Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, April 17, 2020

ရိုဟင်ဂျာလူမျိုး ၏ ရှေးဟောင်းအမွေအနှစ်များ ကာကွယ်တါးဆီးပေးပါရန် အိတ်ဖွင့်ပေးစာ


နိုင်ငံတော်အကြီးအကဲများနှင့် တာဝန်ရှိ လူကြီးမင်းများမှ အမြန်ဆုံး ကာကွယ်ထိန်းသိမ်းပေးပါရန်

လေးစားစွာဖြင့်-            

နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံတော်၏အုပ်ချုပ်ရေးနယ်နမိတ်အတွင်းရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ပေးနိုင်ရန် ထိုအုပ်ချုပ်ရေး တာဝန်ယူထားသော အဖွဲ့အစည်းများမှာ ကမ္ဘ့ာရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့အစည်းများနှင့်ပူးတွဲတာဝန်ရှိပါသည်။           

ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံ၌ ယခင်စနစ်ဆိုးခဲ့သောခေတ်အဆက်ဆက်တို့၏ ကြီးနိုင်ငယ်ညှင်း၊ အားနည်းသော လူမျိုးနွယ်စုကိုအင်အားကြီးသေါ လူမျိုးစုတို့က အနိုင်ကျင့်နှိပ်စက်မှုဖြင့် လူနည်းစုတို့၏ လူ့အခွင့်အရေး၊ လူသားအခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများပါ ဆုံးရှုံးခဲ့ရသည့်အပြင် ထိုလူနည်းစုတို့၏ ယဥ်ကျေးမှု၊ စာပေနှင့် ရှေးဟောင်းအမွေအနှစ်များပါ ဖျက်ဆီးဆုံးရှုံးခံခဲ့လာရပါသည်၊         

အထူးသဖြင့် ရခိုင်ဒေသရှိ ရိုဟင်ဂျာလူမျိုး (မလိုလားသူတို့အခေါ် ဘဂ်လီမူဆလင်)တို့၏ အေါက်ပါ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်များကို အစွန့်ရောက် အင်အားစု (အစွန့်ရောက် အဖွဲ့အစည်းများမှ)များ၏ ဖျက်ဆီးမှုမှ ကာကွယ်တါးဆီးပေးပါရန်နှင့် ပြန်လည်ဖော်ထုတ်တည်ဆောက်ပေးပါရန် တင်ပြတောင်းဆိုအပ်ပါသည်။

သမိုင်းဝင်ရှေးဟောင်း အဆောက်အဦး တစ်ချို့ကို ဖော်ပြရသော် (ဖျက်ဆီးပြီး၊ ဖျက်ဆီးဆဲရှေးဟောင်း အဆောက်အဦးများဖြစ်သည်)


၁။ ရခိုင်ထီးနန်းတင်မြောက်ရန် ရောက်ရှိခဲ့သော ဘဂ်လားမှ နဇိရ်သျှား၏ နောက်လိုက်စစ်သားများက ခရစ်နှစ် ၁၄၃၃ ခုနှစ်တွင်တည်ဆောက်ခဲ့သော မြောက်ဦးမြို့နယ်၊ ကဝါလောင်ရွာ (မင်းတရားပြင်) အရှေ့ဖက်ရှိ စန္ဒီခါန်းဗလီကို ကျောက်လှေခါးခေတ် နောက်ဆုံးဘုရင် နရမိတ်လှအားထီးနန်းတင်စဥ်၊

၂။ စစ်တွေမြို့နယ်တောင်ဖက် ဗဒရ်မကာမ်(ခေါ်) ဗုဒ္ဓေါမော်ဗလီနှင့် ဗဒရ် သူတော်စင်က တရားအားထုတ်သော ဓမ္မစခမ်း၊

၃။ စစ်တွေမြို့ ကန်တော်ကြီး အနောက်မြောက်တောင့်တွင်ရှိသော ဘာဘာကြီးသခ်ျိုင်းဂူနှင့် ဗလီကြီး၊

၄။ စစ်တွေမြို့နယ် နာဇီရွာ အိစ္စလာမ်သခ်ျိုင်းတွင်ရှိသော မူဆားဒေဝန်ဗလီ၊

၅။ မြောက်ဦးမြို့အရှေ့ဖက် ၂ မိုင်ခန့်အကွာရှိ ကျောက်ထုံးကြီးများဖြင့်ဆောက်လုပ်ထားသော မဂျားဗလီ(ခေါ်) မူဆားဗလီနှင့် ရေကန်ကြီး၊

၆။ မင်းပြားမြို့နယ် ပန်းမြောင်တွင် ခရစ်သက္ကရာဇ် ၁၆၆၆ ခုနှစ်တွင် တည်ဆောက်ခဲ့သော အာလေါမ်လောရျှကာရျဗလီနှငျ့ ရကေနျကွီး ၁၂ ကန်၊

၇။ မငျးပွာမွို့နယျ ကွိတျတောငျအနီးရှိ ရှှဓေါးကာဇီ (အဂ်လိပ်-မြန်မာပထမစစ်အတွင်း အဂ်လိပ်ကို သူ့ကျွန်မခံတိုင်းချစ်၊ အမျိုးချစ်ခေါင်းဆောင်သူရဲခေါင်းကိုဖမ်းဆီး၍ ကာလကတ္တား အကျဥ်းထောင်တွင် ထောင်ဒဏ်ကျခံရစဥ် အဂ်လိပ်နှိပ်စက်ဒဏ်ကြောင့် အာဇာနည်ဖြစ်ခဲ့ရသူ)က ဆောက်လုပ်ခဲ့သော ရွှေဓါးကာဇီဗလီ၊

၈။ မြောက်ဦးနန်တော်အနီးရှိ နံသာကန်နှင့် နန်းဦးဗလီ၊

၉။ ကာဇီဗလီ (ကျောက်တော်မြို့နယ်၊ ပိုက်သည်ရွာရှိ)

၁၀။ဘူးသီးတောင်မြို့နယ်၊ ဘဂုံးနားရှိခါလာဆီမီယါသျှားဒရ်ဂါသခ်ျိုင်းနှင့်မြို့ပေါ် အထက်တန်းကျောင် အနောက်ဖက် ရှီကန်ဒါရ်သျှားဂူဗိမာန်နှင့်ဓမ္မစခမ်းတို့ဖြစ်ပြီး၊

အောက်တွင်ဖော်ပြထား ယခုဖျက်ဆီးနေသော စစ်တွေဗလီကြီးကိုကာ

ကွယ်ထိန်းသိမ်းပေးပါရန် (ဖျက်ဆီးဆဲ)

ထိုရှေးဟောင်းဗလီကြီးသည် လွန်ကဲ့သော နှစ်ပေါင်း ၂၀၀ ကျော်ကတည်ဆောက်ခဲ့သော ကမ္ဘာ့ရှေးဟေါင်း အမွေအနှစ်အဆောက်အဦးဖြစ်ပြီးလူသားအားလုံးအတွက် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းအဆောက်အဦးကြီးကို ကာကွယ်တားဆီးထိန်းသိမ်း ပေးပါရန် ဒေသခံတို့၏ တောင်းဆိုမှုကို တင်ပြတေါင်းဆိုအပ်ပါသည်။

ဤဗလီကြီးသည် ရခိုင်ပြည်နယ်စစ်တွေမြို့ လမ်းမကြီးပေါ်ရှိဗလီးကြီဖြစ်ပြီး ထိုဗလီကြီး၏ မြောက်ဖက် မြေနေရာသည်လည်း ဗလီပိုင်မြေနေရာကိုမတရားသိမ်းပြီး ရခိုင်ယဥ်ကျေးမှုပြတိုက်အဖြစ် ဖွင့်လိုက်ထားပါသည်။


