Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, October 27, 2019

Zumma




Zumma


Óran macór zere zere,
Hala faarór tole tole,
Zumma bái murát uré.
Bon záñr haçi furadde,
Hansabar gám cína buré,
Fuasá mili fóuñg basé.

Daan, Mokka, hóloid, moris
Zuwari, hoçó, marmár bis
Zóror fuáñré lame ges
Zumma háñcér fekkét fekkét.

Thoñgot boi zuror hoitori
Baramaiccá git zuri zuri
Zum soiñ goré ker basi.
Zumma zar báç loi lami,
Cára diló hóñlár sakki.

Foilá gular goré fatiyá
Mizzi matai de hádiya.
Noiya gula biyáiré hába,
Gor no-deké te besara.

Aindar acá mone mone
Kuwal báiggó hone zane
Zumor kún lafót tiyailé
Zii lamai bár mone gune.

Ek hale ek kún
Bosór diyáiñlé lore zum
Eridiya-zumot focú faik
Hai no-fúra din rait.

-------------------------------------------------------
By Kuwaiccorjjá| Oct 3, 2019 (Thu)
--------------------------------------------------------

Thursday, October 17, 2019

ရိုဟင်ဂျာ ယဉ်ကျေးမှုအမွေအနှစ်ကို ဖော်ထုတ်ခဲ့သူ

Abdul Karim Sahitya-Visharad

ယဉ်ကျေးမှု အမွေအနှစ်ကို ဖော်ထုတ်ခဲ့သူ အဗ္ဗဒုလ်ကောရီမ် သဟိသျ ဝိဿရ  (၁၈၇၂-၁၉၅၃)


ရေးသား 📚 လူထုဝဏ္ဏ|


အောက်တိုဘာလ (၁၁) ရက်နေ့သည် သမိုင်းသုတေသီ အဗ္ဗဒုလ်ကောရီမ်၏ ၁၄၈ ကြိမ်မြောက်  မွေးနေ့ဖြစ်သည်။ အဗ္ဗဒုလ်ကောရီမ် သဟိတျ ဝိဿရ (Abdul Karim Sahitya-Visharad) သည် ဘင်္ဂလီ စာပေသမိုင်း သုတေသီ၊ ရှေးစာပေများ စုဆောင်းသူ၊ ရှေးဘင်္ဂါလီ စာမူများ ဘာသာပြန်သူ တစ်ဦးအဖြစ် ကျော်ကြားခဲ့သည်။ 

သူသည် စစ်တကောင်းခရိုင် ပဌီယာမြို့အနီး ရွာငယ်တစ်ခုဖြစ်သော စုရှကြာဒန္ဒီ (Suchakradandi) ကျေးရွာ၌ ၁၈၇၁ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ ဆရာကြီးသည် အင်ထရင့်စာမေးပွဲကို ၁၈၉၃ ခုနှစ်တွင် ပဌီယာ အထက်တန်းကျောင်းမှ အောင်ခဲ့သည်။  ကျောင်းဆရာအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်တကောင်းပြည်နယ် ပညာရေးကော်မရှင် အဖွဲ့တွင် ဝင်ရောက်အမှူးထမ်းရာ ပြည်နယ်ကျောင်း စစ်ဆေးရေးမှူး ဖြစ်လာခဲ့သည်။ ၁၉၃၄ ခုတွင် အလုပ်မှ  အငြိမ်းစားယူကာ စာပေဆောင်းပါးများကို ပိုမိုရေးသားလာခဲ့သည်။  သူ၏ ရေးသားချက်များကို စာပေပညာရှင်များက အာရုံစိုက်လာခဲ့လေသည်။ 

ဆရာကြီး စုဆောင်းခဲ့သော ဖူတိကဗျာလင်္ကာ အများစုတွင် မွတ်စလင်စာဆိုများ၏ လက်ရာများပါဝင်နေ သည်။ ယနေ့ ထိုစာမူများကို ဒါကာတက္ကသိုလ် စာကြည့်တိုက်၌ ထိန်းသိမ်းထားသည်။ ဟိန္ဒူစာဆိုတို့၏ စာမူလက်ရာများကိုမူ ရဇ်ရှားဟီးမြို့ရှိ ဝရုန္ဒြာ သုတေသန ပြတိုက် (Varendra Research Museum, Rajshahi) ၌ ထိန်းသိမ်းထားလေ့ရှိသည်။ ဒါကာတက္ကသိုလ် ဘင်္ဂလားစာဌာနက ထိန်းသိမ်း စောင့်ရှောက်ထားသော ရှေးစာမူဟောင်းများကို ဖူတိ ပရိသျှိတိ ( Puthi Parichiti ) အမည်ဖြင့် စာရင်းပြုစုကာ ပုံနှိပ်ထုတ်ဝေခဲ့သည်။ 

သူ၏လက်ရာအားလုံးလိုလိုသည် စာပေ ပညာရပ်ဆိုင်ရာ လုပ်ငန်းများ ဖြစ်ပေသည်။ သူစုဆောင်းခဲ့သော မွတ်စလင် စာဆိုများ၏ ရှေးဖူတိ စာမူများသည် အလယ်ခေတ်တွင် မွတ်စလင် စာဆိုများသည် ဘင်္ဂလားစာပေ တိုးတက်ရေး၌ အလွန်အရေးပါးခဲ့ကြောင်း အခိုင်အမာ ထောက်ပြနေသည်။ ဒိုလတ်ကာဇီ၊ အာလာဝါလ်၊ ဆယောဒ်ဆုလ်တန်၊ မိုဟမ္မဒ်ခါန် စသော စာဆိုများသည် ထိုခေတ်က ထင်ရှားသော စာဆိုများဖြစ်ကြသည်။ အဗ္ဗဒုလ်ကောရီမ်သည် ယခင်က လူတို့မသိခဲ့သော မွတ်စလင် စာဆိုကျော် တစ်ရာကိုလည်း ဖော်ထုတ်ပေးခဲ့သည်။ သူ၏ အဖိုးမဖြတ်နိုင်သော လုပ်ဆောင်ချက်ကြောင့် Nadia Sahitya Sabha (Literary Association of Nadia) က ဆရာကြီးကို Sahitya Sagar (စာပေသမုဒ္ဒရာ) ဘွဲ့အမည်ဖြင့် ဂုဏ်ပြုခဲ့သည်။ Chattal Dharmamandali က ဆရာကြီးအား Sahitya Visharad ဘွဲ့တံဆိပ်ကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ 

အဗ္ဗဒုလ်ကောရီမ်သည် ရှေးဘင်္ဂလီစာပေကို စုဆောင်းဖော်ထုတ်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ သူသည် ဖူတိလင်္ကာ (Puthi) ပေါင်း (၂၀၀၀) ကျော်ကို ရှာဖွေစုဆောင်းပြီး မပျက်စီး မဆုံးရှုံးအောင် ကာကွယ်နိုင်ခဲ့ သည်။ ထိုထဲမှ ဖူတိလင်္ကာ တစ်ထောင်ကျော်ကို မွတ်စလင်စာဆိုများက ရေးသားခဲ့ခြင်းဖြစ်သည်။ မည်သည့် အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်တို့ကမှ ဤမျှလောက် ဖူတိတို့ကို စုဆောင်းနိုင်ခြင်း မရှိခဲ့ချေ။ စစ်တကောင်းပြည်နယ်၏ နေရာအနံ့မှ ရာပေါင်းများစွာသော ရှေးဖူတိလင်္ကာတို့ကို အပတ်တကုတ် ရှာဖွေစုဆောင်းနိုင်ခဲ့သည့်အတွက် ဂုဏ်ပြုထိုက်လှပေသည်။ သူသည် အာရ်ကာန်ပြည်တွင် ခိုလှုံခဲ့သော ဘင်္ဂလီ စာဆိုများ၏ စာမူလက်ရာများကိုလည်း စုဆောင်းခဲ့သည်။ 

အရှေ့တောင်အာရှတွင် ခေတ်မီအတွေးအခေါ်များ မတိုးတက်မီအချိန်၌ ဖူတိလင်္ကာသည် ဖျော်ဖြေမှုအတွက် အဓိက ကဏ္ဍအဖြစ် ပါဝင်ခဲ့သည်။ ထိုဖူတိတို့တွင် ထုံးစံအတိုင်း အာရပ်ကျွန်းဆွယ်၏ ဖြစ်စဉ်မှတ်တမ်း သို့မဟုတ် ဘာသာရေး ဆင့်ပြန်ချက်များ ပါဝင်ခဲ့သည်။ ယင်းတို့သည် မိမိတို့ ယဉ်ကျေးမှုကို အခြေခံခဲ့ခြင်း မဟုတ်ပေ။ ယင်းဖူတိဇာတ်လမ်းများသည် ခရီးသည်များနှင့် ကုန်သည်များမှတဆင့် ဘင်္ဂလားပြည်သို့ ရောက်လာသည်ဟု ယူဆရသည်။ ဖူတိဇာတ်လမ်းများသည် စစ်ပွဲများ တိုက်ခြင်းမှ တဆင့်လည်း ရောက်ရှိလာကြသည်ဟု ပညာရှင်များက ယူဆကြသည်။  

ဘာသာရေး တန်ဖိုးထားမှုကြောင့် ထိုဇတ်လမ်းများသည် မိမိတို့ ပိုင် တစိတ်တဒေသ ဖြစ်လာခဲ့သည်။ ဖူတိလင်္ကာ ရွတ်ဆိုခြင်းဓလေ့သည် ခေတ်အတန်မျှ ထွန်းကားခဲ့သော်လည်း ၂၀ ရာစု အစတွင် တဖြေးဖြေး ဆုတ်ယုတ်သွားခဲ့သည်။ ဖူတိလင်္ကာရွတ်ဆိုခြင်းသည် ရိုဟင်ဂျာ ကျေးလက်ဒေသများတွင် ယနေ့တိုင်တွေ့ရှိရသော ရိုဟင်ဂျာလူမျိုးတို့၏ ဓလေ့ထုံးစံ တစ်မျိုးဖြစ်သည်။ 

ဒေါက်တာ ဆူနတီ ဘူးချာန် ကူနင်ဂို ၏ ဖော်ပြချက်အရ ဖူတီသည် သက္ကတဘာသာစကား “ပုစသကာ” မှ  “ပိုဌာ” မှ “ပူတီ” ဖြစ်လာသည်။  အဓိပ္ပာယ်မှာ ကျမ်း၊ စာအုပ်ဖြစ်တယ်။ ဖူတီလင်္ကာဆိုသည်မှာ ပြည်တွင်းပြည်ပ တိုင်းရင်းသား လူမျိုးစုတို့၏ ထင်ရှားသော အဖြစ်အပျက် ဇာတ်လမ်းများကို ဖွဲ့ဆိုသည့် လင်္ကာအဖွဲ့တစ်မျိုးဖြစ်သည်။ အလယ်ခေတ် စစ်တကောင်း စာဆိုပညာရှိတို့၏ ဖူတီလင်္ကာဖွဲ့ဆိုမှုသည်  အထူး ခေတ်စားခဲ့သည်။ ရာပေါင်းများစွာသော  ဖူတိလင်္ကာတို့ကို စစ်တကောင်းကျေးလက်ဒေသမှ ဖော်ထုတ်ခဲ့သည်။ အချို့မှာ ပျက်စီးခံခဲ့ရပြီး  အမည်မသိရသေးသော ရှေးစာဆိုတို့၏ ဖူတီများလည်း အများအပြားရှိသေးသည်။ 

