဆို၍ မပြောလောက်သော ပမာဏသာ တွေ့ရသည်။ သောကြောင့် ရှေး ဆို့ဒီကိစ္ဆာ့ ကစားနည်း မှတ်တမ်း၊ မှတ်ရာများကို ယနေ့အချိန်အထိ မတွေ့ရရှိချေ။ ရှေး ရိုဟင်ဂျာတွေရဲ့ ဆို့ဒီ ကိစ္ဆာ့ ကစားနည်းဟန် စည်းမျဉ်း စည်းကမ်းတွေကို ပြည့်ပြည့်စုံစုံဖော်ပြနိုင်ဖို့ အလွန် ခက်ခဲလှတယ်။ 

လွန်ခဲ့သော ၅ နှစ်လောက်က သူငယ်ချင်းတစ်ယာက်အိမ်သို့ မင်္ဂလာဆောင် သတိုးသားအခန်း တန်ဆာဆင် ရန် ဖိတ်ခေါ်ရာ တခြားသူငယ်ချင်းများနဲ့အတူ သွားဖြစ်ခဲ့တယ်။ သူ့အိမ်မှာ အသက် ၉၀ ကျော်မယ့် မာနော်ဘ် ဂျာန် ဆိုတဲ့ အူရ်ဒူ စာတတ် အဘွား တစ်ဦး ရှိတယ်။ အူရ်ဒူလင်္ကာတွေ ဒလေဟော တတ်တာပဲ။ ကျနော်တို့ သူ့အိမ်မှာ အလုပ်လုပ်နေတုန်း ‘နာတီတွေရဲ့ အလုပ်က နည်းနည်း၊ စားတာက ဗုန်းဗြော’ စသည်ဖြင် ဘေးနားက ဒါဒီက အမျိုးမျိုး နောက်ပြောင်တယ်။ ကျနော်တို့ကလဲ တစ်ယောက် တစ်ခွန်းစီ စနေတာပဲ။ စကား စကားကြောင့် ဆို့ဒီကိစ္ဆာ့ ပေါ်လာတယ်။
In sodi kissá óddo noó. Añrar zobanat hoitám dé iín óddo soyi no bolé. “Aññárá hale kélaitám dé iín eén norom noó, afarí jafári hoi nofaré, bicí doró accíl, zete kélai nozainntó.” bóli añár baf e hoil dé hotá mottú ajó monot asé. 
ဒါက ဒါဒီရဲ့ ချောင်းဆိုးရင်း ပြောသွားခဲ့တဲ့ စကားဖြစ်တယ်။ အဲ့ဒီတုန်းက ဒီဆောင်းပါး ရေးမှာကို မစဉ်းစားခဲ့၊ ညည့်လဲနက်နေတော့ ဒါဒီထံမှ အဲဒီခေတ်က ဘယ်လိုကစားတာကို ပြန်မေး မဖြစ်ခဲ့ချေ။ 

ဒီဆောင်းပါးရေးနေတုန်း သက်ကြီးတွေနဲ့ တွေ့ဆုံ မေးမြန်းနေချိန်၌ အဘွား ဒါဒီအကြောင်း သတိရခဲ့တယ်။ သို့သော် ကံမကောင်းဘူး…ဒါဒီ မာနောဘ် ဂျာန် ဆုံးသွားတာ (၂)နှစ်တောင် ရှိနေပြီ။ 

သို့ကတည်း သက်ကြီးအိုကြီး၊ ဆရာသမား၊ မိတ်ဖော်မိတ်ဖက် တို့မှ ရှာဖွေ စုဆောင်းနိုင်သမျှ တို့ကို အချက် ကျကျ ဖော်ပြပေးခြင်းဖြစ်သည်။ ဤတွင် ဖော်ပြထားသော ဆော့ဒီကိစ္စာ့ စည်းမျဉ်း နည်းဥပဒေသများသည် ရှေးနည်းပင်ဖြစ်သည်ဟု အတပ်မပြောလိုပါ။ 