လေးနက်စွာဖြင့်

ကျော်စိုးအောင်

(၁၈-၄-၂၀၂၀)

မှတ်ချက်     ။ 

သမိုင်းဆရာကြီး ဦးကျော်မင်း၏ တိမ်မြုပ်နေသော သမိုင်းတစ်စေ့တစောင်းမှ သမိုင်းဝင် ရှေးဟောင်းအဆောက်အဦး ရှူပါ။

Friday, April 10, 2020

ရိုဟင်ဂျာလူမျိုးအပေါ်ဆင်နွှဲခဲ့သော စစ်ဆင်ရေးများ


ရိုဟင်ဂျာလူမျိုးအပေါ် ဆင်နွှဲခဲ့သော မဟာဗျူဟာမြှောက်စစ်ဆင်ရေးများ


(၁) ၁၉၄၈ ခုနှစ် အမှတ် (၅) တပ်မတော်တပ်ရင်း စစ်ဆင်ရေး

(၂) ၁၉၄၉-၅၀ ခုနှစ် ဘီတီအဖ် (BTF) စစ်ဆင်ရေး

(၃) အမှတ် (၁၅) ချင်းခြေလျင်တပ်ရင်း စစ်ဆင်ရေး

(၄) ၁၉၅၂-၅၃ ခုနှစ် မေယုစစ်ဆင်ရေး

(၅) ၁၉၅၄ ခုနှစ် မုတ်သုန်စစ်ဆင်ရေး

(၆) ၁၉၅၅ ခုနှစ် လူဝင်မှုကြီးကြပ်ရေးနှင့် တပ်မတော် ပူးပေါင်းစစ်ဆင်ရေး

(၇) ညီညွတ်သော တပ်မတော်အင်အား ယူအမ်အဖ် (UNF) စစ်ဆင်ရေး

(၈) ၁၉၅၉ ခုနှစ် ကပ္ပတိန် ထင်ကျော် စစ်ဆင်ရေး

(၉) ၁၉၆၆ ခုနှစ် အောက်တိုဘာလ ရွှေကျီး စစ်ဆင်ရေး

(၁၀) ၁၉၆၆ ခုနှစ် အောက်တိုဘာလ-ဒီဇင်ဘာလ ကျီးကန်းစစ်ဆင်ရေး

(၁၁) ၁၉၆၇-၆၉ ခုနှစ် ငဇင်ကာစစ်ဆင်ရေး

(၁၂) ၁၉၇၁ ခုနှစ် ဖေဖေါ်ဝါရီလ မြတ်မွန် စစ်ဆင်ရေး

(၁၃) ၁၉၇၃ ခုနှစ် မေဂျာအောင်သန်း စစ်ဆင်ရေး

(၁၄) ၁၉၇၄-၇၇ ခုနှစ် ဖေဖော်ဝါရီလအထိ စပယ်စစ်ဆင်ရေး

(၁၅) ၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလ နဂါးမင်းစစ်ဆင်ရေး

(၁၆) ၁၉၇၉- ၈၀ ခုနှစ် ဂဠုန်စစ်ဆင်ရေး

(၁၇) ၁၉၈၀ ပြည့်နှစ် ဟင်္သာစစ်ဆင်ရေး

(၁၈) ၁၉၉၁-၉၂ ခုနှစ် ဇူလိုင်လ ပြည်သာယာစစ်ဆင်ရေး

၁၉၉၁ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာစစ်သားများက နယ်စပ်ကို ဖြတ်ကျော်လာပြီးနောက် ဘင်္ဂလားဒေ့ရ်ှ စစ် စခန်းတခုကို တိုက်ခိုက်မိခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုက ဘင်္ဂလားဒေ့ရှ် -မြန်မာ ဆက်ဆံရေးတွင် အဓိက ကျသည့် အစွန်းအထင်းတခုကို ဖြစ်ပေါ်စေခဲ့သည်။ အဆိုပါဒေသတွင် စစ်ဆင်ရေးများ တိုးမြှင့်လာသည့် အတွက် ၁၉၉၂ ခုနှစ် ဧပြီလအထိ အရပ်သား ၂၅၀၀၀၀ ကျော် ထွက်ပြေးခဲ့ကြရသည်။

(၁၉) ၁၉၉၂ မှ နယ်စပ်ဒေသ ကြီးကြပ်ကွပ်ကဲမှု စစ်ဆင်ရေး

နယ်စပ်ဒေသ ကြီးကြပ်ကွပ်ကွဲမှု စစ်ဆင်ရေးမှာ နဝတအစိုးရက စတင်လိုက်သော စစ်ဆင်ရေးဖြစ်သည်။ ရိုဟင်ဂျာတို့၏ ရပိုင်ခွင့်အစစကို ရိုက်ချိုးသိမ်းခဲ့သော အဆုံးသတ်ပွဲ ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။ လူ့အခြေခံရပိုင်ခွင့်များဖြစ်သော မွေးဖွားခြင်း၊ သေဆုံးခြင်း၊ သွားလာခြင်း၊ ပိုင်ဆိုင်ခြင်း၊ မွေးမြူခြင်း၊ စိုက်ပျိုးခြင်း၊ ပညာသင်ခြင်း၊ အမှူးထမ်းခြင်း အသီးသီးတွင် အကန့်အသတ်ဖြင့် ချုပ်ချယ်ခဲ့သည်။ ရိုဟင်ဂျာတို့ သည် လူသားဖြစ်တည်မှု အခွင့်အရေးများကိုပင် ဆုံးရှုံးခဲ့ရသည်။ အမျိုးသားမှတ်ပုံတင်များကို လုယူသိမ်းပိုက်ကာ ယာယီမှတ်ပုံတင်ကတ်ပြားများ ထုတ်ပေးခဲ့သည်။ နှစ်စဉ် လူဦးရေ စစ်ခြင်း


(၂၀) ၂၀၁၂ ခုနှစ် တတိယနိုင်ငံပို့ဆောင်ရေး စစ်ဆင်ရေး

တတိယနိုင်ငံ ပို့ဆောင်ရေး စစ်ဆင်ရေးမှာ ၂၀၁၂ လူမျိုးရေးအဓိကရုဏ်းကို အကြောင်းပြ၍ စတင်ခဲ့သည်။ မသီတာထွေး အသတ်ခံရမှုကို အကြောင်းပြု၍ ရခိုင်လူယုတ်အချို့က သာသနာ့အားထုတ်သည့် မြန်မာမွတ်စလင် အချို့ကို တိုက်ခိုက်ရာမှ လူမျိုးရေးမီးပွားလောင်ကာ သမိုင်းဝင် အဓိကရုဏ်းဖြစ်လာခဲ့သည်။ အာဏာရအစိုးရသည် ပြဿနာကို ငြိမ်းအောင် ဖြေရှင်းပေးမည့်အစား ရခိုင်ဖက်မှ ရပ်တည်ကာ အားပေးခြင်း၊ ကိုယ်တိုင်ပါဝင်များ ပြုလုပ်ခဲ့တယ်။ ရခိုင်ပြည်အထက်ပိုင်းရှိ စစ်တွေ၊ ပုဏ္ဍားကျွန်း၊ ကျောက်ဖြူ၊ သံတွဲ၊ မြောက်ဦး စသောမြို့များမှ ရိုဟင်ဂျာရွာဟူသမျှကို မီးရှို့ပျက်စီးခြင်း၊ အပြစ်မဲ့ ရိုဟင်ဂျာများကို သတ်ဖြတ်ခြင်း ၊ လုယက်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း စသည်တို့ကို ထင်ထင်ရှားရှား ဆောင်ရွက်ခဲ့သည်။ အစိုးရဘက်မှ မည်သည့်အကာအကွယ်မှ မရရှိခဲ့ချေ။ တစ်သိန်းနီးပါး ရိုဟင်ဂျာများ သေကျေပျက်စီးခံရကာ ကျန်ရိုဟင်ဂျာများ IDP ဒုက္ခသည်စခန်းသွင်း ခံခဲ့ရသည်။ ထိုလူများသည် ယနေ့အထိ IDP ဒုက္ခစခန်း၌သာ ရှိနေဆဲဖြစ်သည်။ နိုင်ငံတော်သမ္မတ ကိုယ်တိုင်က    ရိုဟင်ဂျာတို့ကို တတိယနိုင်ငံသို့ ခေါ်ဆောင်သွားရန် လူသိရှင်ကြား တိုက်တွန်းခဲ့သည်။ 