 မုံရှီး အဗ္ဗဒုလ်ကော်ရိမ် သဟိတျာ ဝိဿရ ၏ တသက်တာ ကြိုးပမ်းမှုကြောင့် စစ်တကောင်းတခွင်မှ ဖူတီများကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။  အဗ္ဗဒုလ်ကော်ရိမ် သဟိတျ ဝိဿရသည် သူ့ဘဝ တသက်တာတွင် ဖူတိ လင်္ကာ စုဆောင်းရင်း ရိုဟင်ဂျာလူမျိုးတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံကိုလည်း ဖော်ထုတ်ရန် အစွမ်းကုန် အားထုတ်ခဲ့သည်။ “ဖူတိလင်္ကာသည် လူမျိုးတစ်စုကို ကိုယ်စားပြုသည့် ကြည်လင်သော ပုံရိပ်လွှာ တစ်ခု ဖြစ်သည်” ဟု ဆရာကြီးက ဆိုခဲ့ဖူးသည်။ 

ဆရာကြီးနှင့် ဒေါက်တာ မိုဟာမ္မဒ် အေနာမုလ်ဟောက် တို့ ပူးတွဲ၍ Arakan Rajsabhaya Bangala Sahitya အမည်ဖြင့် စာအုပ်တစ်အုပ် ရေးသား ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် သူ့စာမူများစာရင်းနှင့် ရိုဟင်ဂျာလူမျိုး၏ ယဉ်ကျေးမှုဓလေ့ထုံးစံကို ဆွေးနွေးတင်ပြခဲ့သည်။ ထိုစာဆိုများသည် အာရ်ကာန်ဘုရင့် နန်းတော်တွင် ခစားခဲ့သဖြင့် ဆရာကြီး၏ စာအုပ်ကို အာရ်ကာန် နန်းတွင်း ဘင်္ဂါလီစာပေ ( Bengali literature in Arakanese Court ) ဟု ခေါင်းစဉ်တပ်ခဲ့ခြင်းဖြစ်သည်။ 

ဆရာကြီး စုဆောင်းထားခဲ့သော ဒိုလတ်ကာဇီ (Daulat Qazi) ၊ အာလာဝါလ် (Alaol)၊ မရဓံ (Mardan)၊ ကူရိုက်ရှီ မဂံ (Qurashi Magan)၊ အဗ္ဗဒုလ်ကော်ရိမ် ကောန်ဒိုကာရ် (Abdul Karim Khondkar) နှင့် အခြားအာရ်ကာန် နန်းတွင်း စာဆိုများ၏ စာမူလက်ရာများအရ အာရ်ကာန်ပြည် မွတ်စလင်များသည် တိုင်းပြည် လူမှုအသိုင်းအဝိုင်းနှင့် နန်းတွင်း အပေါ် အဘယ်အတိုင်းအတာအထိ လွှမ်းမိုးခဲ့သည်ကို လေ့လာသိရှိနိုင်သည်။ သူတို့သည် နန်းတွင်း အမြင့်ဆုံးရာထူးနှင့် ဝန်ကြီးအမတ်၊ အတွင်းဝန်နေရာများတွင် ခစားခံခဲ့ရသည်။  ၁၆ ရာစုမှ ၁၇ ရာစုအတွင်း အာရ်ကာန်ပြည်၌ မွတ်စလင် မင်းမှူးထမ်း အနည်းဆုံး မဟာအဂ္ဂဝန်ချုပ် သုံးဦး၊ သေနာပတိ သုံးဦး၊ အခြား ဝန်ကြီးမှူးမတ်များ၊ စစ်သည်တော်ချုပ်များ၊ တရားသူကြီးများ၊ ပဏ္ဍိတရသေ့များ၊ ဘာသာရေး ဆရာများ နန်းတွင်းခစားခဲ့သည်ကို ဖော်ပြရာမှာ ဂုဏ်ယူစရာဖြစ်ပေသည်။ 

သူတို့သည် အာရ်ကာန်ပြည်နှင့် ဘုရင့်နန်းတော်၌ အကြီးအကျယ်လွှမ်းမိုးခဲ့သည်။ အာရ်ကာန် ဘုရင် မင်းမြတ်တို့ကလည်း သူတို့ကို အတိ ယုံကြည်စိတ်ချကြသည်။ အကြီးတန်းစား ဝန်ကြီးမှူးမတ်များက မွတ်စလင် ပညာတတ်၊ စာဆိုပညာရှိ  စာရေးဆရာတို့ကို ပျုငှာစွာ ဆက်ဆံခဲ့သည်။ အမျိုးမျိုး ချီးမြှင့်ခဲ့သည်။ အဆိုပါစာဆိုများသည် ဘင်္ဂလီအရေးအသားနှင့် ကဗျာလင်္ကာများ ဖွဲ့ဆိုခဲ့သည်။ သူတို့၏ လက်ရာ အတော်အတန်ကိုလည်း ယနေ့ ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။ ထိုစာဆိုများထဲတွင် သေနာပတိချုပ် ဘုရ်ဟနုဒ္ဒိန်း (Defense Minister)၊  သေနာပတိချုပ် အရှရဖ်ခါန်၊  သေနာပတိချုပ် ဘာရာ တဂိုး၊ ဝန်ကြီးချုပ် မဂံတဂိုး၊ ဝန်ကြီးချုပ် ဆယိဒ်မူဆား၊ ဝန်ကြီးချုပ် နဝရာဇ် မူဂျလိစ်၊  ဝန်ကြီး ဆယိဒ် မိုဟာမ္မဒ် ၊ ကာဇီဒိုလတ်၊  ကာဇီ ဆယိဒ် စအုဒ်ရှားနှင့် ပီရ် မာဆုမ်ရှားတို့သည် နန်းတွင်း ရာထူးကြီးများတွင် ခစားခံခဲ့ရလေသည်။ 

သူတို့၏ အမည်နာမ အချက်အလက်တို့သည် ထိုစာဆိုတို့၏ အရေးအသားမှတဆင့် သိရှိရခြင်းဖြစ်သည်။ သို့သော် ထိုအချိန်တွင် လက်အောက် ရာထူးဌာနများတွင်လည်း မွတ်စလင် ဝန်ထောက်များ၊ အမှူးထမ်းများ ရှိကောင်းရှိနိုင်သည်။ သူတို့၏ အမည်များကိုမူ မသိရခဲ့သေးချေ။ အကယ်၍ မွတ်စလင် အမြောက်အများ သည် ဝန်ထောက်ရာထူးများ၊ ကုန်သွယ်ရေးနှင့် အခြားလုပ်ငန်းများတွင် ပါဝင်သည်ရှိသော် သူတို့ နန်းတွင်း ညီလာခံ တက်ရောက်မည်ဖြစ်သည်။ ထို့ပြင် ရှေးစာဆိုတို့ကလည်း အထောက်အထား တစ်ခု မှတ်တမ်း တင်ထားခဲ့သည်က   “အာရ်ကာန် နန်းတွင်း ညီလာခံများတွင် မွတ်စလင် အများအပြား တက်ရောက်လေ့ ရှိခဲ့သည်” ဟု ဖြစ်သည်။  

ရှေးမွတ်စလင် အများအပြားသည် စစ်သည်တော်တွင်လည်း အမှူးထမ်းခဲ့သည်။ အထက်ပါ မွတ်စလင် စစ်သည်တော်များ အမှူးထမ်းခြင်း၏ အကြောင်းတရားကို သမိုင်းမှ အမှီပြုသော်  အေဒီ ၁၄၃၁ ခုတွင် ဘုရင်မင်းစောမွန် ခေါ် နရမိတ်လှ အား နန်းတင်ရာမှ ဖြစ်လာခြင်း တွေ့ရမည်ဖြစ်သည်။ ၁၆၃၅ ခုတွင် ဘုရင် သီရိသုဓမ္မ ဘိသိက်ပွဲခံတော်မူရာတွင်လည်း သေနာပတိချုပ်သည် မွတ်စလင် စစ်သည်တော် ၆၀၀ ကျော်နှင့် တက်ရောက်ခဲ့ကြောင်း ပေါ်တူဂီသား Fray Sebastine Manrique ၏ မှတ်တမ်းများအရ သိရှိရသည်။ အခြားတဖက်တွင်လည်း အခြားစစ်ဗိုလ်များက ကြီးကြပ်သည့် မွတ်စလင် စစ်သည်တော်များရှိခဲ့သည် ဟု ဆက်လက်ဖော်ပြထားသည်။  ဤအချက်များကို ထောက်ဆကြည့်လျှင် အာရ်ကာန်ပြည်တွင် မွတ်စလင် အမှူးထမ်း အများအပြားသည် ရာထူးအဆင့်ဆင့်နှင့် ရှိခဲ့ကြောင်း အတပ်ပြောနိုင်လိမ့်မည်။

အထက်ဖော်ပြခဲ့သော အဗ္ဗဒုလ်ကော်ရိမ် သဟိတျ ဝိဿ      ရ က စုဆောင်းခဲ့သော ရှေးစာဆိုတို့၏ စာမူလက်ရာများကြောင့် ကျွန်ုပ်တို့၏ ဘုန်းမီးထွန်းခဲ့သည့် အာတိတ်သမိုင်းကို ဖော်ထုတ်နိုင်ခဲ့သည့်အပြင် အာရ်ကာန်ပြည်၏ သမိုင်းမှန်ကိုလည်း  ထိန်းသိမ်းနိုင်ခဲ့လေသည်။ သို့မဟုတ်လျှင် ဤအဖိုးမဖြတ်နိုင်သော အမြူတေ အမွေအနှစ် အလုံးစုံသည် သမိုင်း၏ တိမ်ကွယ်နေသော အပိုင်းတွင် ကျန်ရှိနေလိမ့်မည်။ ဆရာကြီး၏ ကျေးဇူးကြောင့်သာ ကျွန်ုပ်တို့ ဘုန်းမီးထွန်းခဲ့သည့် ရာဇဝင်သမိုင်း၊ ထင်ရှားသော ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် ပို၍ ဂုဏ်ယူနိုင်ခြင်း ဖြစ်သည်။ သို့တည်းမဟုတ်လျှင် ကျွန်ုပ်တို့ သည် ယင်းအာရ်ကန် ရှေးစာဆိုတို့၏ လက်ရာစာမူတို့ အချိန်မီ ထိန်းသိမ်းနိုင်ခြင်း၊ အသိအမှတ်ပြုနိုင်ကြမည်ကား အတိခဲယဉ်းလှပေမည်။ ဆရာကြီးသည် ကျွန်ုပ်တို့ ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် အမွေအနှစ်ကို ဖော်ထုတ်သူ ကျေးဇူးရှင်မှာ အမှန်ပင်ဖြစ်ပေသည်။ စင်စစ်သော်ကား ဆရာကြီး စုဆောင်းခဲ့သော ဖူတိလင်္ကာသည် ကျွန်ုပ်တို့၏ ဘုန်းကျက်သရေရှိခဲ့သော အာတိတ်၏ ကြည်လင်ပြတ်သားသော ပုံရိပ်တစ်ခုကို ကိုယ်စားပြုနေပေသတည်း။ 

************************
ကိုးကား- 

❇ (၁၄၈) ကြိမ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ်ရေးထားသော “Abdul Karim Sahitya-Visharad the Discoverer of Our Culture and Heritages ” ဆောင်းပါး



Thursday, October 3, 2019

Ali Baba arde Salic Sur: Bák-2



Ali Baba Arde Salic Sur

By Kuwaiccórjjá |

Bák-Dui



Kasím daásé Ali Babar ugguá cóñró bái. Te yó é farat mazé táke. É thoun ór namdár ugguá hoór códor. Kasím déki tiyañ foicá loi bicí cáre1. Mogor Ali Baba ré nosaá. Sáhita no goré.