ကစားနည်း

ဆို့ဒီကိစ္စာ့ကို စည်းမျဉ်းတစ်ချို့ပေါ် အခြေခံ၍ ကစားခြင်းဖြစ်သည်။ တစ်ဦးချင်း သော်လည်းကောင်း အုပ်စုဖွဲ့၍ သော်လည်းကောင်း ကစားနိုင်သည်။ မေးဖြေ စကားထိုး ကစားရသည်။ တစ်ဖက်က မေးခွန်းထုတ်လျှင် ကျန်တဖက်က ဖြေဆိုရခြင်းဖြစ်သည်။ အချိန် ကန့်သတ်ချက်မရှိပါ။ စည်းမျဉ်း တစ်ခုခုမဖောက်သရွေ့ ပြိုင်ဆိုင်ကစားနိုင်တယ်။  

စည်းမျဉ်းစည်းကမ်းများ
၁။ စတင်မယ့်သူကို ခေါင်းပန်းလှန် ရွေးရတယ်။ (‘စပိတ်’ Séppít လို့ခေါ်တယ်)
၂။ ဦးစွာ စကားချီမယ့်သူက အဓိပ္ပာယ်လေးနက်သည့် ပုံပြင်/အကြောင်းတစ်ခုနဲ့ ယှဉ်ပြိုင်ပွဲကို စတင်ရမယ်။
၃။ ပြိုင်ဖက်က သိလိုတဲ့ အကြောင်း တစ်ခုလုံး သို့မဟုတ် တစိတ်တစ်ပိုင်းကို  မေးခွန်း ထုတ်ရတယ်။ 
    အကြောင်းရဲ့ အပြင်က စကားကို မေးခွန်းထုတ်လို့မရဘူး။ (မေးခွန်းခွန်းထုတ်သူကို ‘ကုဂ်ျဂျာ’ Kúijjá 
    လို့ခေါ်တယ်)
၎။ ဖြေတဲ့အခါ တစ်ဖက်သားကို ချိုးနှိမ့်၍ ရကန်ပုံစံမျိုးနဲ့ နောက် မေးခွန်းမထုတ်နိုင်အောင် သတိထားဖြေရ 
     တယ်။ (ဖြေတဲ့သူကို ‘ဖောဏ္ဍိတာ’ Fonditta လို့ ခေါ်ကြတယ်)
 ၅။ မေးခွန်းမထုတ်နိုင်၊ အဖြေမပေးနိုင် (သို့) အဖြေကို အဖြေနဲ့ အမေးကို အမေးနဲ့ ပြန်နေလျှင် ဖြေသူက
      မေးလှည့်ရမယ်။ မေးလှည့်ရသူက အသာစီးတဲ့ သဘောဖြစ်တယ်။ 

တခါတရံ အဖြေလဲ မပေး အမေးလဲ မမေးဘဲ စကားထောက်ကာ အလှည့်ပြောင်းနိုင်ရန် မြူးဆွဖို့ ကြိုးစားကြ တယ်။ (ဒါကို‘ လေခ်ျချာရီ Leccáçi/ ချာရီ Cáçi’ လို့ ခေါ်တယ်။) 

 ၆။ ဖြေသူ/မေးသူ က နောက်မဖြေနိုင်ဘူး/ မဖြေချင်ဘူး/မမေးချင်ဘူး ဆိုရင် ‘ဆို့ဒီ’ /‘လေဘာ ဆို့ဒီ’လို့ ခေါ်
      ပေးရမယ်။ အဓိပ္ပာယ်က မင်းနိုင်သွားပြီ၊ ငါ အရှုံးခံတယ် သဘောပဲ။ (Give up လုပ်တဲ့ အခါ ဆို့ဒီ လို့
      ခေါ်တာဖြစ်တယ်)


အပြစ်များ (Foul)
စကားထိုး ကစားရင်း မှားမိတာကို Dúc/ Duccá လို့ခေါ်တယ်။ အပြစ်ထိုက် စနစ်က ရှင်းတယ်။ မကစားခင် ဆုံးဖြတ်ရတယ်။ (အမှား အကြိမ်မည်မျှ ခွင့်ပြုမှာကို ညှိနှိုင်းရမယ်) ယေဘုယျအားဖြင့် အပြစ်ထိုက်ခံရတာ တစ်ကြိမ်ပဲ ခွင့်ပြုတယ်။ နှစ်ကြိမ် အပြစ်ထိုက်ခံခဲ့ရင် တစ်ခါတည်း အရှုံးခံရတယ်။ 