(၂၁) ၂၀၁၄ ခုနှစ် မိုးပွင့် စစ်ဆင်ရေး

မိုးပွင့်စစ်ဆင်ရေးနှင့် မှတ်ပုံတင်ကတ်ပြားထုတ်ပေးရေးမှာ ကြားရုံနဲ့ ကူညီသလိုထင်ရ၍ ရိုဟင်ဂျာတွေအတွက်တော့ နိုင်ငံသားအခွင့်အရေးပါ လုယူလိုက်တဲ့ စစ်ဆင်ရေးဖြစ်ပါတယ်။ တစ်နယ်နေ၊ တစ်ရွာအိပ် သူများကို နှစ်မျိုးနှစ်စား ခွဲခြားပြီးတော့ မှတ်ပုံတင်ကတ်ပြား ထုတ်ပေးခြင်းဖြစ်တယ်။ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်၊ ဇွန်လ မှ စတင်ခဲ့တာဖြစ်ပါတယ်။    ရိုဟင်ဂျာများကို နိုင်ငံခြားမှဝင်ရောက်လာသူကို ထုတ်ပေးတဲ့ NVC ကတ်ပြားတွေကို အတင်း ကိုင်ဆောင်ခိုင်းတဲ့စစ်ဆင်ရေးဖြစ်ပါတယ်။ ဤ စစ်ဆင်ရေးကြောင်းလဲ များစွာသော ရိုဟင်ဂျာများ မိမိနေရပ်မှ ထွက်ပြေးခဲ့ရတယ်။ 

(၂၂) ၂၀၁၆ ခုနှစ် နယ်စပ်လုံခြုံရေး စစ်ဆင်ရေး

နယ်စပ်လုံခြုံရေးနှင့် နယ်မြေရှင်းလင်းရေး အမည်တပ် စစ်ဆင်ရေးကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တင်ခဲ့သည်။ ရိုဟင်ဂျာလက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့က ဌာနချုပ်ကို ဝင်စီးတိုက်ခိုက်သည်ဟု အကြောင်းပြ၍ စပြုခဲ့လေသည်။ အပြစ်ရှိလက်နက်ကိုင် တပ်ဖွဲ့ဝင်များကို ဖမ်းဆီးအရေးယူမည့်အစား စစ်တပ်များက ရိုဟင်ဂျာ အိုးအိမ်အများအပြားကို ကိုယ်တိုင် မီးရှို့ပျက်စီးကာ အပြစ်မဲ့ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။ မောင်တောမြောက်ပိုင်းမှ စတင်ခဲ့သော အဆိုပါစစ်ဆင်ရေးသည် ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော အထိ တိုးချဲ့ပြုလုပ်ခဲ့သည်။ တစ်နှစ်တိုင်တိုင် အရှိန်မြင့်စွာဖြင့် ရက်စက်ဖိနှိပ်ခဲ့ရာ လူပေါင်း ၈၇၀၀၀ ကျော် ဒုက္ခသည်အဖြစ် တစ်ဘက်နိုင်ငံတွင် ထွက်ပြေးခိုလှုံခဲ့ရသည်။ အပြစ်မဲ့သူ ၁၅၀၀ ခန့် နှစ်ရှည် ထောင်သွင်းခံခဲ့ရသည်။ လူ ရာပေါင်းများစွာ သတ်ဖြတ်ခံရသည်။ ရွာပေါင်း ၂၀ ကျော် မီးရှို့ပျက်စီးခဲ့သည်။ 

(၂၃) ၂၀၁၇ ခုနှစ် ဇွဲမာန်ဟုန် စစ်ဆင်ရေး

ဇွဲမာန်ဟုန် စစ်ဆင်ရေးကျတော့ အဆုံးသတ်ပွဲ ဖြစ်ပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှုကို နောက်ဆုံးအနေနဲ့ ဆင်နွှဲလိုက်တဲ့ ပွဲဖြစ်တယ်။ 




Tuesday, April 7, 2020

အကုသိုလ်ကို ကုသိုလ်ထင်နေတာ မှန်ရဲ့လား



အကုသိုလ်ကို ကုသိုလ်ထင်နေတာ မှန်ရဲ့လား
•••••••••••••••••••••••••

ကုရ်ဗာနီအီးဒ်နေ့ရဲ့ နေ့လည်ပိုင်းမှာ " အသားတွေကို ကြွပ်ကြွပ်အိပ်အမဲနဲ့ ထည့်ပြီးတော့ လူမျိုးဘာသာ မခွဲခြားဘဲ ကျနော်လိုက်လံဝေမျှခဲ့ရင်း "

တနေရာအရောက်မှာ မင်းတို့ ကိုးကွယ်တာ အဓိပ္ပာယ်မရှိဘူးလို့ တခါပြောဖူးတဲ့သူနဲ့ ပြန်တွေ့ပြန်တယ်။ ထိုလူ၏ အစ်ကိုကတော့ ကျနော့ထံမှ အသား ၁ ထုပ်တောင်းပါတယ်။ သူလည်းရှိတော့ ကျနော်သူ့ကိုလည်း လှမ်းပေးလိုက်ပါတယ်။ သူကတော့ မယူပါဘူး၊ မယူတဲ့အပြင် "အကုသိုလ် လုပ်ပြီးကုသိုလ်လို့ထင်တဲ့ မင်းကိုငါသနားလိုက်တာတဲ့လေ"


ကျနော်လည်း ဝေစရာတွေက ရှိသေးတာနဲ့ တိုတိုလွယ်လွယ်သာချေပခဲ့ပါတယ်။

(ပါဏ္ဏာတိပါတာ ဝေဒါမဏိ သိင်္က္ခါ ဗတံသမာဒိ ရာမိ )

သူတပါးရဲ့ အသက်ကို မသတ်ဖို့ မြတ်စွာဘုရားရှင်ဟောကြားတော်မူတာ ကျနော်လက်ခံပါတယ် " အကို "။ ဒါပေမယ့် ကျနော်သဘောပေါက်ထားတာက "မြတ်စွာဘုရားရှင် သူဟောတဲ့ သူများအသက်ဆိုတာ "တိရိစ္ဆာန်ကို မဖေါ်ညွှန်းထားပါဘူး။ လူလူခြင်းကိုသုံးထားတာပါ။ ဒါကြောင့် "သူ"လို့ နာမ်စားသုံးထားတာပေါ့။


ပြီးတော့ မြတ်စွာဘုရားရှင်ကိုယ်တိုင်သာ တိရိစ္ဆာန် လို့ ရည်ရွယ်ဟောကြားခဲ့ရင် "ဘာကြောင့် ၀က်ဖြူသားကိုစားသုံးခဲ့သလဲ? ဆိုတာ" စဉ်းစားစရာပါ။ ဘာသာတိုင်းကို အသီးသီးယူဆောင်လာခဲ့သော 