Read Here : Alibaba Arde Salic Sur , Part One 

Zehón Ali Babar bibi ye Kasím ór góror duar or muúntú tíyaiyé. Íbartú mone mone kúci accé, “Ebela, añára yó ettór gór kini faijjum” bouli báfi bafí kebar2 gán bajjai yé. Kasímor góror hamgoróni uggwá yé duar gán kúlidí gulgórot boito daikké. “Tuáñr falda gán ekká udár difari báné? Mal mafitó lager de. Hailla aní difélim” bouli Kasímór bibi tú falda gán maiggé. E hotá fúni Kasímór bibir matát laiggé. Kasím ór bibi bicí cíyana3 ar salák. Kasím or Bibi ye, “Bodda ye falda gán magitó kiyóllá derferailóu?” bouli báfer, “Kii…? Zar tú gadá gún oré feth bórai hábaibar cókti nái, te falda loi ki gorér…?”

Bibi ye “Iin ki dana mafer saáforibó?” “Kintu mottú ki gorá fori bó dé yían mui zanom!” bouli hoói “Tík asé, aññí falda gán aní” hoi uolar uzu giyé. Íbayé uolat mazé faldar tole añçá lagai diyé. Toi, Ali Babar bibi ré “Dóro ze. Falda louya. Zetó dín mone ho éto din rakí faribá” bouli hoói Falda gán aní diyé. Íbayé baiffe dé, “Falda loi ziín mafibó mafouk, tolat mazé dé hámahá bazíbou. Toilé, aññárá zani faijjum.”

“Cúkuriya!” bouli hoói Ali Babar bibiye falda gán loi íbar júkuri7 gór ganót wafes aiccé.

Górot foóñsí motton cúna gun toraturi mafiloiyé. Baade, duñri duñri barizat giyé, zeré Ali Babaye gañt kurer. “O futíyár baf… O futíyar baf…, Añára dé dóni oigiyí gói!” hoi dak maijjé. Ali Babaye kúciyé boñl bajjár, “Añárá hondilla cúkkot fori zaimmoiyá! Añárár fua Khaled ó tuwangor oizaiboi ar te yó bicí kúcit tái faribo.” “Falda gán toraturi difélgoi, aññárar bédor hotá Kasím arde tar bou ye zanilé gom noibó”

Ali Babar bibi ye falda gán dito giyé. Mogor faldar tolat cúna bazí táikke dé yían kíyal noógoré. Kasím or bou óre falda gán goisái diyé. Baade cúkuriya zanaiyé. Kasím or bibi yé “Mafi faijjó né” hoi fusár loiyé. “Bicí cúndor gorí mafi faijjí” hoi Ali Babar bibi ye tarif goijjé.

Zeen báfi falda gán diyé, eén tajjub oiyé. Saárdé Faldar tolat soiññór dana noó, soksokar de cú…cúna r thuuça4!

Kasím e fúni oré kúci oiye né? No…bolké aró bicí naras óiyé. “Añí een duk gorí oddo tura mal hamai nofarí. Bodda ye dargúa haçi haçi e mal hontú zurai lo” hoi báfi kul nofar. Fóurón5 báiyór górot zaibollá sólla6 goijjé. “Bodda ye añáré misá hotá no hoibóu!” hoói zaito saar. Kintu bibi ye hoór dé, “Tará etuné gúm zaibo.” hoói oiñsé. Kasím e rait bór gúmzái noó fare. Fózor fáron farón óiye dé ottót nerattú urí Ali Babar górot zaibolla toyar oiye. Bibi ye horde, “Zailé, falda gán ó loizo, íbaté dahái farofán. Tarár bédor hotá añára zainní dé yían ót fafán.” “Bála hotá” én hoi falda gán loi óre toratorí Ali Babar górot zaibolla neyeli giyói.

Íbayé duwar baijjai yé. Ali Baba ye duwar kúlidiyé. Ali Baba ye báiyore góror duwarot dekí óre taajub óiyé.

“Salamualaikum, Kasím. Ai, bútoré ai. Aijja een sooré kiyóllá aiccós buzá” hoi daki gólaiye.

“Boddá, aññí tuáñr bédor hotá zainní. Tuñí hordé, tuñí uggúa goríb hacko haroya, mogor, añí hoifari de tuáñrtú cúna asé. Goto raitta iín maiffó. E mal iín horé faiyó ekká hooná” hoi fusár loilo.

Ali Baba ye kessú hoi nofaréfan gorér. “Cúna? Ki cúna. Añí uggúa gorib manúic dé tui zanos. Tuwañgor oitam boli murat zai gas hari háa foitto né?” bóuli Ali Baba ye juwab diyé.

Toi, Kasím e falda gán nelai dahái yé. “Goto raittá bábi yé falda yián dana duna mafi bóllá udár loil. Etunót mor buottú dilot cubá accé. Étollá faldar tolat añçá ekká lefi diyé. Zehón falda gán wafes dito accé, sairdé faldar tolat cúna ekkán bazí táikké. Yían saayá. Bujos né. Añra tuáñr bédor7 hotá zani faijjí zé. Boddá, añré ekká buzá saná?” hoi Kasím e sóbut có loi Ali Babaré daháiyé. 

Ali Baba ye mone mone guner de, “ Mor bou wá hondilla laforba8 yá”. Ya, Ali Baba ar ári nofarer. Báiyore hámahá buzá forer.  

“Kasím toilé fún. Añí faarót giyídé ére bicí taajub ekkán maamala oíye ” hoi cúru gorí kissá guñra buzáiyé. Ére cíl uggúa asé yían, dhañhait okkol e cúna, rufa, tiyañ, foicá ókkol zoma raké dé iín, tilismá hotá loi házana kúli fare de yían e.e ekkán noeri furafuri buzáiyé. “Dór! entú cúnar tiyañ tui eddók loiza,” boulí Ali Baba yé diyé. 

Ebela Kasím é abas norom gorí báiyóre báilder. “Boddá, moré ekká dahái désana ar tilismá sabí wá hoosána. Mui túra loibollá.” bouli hoói fusár loiyé. Bái yé yó, “Añí toré dahái diyum. Mogor tui honíkkia ré no hoibí bóli wada gorá fori bóu.Tui loi baade baaki táibou dé iín beggún añár. Tor honó hóq notákibo.” bóli Ali Baba ye wada goittó hoiyé.  

Kasím e yó razi ói wada diyé. Baadé Ali Baba yé Tilismá gúfa wa dahái diyé. 

Laloccá Kasím e ar boddaic noó goré. Biínná kúp soóre beil no ulibár age urí, gadá 10 wá ar doñr doñr sónduk9 ókkol loi dhañhait or házanar gúfa aséde murat baicá10 diyé. Kasím e añiththa11 gorí cúnar la giyé dé noó. Te beggún kusai asai loi aní bár mon. 

Báiyór dahá diya mozin zai tilismá12 ciíl guar muúntú asánir sáñte foóiñssé. Gadá gún óre ciílor muúntú gasót bañdí ejjé. “Kúlizá …SIMSIM!” hoói bútore góille. “O bazí! Cúna okkól saáwá…! O bazi! Recóm or hooror thal ókkol wá. É tíya…! Aññí aité añáré hon ugguá yé deikké fán laiggé. Duwar bon gorí félai. “Bonóiza SIMSIM!” Ki bála hotá, duwar gán bon óigiyoi. Ebela ziín loito mone hoór iín lo! ” bouli Kasím e asuhásu13 gorer. Húñc aráiya mikká óiye. 

Te íyan bóri boné, wan bóribóne diyakúlat14 fori giyoi. Lalos gorí te górot lozai no faríbóu dé eduun bóijjé. “Óiye aijja edun loizai, hailla abbar accúm, yá hoduun loizaiyúm. Fourú yó accúm, eén goitte goitte biggún aññí loizaiyúmmói.” hoói mone mone fárot15 oiyé. Ze óttót cúna rufa bóri wafes aibollá toyar óiye, asimbit tartú duwar kúle dé tilismá hoór16 gán foórái giyoi. 

“Kúliza, señséñ…, Kúliza, keñkeñ…, Kúliza, sañsañ…, een ká ekkán óddo noór á! Uff! ” hoói hoói matá uñtai uñtai monot gorér. Mogor, tartú soi gán no aiyér. Te dhoré aró biyulá17 mikká ói giyoi. Gaa agagura gámor furá zórer. “Háiré! e dón baráibár lalsí yé ajjá foran óddo háraim faállá” hoói nizoré duic7 der. Guccá gorí boskát bóijjíl dé cúna rufa biggún abbar dháli diyé. Ekkán baade ekkán howát asé. Lékin, duwar kúlibar hóbor oddó nái. Dhañhait aibár ottó18 ór gai.

Hotuun baade Kasím e gúra ek zák aiyer dé kúñrir abas fúner. Kúñrir abas zetó zetó hañsé aiyer. Kasím ór loo sórot19 ói zar gói. Aró abas fúner dé, “Hára hára eri abar zaaforí bo. Ar ekzon dónir hóbor faiyí” hoi kéthkerat dé abas ó Kasím e fúner.

En goitté goitté, Baáré dhañhait or dai gúf gúf gori cílór muúntú foóiñssé gái. Dehér dé gadá ek zák gasé gasé bainná. Fiçór uore doñr doñr sónduk ókkol ó asé! Dhañhait biggún ammúk óigiyoi. “Iín ki…ki dekir… iin ki deházar…!” hoói hoói fána oigiyó. Dhañhaitor sóddár e hoórdé, “Añárar gufon20 hotá honoikká yé zanifélaiyé fánlar. Hára taré tuwo…” hoói sikkarai maijjé. Gúra gunóre atáli fatáli mari eri diféillé. Tará bóñ bóñ tuwar. Honíkkát tuwai no failó. Ekzone hoordé, “Gúfar butóre honó góli faijjé né? Te honó Tilismá sabí ré zani feillé né?” hoói buddí diyé. 

Dhañhait beggúné zar zar kiris te te neolai dóri óré, cíilor muúntú zai tíyaiyé. Sóddáre “Kúlizá…SIMSIM” hoiyé motton duwar gán kúli giyoi. Dhañhait ókkól bútore gólibar fúñáti fúñáti Kasím e asimbit guzori nioli undur dárfán dárgoi. Dhañhait ókkolé loorai dóijje. Dui zone mara cúru goijjé. Kasím ó foran basai bólla wafes marar doijjé. Mogor, 40 zon loi faron mockil. Kasím or niyaic aiyér ar zar!

Kasím oré dhañhait e dóri feillé. “Tui honnúá? Tui eré keén gorí góillos? Añárár cúna rufa tui horé loizor dé? Ho…ho” hoói latí gúcá arde uñri uñrí sóddár e fusár goijjé. 

Mogor, Kasím é honó juwab di nofarer. Tar foran zar zar óiye. Sóddar e guiccá gorí, “Añárar malot hát dede mancór hálot eén gorí dé yá!” hoói kiris loi kuf maizzé. Ek kuf e Kasím ór foran neligiyoi. 

Kasímor laic oré merit félai eri dhañhait ókkolé bútore tarár mal sek gorér. “O bazi, sawá duwaror hañsat boksá hodun!” hoói ekzon e guzori uiththé. “Ítede añáraré fána yo goijjé. Boska iin biggún bóri loizai bár sail21 goijjé dé óibo.” hoói afsús hár. “Honó tar fúñati aró manúic cíar aséné mottú cubá asé!” hoói sóddar e ocánti óilo. “Aró boská yó ho ugguá dahá nozar,” bóuli dhañhait ek zon e icára goijjé.