ပထမတစ်ကြိမ် အပြစ်ထိုက်ရင် ‘ဂျုဋ္ဌ’ လို့ ဝန်ခံရတယ်။ (ဂျုဋ္ဌ အဓိပ္ပာယ်က  ခွင့်လွှတ်ပါ) [First Foul ကျပြီပေါ့ - Second chance တော့ မရှိဘူး တိုက်ရိုက် Last Foul နဲ့ out ပဲ]

 ဒိုင်လုပ်သူက အမှားကို အမှတ်တမေ့နေရင် ပြိုင်ဖက်က ဂျုဋ္ဌ နဲ့ ထောက်ပြရတယ်။ ဒိုင်လုပ်သူကို မဂ်ျဂျာ Majjá လို့ခေါ်တယ်။ သက်ဆိုင်ရာဒိုင်က မှတ်မယ် one foul, ဒုတိယခေါက်မှားရင် ရှုံးပြီ]
မှတ်ရန်- ဒုတိယခေါက် မှားတာကို ဒိုင်လဲ မသိဘူး၊ ပြိုင်ဖက်ကလဲ မသိဘူး ဆိုရင် အေးဆေးပဲ- ဆက် ကစားနိုင်တယ်။  အခွင့်ကောင်းပေါ့။ [အငြင်းပွားမှု သံသယ မရှိရင် ဒိုင်မလိုဘဲ ကစားနိုင်တယ်]

အပြစ်ထိုက်တဲ့ အချက်အချို့မှာ- 

၇။ အဓိက ထားတဲ့ အမေးကို အဖြေမှာ ထည့်ဖြေရင်
၈။ တစ်စုံတစ်ယောက်က ဘေးနားမှ သင်ပေးရင် (အုပ်စုဖွဲ့ ကစားရာတွင် အကြောင်းမရှိဘူး) 
၉။ အမေးနဲ့ အဖြေ ဆက်စပ်မှု မရှိရင် 
၁၀။ မေးခဲ့တဲ့ အမေးတွေကို ပြန်မေးမယ်ဆိုရင် 
၁၁။ အမေးပစ္စည်းဖြစ်သော ‘Ki, Kí, Hode ki’ စသည်တို့ကို မေးခွန်းလုပ်ပြီး မေးရင်

၁၂။ Topic ခေါင်းစဉ် ဘောင်ကို မကျော်ရဘူး။ ဆိုလိုတာက ကစားနည်း အစပြုခဲ့တဲ့ ခေါင်းစဉ်နှင့် သက်ဆိုင်တာ တွေပဲ မေးဖြေရမယ်။ ဥပမာ- ပညာရေးနဲ့ နိဒါန်းသွယ်ရင် ပညာရေးနဲ့ ပတ်သက်တဲ့ စကားပဲဖြစ်ရမယ်။   (ဒီအချက်ပေါ် ဆရာသမားတို့ရဲ့ ထွက်ဆိုက်ချက်က မူကွဲနေတယ်။ တစ်ချို့က အပြစ်ထိုက်တယ်လို့ လက်ခံပြီး တစ်ချို့ကမူ ဒီဥပဒေသဟာ ဆောဒီကိစ္စာ့ ကစားနည်းမှာ မရှိဘူးလို့ ငြင်းကြတယ်)

တို့ ဖြစ်ကြတယ်။ 

နမူနာအနေနဲ့ လေ့လာနိုင်ရန် ဇင်းမင်းဖြိုးရဲ့ Facebook wall ပေါ်မှာ ရိုလူငယ်တွေ နောက်ပြောက် ပျော်ပါး ကစားခဲ့တဲ့ online Chat တွေ အချို့ကို SS ပုံဖြင့် ဖော်ပြပေးထားပါတယ်။ မူရင်း စာသား အချို့ကို ဖြုတ်ဖြည့် ခဲ့ရသောကြောင့် တောင်းပန်အပ်ပါတယ်။ ပါဝင်ကစားခဲ့သူ ဇင်းမင်းဖြိုး၊ အောင်မျိုးဇော်၊ စနိုးအိုက်စ်၊ မျိုးသန့် တို့အား အထူးကျေးဇူး တင်အပ်ပါတယ်။

Sódí Kissá Game-1-p.1

Sódí Kissá Game-1-p.2

Sódí Kissá Game-1-p.3

Sódí Kissá Game-1-p.4

Sódí Kissá Game-1-p.5

Sódí Kissá Game-1-p.6

Sódí Kissá Game-2-p.1


Sódí Kissá Game-3-p.1
ကိုယ်တိုင် နည်းစနစ်ကျကျ ကစားခြင်းဖြင့် ပျော်ရွှင်မှု အရင်းကို ခံစားနိုင်ပါစေ…

