Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, January 12, 2020

သဒ္ဒါမိသားစု



သဒ္ဒါမိသားစု


ဗဟုသုတ ကျေးရွာ၊ စာပေရွာတွင် သဒ္ဒါမိသားစုတစ်စု နေထိုင်လေ့ရှိတယ်။ အဲ့ဒီမိသားစုမှာ ဦးနာမ်နဲ့ ဒေါ်ကြိယာ ဆိုတဲ့ လင်မယားနှစ်ယောက်ရှိတယ်။ သူတို့ဇနီးမောင်နှံမှာ မောင်နာမ်စားလို့ ခေါ်တဲ့ သားတစ်ယောက်နဲ့ မနာမဝိသေသန ၊ မကြိယာဝိသေသန လို့ခေါ်တဲ့ သမီးနှစ်ယောက်လည်း ရှိပါတယ်။ မောင်နာမ်စားက ဖခင်မရှိတဲ့အခါ ဖခင်ရဲ့ အလုပ်တွေကို ကိုယ်စားလုပ်ပေးတယ်။ သမီးနှစ်ယောက်ကျတော့ တစ်ယောက်ကို တစ်ယောက်အလွန် ခင်မင်ကြတယ်။  သို့သော် မိဘကိုချစ်ရာတွင် မနာမဝိသေသနက ဖခင်ကို ချစ်ခင်ပြီး ဖခင်နဲ့ ရင်းရင်းနှီးနှီး နေတတ်တယ်။ မကြိယာဝိသေသနကမူ မိခင်ကို ချစ်ခင်ပြီး မိခင်နဲ့ ချဉ်းကပ်နေကြတယ်။ သူတို့မိသားစုနှင့်အတူ ကိုဝိဘတ် နှင့် မယ်ပစ္စည်း ဆိုတဲ့ အစေခံ အိမ်အကူနှစ်ယောက်လည်း နေတယ်။ ကိုဝိဘတ်က သခင်၏ ရုံးကိစ္စတွင် အကူအညီပေး၍ အားလပ်ချိန်တွင် ခင်မကိုလည်း ကူညီတယ်။ အလုပ်ကိစ္စကို ခွဲခြားဝေဖန်ပေးတတ်သော ဉာဏ်ကြီးရှင်ဟု ရွာသားတွေက သူ့ကို ချစ်စနိုးခေါ်ကြတယ်။  မယ်ပစ္စည်းက မိသားစုဝင်အားလုံးလိုလိုကို ဝင်ရောက်ကူညီထောက်ပံ့လေ့ရှိတယ်။ ဦးသမ္ဗန္ဓကတော့ မိသားစုဝင်အချင်ချင်းဖြစ်စေ၊ အိမ်နီးနားချင်းနဲ့ ဖြစ်စေ မပြေလည်မှု ညှိနှိုင်းဆက်စပ်ပေးတယ်။ ဦးလေအမေဋိတ်ကတော့ သူတို့ရဲ့ ဝမ်းနည်းမှု၊ ပျော်ရွှင်မှု တို့တွင် အေးအတူပူအမျှ ပါဝင်တတ်ပါတယ်။ ဤသို့ သဒ္ဒါမိသားစုဟာ ပျော်ရွှင်စွာ နေထိုင်ကြတယ်။ ဤသဒ္ဒါမိသားစုသည် ယဉ်ကျေး၍ စည်းကမ်းသေဝပ်မူကြောင့် စာပေကျေးရွာတွင် ထင်ရှားလျက်ရှိသည်။ 


- လူထုဝဏ္ဏ



No comments:

Post a Comment