“Ek zon de fúraifillí, ar honó kiyó táile dhore tar foran óddo hafefán gorá foribóu.” bouli sóddár e kirissán uor mikká tuli dóri lacór yíañt giyé. Itaré sal loi taki félo, taáke, honó sur e añárar malor íkka suk dite dhora!” bouli tar sáñti ókkol oré hoiyé. 

Dhañhait e Kasím óre sal loi thaki ejjé. Baade, duwar gán óre bonóizá Sim Sim hoi bon goijjé. Toi dhañhait beggún gúrat urí abar fíri giyói.  

Kasímór bibi ye toun22 din gorór duwarot Kasím oré soiñ accíl. “O Kasím, tui horé? Tui kiyóllá ére gilidé ya” hoi maze mazé abas de. Zehón beil góilloi, guñra córót andár sái giyoi. Tuó Kasím ór dahá nái. Bibi ye ahol gorí duñri duñri Ali Babar górot giyé. 

Zehón Ali Baba ye gorór kebar kúilé, Kasímór bibi ye bútore góli hander. “Tuáñr bái Kasím ajó nó aiyé. Binná beil no uríbar age lotí doccúa gúra loi neyoli giyoi dé ajó hóbor nái. Mortú honó mosibotot foijjé fán lager. Ebela añí kigoittám? Meerbani gorì tuiñ añáré modot goró.” hoi hander.

“Sinta no goríc! Añí ehón murát tuwai tó zaiyum. Tui górot zagói. Añár fúñáre añár báiyore hámahá aníyúm. Tui añár lá soiñ goríc, añí ehón accúm ” boulí hoi bus diyé. Toi, Ali Baba ye tar gadá wá loi tuwai tó neyoli giyói. 

Ali Baba ye rasta rasta dak marer, gastala, zoñlot tuwar. Nam dóri dorí dhaker. Mogor, honó ek zon oré loot noófá. “Añí een ká tuwai nofair deya. Tar gadá gún óileyó loot fa nofoitto né?” hoi mone mone hoor. 

Báfi bafí gúfar muúntú zehón foiñssé, hodun loor fúça deikké. “O maa! Iin ki dekír? Honó Kasím gúfar butóre né?” hoi dhoraiyá mikká óigiyoi. Zettót bútore góli sailó, dehér dé ajib maamala. Manúic uggúa sal loi lotkai raikké. Hañsé zehón zai sailó, Ali Baba guzori uiththé, “Ibá dé añár bái Kasím yae!” hoi boi handar cúru. 

Ali Baba ye ekkán saddorot23 mal beráiyá buska24 ugguá dikké. Toratori mal gún félaidí saddor gán loi Kasím oré berai yé. Baade gúfattu niyolai gadát mazé tuilé. Lacór uortún hodun zoñl záfaidiyé, taaké mancé ót nofafán. Abbar firí gúfat góli oré,
“Kessú mal loilé gom óibo, boská gún hoñtté háli loizair” hoi boskát mazé hodun boijjé. Baade gúfattu niyoli “Bon óiza Sim Sim” hoi ciílor duar gán bon goijjé. Malor boskár uortun zoñl záfai diyé. Ali Baba ye gorót wafes niyoli ai zargoi. 
Zehón Ali Baba górot foiñssé. Ali Babar bou ye soiñ roiyé. “Bicí ocántir hobór! Obazí…Añár bai Kasím maragiyé! Íbar lac añár gadár uoré asé. Yaa ítáro górot loiza foribó. ” hoi Ali Baba ye bibi ré buzái yé. 

“O bái…Kasím, tortú ki óilo dé…?” hoi Ali Babar bibi ye bilak25 gorér.
“Kasím gúfat giyé. Ére mari féillé dé. Mor kiyalé, Kasím goille dé étunót dhahait foiñssé gáide óibou. Tará dori mari féille dé óibou.” boli Ali Baba ye bibi ré aró buzái yé. “E hotá honikká ré nohoic. Añí ehón Kasím oré tar górot loizaiyummoi. Añí gilé gói, tui baki mal gún gañrai félaic.” boli bibi ré hoi yé. 

Ali Baba ye Kasím ór górot lacloi foiñssé goi. Toi, Kebar baijjai yé. Kasímor uggúa hamor mila fua Morjina ye duwar kúli dito accé. Ali Baba ye dekí dilot ekká faní accé. Kiyollá hoilé, Morjina ugguá salák sotur mela fua arde íbaré biccáic gorí faribo dé yian Ali Baba ye zané. 

“Kasím gúfat mazé cúnar la giil. É cúna iín hodun suror. Tará Kasím oré dóri mari félaiyé.” bolí Morjina ré Ali Baba ye buzar. “Añártú ekká buddí accé” bolí hoi aró buzár. “Kasímór lac gúaré nisor thalat rakí goi. Añárá Kasím óttú biyaram óiye bolí hoi béd doijjúm. Íba dekí ibar hambárat mazé také boli hoiyúm. Tin din baade, Kasím biyaram loi entehal oiyé boli fúnaiyúm. Za…tor giros ni ré e horaf hobor gán ho gói. Húñciyar ar honikká ré nobuzaic. ”

Ali baba ye baiyor lac gúaré lamar thalat lukai eri baade tar górót wafes aiccé.

“Yade Kasím morigelgoi.” bolí Ali baba ye buo ré buzar.“Kasím or bibi wá dé ekzoinná oigiyoi. Añí bafírde añárattú íbar gorot zai tákon saa. Aro, Kasím or gór gan añárar górottú aró dhoñr. Morjina ye yó añárar hát arainná ham gorí faribou. Añrá íbaré cúnar tiyañ ho ugguá diyum de éri. ”

E din añzinná, Ali baba ye tar góror samana beggulun Kasím or górot áñrai feillé. Tar bibi ar fuwa Khaled ó Kasímor górot giyé goi. Raitta nizam ót cúnar fuicá gún kurí óre zuite zute áñrai feillé. 

Tarfoddin biinná, Morjina deki dabair duwan ot giyé. Duwanot mazé coóror manuíc bóraiya. Morjina ye duwainna loi dhounr dhounr gorí hotá hoor. Daasé íbaye hoordé iin manúic beggúné fúnefan. 

“Aññrtú tuáñr modot lager. ” boli hoi hañder. “Manúic ugguáttún bicí biyaram oiyé. Íbaré gom gorí bollá túra dabai dou!” 

Yaa duwainna wáye boroi26 hodun milar. Abas fúni oré Morjinar íkka saiyé. “Hartú biyaram óiyedé , ki óiye dé …o zii.” hoi Hákim27 e fusár loiyé. 

“Añár giros Kasím erí. Íbartú bicí biyaram. Harága bic bic oigiyoi. Hai loi yó no farer. Matiyó nofarer. ” hoi handi handi buzaiyé. 

Hákim e bottle ugguáttú cada cada boroi hodún loi maiya fua ré diyé. 
“Boroi iin haile gom ói zaibo gói. Fotti góndha yé duwa duwa hábáic,” bolí Hákim e hoiyé. 

“Bicí Cúkuria” hoi Morjina ada goijjé. Baade gorót zai soiñ roiyé. 

Tarfoddin biinná, Morjina dabair duwan ot abar giyé. Abar biggilune fúne fan dhouñr dhouñr hoor, “Mor malik Kasím ajó gom noó. Agortú aró norom óigiyé goi. Morttú íba nobasí bó fán lager. Íbar gar bic zagói fán kessú gom boroi douná?” boli Hákim óre hoiyé. 

Hakím e fúni mañtá uñtar. “Kasím or biyaram barígiyoi dé yián fúni bicí ocánti lager.” boli hakim e afsús goijjé. Baade Morjina ré uggúa dabair botol diyé. “Ibartú dui camic or dore hábaidic, íba gúm zaifaribou.”

“Bicí cúkuria” boli hoi Morjina górot giyé. 

Edin añzinná beil gólibar ottót, Kasím or goror dhakóttú añreddé manúic ókkole, “Kasím edé felai gelgoi more! O Cóki, O mor hoitoror zuri. Een ká félai gili goi ya! Mui ya kengorim?” hoi bilak dori Kasímor bibi ye doñr doñr sikeradde abas fúner. 

Ebela, Morjina ye Mustafa hodé uggúa burá hólibár28 loi dola óito giyé. 

“O Mustafa Hakku! ” hoi hátot cúnar foicá ugguá diyé. “Tuñí e coorót mazé baríq holiba boli hoi añí fúinni. Aññttú tuáñrlá ekkán bicí doró ham asé. Ekkan docá óiyé. Manúic ugguá maragiyé. Murda warlá uggúa hamis síla forer. Daasé cúndor gorí dofon29 difarifán. Manúic íbaré dou loi kuf ókkol mari marifélle dé. Íbar zohom gún dahá nozafan hamis síla foredde, buijjóné? Tuáñré dam ó bicí gorí diyum, mogor e hotá gin oinno kiyóré hoi nofaríba.” hoi buzaiyé. 

Mustafa ye mialafua wár mugór íkka sai hoór dé, “Aññí fariyúm. Mogor tortú aró tiyañ diya foribó hotá gán gufon rakító sailé” boli zuwab diyé. 

“Oí, tuáñré cúnar foicá aró diyum. Tuñí e mamala gán honikká ré hoi nofaríba, monot raikkó. Aró, Manúic íba honnúa dé arde ìba horé tákede ín ó nohoiyúm. Tuáñ ré ítaro górot lozai baiccót sug bañdi féliyúm.”

“Tik asé. Tui zeen hos éen goríyúm” bolí Mustafa holibá yé wada diyé.

“Een óilé tuáñ fúñc arde fuñtá loi óre mor fuáñti aiyó.” boli Morjina ye hoiyé. 

Ibayé matar hor gánloi holibar sug gunóré doró moró gorí baindé. “Kessú daházar né” hoi mila fua wáye fusár loiyé. “No zar! ” boli hoi holibá ye juwab diyé. “Tik ase, ya ekku mottot górot zaigoi” boli Morjina ye hoiyé. 

Morjina ye Mustafa holibá ré Kasím or górot loigiyé. Zehón górot foiñssé. Nisor talat gólai oré sug baindé dé hoor gán kúli diyé. Baade murda wá daháiyé. 

“Tui ibárlá bolí hamis silaitó hoiyos de! O baazi, in dé bicí duk óibo. Moré cúnar foicá aró diya foríbo” boli holibá yé hoiyé. 

“Faiba faiba” hoi Morjina ye aró duwá cúnar foicá ré holibár hátot diyé. “Tuáñrtú hára30 sílai diya fori bó. Aijjá murda ibáre Añárá dofón gorái féliyúm.”

Mustafa holiba yé fuñc arde fuñta loi sila cúru goijjé.  


To be continue …

………………………………………………………………

Lobzór Maáni

1. Cáre = faárot gorí sole. 2. Kebar = duwar
3. Cíyana = Salák 4. Thuura = thukura.
5. fourón   = éhon.         6. Sólla = Mocuwara.
7. béd   = luwaiya hotá. 8. Laforba = 
9. Sónduk = fethi 10. Baicá = sóforot zoon
11. Aiñttha = hom 12. Tilismá = Jadu
13. Asuhásu = 14. Diyakulat = rasta áraiya.
15. Fárot = 16. Hoór =
17. Biyulá = 18. Ottó = taim.
19. Sórot         = tánda. 20. Gufon = luwaiya.
21. Sail = failain. 22. Toun = guñra.
23. Saddor = doñr hoor. 24. Buska = gaththí.
25. Bilak     = handani. 26. Boroi = dabai.
27. Hákim = dakthor. 28. Holiba = hor síloya.
29. Dofón = hoborot diya. 30. Hára = tora-turi.