မိုးဇက်၊ ဂေါတမ၊ ယေရှု၊ မဟာဝီရ၊ ခရစ်ရှနားနှင့် နောက်ဆုံးဖြစ်သော (မိုဟာမ္မဒ်)صلي الله عليه وسلمတမန်တော်တို့သည်! ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာတို့ကို ယူဆောင်လာခဲ့တယ်။ ထိုလူပုဂ္ဂိုလ်တွေဟာ အဟောတမျိုး အလုပ်တမျိုးမလုပ်ခဲ့ကြတဲ့ စံပြလူသားတွေပါ။ ဒါကြောင့် ဂေါတမဘုရားရှင်ဟာ ၀က်ဖြူသားစားခဲ့သည့်အတွက် (ပါဏ္ဏာတိ ပါတာ ဝေဒါမဏိ သိင်္က္ခါ ဗတံသမာဒိရာမိ)ဆိုသည်မှာ လူလူချင်းတရားမဲ့စွာ မသတ်ဖြတ်ဖို့ ညွှန်ကြားထားခြင်းသာဖြစ်ပေသည်။ စဉ်းစားကြည့်ပါ။ အကယ်၍ တိရိစ္ဆာန်ကိုပါ မသတ်ခိုင်းတာသေချာရင် "အရှင်ဂေါတမဟာ လိမ်လည်ဟောကြားခဲ့သည်ဟု အဓိပ္ပာယ်ဖြစ်စေနိုင်တယ်။ ဂေါတမဘုရားရှင်ဟာ အဘယ်မျှ လိမ်ညာဟောကြားခြင်း လုံးဝမရှိခဲ့ပေ။ ကြားနာသောပရိသတ်၏ နားလည်မှုလွဲနေသည်သာဖြစ်နိုင်ပါတယ်လို့ "ကျနော်ရှင်းပြရင်း" သွားလိုက်ပါဦးမယ် အကို "ဟုပြောကာ ပြန်လာခဲ့လေတယ်။ "သူလည်းတခွန်းမှ ပြန်မဟပဲ"

ငြိမ်ချက်သားကျနေပြီး ဘေးနားက ကျနော့်တို့ ၂ယောက် စကားကိုနားထောင်နေသော သူ ၃ ယောက်ကတော့ စပ်ဖျီးဖျီးကြီးလုပ်ပြီး

ကျနော်ပေးလိုက်တဲ့ အမဲသားထုပ်ကို ကိုင်လျက်သား "နဲ့နောင်နှစ် ဒီထက်မက လှူနိုင်ပါစေလို့ " ဆုပေးလေရဲ့ :)

( ပေးတဲ့ဆုနဲ့ပြည့်ပါစေ)


- မိုးရိပ် (ဓမ္မာသစ္စာ)


Thursday, March 19, 2020

ဘေးကင်းပါစေ..



ဘေးကင်းပါစေ…



ကရိုနာရေ…
အရှင်လတ်လတ် သတ်ဖြတ်မီးရှို့ခဲ့တဲ့
တို့ရန်သူတွေကို သွားတိုက်ပါလို့
ဆုတောင်းစေချင်ပေမယ့်
စာနာတတ်တဲ့ ငါ့စိတ်က 
ခွင့်မပြုဘူး။


အပျိုသူ မိန်းကလေးတွေအား
တရိစ္ဆာန်လို မုဒိမ်းကျင့်သူတွေကို 
ကရိုနာပိုးကူးစက်ပါစေလို့
ဆုတောင်းချင်ပေမယ့်
ကြင်နာတတ်တဲ့ ငါ့စိတ်က
ခွင့်မပြုဘူး။


ရွာလုံးကျွတ် မီးရှို့ပျက်စီးခဲ့တဲ့
တိရစ္ဆာန်မျိုး ငရဲကောင်တွေ 
ကရိုနာကြောင့်သေပါစေလို့
ဆုတောင်းချင်ပေမယ့်
သူ့အသက်ရဲ့တန်ဖိုးသိတဲ့ ငါ့စိတ်က  
ခွင့်မပြုဘူး။


နောက်ဆုံးတော့
ကရိုနာရေ သွားတော့…သွားတော့
မြန်မာပြည်သူ ဘေးကင်းပါစေလို့
ဆုတောင်းလိုက်ရတဲ့လေး။

++++++++++++


ရေးဖွဲ့သူ- လူထုဝဏ္ဏ


Thursday, March 5, 2020

သမီးလေးဖတ်ဖို့

 

အွန်လိုင်းသုံးနေတဲ့ သမီးလေးဖတ်ဖို့ 

ဟို​တ​စ်နေ့က နိုင်​ငံခြားသား မွစ်​လင်မ်​သူငယ်​ချင်းတ​စ်ယောက်​က အပြာဆန်​တဲ့ ဗီဒီယိုရုပ်သံဖိုင် တစ်ခုပြတယ်။​သူ မပြခင်​ကတည်းက​ပြောထားတယ်။​ဘိုင်…​စကားအသံကို​သေချာနား​ထောင်​ပါတဲ့။

ရုပ်သံဖိုင်က အူရ်​ဒူစကား​ပြော သမီးရည်းစား အတွဲ​တွေဖြစ်​တယ်။​ကောင်​မ​လေးက အလွန်​ဆုံးရှိမှ ၁၇ နှစ်​လောက်​ပဲရှိမယ်။​ကောင်​လေးက​တော့​ကောင်​မ​လေးထက်​အသက်​ကြီးမယ်​။ ကင်​မရာ ဗီဒီယိုဖွင့်​ပြီး​ကောင်​မ​လေးကို ပွတ်​သပ်​ထိကိုင်​နမ်းရှုတ်​နေရင်း အတင်းကို အဝတ်​ဗလာ​နေ​ပေးဖို့​ပြော​တော့​ကောင်​မ​လေးက မူတယ်။​မရဘူးဘာညာ​ပေါ့။​နောက်​ဆုံး​ကောင်​လေးက ငါဒီတိုင်း အ​ပျော်​ရိုက်​တာပါတဲ့။ ပြီးရင်​ကြည့်​ပြီး ပြန်​ဖျက်​မယ်​ပြော​တော့​ကောင်​မ​လေးက တကယ်​လား။ ကျိန်​ပြောတဲ့။ အဲ့​တော့​ကောင်​လေးက တကယ်​ပါ။ ကစမ်​နဲ့​ပြောတာပါ။ နင့်​ပေါ်မှာ ကျိန်​တယ်။​ငါ့အ​မေ​ပေါ်မှာ ကျိန်​တယ်​။​နောက်​ဆုံး အလ္လာဟ်​ရဲ့ ကစမ်​အလ္လာဟ်​နဲ့ပါ ငါကိုင်​ကျိန်​တယ်။​ပြန်​ဖျက်​ပါ့မယ်​လို့​ပြော​တော့​ကောင်​မ​လေး သာသာယာယာပဲ။ တကိုယ်​လုံး အဝတ်​ဗလာဖြစ်​အောင်​ချွတ်​ပေးလိုက်​ပါတယ်​။ !!!​နောင်​အူဇုဗိလ္လာဟ်​ဘယ်​အဆင့်​ရောက်​သွားလဲဆို​တော့ ဇိနာကျုးလွန်​ဖို့ကို​တောင်​အလ္လာဟ်​ကစမ်​ဆိုတဲ့ စကားကို လွယ်​လွယ်​ပြောပြီး အစ္စလာမ့်​အမျိုးသမီးငယ်​လေး​တွေ ကို​ယ့်​မွစ်​လင်​မ်​ထဲက သူယုတ်​မာ​တွေကအရင်​ဖျက်​ဆီး​နေကြတာဆိုရင်​အခုလို ဖုန်းကင်​မရာ​တွေ​ပေါများလာတဲ့​ခေတ်​ကြီးမှာ​တော်​တော်​ကို ဆိုးရွားလာခဲ့ပါတယ်​။ ဒါ​တွေ ကိုယ့်​မြန်​မာမွစ်​လင်​မ်​လူငယ်​သမီးရည်းစား​ဝေတွမှာလည်း မရှိဘူးလို့​တော့ မထင်​လိုက်​ပါနဲ့။ အများကြီးရှိပါ​သေးးတယ်။​!!!