ဆို့ဒီ ကိစ္ဆာ့နဲ့ ပတ်သက်တဲ့ အသိပညာတွေ၊ ပုံပြော စကားပုံတွေ၊ အဆိုအမိန့်တွေကို ဝိစ္စမျှ မြူခန့်မျှ သိရှိပါက အောက်တွင် Comments ဖြင့် ရှယ်ယာပေးပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါတယ်။ ရိုဟင်ဂျာ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဝိုင်ဝန်း ရှာဖွေ ဖော်ထုတ်ပေးကြစို့။ 

💐💐💐💐💐💐💐💐💐💐💐💐💐💐💐💐








Sunday, October 15, 2017

အိုဘယ့် ဒုက္ခ [RK ကဗျာ]

ဘင်္ဂလားဒေ့ခ်ျသို့ အသက်ကယ် ထွက်ပြေးနေတဲ့ ရိုဟင်ဂျာ အမိနှင့်သမီး၊
 ပုံ အင်တာနက်


🔥 အိုဘယ့် ဒုက္ခ 🔥

☀
ဌာနီရွှေမြေ စွန့်ခဲ့လေအောင်
ရမ်းကားမိစ္ဆာ လူသတ်သမား
မီးရှို့လာင်ကျွမ်း ငါ့ဂေဟာ။
☀
တို့ရွာတို့အိမ်  အေးရိပ်မိုးကို
နောက်ဆုံးစကား ငါ့ယောက်ျားရဲ့
‘သားကိုကယ်ပါ’ မှာသည့်အတိုင်း 
သားကိုပွေ့ချီ  ကယ်ရင်းဆယ်ရင်း
ဒိုင်းဒိုင်းအောက်က ထွက်လာခဲ့ရ    
နောက်ပြန်တလှည့် ကြည့်ရန်တောင်
အချိန်မပေးခဲ့ပါလား။
☀
တောတောင်ခရီး ကျော်ရေစီး
ဝမ်းစာမပါ ငှက်ပျောအူသာ
ရေငတ်လည်းတုံး ဗိုက်လဲအုံး
တောရိုင်းသံဆူ ကျေးချိုးကူ
ကျောက်ထူတောနက် မှိတ်ရခက်
သားငယ်နိုးထ ရှာဘာဘာ
ဘယ်ကလာမယ် သူ့ဘဘရယ်…
ငို…
တို့တွေလာတုန်း သူကဆုံး
မီးခိုးနက်ထဲ လဲလျောင်းသာလေ။ 
☀
တတောင်တက် တတောင်ဆင်း
လမ်းကူမရှိ ဖော်မရှိ
ဘယ်ဆီဘယ်ရောက် တို့မသိ။
ဝသန်မိုးကား သနားစရာ
ရွာလိုက်တန့်လိုက် ပြင်းလိုက်တာ။
ထီးလဲမပါ ဆောင်းစရာ
သားငယ်ချမ်းတုန် ခုဆုံးပမာ
လက်ခမောက်နဲ့ အုပ်လို့ထား
နေပူအလာ စိတ်အောင့်ရ
အဝတ်ကစို သားလဲစို
သားကိုယ်ပွေ့ဖက် နွေးစေသား။
☀
လူသွားခြေရာ လမ်းဖြစ်သွား
ရွံ့နွံထူထပ် စေးကပ်ပမာ
လျှောက်ရတာလဲ အားနည်းချည်းလာ၊
ဟိုးမှောင်ရီရီမှာ လူအုပ်တစု
ထုပ်ပိုးကိုယ်စီ မှုန်ရီရီ
မြင်ရသော်လည်း 
ကျယ်လောင်ငါ့သံ မကြားရပါတကား။
☀
နွားအုပ်ထိန်းမဲ့ လယ်ကွင်းပြည့်
စပါးဖူးလက်ဆုပ် ဆင်းယူနုတ်
ပုံပြင်ပြောကာ သားအားကျွေး
 ဦးကြီးကျေးဇူးလဲ မနည်းလှချေ။ 
သုံးညကျော်ပြီ မျက်စိမမှိတ်တာ
လယ်သင်းပိုင်ပေါ် ခေါင်းအုပ်လို့သာ
ဝေဟင်အောက်မှာ ပျော်သွားခဏလေး။
☀
အိပ်မက်ထဲမှာ သားရဲ့ဘဘ
ပြုံးကာအားပေး မပူနဲ့လေ
နင့်ကိုပေးတာ ဂုဏ်ယူစရာ
ငါ့သားကြီးလာရင် ပညာရှင်ဟု
တို့ရဲ့နံမယ် ပဲ့တင်ခတ်မယ်။
သားဘယ်မှာလဲ မုန့်ပေးရအောင် ဟု
ဆိုရုံနဲ့ လှန့်ကာနိုးထ
ပါးစပ်က သားသား
ဘေးပတ်ကြည့်သော် သားကိုမမြင်
ဟိုပြေးဒီပြေး ရှာရှာကာ
သားရယ်…သားရယ်နဲ့ ခေါ်လိုက်ငိုလိုက်
မျက်စိတချက် နွားအုပ်ဖက်
သားပျော်နွားလယ် ကစားနေ
သက်ပူပြင်းပြင်း ချလိုက်အေး။ 
☀
ပန်းတိုင်မရှိတဲ့ ငါတို့ခရီး
လျှောက်လေလျှေက်လေ တာကမနီး
ဇီဝခွန်အား ပျော့ပြောင်းချည်း
မျက်ရည်တောင် ခမ်းခြောက်ကုန်ပြီလော့
သားကိုယ်ပူချိန်လဲ မြှင့်လေတော့
မျှောက်လင့်ချက်က နေဝင်ပြီလားဟု 
 ယောက်ျားမှာစကား ကြားယောင်ယောင်နဲ့
ငါ့မေတ္တာက ရှုံးဆဲဆဲတွင်
ဒီရေအကျ စောင့်နေခိုက် 
ကမ်းစပ်ရွှံ့ပေါ် သားမိတဖက်စီ
လဲလျောင်းသတိလစ်နေတာဟု
ကျေးဇူးရှင် ကယ်တင်ရှင်
လူတစ်စုက ဘင်္ဂလားတဲမှာ
သတိပြန်လာချိန် ပြောသွားလေတည်း။  

☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔
ရေးဖွဲ့ ⚡ ရိုဟင်လေး
အောက်တိုဘာ ၁၅၊ ၂၀၁၇ (၂း ၃၁) 

မှတ်ချက်။ ဘူးသီးတောင်မြို့နယ်မှ အသက်ကယ် ထွက်ပြေးလာခဲ့သော သားအမိနှစ်ယောက်၏ ဒုက္ခမျိုးစုံကို ရင်ဆိုင်ရင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၊ ရိုဟင်ဂျာ ဒုက္ခသည်စခန်းသို့ ရောက်လာသည့် လမ်းခရီးအဖြစ်အပျက် အမှန်ကို ကဗျာဖွဲ့ မှတ်တမ်း တင်ခြင်းဖြစ်သည်။ 

မိုးရေစိုစွတ်လျက် နတ်မြစ်အနီးတွင် ကယ်မယ့်သူ စောင့်နေသည့် ရိုဒုက္ခသည် မိသားစု၊
ပုံ- အင်တာနက်
[ပုံရှိ လူများသည် ကဗျာထဲမှ ဖြစ်ပျက်ပုံ အကြောင်းဖော်ထားသည့် သားအမိ မဟုတ်ပါ၊]

Friday, October 13, 2017

“ဖာရိုဘုရင် နှင့် ကပ်ကြီး (၁၀) ပါး”

ဖာရိုဘုရင် ရမ်းမဆီစ် ၂ ၏ မာမ်မီ

“ငါဟာ ငါပဲ” [I Am that I Am]
-----------------------------------------

အီဂျစ်၊ ဘီစီ (၁,၃၀၀)၊

[လွန်ခဲ့သော နှစ်ပေါင်း ၃,၃၀၀ ကျော်၊ တမန်တော် ယေရှု၊ မိုဟာမက် မမွေးသေးသလို ရှင်ဂေါတမလည်း မရှိသေး]။