Monday, September 30, 2019

Honesty Always Pays [ ရွဲကုန်သည်နှစ်ဦး ပုံပြင် ]



Honesty Always Pays 


There in a town lived two peddlers, both dealing in pearl trinkets. While one of them was honest, the other was a crook.

Once the two of them went to the neighbouring town to sell their goods. In that town there was a big building, once owned by a rich diamond merchant. After a sudden loss in the business many of the family members of that household had died. The sole survivors were a girl and her grandmother who did menial jobs to earn their living.

The greedy peddler came to the door of that house, crying, “Pearl trinkets for sale!”

The young girl heard his cry and begged her grandmother, “Please buy me a trinket, grandmother.”

The granny said, “We are very poor, dear. There is not enough grain at home to feed us, let alone money. How do I get you the pearl trinket?”

The girl suddenly remembered an old bowl. “Look! Grandma!” she cried, “Here is an old bowl. Let us try to trade it for something nice.”

The golden bowl belonged to the great merchant, her late great grandfather. After his death, it had been thrown amongst the old unused things. Since it hadn’t been used for a very long time, it looked totally black.

The old woman examined the bowl. Since it was black, she could not realize that it was made of gold. She felt that it may have some value.

She showed the bowl to the peddler, who took it in his hand. Suspecting its real value, he scratched its back with a needle. He assured himself that it was made of real gold, worth several thousand rupees.

He immediately started planning on how to cheat the old woman and the girl. So, pretending to be angry, he growled, “Why did you bring me this bowl? It isn’t worth half a penny!” Then, throwing the bowl onto the floor, he walked out of the house.

Soon, the honest peddler came into that same street. He appeared at the door of the same house, crying, “Beads for sale!”

Once again the young girl made the same request to her grandmother. The old  woman said, “My dear, the first peddler refused to take the bowl. What have we got now to offer?”

“Oh, but that trader was nasty, Grandmother. I think this man will take it.”

“All right, then. Call him in.”

When the peddler came into the house, they showed him the bowl. The peddler immediately recognized that the bowl was made of gold. He told the old woman, “Mother, this bowl is worth several thousands of rupees. I am sorry, I can’t take this in exchange to the beads I have. The whole of my stock will not equal the worth of this bowl.”

Stunned at this, the old woman said, “Sir, another peddler who came before you said that it is not even worth half a penny. He actually got angry, threw it on the floor, and went away! It must be your goodness that has made the bowl of gold. Please take it. Just give my granddaughter whatever she wants to have from your collection. We will be happy.”

The peddler gave whatever he had; five hundred rupees and another five hundred rupees worth of goods in return for the bowl, and left the place.

Just then, the greedy peddler returned to the house as if to accept their deal half heartedly. He asked the old woman to bring out their bowl, saying he would give them something or the other for it.

The old woman flared at him saying, “You cheat! You told us that our golden bowl was not worth even half a penny. And now, we feel good that we didn’t make the bargain with you. Another peddler came here. He told us the bowl’s real worth, and has indeed made the deal. We’re happy even if he gave us just whatever he had with him. You are too late!” When the peddler heard this, he was outraged, and hysterical. He cried, “Oh! I’m robbed of my golden bowl.” Then, throwing away all his goods, he tore off his shirt, and ran towards the river, into which he slipped and drowned. The honest trader returned home and spent his life in charity and other good works.


Moral: “Honesty is rewarded”

🍏🍏🍏🍏🍏🍏🍏🍏🍏🍏🍏🍏🍏🍏🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎




Sunday, September 29, 2019

ရှေးသန်းခေါင်စာရင်းများထဲက အာရ်ကာန်မွတ်စလင် ခေါ် ရိုဟင်ဂျာများ

ရှေးသန်းခေါင်စာရင်းများထဲက အာရ်ကာန်မွတ်စလင် ခေါ် ရိုဟင်ဂျာများ


မြန်မာပြည်တွင် “ရိုဟင်ဂျာ မရှိ၊ ရိုဟင်ဂျာသည် မြန်မာနိုင်ငံသား မဟုတ်” စသည်ဖြင့် အမုန်းတိုက်နေစဉ် ပြည်သူအချို့ကလည်း  ဤအမုန်းတိုက်မှုကို ဘုမသိဘမသိ ထောက်ခံနေကြသည်။ မျက်စိပိတ် ထောက်ခံနေခြင်းသည် လူ့အကျင့်မဟုတ်ချေ။ လူသားသည် ဉာဏ်ရည် အမြင့်ဆုံးသတ္တဝါဖြစ်သည်။ အများတကာနောက်သို့ လိုက်ပါခြင်းမဟုတ်ဘဲ စဉ်းစားဆင်ခြင်၍ အမှန်တရား ဘက်တော်သို့သာ နောက်လိုက်ရပါမည်။ ထို့ကြောင့် စဉ်းစာတတ်သော ဉာဏ်ကြီးရှင်များအတွက် ရှေးကပင် ရိုဟင်ဂျာလူမျိုးရှိခဲ့ကြောင်း ရှေး သန်းခေါင်စာရင်းများထဲမှ  ခိုင်လုံသော အထောက်အထားများနှင့် တကွ ဤဆောင်းပါးကို တင်ပြခြင်းဖြစ်သည်။ 

လူဦးရေ သန်းခေါင်စာရင်းဆိုသည် သတ်မှတ်ထားသောအချိန် တစ်ချိန်တည်းတွင် နိုင်ငံတစ်နိုင်ငံ၏ လူဦးရေ အားလုံးဆိုင်ရာ လူမူရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု  အချက်အလက်များကို စုဆောင်းခြင်း၊ ပြုစုခြင်း၊ ဆန်းစစ်ခြင်း နှင့် လူဦးရေစာရင်း ကောက်ယူပြုစုရသော လုပ်ငန်းစဉ် တစ်ခုဖြစ်သည်။ ယင်းကို ဆယ်နှစ် တစ်ကြိမ်ကျ ပြုစုလေ့ရှိသည်။ 

ဗြိတိသျှတို့သည်  လူဦးရေ သန်းခေါင်စာရင်းကို ၁၈၀၀ ပြည့်နှစ်တွင်  စတင်ခဲ့သည်။ သို့သော် လက်အောက်ခံနိုင်ငံများ၏ လူဦးရေစာရင်းကိုမူ ထိုအချိန်တွင်  မသိနိုင်ခဲ့ချေ။ 

၁၈၇၂ ခုနှစ်တွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းသည် အရေးပါသော သန်းခေါင်စာရင်းဟု မှတ်ယူနိုင်သည်။ ယင်းတွင် အချက် (မေးမြန်းခြင်း) ၁၇ ခု ပါရှိခဲ့သည်။ ထို သန်းခေါင်စာရင်းနှင့်  ဗြိတိသျှအစိုးရ သိမ်းပိုက်ထားသော ကိုလိုနီနယ်မြေ အားလုံးကို စာရင်း ကောက်ယူနိုင်ခြင်း မရှိခဲ့ပါ။ 

၁၈၈၁ ခုနှစ်တွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းသည် ခေတ်မီ သန်းခေါင်စာရင်းဖက်သို့ ကြီးမားသော ခြေလှမ်းတစ်ခုအဖြစ် လှမ်းခဲ့လေသည်။ ဤသန်းခေါင်စာရင်းတွင် ဗြိတိသျှကိုလိုနီ  ပိုင်နက်တစ်ခုလုံးကို စာရင်း ကောက်ယူနိုင်သည်သာ မဟုတ်ဘဲ လူဦးရေစာရင်း၊ စီးပွားရေးနှင့် လူမှုရေး ဆိုင်ရာ အင်္ဂါရပ်များကိုလည်း တစ်သီးတစ်ခြားစီ ကောက်ယူပြုစုနိုင်ခဲ့သည်။ ယင်းသန်းခေါင်စာရင်းကို ဗြိတိသျှအိန္ဒိယ တိုက်တစ်ခုလုံးမှ ကောက်ယူနိုင်ခဲ့သည်။  

၁၈၉၁ ခုနှစ်တွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းသည် ၁၈၈၁ ခုနှစ် သန်းခေါင်စာရင်း ချဉ်းကပ်မှု နှင့် အားထုတ်မှု တို့ကို အခြေခံသဖြင့် အထက်ဗမာပြည်၊ ကရှ်မီးယားဒေသနှင့် ဆိက္ခိမ်ဒေသ အပါအဝင် ကိုလိုနီပိုင် နယ်ပယ်ဒေသများကို ၁၀၀ ရာခိုင်နှုန်း ပြီးစီးနိုင်ခဲ့သည်။ ပထမ သန်းခေါင်စာရင်း မှ ခွဲခြားလာသည်က မိခင်ဘာသာစကားနေရာတွင်  မိဘဘာသာစကားဆိုင်ရာ အချက်အလက်များကို ရယူခဲ့သည်။ 

တတိယကြိမ်မြောက် သန်းခေါင်စာရင်းကို ၁၉၀၁ ခုနှစ်၊ မတ်လတွင် စတင်ခဲ့သည်။ အသေးစိတ် စာရင်းကောက်ယူရန် မဖြစ်နိုင်သည့် ဝေးလံသော ဒေသများတွင် လူဦးရေစာရင်းကို အိမ်ခြေများအပေါ် အခြေခံ၍ ခန့်မှန်းခဲ့သည်။ အဓိက အပြောင်းအလဲမှာ အိမ်ခြေစာရင်း၊ အခြားဒေသ ဘာသာရေးနာမည်ခံ မျိုးနွယ်စုများ သို့မဟုတ် လူမျိုးများအစား ဟိန္ဒူလူမျိုး၊ ဂျိန်းလူမျိုး မျိုးဇာတ်များကိုသာ ဖြည့်စွက်မှတ်တမ်းတင်ခြင်းဖြစ်သည်။  နိုင်ငံခြားဘာသာစကား ကိစ္စတစ်ခုလည်း မိတ်ဆက်လာခဲ့ပေသည်။ 

၁၉၁၁ ခုနှစ် သန်းခေါင်စာရင်းသည် ဗြိတိသျှကိုလိုနီ ပြည်နယ် ၁၄ ခုနှင့် မူရင်းပြည်နယ် အားလုံးတွင် စတင်ခဲ့သည်။ အင်္ဂလိပ်ဘာသာ ဆိုင်ရာ  ဗဟုသုတ အပြင် အင်္ဂလိပ်စာပေဆိုင်ရာ အချက်အလက်များကိုလည်း စာရင်းကောက်ယူခဲ့သည်။ 

၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းသည် ပြည်တွင်း ဆူပူလှုပ်ရှားမှုတစ်ခုနှင့် တစ်ပြိုင်တည်း ပေါ်ပေါက်ခဲ့သည်။ ထို့ပြင် အလုပ်လုပ်ကိုင်သူ/မှီခို နှင့် မိခင်ဘာသာစကားဆိုင်ရာ မေးမြန်းခြင်းနှစ်ရပ် တိုးလာခဲ့သည်။  

နောက်ဆုံး သန်းခေါင်စာရင်းသည် လွတ်လပ်ရေးမတိုင်မီ ၁၉၄၁ ခုနှစ်တွင် စစ်ဘေးကျနေချိန်၌ ပြုလုပ်ခဲ့သည်။ ဤသန်းခေါင်စာရင်းတွင် အရေးကြီးသော ပြောင်းလဲမှုများကို အတည်ပြုခဲ့သည်။ အမျိုးမျိုးသော (ပုံမှန်မဟုတ်သော) နမူနာများကို အသုံးပြုခဲ့သည်။ ၅၀ မြောက်ဖြတ်ပိုင်းသည် သန်းခေါင်စာရင်းတွင်  တရားဝင်ဖြစ်သောနမူနာဟု အမှတ်အသားပေးခဲ့သည်။ မေးမြန်းခြင်း ပုံစံများကို အကျယ်ချဲ့ ဖြည့်စွက်ခဲ့သည်။ 