တချို့က​လေးမ​တွေကို ကိုယ့်​ချစ်​သူရည်းစား​ကောင်​လေး​တွေက ယုတ်​မာ​စေဖို့ ဇိနာလုပ်​ဖုိ့ လွယ်​ကူ​စေဖို့ ကစမ်​ဆိုတဲ့ စကားကို ထိုးသုံးကြတာ​တွေ။ တချို့ ဆို ငါတကယ်​နိကာဟ်​နိယသ်​နဲ့ချစ်​တာ။ တကယ်​ယူမှာလုိ့​ပြော​ပြောပြီး က​လေးမ​လေး​တွေရဲ့ အပျိုစင် virginity ကို နိကာဟ်​အရင်​ဆွဲယူ​နေကြတဲ့ ကိုယ့်​ထဲက လူငယ်​အချို့​တွေရှိ​နေပါ​သေးးတယ်​။ !

ဟိုတ​လောတုန်းကဆို ဒူဘိုင်းမှာဖြစ်​သွားတာပါ။ ဒူဘိုင်း​နေ အပ္ပနားသမီးရည်းစား ချစ်​ကြိုက်​ပြီး ကိုယ့်​မြန်​မာမွစ်​လင်​မ်​သမီးရည်းစား​တွေ အတွဲ living together​နေကြတယ်။​ကောင်​မ​လေးကို တကယ်​ယူပါ့မယ်။​ဘာညာဆိုပြီး​နေ​ရင်း​နေရင်းက​နေ က​လေးမ​လေး ကိုယ်​ဝန်​ရသွား​တော့​ကောင်​လေးက တာဝန်​မယူပဲအလွတ်​ရုန်း ရန်​ကုန်​ကိုထွက်​သွားလိုက်​တယ်။​ကောင်​မ​လေးးလည်း ထုံးစံအတိုင်းပေါ့။ ..... ဘာလို့ အ​ရေးမယူလဲဆို​တော့ လက်​ကမြင်းထားတဲ့ ကိုယ်​တိုင်​ရိုက်​ကိုယ်​တိုင်​သရုပ်​ဆောင်​အချစ်​ခန်း​တွေ​ကြောင့်​ပါတဲ့။ !!!

တော်​တော်​လေးကိုကြီးမားလာတဲ့​ရောဂါတခုပါ။ တချို့ဆို တရားဝင်​ယူထားတဲ့ အကြင်​လင်​မယားကြားမှာ​တောင်​အတူ​နေတဲ့အချိန်​ကင်​မရာ​ထောင်​ရိုက်​တယ်​။ ပြီး​တော့ အိမ်​ထောင်​ရေးအဆင်​မ​ပြေကြတဲ့အခါ သွလားက်​ဖြစ်​ကြတဲ့အခါမှာ​ယောင်္ကျားလုပ်​သူက ex မိန်းမကို ပြန်​အရှက်​ခွဲဖို့​ဖေ့စ်​ဘွခ်​ပေါ်မှာ အဝတ်​ဗလာမိန်းမပုံတင်​ကြတယ်​။ ယုတ်​မာကြတယ်​။ ဒါလည်းကိုယ့်​အပ္ပနား​တွေထဲမှဖြစ်​ခဲ့​သေးးတယ်။​!!! တချို့​တွေက​တော့ ဖုန်းကျ​ပျောက်​ရင်းက​နေ ရုပ်သံဖိုင်​တွေ အင်​တာနက်​ပေါ်​ရောက်​သွားကြတာ​တွေလည်းရှိကြ​သေးတယ်။​!!

ဟိုတ​လောတုန်းက (အမည်​မ​ဖော်​လို)မွစ်​လင်​မ်​အန်​တီတ​ယောက်​က ချက်​ဘောက်​စ်​ကလာ အကြံအကူညီ​တောင်းတယ်။​ဖြစ်​ပုံက သူတူမ​လေးနဲ့ သမီးရည်းစားဖြစ်​ကြတဲ့​ကောင်​လေးကို အိမ်​က သ​ဘောမတူလို့ ပျက်​ပြီး​ကောင်​မ​လေးကို​နောက်​တ​ယောက်​နဲ့​ပေးစားလိုက်​ကြတယ်။​အချိန်​ကာလတခုကြာပြီး​ကောင်​မ​လေးရဲ့ အရင်​ရည်းစား​ဟောင်းက​ကောင်​မ​လေးကို ပြန်​အဆက်​သွယ်​လုပ်​ပြီး မထင်​ရင်​မထင်​သလို သူနဲ့တူတူပြန်​နေ​ပေးဖို့​ခေါ်​လေ့ရှိတယ်​။ ငြင်းလုိ့လည်းမရ​အောင်​ချုပ်​ထားတယ်။​အရင်​သမီးရည်းစား ဘဝတုန်းက ကိုယ်​တိုင်​ရိုက်​အရှက်​မဲ့ ဇိနာ​တွေရဲ့ ရုပ်သံဖိုင်တွေနဲ့ ပြန်​ခြိမ်း​ခြောက်​ပြန်​တယ်​။ အဲ့လိုယုတ်​မာကြတဲ့သူ​တွေလည်း ကို​ယ်​တွေထဲမှာရှိ​နေတယ်။​!!