ဘုရင်က "ဖေရို ဘုရင် မျိုးဆက်၊ နံမည်က 'ရမ်းမဆီးစ် ၂ ( Pharaoh (Ramesses II)"။ ရုပ်ထု ကိုးကွယ်တာကလွဲ မည်သည့် ဘာသာတရားမှမရှိ၊ နည်းပညာ ထွန်းကားတဲ့အချိန်၊ကျေးကျွန် အလုပ်သမား လူတန်းစားက 'ဂျူးလူမျိုး (ဟီဘရူး)'။

ဘုရင်နဲ့ ညီအကိုလို ကြီးပြင်းတာက 'မောရှေ (သို့) မိုးဇက်စ် (သို့) မူဆာ (Moses)'။ သူက အီဂျစ် တပ်မတော် ဗိုလ်ချုပ်။

တနေ့မှာ မိုးဇက်စ်ဟာ ကျေးကျွန် ဂျူးလူမျိုး ဖြစ်ကြောင်းသိပြီး ဘုရင်က နယ်နှင် မောင်းထုတ်။
ပင်လယ်နီပေါ်က 'အက္ကဘာ ပင်လယ်ကွေ့ (Gulf of Aqaba)' နားက 'မီဒီယန် (Midian)' မြို့ကို မိုးဇက်စ်ရောက်၊ ဇိပိုရာ (Zipporah) နှင့် အိမ်ထောင်ကျ၊ ဂျာရွှမ် (Gershom) ဆိုတဲ့ သားတယောက်ရ၊ သိုးကျောင်းသားနှင့် အသက်မွေးဝမ်းကျောင်းပြု။

တရက် သိုးကျောင်းရင်း တောင်ပေါ်မှာ ကျောက်တုံးပြိုကျပြီး ပိနေစဉ် မျက်စိရှေ့ 'မီးလောင်နေတဲ့ချုံဖုတ် (Burning bush)' [တကယ်က ရှမ်းဆီး(ပင်) မျိုး] ကိုတွေ့ရှိ၊ တချိန်ထဲမှာ 'မာလစ်ခ် (Malak) ဆိုတဲ့
ခလေးငယ်နဲ့တွေ့ (တကယ်တော့ အေဗရာဟင် ယုံကြည်ခဲ့တဲ့ ထာဝရ ဘုရားသခင်ရဲ့ စေတမန် နတ်သားသာဖြစ်တယ်၊ အေဗရာဟင် ဆိုတာက လွန်ခဲ့သော နှစ် ၅,၀၀၀ နီးပါးက ပေါ်ပေါက်ခဲ့သူ)၊ အဲဒီ ခလေးငယ်က မိုးဇက်စ်ကို အီဂျစ် ပြန်ပြီး ဒုက္ခရောက်နေတဲ့ ကိုယ့်လူမျိုး ဂျူးတွေကို ကယ်တင်ဖို့ တိုက်
တွန်းတဲ့အခါ မင်းက ဘယ်သူလဲလို့ မေးတော့ ခလေးက 'ငါဟာ ငါပဲ (I Am that I Am)' လို့ပြန်ဖြေတယ်။

မိုးဇက်စ် မိသားစုကို ထားခဲ့ပြီး အီဂျစ်ကိုပြန်၊ ဖေရိုဘုရင် ရမ်းမဆီးစ်နဲ့တွေ့၊ သူ့လူမျိုးတွေကို ကျေးကျွန်ဘဝက လွတ်ငြိမ်းခွင့်တောင်း၊ ဘုရင်က ငြင်းပယ်။ (အီဂျစ်မှာ အဲဒီအချိန်က အုပ်ချုပ်ခဲ့တဲ့ ဘုရင်တိုင်းကို 'ဖေရို' လို့ ခေါ်တယ်။ အချို့က 'ဖေရ်အောင်' လို့ အသံထွက်တယ်၊ ဖေရ်အောင်ဆိုတာ တယောက်ထဲ၊ တပါးထဲ၊ တချိန်ထဲမှာ ရှိခဲ့တာမဟုတ်၊ အီဂျစ် ရာဇဝင်အဆက်ဆက်မှာ အများကြီး
ရှိခဲ့တယ်။) ဘုရင်က ငြင်းဆိုတော့ ငါ့ဘုရားက မင်းကို ဒုက္ခ ပေးလိမ့်မယ်လို့ မိုးဇက်စ်က သတိပေးတော့ 'ဘယ်ဘုရားလဲ' လို့ မေးတဲ့အခါ 'ငါ့ ဘုရား' လို့ ပြန်ဖြေတယ်၊ ဘုရင်က လှောင်တယ်။