(၆) ကြိမ်မြောက် သန်းခေါင်စာရင်း မတိုင်မီ ၁၉၂၁ ခုတွင် လူဦးရေ၏ လူမျိုး အုပ်စုခွဲရန် ကြိုးပမ်းခဲ့သည်။ ယင်းအကြို ပြုလုပ်ခဲ့သော သန်းခေါင်စာရင်းများတွင် လူဦးရေများကို ကိုးကွယ်ရာ ဘာသာရေးအရ သာ အုပ်စုခွဲခြင်း ဖြစ်သည်။ 

ယင်းသန်းခေါင်စာရင်း၏ အခန်း (၁၁)၊ စာပိုဒ် ၁၅၇ တွင် “ အင်ပါယာ ဇယား ၁၃ တွင် အရေအတွက်များကို ဇယား သွင်းထားသည်ကား အင်ဒို-ဗမာ မျိုးနွယ်စု သုံးစု၊ ဇေဘာတီ လူမျိုး၊ အာရ်ကာန် မဟာမေဒင်လူမျိုးနှင့် အာရ်ကာန် ကမန်လူမျိုး တို့ကို အဆင်ပြေစေရန် အုပ်စု “အက်စ်”တွင် ပေါင်းထည့်ထားသည်။” ဟူ၍ ရေးသား ဖော်ပြထားသည်။ 

စာပိုဒ် နံပါတ် ၁၅၉ တွင် အာရ်ကာန် မဟာမေဒင်လူမျိုးနှင့် ပတ်သက်၍ ဖော်ပြထားသည်မှာ “ အာရ်ကာန် မဟာမေဒင်လူမျိုးသည် အထူးသဖြင့် စစ်တွေခရိုင် (Akyab)တွင် နေထိုင်သူများဖြစ်ပြီး စစ်တကောင်းသား မဟာမေဒင်နှင့် အာရ်ကာန်သူ တို့မှ ဆင်းသက်လာသူများဟု ယူဆကြသည်။ ယင်းသူတို့သည် အနေကြာသော စစ်တကောင်းသားများမှ ဆင်းသက်လာသည်ဟု ဆိုသော်လည်း ၎င်းတို့သည် စစ်တကောင်းသား အခေါ်ခံရခြင်းကို အမြဲငြင်းဆန်ခဲ့သူများ ဖြစ်ကြပေသည်။ အာရ်ကာန် မဟာမေဒင်အဖြစ်ခေါ်ဝေါ်ရန် လိုလားသူများလည်း ဖြစ်ကြသည်။ သို့ရာတွင် ရာသက်ပန် အခြေချနေထိုင်မှုသည် အာရ်ကာန်သူများနှင့် လက်ထပ်ခဲ့ခြင်းကို ပေါ်လွင်စေသည့်အပြင် အထက်ဖော်ပြချက်နှင့်လည်း ကိုက်ညီနေသည်။ စစ်တကောင်း မဟာမေဒင်နှင့် အာရ်ကာန် မဟာမေဒင်တို့သည် လူမျိုးအရ နီးစပ်မှုရှိသော်လည်း အာရ်ကာန် မဟာမေဒင်သည် သူတို့နှင့် ရောနှောပေါင်းဖက်ခြင်း မပြုခဲ့ဘဲ ကိုယ့်မျိုးထဲမှ လက်ထပ်ပေါင်းသင်းကာ သီးခြားလူမျိုးအဖြစ် ရပ်တည်နေသည်။ 

“စစ်တွေမှာရှိသည့် ဗုဒ္ဓဘာသာ ရခိုင်တို့က ရခိုင်ပြည် ကော်မိရှ်နားအား သန်းခေါင်စာရင်းတွင် ရခိုင်နှင့်အတူ အာရ်ကာန် မဟာမေဒင်ကို ပေါင်းမထည့်ရန်  တောင်းဆိုခဲ့သည်။ စာရင်းကောက်သူတို့အား အမိန့်စာ ထုတ်ခဲ့သည်မှာ အာရ်ကာန် မဟာမေဒင်သည် ဗမာပြည်ထဲတွင် အမြဲတမ်း အခြေစိုက် နေထိုင်သူဖြစ်ရမည်။ ထို့ပြင် ရခိုင်နှင့် အိန္ဒိယသားများ၏ အဝတ်အစားမျိုးကို ဝတ်ဆင်ခြင်းမပြုသည့်သူဖြစ်ရမည်။ 

“အာရ်ကာန် မဟာမေဒင် လူဦးရေသည် ၁၉၂၁ ခုနှစ်တွင် (၂၄၀၀၀) ယောက် စာရင်းသွင်းခံခဲ့ရသည်။ ရှေး သန်းခေါင်စာရင်းများ၏ အာရ်ကာန် မဟာမေဒင် အရေအတွက်များကို ဇယား ၈ တွင် ဖော်ပြထားသည်။ ဇယားတွင် ကွဲပြားသော ကိန်းဂဏန်းများသည် အာရ်အာန်မဟာမေဒင် အရေအတွက်ကို ညွှန်ပြသည်။ ၁၉၀၁ ခု သန်းခေါင်စာရင်း ဇယားတွင်မူ အာရ်ကာန်မဟာမေဒင် လူမျိုး စာရင်းကို ခွဲခြားရွေးထုတ်နိုင်ရန် ခဲယဉ်းလေသည်။ မဟာမေဒင်လူမျိုးသည် ရှေးသန်းခေါင်စာရင်း သုံးခုစလုံးတွင် ဖော်ပြခဲ့ကြောင်း ဖြစ်နိုင်ပါသည်။”

ဇယား နံပါတ် ၈ တွင် အာရ်ကာန် မဟာမေဒင် လူမျိုးနှင့် ပတ်သက်၍ ဖော်ပြထားသည်မှာ အောက်ပါအတိုင်းဖြစ်သည်။ 

ခုနှစ်၊           ဦးရေပေါင်း၊           ကျား၊               မ

၁၉၂၁ ခု        ၂၃၇၇၅၊              ၁၂၇၄၀၊          ၁၁၀၃၅
၁၉၁၁ ခု        ၄၆၇၅၊                ၃၅၅၈၊             ၁၁၁၇
၁၉၀၁ ခု         ----                        ----                  ---
၁၈၉၁ ခု        ၄၆၆၊                  ၂၈၈၊               ၁၇၇

၁၉၃၂ ခု သန်းခေါင်စာရင်း၏ အစီရင်ခံစာ၊ အတွဲ ၁၂၊ ဗမာပြည်  အပိုင်း ၁၊ စာပိုဒ် (၁၄၀) တွင်  “လွန်ခဲ့သော သန်းခေါင်စာရင်း လေးခုတွင် ပါဝင်ခဲ့သည် ကွဲပြားခြားနားသည့် လူမျိုးစုများ၏ လူဦးရေစာရင်းကို ဗြိတိသျှအင်ပါယာ ဇယား ၁၈ တွင် ထည့်သွင်းထားသည်။ ” ထိုဇယားတွင် ၁၉၀၁ ခုနှစ်မှ ၁၉၁၁ ခုနှစ်ထိကို အင်ပါယာ ဇယား ၁၃ မှ ရရှိခဲ့ခြင်းဖြစ်သည်။ ထိုဇယားကို ထည့်သွင်းရာတွင် အချို့ အခက်အခဲများနှင့်လည်း ကြုံတွေ့ခဲ့ရသည်။ ၁၉၀၁ ခုနှစ် အင်ပါယာ ဇယား (၁၃) တွင် လူမျိုးများ၊ မျိုးနွယ်စုများ၊ အုပ်စုများ ထင်ရှားသော ဘာသာသာသနာအရ အမျိုးအစား ခွဲခြားခဲ့သည်။ သို့သော် ဇယားတွင်  မည်သည့် လူမျိုး၊ မျိုးနွယ်စု၊ အုပ်စု မဆို ဘာသာမျိုးစုံအတွက် ခြွင်းချက်ရှိခဲ့သည်။  အာရ်ကာန် မဟာမေဒင် လူမျိုးအဖြစ် အမျိုးသား အယောက် (၈၀၀၀)၊ အမျိုးသမီး အယောက် (၇၀၀၀) ခန့် ခန့်မှန်းနိုင်ခဲ့သည်။ ထိုသူတို့ကို အုပ်စု အက်စ် (အင်ဒို-ဗမာ လူမျိုး) တွင် စာရင်းသွင်းခဲ့သည်။ ၁၉၁၁ ခုနှစ် လူဦးရေ အရေအတွက်၌ မဟာမေဒင်လူမျိုးအဖြစ် အမျိုးသား အယောက် (၁၀၀၀၀)၊ အမျိုးသမီး အယောက် (၈၀၀၀) စာရင်းကောက်ယူရရှိခဲ့သည်။ ” ဟူ၍ ဖော်ပြထားသည်။ 

စာပိုဒ် ၁၄၁ တွင် “ အိန္ဒိယလူမျိုးများ၏ အရေအတွက်မှာ ၁၉၂၁ ခုတွင် (၈၈၁၃၅၇) ယောက် မှ ၁၉၃၁ ခုတွင် (၁၀၁၇၈၂၅) အထိ တိုးပွားလာခဲ့သည်။ (၁၃၆၄၆၈ ယောက် သို့မဟုတ် ၁၅.၅ ရာခိုင်နှုန်း) အခန်း (၁)၊ စာပိုဒ် (၁၆) တွင် ၁၉၂၁ ခုနှစ် သန်းခေါင်စာရင်းအရ အာရ်ကာန် မဟာမေဒင် အများအပြားသည် သူတို့ကိုယ်တိုင် အိန္ဒိယသားအဖြစ် မှားယွင်းစွာ ပြောင်းလဲခံယူခဲ့သည်ကို တွေ့ရသည်။ ထိုအရေအတွက်ကို အကြမ်းအားဖြင့် ခန့်မှန်းသော် အယောက် (၁၀၀၀၀) မှ အယောက် (၁၅၀၀၀) ကြား၌ ဖြစ်မည်။ ထို့ကြောင့် အိန္ဒယသား လူဦးရေတွင် ၁၇ ရာခိုင်နှုန်း ဝန်းကျင် တိုးပွားလာခြင်းဖြစ်သည်။ ” ဟူ၍ ဖော်ပြထားသည်။ 

စာပိုဒ် (၁၄၃) တွင်လည်း “စစ်တွေခရိုင်တွင် အာရ်ကာန် မဟာမေဒင် အများအပြား တွေ့ရသည်။ အခြား ခရိုင်များဖြစ်သော ကျောက်ဖြူ တွင် (၁၅၉၇ ယောက်) နှင့် သံတွဲ တွင် (၁၆၅၈ ယောက်) တို့ကို သိသိသာသာ တွေ့ရပါသည်။ သူတို့သည် ရခိုင်အမျိုးသမီးများက စစ်တကောင်းသား တို့ကို လက်ထပ်ခြင်းမှ ဆင်းသက်လာသည့် မျိုးဆက်များဖြစ်ကြသည်။ ၎င်းတို့သည် ဒေသခံ သီခြားလူမျိုးအဖြစ် အသိအမှတ်ခံရပြီး ရခိုင်လူမျိုးများ၊   စစ်တကောင်းသားတို့နှင့်  မတူကွဲပြားသည့် အဝတ်အစားများကို ဝတ်ဆင်ကြသည်။ ၁၉၃၁ ခုနှစ်တွင် ဦးရေ ၅၁၆၁၅ ယောက်ကို မှတ်တမ်းတင်ထားသည်။ ယင်းသည် ၁၉၂၁ ခုနစ် အရေအတွက် (၂၃၇၇၅ ယောက်)၏ နှစ်ဆကျော် ဖြစ်သည်။ ” ဟူ၍ ဖော်ပြထားသည်။ 