တချို့ သမီးရည်းစားလူငယ်​တွေ အခု video callနဲ့ မဖွယ်​မရာ​တွေကို​ဖော်​ပြချွတ်​ပြ​နေကြတဲ့အဆင့်​ထိကို ရောက်​နေကြတယ်။​ချစ်​တယ်​၊ ချစ်​တယ်​။ တကယ့်​ယူမယ်။​နိကာဟ်​နိယသ်​နဲ့ဆို ပိုင်​တယ်​ဆိုတဲ့စကား​တွေ​တောင်​ပြန်​ကြားရ​သေးးတယ်​။ အဲ့လို စကား​တွေနဲ့ က​လေးမ​လေး​တွေကို ချုပ်​ကြတယ်။​အလ္လာဟ်​နာမည်​တွေနဲ့ ကျိန်​ဆိုပြီး ဇိနာပြုကြတယ်။​အပျိုဝင်​စ​ကျောင်း​တက်​နေကြတဲ့ညီမငယ်​လေး​တွေ၊ သမီးငယ်​တွေရှိကြတဲ့ဘိုင်​တို့ အထူးသတိထားကြပါ၊၊ မွစ်​လင်​မ်​အချင်းချင်းထဲမှာ ပိုယုတ်​မာကြတဲ့သူ​အချို့လည်း ရှိ​နေပါတယ်။​အထူးသဖြင့်​ရန်​ကုန်​ကလို​ဒေးတက်​ကြတဲ့က​လေးမ​လေး​တွေ ဟိုးမြို့အပြင်​အ​ဝေးကြီးမှာ​နေ့တိုင်းတစ်ရက်​ကို ၁၀ နာရီနီးနီး​လောက်​အိမ်​နဲ့​ဝေးကွာ​နေကြရင်း အချို့သမီးရည်းစားထားကြ၊ လက်​တက်​စမ်းကြရင်း ဟိုးအရင်​၁၄ နှစ်​လောက်​ကဆို တာဝလို​ကျောင်းမျိုးမှာ သမီးရည်းစားအချို့ နိကာဟ်​ခိုးဖတ်​ပြီး လင်​မယားလို​နေကြတဲ့ အတွဲ​တွေဆိုတာမှ အများကြီးပါ။​ကျောင်းပြီး​တော့ သွလားက်​တဲ့။ အခုလို​ခေတ်​မျိုးမှာဆိုရင်​တော့ဖြင့်​(​ကျောင်းတက်​နေတဲ့က​လေးမတိုင်း ပျက်​ဆီး​နေသူလို့ မဆိုလိုပါ) အထူးသဖြင့်​လိင်​စိတ်​အားဖြင့်​ထိန်းချုပ်​မှုအားနည်းကျတဲ့ အကွက်​ကိုအချို့ကလည်း အခွင့်​ကောင်းယူပြီး အချိူ့ က​လေးမ​လေး​တွေကို ကင်​မရာ recording​တွေ လုပ်​ပြီး​ငွေညစ်​နေတာ​တွေ၊ အိမ်​ထောင်​ရှိပြီးသားဖြစ်​နေတဲ့ အမျိုးသမီး​တွေကို ဇိနာပြန်​လုပ်​ဖို့ ခြိမ်း​ခြောက်​နေကြတာ​တွေ၊​ဘေးပတ်​ဝန်းကျင်​အသိုင်းဝိုင်းနဲ့ အွန်​လိုင်း​ပေါ်ကပြန်​ကြား​နေရတာ​တွေ​ကြောင့်​ဒီပို့စ်​ကို​ရေးဖြစ်​တာပါ။ !!

မှတ်​ထားပါလော့။ ညီမငယ်​တုိ့ ကိုယ့်​ကိုယ်​တကယ်​ချစ်​တဲ့သူက ဇိနာအတွက်​အလ္လာဟ်​နာမည်​ကိုင်​ပြီးကျိန်​မှာ​တော့ မဟုတ်​ဘူး။ တကယ်​ချစ်​ရင်​တရားဝင်​နိကာဟ်​ကမ်းလှမ်းပါလိမ့်​မယ်။​!!

တဖက်​ကလည်း မိဘ​တွေဘက်​က သားသမီး​တွေ phone/ internet​ပေးသုံးတဲ့အခါ အနီးကပ်​လေ့လာထားဖို့လည်း လိုအပ်​နေပါပြီ။ ကိုယ်​တိုင်​လည်း အနည်းအကျင်းဖွင့်​နည်းသုံးနည်း​တွေသင်​ထားဖို့ လိုအပ်​နေပါတယ်။​ဒါမှ ကိုယ့်​သားသမီး​တွေ​ပေါ်မှာ ထိန်းချုပ်​နိုင်​ပါလိမ့်​မယ်​။ 

အစဉ်​အမြဲ​လေးစားလျက်​။


ရေးသားသူ- KKK


Friday, February 14, 2020

အင်းဒင်အစုလိုက်သတ်ဖြတ်ပွဲ


ပုံ (၁) အင်းဒင်ရွာသား ၁၀ ယောက်ကို ဖမ်းဆီးပြီးညနေခင်းက ရခိုင်ရွာလမ်းကြားမှာ ဒူးထောက် ရိုက်ထားတဲ့ဓါတ်ပုံ။ 

အင်းဒင်အစုလိုက်သတ်ဖြတ်ပွဲ (၂၀၁၇ စက်တင်ဘာလ ၂ ရက်)


၂၀၁၇ ခု သြဂုတ်လ ၂၅ ရက် နောက်ပိုင်း မောင်တောမြို့နယ် တစ်ခုလုံးတွင် နယ်မြေရှင်းလင်းရေး ခေါင်းစဥ်ဖြင့် စစ်တပ်နှင့် အစွန်းရောက်ပူးပေါင်းအဖွဲ့တို့က အုပ်စုလိုက်သတ်ဖြတ်မှုများ၊ ရွာတန်းလိုက် မီးရှို့မှုများနှင့် အဖွဲ့လိုက် မုဒိမ်းမှုများကို ရက်ရက်စက်စက် ကျူးလွန်ခဲ့သည်ကို အားလုံးအသိဖြစ်သည်။ 

နယ်မြေရှင်းလင်းရေးကလည်း မြက်ပင်မကျန်၊ ကျူငုတ်မကျန် သတ်ဖြတ်မီးရှို့ရှင်းလင်းခဲ့သည့် အလွန်ကြောက်စရာကောင်းသည့် လူသတ်ပွဲကြီးဖြစ်သည်။ ရိုင်းကားကား ဟောလီဝုတ်ရုပ်ရှင် ကြည့်ရှုသလိုပင်ဖြစ်သည်။ ထိုနယ်မြေရှင်းလင်းသည့်အဖွဲ့ထဲတွင် စစ်တပ်၊ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တပ်ဖွဲ့နှင့် အစွန်းရောက် ရခိုင်နတလအုပ်စု စသည်တို့ ပါဝင်သည်။ သေနတ်၊ လက်နက်ခဲယဥ်းအပြည့်နှင့် အစွန်းရောက်သမားလက်ထဲမှာ ဓါးလှံအစုံကိုင်ဆောင်လျက် တစ်ရွာပြီးတစ်ရွာပြီး ရှင်းလင်းခဲ့သည်။ တွေ့သမျှ ရွာသူရွာသားတွေကို အပြစ်ရှိရှိမရှိရှိ မစိစစ်ဘဲ ကြင်နာမဲ့ သတ်ဖြတ်ခဲ့သည်။ အသက်ကယ်ထွက်ပြေးနေသည့်လူများကို သေနတ်နှင့် ပစ်သတ်၊ အမျိုးသမီးများကို မုဒိမ်းကျင့်၊ ရွာထဲမိသောလူကို ခုတ်ဖြတ်သတ်ခဲ့သည်။ ပြီးနောက် ရွာသားများအားလုံး ရွာမှ ထွက်ပြေးသွားသောအခါ ရွာမှာရှိသမျှ အိမ်အားလုံးမှ အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားကာ နောက်ဆုံးတွင် ရွာကို မီးရှို့ပစ်ခဲ့သည်။ အစွန်းရောက်သမားများအတွက် ပွဲကျသလို ဒိုင်နာကားကြီးများနှင့် သူထက်ငါသာ တစ်ရွာပြီးတစ်ရွာ လုယက်ပျက်စီးမီးရှို့ခဲ့သည်။

ထိုနယ်မြေရှင်းပွဲ၏ အုပ်လိုက်စုလိုက် သတ်ဖြတ်ပွဲများအနက် တစ်ခုကို ဤဆောင်းပါးတွင် ဖော်ပြသွားမည်ဖြစ်သည်။ ထိုအုပ်လိုက်စုလိုက် သတ်ဖြတ်မှုက အင်းဒင်လူသတ်ပွဲပင် ဖြစ်သည်။