တချိန်ထဲ မိုးဇက်စ်နဲ့ အပေါင်းပါ အားလုံးကို ဖမ်း၊ မမိတဲ့အခါ တိုင်းပြည်တွင်းရှိတဲ့ ဂျူးတွေကို ရသမျှ သတ်ဖို့ ဘုရင်က အမိန့်ထုတ်တယ်။

သတ္တိရှိတဲ့ ဂျူးတွေကို မိုးဇက်စ် ရွေးထုတ်သွားပြီး ဘုရင်ကို ခံချဖို့ စစ်ပညာသင်ပေးတယ်။
ဂျူးတွေက ဘုရင့် စစ်သား အီဂျစ်တွေကို စတင်တော်လှန် တိုက်ခိုက်တယ်၊ ဘုရင်ကလည်း ဂျူးရွာမှန်သမျှ မီးလောင်တိုက်သွင်းတယ်၊ သတ်ဖြတ်တယ်။

အဲဒီအချိန် 'နတ်သား မာလစ်ခ်' ပေါ်လာပြီး မိုးဇက်စ်ကို ပြောတယ် ထာဝရ ဘုရားသခင်က 'ကပ်ကြီး ဆယ်ပါး (The 10 Plagues of Egypt)' အီဂျစ်ကို ကျရောက်မယ်လို့ သတိပေးတယ်။ ဖြစ်စဉ်အရ အဖိနှိပ်ခံဖက်ကနေ ဘုရားက ဝင်ကူတဲ့သဘော။

🔺ပထမကပ်က
နိုင်းမြစ်တခုလုံး သွေးရောင်လွှမ်းတယ် (Water into blood)။
🔺ဒုတိယကပ်က
တတိုင်းပြည်လုံး နေရာအနှံ့ ဖားတွေ ဒင်းကြမ်းပြည့် ပေါ်လာတယ် (Frogs)။
🔺တတိယကပ်က
လူနှင့် တိရိစ္ဆာန်တွေအပေါ် သန်းမဲမကြီးတွေ တွယ်ကပ် ကျရောက်တယ် (Lice)။
🔺စတုထ္ထကပ်က
လူတွေနဲ့ အစားအစာတွေအပေါ် တောရိုင်း ယင်မဲကောင်တွေ ကျရောက်တယ်။
(Mixture of Wild Animals or Flies)။
🔺ပဉ္စမကပ်က
သိုး၊ နွား၊ ဆိတ်၊ မြည်း၊ ကုလားအုပ်၊ မြင်း တိရိစ္ဆာန်အားလုံး ပါးစပ်၊ နှာခေါင်းက သွေးလျှံပြီး ရုတ်တရက်သေဆုံးကြတယ် (Diseased livestock)။
🔺ဆဋ္ဌမကပ်က
အနာစိမ်း၊ သွေးစုနာ၊ မွှေးးကျွတ်နာတွေ ပေါက်ကြတယ် (Boils)။
🔺သတ္တမကပ်က
မိုးကြိုးတွေပစ်၊ ခဲလုံးလောက် မိုးသီးတွေ ကြွေကျတယ် (Thunderstorm of hail)။
🔺အဋ္ဌမကပ်က
စိုက်ပျိုး သီးနှံတွေအပေါ် ကျိုင်းကောင်တွေ ကျရောက်တယ် (Locusts)။
🔺နဝမကပ်က
သုံးည သုံးရက် တတိုင်းပြည်လုံး အလင်းရောင်မဲ့ အမှောင်ဖုံးသွားတယ်
(Darkness for three days)။
🔺ဒသမကပ်က
မွေးဖွားပြီးသော သားဦးမှန်သမျှ သေစေတယ် (Death of firstborn)။

အဲဒီ နောက်ဆုံးကပ်ကျမှ ဘုရင် အင်မတန်ချစ်တဲ့ သူ့သားဦး သေဆုံးတော့မှပဲ ရမ်းမဆီးစ် ဘုရင်လဲ
မိုးဇက်စ်ကို အလျှော့ပေးပြီး လွတ်မြောက်ရာ 'ကေနန် (Canaan)' ကို သွားဖို့ဂျူးကျေးကျွန် အားလုံးကို ခွင့်ပြုတော့တယ်။