“စစ်တွေခရိုင်နှင့် ကျောက်ဖြူခရိုင်ရှိ ကမန်လူမျိုးများသည် ၂၁၈၀ ယောက် မှ ၂၆၈၆ အထိ တိုးလာခဲ့သည်။”

၁၉၁၁ ခု သန်းခေါင်စာရင်၊ အစီရင်ခံစာ အတွဲ (၉) ၊ ဗမာ အပိုင်း၊ စာပိုဒ် (၂၆၄) တွင်  “မွတ်စလင်မျိုးနွယ်စု အများစုသည် စစ်တွေခရိုင်နှင့် ရန်ကုန်ခရိုင်တို့တွင် အများစုနေထိုင်ကြသည်။ မွတ်စလင် လူဦးရေ၏ ၅၆ ရာခိုင်နှုန်း ရှိသည်။ စစ်တွေခရိုင်ရှိ မွတ်စလင်များသည် တိုင်းရင်းသားမျိုးနွယ်စု ဖြစ်ပြီး အများအားဖြင့် လယ်ယာလုပ်ကိုင်ကြသည်။ ၁၉၀၁ ခုတွင် စစ်တွေခရိုင်ရှိ မွတ်စလင် လူဦးရေမှာ (၁၅၄၈၈၇) ရှိပြီး၊ ၁၉၁၁ ခုတွင် (၁၇၈၆၄၇) ယောက် ရှိခဲ့သည်။ 

သန်းခေါင်စာရင်းများ အစဉ်အဆက်အရ “အာရ်ကာန်ပြည်တွင် မွတ်စလင်လူမျိုး အသိုင်းအဝိုင်းရှိခဲ့သည်။ အထူးသဖြင့် စစ်တွေခရိုင်တွင် ရှိပြီး သူတို့သည် ပြောင်းရွေ့လာသူ စစ်တကောင်းသားများ၊ ဘင်္ဂါလီများနှင့် လုံးဝမတူကြချေ။ သူတို့သည် အာရ်ကာန်မွတ်စလင်များ ဖြစ်ကြသည်။” ၁၉၄၀ ခု ဘက္ကစတာ အစီရင်ခံစာ ၊ စာပိုဒ် (၇)  အရ “ဤ အာရ်ကာန် မွတ်စလင် အသိုင်းအဝိုင်းသည် စစ်တွေခရိုင်တွင် နေထိုင်လာသည်မှာ အလွန်ကြာညောင်းခဲ့ပြီ။ သူတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံအားလုံးသည် တိုင်းရင်းသား မျိုးနွယ်စုဖြစ်ကြောင်း ရည်ညွှန်းနေသည်။” ဟူ၍ ဖော်ပြထားသည်။ 

၁၈၂၅ ခုနှစ်တွင် အာရ်ကာန်ပြည်သည် လူဦးရေ တစ်သိန်းသာ (မဂ်လူမျိုး ၆၀၀၀၀၊ မွတ်စလင် ၃၀၀၀၀ နှင့် ဗမာ ၁၀၀၀၀) ရှိခဲ့သော ဗြိတိသျှအင်ပါယာ တစ်ခုဖြစ်လာခဲ့သည်။ ဆိုလိုသည်မှာ 

၁၈၂၅ ခုမှ ၁၉၃၁ ခုအထိ စုစုပေါင်း လူဦးရေမှာ  ၁၈၂၅ ခုတွင် ၁၀၀၀၀၀၊ ၁၉၃၁ ခုတွင် ၁၀၀၈၃၃၅ ယောက် (ဆယ်ဆကျော်) ဖြစ်၍ ရခိုင်လူမျိုး ၆၀၀၀၀ တွင် ၅၄၈၅၆၆ ယောက် (ဆယ်ဆခန့်) တိုးလာပြီး မွတ်စလင် လူမျိုးမှာမူ ၃၀၀၀၀ တွင် ၅၄၂၄၈ (နှစ်ဆခန့်) တိုးသည်တဲ့။ 

ရခိုင်ပြည်၏ လူဦးရေသည် ၁၉၂၅ ခုမှ ၁၉၃၁ ခုနှစ် နှစ်ပေါင်း ၁၀၆ နှစ် အတွင်း ဆယ်ဆ တိုးလာခဲ့သည်။ ထို့အတူ အဆိုပါ နှစ်များအတွင်း ရခိုင်လူမျိုး လူဦးရေသည်လည်း ဆယ်ဆခန့် တိုးပွားလာခဲ့သည်။ အဘယ်ကြောင့် မွတ်စလင် လူဦးရေသည် နှစ်ဆခန့် တိုးလာရသနည်း။ စောဒကတက်စရာပင် မဟုတ်လော။ စင်စစ်အားဖြင့် ဗုဒ္ဓဘာသာဝင်များသည် ဓလေ့ထုံးစံအရ မွတ်စလင်နှင့် ဟိန္ဒူလူမျိုးများထက် မွေးဖွားနှုန်း နည်းပါးလှသည်။ ဤနေရာတွင် မွတ်စလင်သန်းခေါင်စာရင်း မှတ်တမ်းတင်မှု မှားယွင်းနိုင်ကြောင်း ဖြစ်နိုင်ခြေရှိသည်။ အာရ်ကာန် မဟာမေဒင် လူမျိုး၏ လူဦးရေမှာ (၅၁၆၁၅) ယောက် မဟုတ်ဘဲ အယောက် (၃၀၀၀၀၀)ခန့် ဖြစ်သင့်ပါသည်။  

ထို့ကြောင့် မြန်မာပြည်တွင် ရိုဟင်ဂျာလူမျိုး နေသည်မှာ ယုံမှားသံသယ ဖြစ်ဖွယ် မရှိပါ။ သမိုင်းမှတ်တမ်းအရ ရှိသင့်သည်ထက် ပိုမိုလျော့သွားခြင်းသာ ဖြစ်လေသည်။ 


🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍁🍁🍁🍁🍁🍁🍁🍁

ကိုးကား-

[ “Muslim of Arakan and Censuses of India” ဆောင်းပါးကို လူထုဝဏ္ဏက ပြန်ဆိုသည်။ ]

Tuesday, September 24, 2019

ရှေးစကား ရွှေအလား [၄] | ရိုအမျိုးသမီးနှင့် နေထိုင်မှုဓလေ့



ရေးသား - လူထုဝဏ္ဏ|




“Maiya Fuwain Fañs Gírar Bútoré Táke.” 


ဤအဆိုကို “Maiya fuwain fañs fordar bútoré táke.” ဟုလည်း အချို့က ဆိုကြသည်။ ရှေးကျသော ဆိုရိုးကတော့ “Maiya fuwain fañs gírar bútoré táke.”ဟု တွေ့ရှိရပါသည်။ အာရ်ကာန်ပြည်တွင် ဂျမာတ် ဘာသာရေး အားထုတ်မှု အားတင်းလာချိန်တွင် အချို့ရိုတို့က Girá အစား Parda ကို ရှာရိယတ် အူရ်ဒူအဖွင့်ကျမ်း အသုံးအနှုန်းနှင့် သုံးစွဲလာကြသည်ဟု ယူဆရပါသည်။ ဒီနေရာတွင် ပရ်ဒါ နဲ့ ဂီရာ ဆိုလိုရင်းတူပါတယ်။ အကာအကွယ်လို့ အနက်ရပါသည်။ 




“စကားထဲက ဇာတိပြ” ဆိုသကဲ့သို့ သည်ဆိုရိုးကလည်း ရိုဟင်ဂျာ အမျိုးသမီးများကို ဘေးအန္တရာယ် အသီးသီးမှ ဘာသာရေး အဆုံးအမနှင့်အညီ မိမိတို့ နည်းစနစ်ဖြင့် ကာကွယ်စောင့်ရှောက်သည့် ရိုဟင်ဂျာတို့၏ မွန်မြတ်သော စိတ်ဓာတ်ကို ဖော်ပြသည့်အပြင် ရိုဟင်ဂျာလူမျိုးတို့၏ နေထိုင်မှု ဓလေ့ထုံးစံနှင့် အဆင့်အတန်းကိုလည်း ပေါ်လွင်ပေးနေပါ သည်။ ဆိုရိုး၏ အဓိကအပိုင်းက Maiya Fuwain (အမျိုးသမီးများ) နှင့်  Fáñs Gíra (အကာအကွယ် ငါးမျိုး) ဆက်နွယ်မှုကို ဖော်ပြပေးခြင်းဖြစ်ပါသည်။ ဤ အမျိုးသမီးနှင့် အကာငါးမျိုးကား စကားတိုလွန်းသော်လည်း အဓိပ္ပာယ်နက်ရှိုင်းလှပါသည်။ 


ရိုဟင်ဂျာလူမျိုးတို့၏ နေထိုင်မှုဓလေ့သည် ယဉ်ကျေး သိမ်မွေ့လှကြောင်း ရှေ့ကဆောင်းပါးများတွင်လည်း အထောက်အထား သာဓကနှင့်တကွ  ဖော်ပြခဲ့ပြီး ဖြစ်သည်။ ယခု ဤ ရှေးစကားကလည်း ရိုဟင်ဂျာတို့သည် ယဉ်ကျေး သိမ်မွေ့သော လူမျိုးဖြစ်ကြောင်း ဖော်ပြသည့် အထောက်အထား တစ်ခုဖြစ်ပါသည်။ ရိုဟင်ဂျာတို့၏ နေအိမ်ဆောက်သည့် ပုံစံက မည်သည့်လူမျိုးနှင့် မတူဘဲ တစ်မူထူးခြားလှသည်။ မြင်မြင်ချင်း ရိုဟင်ဂျာလူမျိုး၏ အိမ်ခြံဖြစ်ကြောင်း သိနိုင်ပါလိမ့်မည်။ အာရ်ကာန်ပြည်တွင် လူမျိုးနှစ်မျိုး ဒွန်တွဲနေထိုင်သော်လည်း အချို့ဓလေ့ထုံးစံတို့မှာ နီးစပ်ဆက်နွယ်မှုရှိသော်လည်း၊ အချို့မှာမူ သိသိသာသာ ခွဲပြားခြားနားပါသည်။ 



ရိုဟင်ဂျာတို့သည် မိမိတို့နေထိုင်သောအိမ်ကို ယာယီတဲသဖွယ် စည်းမဲ့ကမ်းမဲ့ တည်ဆောက်သည် မဟုတ်၊ လူနေအိမ်ဟု ခေါ်လောက်သော အင်္ဂါရပ်ပြည့်စုံအောင် သေသေသပ်သပ် ဆောက်လုပ်ပြီး အိမ်ခြံကိုလည်း အမျိုးမျိုးသော အကာအကွယ်ဖြင့် ပတ်ပတ်လည် ဝန်းရံစည်းခတ်ကြသည်။ ထိုအကာအကွယ်တို့မှာ- 

(၁) Zóli ခေါ် အပြင်ခြံစည်းရိုး၊
(၂) Olíbólir gírá ခေါ် မုခ်တံခါးကာ (အိမ်ခြံတစ်ခုလုံး အတွင်းမှ ကာသည်မဟုတ်၊ အပြင်မှ ဝင်လာသော လူသည် ဝင်ဝင်ချင်း အတွင်း၌ ရှိသော လူကို တိုက်ရိုက် မမြင်ရအောင် မုခ်တံခါး (Gáñçá) နောက်မှာ အကာအကွယ် တစ်မျိုးဖြစ်သည်။)
(၃) Añttúa gíra (အမည်ကွဲရှိသည်) ခေါ် အိမ်နောက်ဖေးကို ကာရံထားသော အကာ ဖြစ်သည်။


