Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, January 22, 2020

(၆)နှစ်သား ကလေး ကုရ်အာန်ကျမ်းတော်မြတ် တစ်ကျမ်းလုံး နှုတ်ကျက်ဆောင်



မောလ်ဒိုက် နိုင်ငံမှ (၆)နှစ်သား ကလေး ကုရ်အာန်ကျမ်းတော်မြတ် တစ်ကျမ်းလုံး နှုတ်ကျက်ဆောင်

ကမ္ဘာပေါ်တွင် ကျမ်းမြတ်ကုရ်အာန်မှအပ အခြား ကုရ်အာန်လောက် အရွယ်အစားရှိသော မည်သည့်ကျမ်းကိုမှ သိန်းထောင်ပေါင်းများစွာသော လူတို့က နှုတ်ကျက်ဆောင်သည်မရှိပါ။

မောလ်ဒိုက်နိုင်ငံသား ယူဆုဖ် ဘင် မာဇင် အမည်ရှိသားငယ်သည် ထိုအဆို၏ အရှင်လတ်လတ် သာဓကတစ်ခုပင် ဖြစ်ပေသည်။ သူသည် ကျမ်းတော်မြတ်ကုရ်အာန် တစ်ကျမ်းလုံးကို အာဂုံဆောင်ပြီးနောက် မောလ်ဒိုက်နိုင်ငံ၏ အသက်အငယ်ဆုံး ဟာဖိဇ်း ဖြစ်လာခဲ့သည်။ သူသည် အသက် ၆ နှစ်အရွယ်တွင် စာမျက်နှာ ၆၀၄ မျက်နှာရှိသော ကုရ်အာန်ကျမ်းတော် တစ်ကျမ်းလုံးကို နှုတ်တက်ဆောင်နိုင်ခဲ့သည်။ ကုရ်အာန်ကျမ်းတော်လာ အာယာတ်တော်၏ သက်သေခံခြင်းလည်း ရောက်သည်။ ကုရ်အာန်ကျမ်းတော် အာယာတ် (၅၄း၁၇) တွင် 

وَلَقَدْ يَسَّرْنَا ٱلْقُرْءَانَ لِلذِّكْرِ فَهَلْ مِن مُّدَّكِرٍ
 ”

အဓိပ္ပာယ်- ထိုမှတစ်ပါး ဧကန်မလွဲ ငါရှင်တော်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ကျက်မှတ်တရား ရယူနိုင်ရန်အလို့ငှာ  လွယ်ကူစေတော်မူခဲ့ရာ ကျက်မှတ်တရား ရယူသူတစ်ဦး တစ်ယောက်ရှိသည်လော” ဟုဖော်ပြထားသည်။ အလ္လာဟ်အသျှင်မြတ်သည် ကျမ်းတော်ကုရ်အာန်ကို အာဂုံဆောင်ရန် လွယ်ကူအောင် ပြုလုပ်ထားသောကြောင့် ကမ္ဘာတစ်ဝန်း ထောင်သောင်းမက များစွာသော မွတ်စလင်တို့သည် ကုရ်အာန်ကျမ်းမြတ်ကို အုပ်ပြည့် အာဂုံဆောင်နိုင်ခြင်း ဖြစ်ပေသည်။ 

မောလ်ဒိုက်နိုင်ငံ သာသနာ့ ဝန်ကြီး ဒေါက်တာ အဟ်မတ် ဇာဟီးရ် အာလီက ကုရ်အာန်ကျမ်းမြတ်ကို အာဂုံဆောင်ခဲ့သော အသက် ၆ နှစ်အရွယ် ယူဆုဖ်ဘင် မာဇင်ကို သူ၏ ထူးထူးခြားခြား အောင်မြင်မှုအတွက်  ချီးကျူးခဲ့သည်။ ယူဆုဖ်ဘင် မာဇင်ကို မာဇင်ကို သူ့မိဘများနှင့်အတူ သာသနာ့ကောင်စီ ဝန်ကြီးဌာနသို့ ဖိတ်ခေါ် တွေ့ဆုံခဲ့သည်။ 




ဒေါက်တာ အဟ်မတ် ဇာဟီးရ်သည်  ယူဆုဖ်ဘင် မာဇင်ကို ဆုပေါင်းများစွာနှင့်လည်း ချီးမြှင့်ဂုဏ်ပြုခဲ့သည်။ ထို့အပြင်  ယူဆုဖ်ဘင်မာဇင်ကို နိုင်ငံတော် ကုရ်အာန်ဟာဖီဇ်တော်များ စာရင်းတွင် မထည့်သွင်းမီ ကုရ်အာန်ကျမ်းတော် ကော်မတီ ရှေ့မှောက်တွင် ကုရ်အာန်ကျမ်း တစ်အုပ်လုံးကို ရွတ်ဖတ်ပြခဲ့လေသည်။ 




ကုရ်အာန်ကျမ်းတော် အာယာတ် (၁၅း ၉) တွင် -

إِنَّا نَحْنُ نَزَّلْنَا ٱلذِّكْرَ وَإِنَّا لَهُۥ لَحَٰفِظُونَ
အဓိပ္ပာယ်- ဧကန်စင်စစ် ငါအရှင်မြတ်သည်ပင်လျှင်  ဤ ဆုံးမဩဝါဒတည်းဟူသော ကုရ်အာန်ကျမ်းတော်မြတ်ကို ချပေးသနားတော်မူခဲ့သည်။ ထိုမှတစ်ပါး ဧကန်မလွဲ  ငါအရှင်မြတ်သည်ပင်လျှင် ယင်းဆုံးမဩဝါဒကို ထိန်းသိမ်းစောင့်ရှောက်တော်မူမည့် အရှင်မြတ် ဖြစ်တော်မူပေသတည်း။” ဟု ဖော်ပြထားသည်။

ယူဆုဖ်ဘင်မာဇင်သည် အသက်အငယ်ဆုံး ကုရ်အာန်ကျမ်းမြတ်အာဂုံဆောင်သူ အဖြစ် သမိုင်းတွင်ခဲ့လေသည်။ 


(နတ်မျက်စိ  တင်ပြသည်။)


No comments:

Post a Comment