သို့ပေသိ နှလုံးသား ကြမ်းထော်တဲ့ စစ်ဘုရင်တွေရဲ့ ရက်စက် ယုတ်မာမှုအတိုင်း မိုးဇက်စ်တို့အဖွဲ့ ပင်လယ်နီကို ဖြတ်ဖို့ ကြိုးစားနေစဉ် နောက်က ဝင်တိုက်ဖို့ အပြင်းချီတက်လာတယ်။ ဒါပေမယ့် မိုးဇက်စ်ရဲ့ တောင်းဆိုမှုအရ ပင်လယ်နီမရှိခင်က ကုန်းမြေအတိုင်း ဖြစ်အောင် ဘုရားသခင်က ပင်လယ်ရေကို ဖယ်ရှားပေးတယ်။ တဖက်ကမ်းကို မိုးဇက်စ်တို့ ရောက်ရှိ လွတ်မြောက်ပြီး၊ ရေပြန်တက်တဲ့အချိန်၊ ရမ်းမဆီးစ် စစ်သားတွေက အဖြတ်နဲ့ အားလုံး သေပွဲဝင်ခဲ့ကြတယ်။
ဘုရင် ရမ်းမဆီးစ် မသေသော်လည်း သူ့တပ်သား အားလုံး ပြုတ်ပြုတ်ပြုန်း သွားတယ်။

ကျမ်းတော်အသီးသီး အရပဲ ဆိုဆို၊ ဒဏ္ဍာရီလို့ပဲ ပြောပြော အဖြစ်အပျက်ကတော့ အဲဒီအချိန်မှာ ဖြစ်ပျက်ခဲ့တယ်။
သမိုင်းဆိုင်ရာအချက်နှင့် အတိုချုံ့ ရေးပါသည်။ စာဖတ်သူ မိတ်ဆွေတွေ ဒီထဲက သင်ခန်းစာ တခုခု ရရှိလျှင် ရေးရကျိုးနပ်တယ် မှတ်မယ်။

ရေးသား 🎿 ဆရာ Andrew Soe သမိုင်းလေ့လာချက်အရ ရေးသားချက်
(Andrew Soe)
၁၃ အောက်တိုဘာ ၂၀၁၇။


ခရီးသွား [RK ကဗျာ]

O Traveller … 


ခရီးသွား-----------

အို…ခရီးသွား
ခိုရာမဲ့ငါ့လဲ၊ တူခေါ်ယူသွား
ငါအထီးကျန်၊ နေမဝံ့ပြီ။

လောကပေးတဲ့၊ ဝေဒနာလေး
သေမင်းမရောက်မီ၊ သေလုနီးပါး
ဘဝနဲ့ ဆော့တဲ့၊ ဤလောက
အဘယ့်အတွက်၊ ငါတမ်းတ။
ဆင်းရဲသားငါ့လဲ၊ တူခေါ်ယူသွား
ငါအထီးကျန်၊ နေမဝံ့ပြီ။

မျှော်ချက်ဘဝင်၊ တောက်ပြောင်ပေမဲ့
အမြင်အာရုံ၊ တိတ်ငုံနေ
မအောင်မြင်တဲ့၊ အမုန်းတွေရဲ့
အသုဘပွဲ၊ ဆင်တော့မယ်။
ပျက်စီးမှုရဲ့၊ ဈေးပွဲတော်
ငါ့ဘေးပတ်လည်၊ ဝန်းရံနေ
ပန်းတိုင်မဲ့ငါ့လဲ၊ တူခေါ်ယူသွား
ငါအထီးကျန်၊ နေမဝံ့ပြီ။

သွားကြမယ်၊ အိုလေကကြေ
သစ္စာမဲ့တဲ့၊ သင်လောကမှ
နှုတ်ခွန်းဆက်ကြမယ်…။

🏊🏊🏊🏊🏊🏊🏊🏊🏊🏊🏊
ရေးသား- ရိုသွေး
🚂🚂🚂🚂🚂🚂🚂🚂🚂🚂🚂

Wednesday, October 11, 2017

Top 5 Richest Politicians of Myanmar in 2017

၂၀၁၇ ခုနှစ် မြန်မာ့ အချမ်းသာဆုံး နိုင်ငံရေးသမား (၅) ဦး







Ref:  Indapaper