ဤသို့ အင်္ဂါရပ် သုံးခုနှင့် ရိုဟင်ဂျာတို့၏ အိမ်ခြံများကို  စနစ်တကျ ခြံစည်းရိုးခတ်လေ့ရှိသည်။ Zoli အပြင်အကာမှာ ကျွဲ၊ နွား တိရစ္ဆာန်တို့၏ နှောက်ယှက်မှု၊ မကောင်းစိတ်ရှင်တို့၏ နှောက်ယှက်မှုမှ ကာကွယ်ရန်ဖြစ်သည်။ Olibolir Girá သည် အပြင်လူများ အိမ်ခြံထဲသို့ ဝင်သောအခါ ဝင်ဝင်ချင်း အထဲရှိလူများကို တိုက်ရိုက်မမြင်ရအောင် ဂိတ်ဝ နှင့် မနီးမဝေးတွင် ကန့်လန်ဖြတ် ကာထားသော အကာအပိုင်းအစဖြစ်သည်။ အိမ်နောက်ဖေးသည်  အိမ်တွင်းမှုကို အများအားဖြင့် လုပ်ကိုင်သည့် အမျိုးသမီးများ အလုပ်လုပ်ရာ နေရာဖြစ်သည်။ အိမ်ခြံအတွင်း မြေကွက်လပ်တွင် သီးနှံများစိုက်ပျိုးခြင်း၊ အဝတ်လျှော်ဖွတ်၊ ဆန်ထောင်း စသော အလုပ်များကို လုပ်ဆောင်လေ့ရှိသော နေရာဖြစ်ပေသည်။ ထို့ကြောင့် အမျိုးသမီးများအား အနှောင့်အယှက်ကင်း၍ လွှတ်လွှတ်လပ်လပ် လုပ်ဆောင်နိုင်ရန် ကာခြင်းဖြစ်ပေသည်။ အမျိုးသမီးများသည် ဤသို့သော် အကာအကွယ်အတွင်း နေထိုင်သည့်အပြင် အိမ်နံရံ နှင့် မိမိတို့၏ ယဉ်ကျေးသိမ့်မွေ့သော အဝတ်အစား အဆင်အယင် တန်ဆာ ကလည်း အကာအကွယ် တစ်ခုဖြစ်ပေသည်။ ဤသို့သော် အကာကွယ်နှင့် စောင့်ရှောက်ထားခြင်းကား ရိုတို့သည် အမျိုးသမီးများကို တန်းတူညီတူ ဆက်ဆံသည်သာ မဟုတ်ဘဲ အမျိုးသားများထက်ပင် ပို၍ အလေးထား ဂရုစိုက် အခွင့်အရေးပေးနေဟန် ထင်ရှားနေပေသည်။ အချုပ်အားဖြင့်  အဆို၌ပါရှိသော Fañs Gíra (အကာ ငါးခု) မှာ-

၁။ Zóli 
၂။ Olíbólir gírá 
၃။ Añttúa gíra 
၎။ Góror berá 
၅။ Gaar hoor တို့ဖြစ်ကြပါသည်။ 

[Read Also: ဘာသာတရားအသီးသီးမှ ဟိဂျာပ်အကြောင်း]


ဤသို့အကာအကွယ် ငါးခုထဲတွင် နေသည့် အဖိုးတန်ဆုံး မွန်မြတ်သော ရိုအမျိုးသမီးများ၏ နေထိုင်မှုစနစ်၊ ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် ရင်းနှီးမှုမရှိသော အချို့လူတို့က အထင်မှား၍ “အလို! ရိုအမျိုးသမီးများကို အကာငါးခု ခတ်၍ သိမ်းထားခံရ သည်။ အိမ်တွင်းပုန်းသည်၊ အမျိုးသမီး အခွင့်အရေးကို  ပိတ်ပင်သည် စသည်ဖြင့် ကိုယ်တွေးထင်ရာ ဝေဖန်ကြလေ သည်။  စင်စစ်သော်ကား အကာ ငါးခုကို အထစ်ထစ် ပတ်ပတ်လည် စည်းခတ်သည့်မဟုတ်ပါ။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ခြံစည်းရိုးတစ်ခုတည်းထဲတွင် အင်္ဂါရပ် သုံးခု ပါဝင်ခြင်းသာဖြစ်သည်။ ထိုခြံစည်းရိုးရှိ အိမ်ထဲတွင် မိသားစုဝင် အမျိုးသားများလည်း နေထိုင်ကြသည် မဟုတ်ပါလော။ ဤခြံစည်းရိုးသည် ရိုတို့၏ အိမ်ဝင်းခတ်သည် ပုံစံတစ်ခုသာဖြစ်သည်။  အမျိုးသမီးများကို အိမ်အပြင်ထွက်ခြင်း ပိတ်ပင်သည်လည်း အလျှင်းမဟုတ်ပါ။ အခွင့်အရေးများ ပိတ်ပင်တားဆီးသည်လည်း  မဟုတ်ချေ။  အိမ်အပြင် ထွက်လိုကား ထွက်နိုင်ပါသည်။ အလုပ်အကိုင် လုပ်လိုကား လုပ်နိုင်သည်။ သို့သော် အမျိုးသမီးအိနြေ္ဒတန်ဆာဖြစ်သော ပါရ်ဒါဟ် အကာအကွယ်နှင့် အပြင်ထွက်ရန်သာ ဖြစ်သည်။ အခြားယောက်ျားများက ဆွဲဆောင်ဖွယ်ဖြစ်သော အဝတ်အစား ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ရန်သာဖြစ်သည်။ ရိုဟင်ဂျာ အမျိုးသမီးများသည် အမျိုးသားများနှင့် အတူ လယ်လုပ်၊ ယာခုတ်၊ ဆန်စပါး ထောင်း၊ ဗိုင်းငင် စသည့် အလုပ်အနုကြမ်းများမှာပင် တန်းတူညီတူ အလုပ်ခွင်သို့ ပါဝင်ကူညီကြသည်ကို အာရ်ကာရ်ပြည်တစ်ခွင်တွင် တွေ့မြင်ရမည်ဖြစ်သည်။ အကယ်၍ အမျိုးသမီးများကို အပြင်ထွက်ခြင်းပိတ်ပင်သော် ဤအလုပ်မျိုးကို မည်သို့ လုပ်နေသနည်း။ စဉ်းစားကြည့်ပါလော။ 



ကာမအာရုံသည် မနုဿနှင့် မကင်းဖြစ်သည်။ ထိုကာမအာရုံသည် ကျူးလွန်ခြင်းသည် ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်သည်။ ကာမအာရုံကို လှုံ့ဆော်ပေးသော အမြင်၊ အသံ၊ အနံ့၊ အတွေ့၊ အရသာ တို့ကို အိနြေ္ဒရှိရှိ စောင့်ထိန်းရပါမည်။ ဤပဉ္စအိနြေ္ဒကို စောင့်ထိန်းခြင်းသည် ကျက်သရေဆောင် အမျိုးသမီး၏ တာဝန်ဖြစ်ပေသည်။ ဘာသာတရား တိုင်းတွင်လည်း အမျိုးသမီးများကို ထိုသို့ အိနြေ္ဒရှိစွာ သွားလာနေထိုင်ရန် ဆုံးမထားသည်ကို တွေ့ရှိနိုင်သည်။ 



ထို့ကြောင့်သာ ရိုအမျိုးသမီးများ အပြင်ထွက်သောအခါ ဘိုရ်ခါ ဝတ်ရုံခြုံကာ မျက်လွှာ အောက်ချ သွားကြပါသည်။  ပြင်းပြသော မွှေးနံ့သာ လိမ်းခြင်း၊ ပါးလွှာသော အဝတ်အထည် ဝတ်ဆင်ခြင်း၊ အမျိုးသားများနှင့် ရောနှောနေထိုင်ခြင်း၊ အမျိုးသားများနှင့် မလိုအပ်ဘဲ နောက်တီးနောက်တောက် စကားပြောဆိုခြင်းတို့မှ ရှောင်ကြဉ်ကြသည်။ ရိုယဉ်ကျေးမှုအရ ဘာသာရေးလမ်းညွှန်ချက်နှင့်အညီ နေထိုင်ခြင်းဖြစ်ပေသည်။ အိမ်တွင်းအများအားဖြင့် နေထိုင်ရခြင်းသည်လည်း ရိုဟင်ဂျာ လူမျိုးသည် Male Dominion အိမ်ထောင်ရေးကို ကျင့်သုံးပါသည်။ မြန်မာလူမျိုးတွင် Female Dominion အိမ်ထောင်ရေး ဖြစ်၍ အမျိုးသမီးများက အိမ်ထောင်ရေးကို ကြီးကြပ်ကြသည်။ သို့ဖြစ်ပါ၍ ရိုဟင်ဂျာ အမျိုးသမီးများသည် အိမ်တွင်းရေး တာဝန်များကို ကြီးကြပ်ရပြီး အမျိုးသားများမှာ အပြင်လောက လုပ်ငန်းများကို တာဝန်ယူရသည်။ ရုံးအလုပ်ကို တာဝန်ယူရသည့်လူသည် အများအားဖြင့် ရုံးထဲတွင် နေရမည်ဖြစ်ပါသည်။ ထိုနည်းတူ အိမ်တွင်းမှုကို ကြီးကြပ်ရသည့် သူသည် အိမ်တွင်း၌ အချိန်အများအပြား ကုန်ဆုံးမည်မှာ ထူးခြားစရာ မဟုတ်ပါ။ 



 ဤသို့ အိနြေ္ဒရှိရှိ ဝတ်ဆင်ခြင်းသည် မိမိကို အခြားတစ်စုံတစ်ယောက်၏ အန္တရာယ်ပြုခြင်းမှ ကာကွယ်သည့် အပြင် အခြားယောက်ျား တစ်စုံတစ်ယာက်ကိုလည်း ကာမအာရုံ လှုံဆော်ပေး၍ မကောင်းမှုဖြစ်စေခြင်းမှ  ကယ်ဆယ်လိုက်ခြင်းပင် ဖြစ်လေသည်။ မည်သည့် ဘာဘာဖြစ်စေ၊ မည်သည့် လူမျိုးဖြစ်စေ  သည်ကာမဂုဏ် ငါးရပ်ကို ထိထိရောက်ရောက် မထိန်းစောင့်လျှင် ယနေ့ကမ္ဘာတွင် ဖြစ်ပျက်လျက်ရှိသော မုဒိမ်းမှု၊ လိင်လုပ်ငန်း၊ အမျိုးသမီးဘဝများကို ဖျက်ဆီးမှု၊ အိမ်ထောင်ရေး မတည်ငြိမ်မှု စသော လူမူအသိုင်းအဝိုင်းများ ပျက်စီးစေတတ်သော ဒုစရိုက်များကို တားဆီးနိုင်မည်မဟုတ်ပါ။ ယဉ်ကျေး လိမ္မာသော လူသားသည် တိရစ္ဆာန်ထက်တောင် ရိုင်းစိုင်းသွားပါလိမ့်မည်။ 


ဤသို့လျှင် အမျိုးဂုဏ် ကျက်သရေဆောင်သော ရိုအမျိုးသမီးများ၏ နေထိုင်မှု ဓလေ့ထုံးစံသည် လူ့အခွင့်အရေးကို ပိတ်ပင်သည်မဟုတ်ဘဲ ယဉ်ကျေးသော လူ့အဖွဲ့အစည်းကို ဖော်ဆောင်နေခြင်းပင် ဖြစ်ပေသတည်း။