အင်းဒင်ကျေးရွာစုသည် မောင်တောတောင်းပိုင်းအစွန်းတွင် တည်ရှိ၍ အင်းဒင်ရိုဟင်ဂျာရွာ၊ အင်းဒင်ရခိုင်ရွာ၊ ပဲရုံနတလရွာ တို့နှင့်ဖွဲ့စည်းထားသည်။ လူဦးရေ ၆၀၀၀ ခန့်ရှိသည်။ ၂၀၁၇ ခု သြဂုတ်လ ၃၀ ရက်နေ့တွင် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့များသည် ရခိုင်ရွာနှင့် နတလရွာရှိ ရွာသားများနှင့် တွေ့ဆုံကာ နယ်မြေရှင်းလင်းပွဲတွင် ပူးပေါင်းပါဝင်ရန်၊ ဤဒေသတွင် အေးအေးချမ်းချမ်း နေထိုင်ဖို့ငြား ကုလားကိုမောင်းထုတ်ရန် လိုအပ်ကြောင်း၊ မည်သို့မည်ပုံ စစ်ဆင်ရမည်ဖြစ်ကြောင်း စသည်ဖြင့် အသေးစိတ်ဟောပြောကာ ဘီးလူးစိတ် မြင့်တင်ပေးခဲ့သည်။ အရံတပ်ဖွဲ့များ ဖွဲ့စည်းပေးခဲ့သည်။ အင်းဒင် စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည်မှာ ခမရ ၃၃၊ အမှတ် ၈ ပြည်သူ့စစ်တပ်ဖွဲ့နှင့် အစွန်းရောက်ရခိုင်နတလတို့ ဖြစ်ကြသည်။

ထို့နောက် ညနေပိုင်းတွင် ရိုဟင်ဂျာရွာများကို ဝန်းရံပိတ်ဆို့ကာ နယ်မြေရှင်းလင်းရေး ခေါ် လူသတ်ပွဲကြီး စတင်ခဲ့သည်။ လုံခြူံရေးတပ်ဖွဲ့အချို့က ရွာကို အဘက်ဘက်မှ ဝန်းရံထား၍ သေနတ်များ မိုးခြိမ့်နေသကဲ့သို့ ဗရမ်းဗတားဖောက်လျက်သည်။ ရခိုင်သား၊ နတလ နှင့် တခြားလုံခြုံရေးတပ်အချို့မှာ ရွာထဲကိုဝင်၍ တွေ့သမျှလူကို ဆွဲထုတ်ဖမ်းဆီး သတ်ဖြတ်ခဲ့သည်။ ရွာသားများက ကြောက်လန့်၍ ရရာပေါက်လမ်းမှ အသက်ကယ်ထွက်ပြေးခဲ့ရသည်။ သေတဲ့လူကသေ၊ ပြေးတဲ့လူကပြေး တစ်ဦးကိုတစ်ဦးလှည့်မကြည့်နိုင်သည့် အခြေအနေပင်တည်း။

ရွာသားများသည် ရွာကထွက်ပြေး၍ နီးစပ်ရာ ကမ်းခြေတွင် စုပုံလျက်ရှိနေသည်။ တစ်ချို့က ပင်လယ်ကိုကူး၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံရန် ပြင်ဆင်နေကြသည်။ အမှတ် (၈) လုံခြုံရေးပူးပေါင်းအဖွဲ့က ရွာကိုလည်း မီးရှို့ဖျက်ဆီးလိုက်တော့ ရွာပြန်စရာအိမ် မရှိတော့ချေ။ စက်တင်ဘာလ ၁ ရက်နေ့တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် ကမ်းခြေဘက်တွင် ဟိုတစ်စု ဒီတစ်စု စုပုံနေသော ကိုးရာမဲ့ ရွာသူရွာသားများကို ဝန်းရံပစ်ခတ်ခဲ့သည်။ လူအချို့ ဒဏ်ရာရခဲ့သည်။ အနောက်ဘက်တွင် ပင်လယ်ကြီး၊ အရှေ့ဘက်မှာ လူသတ်ဘီလူးရိုင်းများက ပိတ်ဆို့ထားသဖြင့် ထွက်ပြေးစရာ လမ်းမရှိချေ။ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့က လူအုပ်ထဲမှ အမျိုးသမီး၊ အမျိုးသား လူ ၅၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။  ထိုလူထဲမှ လူ ၁၀ ယောက်ကို တစ်ဖန် ခွဲထုတ်ကာ စာသင်ကျောင်းတစ်ဆောင်တွင် ချုပ်နှောင်ထားခဲ့သည်။

ပုံ(၂) အင်းဒင်ရွာသား ၁၀ ယောက်ကို ပဲရုံသင်္ချိုင်းကို ခေါ်သွားပြီး။

အဆိုပါ အင်းဒင်ရွာသား ၁၀ ဦးက ငါးဖမ်းသမားများ၊ ငါးရောင်းသူများ၊ စတိုးဆိုင်ရှင်များ၊ ကျောင်းသားများဖြစ်ကြပြီး အစ္စလာမ်ဘာသာရေး ဗလီဆရာတစ်ယောက်လည်း ပါဝင်သည်။ ညအချိန် ဦးတည်ဘက်မဲ့ ရွာမှ ထွက်ပြေးလာရသဖြင့် သူတို့အချို့မှာ အဝတ်အစားတောင် လုံလုံခြုံခြုံ မရှိခဲ့ချေ။ လုံခြုံရေးတပ်ဖွဲ့ဝင်များက သူတို့ကို အဝတ်အစားအချို့လည်း ပေးခဲ့သည်။ ညစာလည်း ကျွေးခဲ့သည်ဟု သက်သေထွက်ဆိုသူအချို့က ဆိုသည်။

စက်တင်ဘာလ ၂ ရက် နံနက် ၈ နာရီခန့်တွင် သူတို့ကို လုံခြုံရေးပူးပေါင်းအဖွဲ့က အင်းဒင်ကျေးရွာ ပဲရုံသုသာန်သို့ ခေါ်ဆောင်သွားခဲ့သည်။ လုံခြုံရေးနောက်တွင် အင်းဒင်ရခိုင်သား အေးထွန်း ဦးဆောင်သော ရခိုင်နှင့် နတလ အစွန်းရောက်အုပ်စုတစ်စုလည်း ဓါး၊ တုတ်၊ လှံ ကိုင်ဆောင်ကာ လိုက်ပါသွားသည်။ ပဲရုံသုသာန်အနီး တောင်ကုန်းနှစ်ခုကြား လျှိုအတွင်း သူတို့ကို ကျင်းတစ်ခုတူးခဲ့စေသည်။ ကျင်းတူး၍ပြီးစီးစဥ် တပ်မတော်သားတွေက  အစွန်းရောက်ရခိုင်သားအချို့ကို ခေါ်ကာ ကျင်းထဲဆင်းလျက်ရှိသော လူတို့ကို တိုက်ခိုက်ခိုင်းလေသည်။ သတ်ဖြတ်ခိုင်းခဲ့ရာမှာ ပထမဦးဆုံး အစ္စလာမ်ဘာသာရေးဆရာ အဗ္ဗဒုလ်မာလိက်၏ ခေါင်းကို ရခိုင်သားတစ်ယောက်က ခုတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။ စိတ်ကျေနပ်အောင် ရက်ရက်စက်စက် တိုက်ခိုက်ပြီးနောက် လုံခြုံရေးသမားများက သေနတ်ပစ် သတ်ဖြတ်ခဲ့လေသည်။
ပုံ(၃) သတ်ဖြတ်ပြီးနောက် ရိုက်ကူးထားသည့် ဓါတ်ပုံ။

သတ်ဖြတ်ခံရသူ အင်းဒင်ရွာသား ၁၀ ဦးမှာ -
၁) အာဘူလု (၁၇ နှစ်)(ဆယ်တန်းကျောင်းသား) 
၂) ရော်ရှိတ်အမတ် (၁၈ နှစ်) ဆယ်တန်းကျောင်းသား
၃) အာဘုလ်ဟာရှိမ် (25) ဆိုင်သည်
၄) နူရ်မိုဟာမတ် (၂၉) လယ်သမား၊ ငါးဖမ်းသမား
၅) အဗ္ဗဒုလ်မာလိက် (၃၀) ဗလီဆရာ
၆) ဒိလ်မိုဟာမတ် (၃၅) ငါးဖမ်းသမား
၇) ချိုကောတ်အုလ္လာ (၃၅) ငါးဖမ်းသမား
၈) ဟာဖီဇူ (၄၀) လယ်သမား၊ ငါးဖမ်းသမား
၉) အဗ္ဗဒုလ်မာဂျိတ် (၄၅) ကုန်စိမ်းဆိုင်သည်
၁၀) ရှားကဲရ်အမတ် (၄၅) ငါးဖမ်းသမား
တို့ဖြစ်ကြသည်။

ပုံ(၄) ဒီဇင်ဘာလ ၁၉ ရက် နေ့လည်တွင် ပဲရုံသင်္ချိုင်းကုန်းမှ ထူးဖော်ရရှိသည့် အရိုးစုများ။


ဤသို့ဖြင့် မျိုးညံမျိုးယုတ်လက်ချကြောင့် အပြစ်မဲ့ ပြည်သူ ဆယ်ဦး ရက်ရက်စက်စက် မတရားအသတ်ခံခဲ့ရလေသည်။ အကယ်၍မျှ ထိုလူတို့မှာ အပြစ်ရှိသည်ဆိုပါစို့ ထိုလူတို့ကို ရဲစခန်းသို့ အပ်ရမည်မဟုတ်လော။ တရားဥပဒေအတိုင်း စီရင်ရမည်မဟုတ်လော။

ပုံ(၅) ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦး။

ဤမူခင်းကို ရိုက်တာ သတင်းထောက် ကိုဝလုံး ခေါ် ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦးတို့က သက်သေအထောက်အထားဓာတ်ပုံနှင့်တကွ ဖော်ထုတ်ရာမှ သတင်းမှန်ကို ဖုံးကွယ်လို့မရဘဲ နိုင်ငံတကာအထိ သတင်းပြန့်နှံ့သွားခဲ့သည်။ နိုင်ငံတကာက လူသားမျိုးနွယ်စုအပေါ် ကြောက်မက်ဖွယ်ကျူးလွန်မှုတစ်ခုဟု လက်ညှိုးထိုး စောင့်ကြည့်လာသောအခါ တပ်မတော်နှင့် စုကြည်အစိုးရက သတင်းထောက်နှစ်ဦးကို နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှုနဲ့ လိမ်လည်အမှုဆောင်ကာ ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၂၀၁၈ ခု စက်တင်ဘာ ၃ ရက်နေ့က သူတို့ကို အကြောင်းမဲ့ ထောင်ဒဏ် ၇ နှစ် စီ ချမှတ်လိုက်သည်။ ၂၀၁၉ မေလ ၇ ရက်တွင် သမ္မတဝင်းမြင့်၏ လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်မြောက်လာခဲ့သည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် တပ်မတော်က ဗိုလ်ချုပ်ကြီး ဦးအေးဝင်း ဦးဆောင်သော ဟန်ပြစုံစမ်းရေး ကော်မရှင်အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့သည်။ ၂၀၁၈ ခု ဇန်နဝါရီလ ၁၀ ရက်တွင် အင်းဒင်လူသတ်မှုကို လုံခြုံရေးအဖွဲ့နှင့် ဒေသခံ ရခိုင်နှင့်နတလတို့က ပူးပေါင်း သတ်ဖြတ်ခဲ့ကြောင်း၊ ပျောက်ဆုံးနေတဲ့ ဦးမောင်နီ၏ လက်စားချေခဲ့ကြောင်း၊ ထို အင်းဒင်ရွာသား ၁၀ ယောက်သည် အကြမ်းဖက်သမားများနှင့် အဆက်အသွယ်ရှိကြောင်း၊ ပြစ်မှုကျူးလွန်သူကို အရေးယူမည်ဖြစ် ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ကာ နိုင်ငံတကာကို ဗန်းပြရန် ကြိုးပမ်းခဲ့သည်။ ထူးခြားချက်က ရခိုင်ပြည်နယ်တွင် အပြစ်မဲ့ပြည်သူများကို စစ်တပ်က အစုလိုက်သတ်ဖြတ်ခဲ့သည်ကို တပ်မတော်ကိုယ်တိုင် ဝန်ခံခဲ့သည့် ပထမဆုံးအခင်း ဖြစ်သည်။ 

၂၀၁၈ ဧပြီလတွင် အင်းဒင်အစုလိုက်သတ်ဖြတ်မှု ကျူးလွန်ရာမှာ ပူးပေါင်းပါဝင်ခဲ့သည့် တပ်မတော် အရာရှိနဲ့ စစ်သည် ၇ ဦးတို့ကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သော်လည်း တစ်နှစ်မပြည့်မီ ထောင်ကနေ လွှတ်သွားပြီဟု အကျဥ်းဦးစီး ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဆွေက သတင်းစာရှင်းလင်းခဲ့သည်။

အင်းဒင်အစုလိုက်သတ်ဖြတ်မှုတွင် အပြစ်မဲ့ ရွာသား ၁၀ ၏ ကြောက်မက်ဖွယ် သတ်ဖြတ်မှုသာကို ရိုက်တာသတင်းထောက်၏ အကူအညီဖြင့် ဖော်ထုတ်နိုင်ခဲ့သော်လည်း လုံခြုံရေးလူသတ်သမား၏ ဓါးစာခံဖြစ်ခဲ့သည့် အခြား ရွာသား ၅၀ ခန့် မတရားသတ်ဖြတ်ခံရသည်ကိုကား ဘယ်မီဒီယာကမှ ပြောဆိုရေးသားခြင်း မရှိချေ။


— လူထုဝဏ္ဏ
(ဇန္နဝါရီ ၁၂၊ ၂၀၂၀)


ကိုးကား
၁) ဘီဘီစီ| ရိုက်တာ သတင်းထောက်တွေ ဖော်ထုတ်ခဲ့တဲ့ အင်းဒင်သတ်ဖြတ်မှု (၅ စက်တင်ဘာ ၂၀၁၈)

၂) ဘီဘီစီ| အင်းဒင်ရွာ လူသတ်မှု - ထောင် ၁ နှစ် မပြည့်ခင်ကို တပ်မတော်သားတွေ စောလွတ်ခဲ့ (၂၇ မေ ၂၀၁၉)

Tuesday, February 11, 2020

သိန်းကြီးတောင်ဘုရားက အာရဗီကျောက်စာ

 


အာရကန်ပြည် မြို့ဟောင်းရှိ သိန်းကြီးတောင်ဘုရား ပရဝုဏ်တွင် တူးဖော်တွေ့ရှိခဲ့သော အာရဗီကျောက်စာ တစ်ချပ်ဖြစ်သည်။ မြောက်ဦးခေတ်က ဘာသာရေးအဆောက်အဦး၏ ကျောက်စာအပိုင်းအစ တစ်ခုဖြစ်ကြောင်း သိရှိရသည်။ ကျောက်စာတွင် ကျမ်းစာ စာသားများကို တစ်ကြောင်းတည်းနှင့် ရေးထိုးထားသည်။ ဘေးပတ်လည်တွင် ပန်းပုလက်ရာများဖြင့် ဘောင်ခတ်ထားသည်။ အလ္လာဟ် ဟူသော အာရဗီစကားလုံးကို ထင်ရှားစွာ တွေ့ရသည်။ 

ဤကျောက်စာကို ယနေ့ မြောက်ဦးယဥ်ကျေးမှုပြတိုက်တွင် ထိန်းသိမ်းပြသထားသည်။