Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, November 9, 2017

AA နှင့် မြန်မာ့တပ်မတော်တို့၏တိုက်​ပွဲ​ကြောင့်​ကျောင်းသားတစ်​ဦး​သေဆုံးပြီး​ဒေသခံ ၃ ဦးဒါဏ်​ရာရရှိ

Maung Aung Soe (21yrs)


AA နှင့် မြန်မာ့တပ်မတော်တို့၏တိုက်​ပွဲ​ကြောင့်​ကျောင်းသားတစ်​ဦး​သေဆုံးပြီး​ဒေသခံ ၃ ဦး ဒါဏ်​ရာရရှိ

နိုဝင်​ဘာ ၈--

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် နှုံးဘူးကြီးရွာနှင့် ငရှားကျေးရွာကြား ယနေ့မနက် (10:05) နာရီမှ (11:00) နာရီအထိ ရှင်းလက်ဝကျေးရွာပြန် ကုန်တင်စက်လှေတွင် အမျိုးသမီးအဖွါးကြီး(၃)ဦးနှင့် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းသား မောင်အောင်စိုး အသက် ၂၁နှစ်၊​ စက်လှေသမား စုစုပေါင်း (၅) ဦး လိုက်ပါလာ သော စက်လှေကို မြန်မာစစ်တပ်စက်လှေအထင်ဖြင့် မှားပြီးပစ်ခတ်ခဲ့ရာ ကျောင်သားလေးမှာသေဆုံးခဲ့သည်။

အဖွါးကြီး (၃) ဦးသည် ပလက်ဝပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူနေကြရပါသည်။ စက်လှေသမားမှာ ဒဏ်ရာဒဏ်ချက် မရရှိခဲ့ပါ။

မြန်မာတပ်မတော် စီးပါလာ​သော စက်လှေကိုလည်း AA အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့​ကြောင်း သိရသည်။ AA အဖွဲ့လက်နတ်ကြီးများ အသုံးပြုခြင်း​ကြောင့် မြန်မာစစ်တပ်ဘက်က အကျအဆုံး၊ ဒဏ်ရာရရှိသူဦးရေ များပြားနေသည်ဟု သိရ​သော်​လည်း လူဦး​ရေအတိအကျကို အတည်မပြုနိုင်သေး​ပေ။


သတင်း- Ai Khin

Wednesday, November 8, 2017

ဆိုကေရးတီး(SOCRATES)


စုစည်းတင်ပြ 📜 တင်မောင်လှိုင်|

ဘီစီ ၅၀ဝ ပြည့်နှစ်ခန့်က ဂရိနိုင်ငံ အေသင်မြို့တော်၌ ဆိုကရေးတီး အမည်ရှိသော ပညာရှင် တစ်ဦး ပေါ်ပေါက်ခဲ့သည်။

ဆိုဖစ်
ထိုခေတ်က အေသင်မြို့သားများသည် ပညာကို အထူးလိုလား ကြသဖြင့် အကြောင်းသင့်ရာသင့်ရာ စုဝေးတိုင်ပင်ဆွေးနွေးလေ့ ရှိကြသည်။ ထိုသို့စုဝေးကြသော လူတစ်စုကို “ ဆိုးဖစ် ” ဟုခေါ် ၏။ ဆိုးဖစ်တို့သည် စကား၏ပရိယာယ်၌ လိမ်မာ၍၊ ဆွေးနွေးရာတွင် အကျိုးသင့်အကြောင်းသင့် ငြင်းခုံသည် ထက် စကားနိုင်လု၍ ငြင်းခုံလေ့ရှိကြသည်။

ယုံမှားသံသယမှ ဆန်းစစ်ခြင်းသို့
သို့သော်လူတို့၏ စကားများမှာ ပရိယာယ်ကြွယ်ဝသလောက်အနှစ်သာရကင်းမဲ့လေသည်။ ဆိုကရေးတီးက ဤသို့ အပေါ်ယံရွှေမှုန်ကြဲသည့် ပညာမျိုးသည် လူတို့အားပညာအလင်းရောင် မပေးသည်သာမက၊ ယုံမှားသံသယ ဖြစ်စေပြီးလျှင်၊ ပို၍ရှုပ်ထွေးစေသည်ဟု ယူဆသဖြင့် ယင်းကို ရှောင်ကြဉ်လေသည်။ ဆိုကရေးတီး၏ဝါဒသည်ကား၊ မိမိ၏ ကိုယ်ကျင့်တရားကို လေ့လာစီစစ်ခြင်းဖြင့် အမှန်တရားကို ရှာဖွေခြင်းပင် ဖြစ်ပေသည်။ ဆိုကရေးတီး၏ဩဝါဒမှာ မိမိကိုယ်ကို မိမိသိအောင် ဆန်းစစ်ကြည့်ခြင်းပင် ဖြစ်၏။ ဆိုကရေးတီး၏အလို၌ ပညာရှိလျှင် သီလရှိသည်ဟူ၏။ ပညာရှိသူသည် အစစအရာရာ၌ ခြိုးခြံ၍၊ မဇ္ဈိမပဋိပဒါတည်းဟူသော အလယ်အလတ်လမ်းကို လိုက်သည်။ မယုတ်မလွန် ကျင့်ခြင်းပင်လျှင် စိတ်၏တည်ငြိမ်ချမ်းသာမှုကို ရနိုင်သည်ဟု ဆိုကရေးတီးသည် ယူဆခဲ့၏။ ထိုခေတ်အခါက လူတို့၏ ပြုမူကျင့်ကြံပုံတို့သည် မည်မျှ လမ်းလွဲနေသည်ကို ထုတ်ဖေါ်ပြသခဲ့သည်။ သူကိုယ်တိုင်လည်း မတရားမှုကို စိုးစဉ်းမျှမပြု၊ တရားသော အမှုအတွက်ကား အသက်ကိုပင် စွန့်လွှတ်ရန် ဝန်လေးသူမဟုတ်ချေ။ စင်စစ်လူတို့သည် ပင်ကိုယ်ကဆိုးသွမ်း သော မျိုးစေ့ရှိကြသည်မဟုတ်၊ မသိနားမလည်မှုပေါ်တွင် အခြေခံ၍ ဆိုးသွမ်းမှုဖြစ်ကြ၏။ ပညာဗဟုသုတပေါ်တွင် အခြေတည်သောအခါ ကိုယ်ကျင့်တရား ကောင်းမွန်လာကြသည်ဟု ဆိုကရေးတီးသည် ယုံကြည်၏။

ဆိုကရေးတီးသည် သူ၏အယူအဆများကို စာဖြင့်တစ်လုံးတစ်ပါဒမျှ မရေးသားခဲ့ချေ။ သူ၏တပည့်များဖြစ် ကြသော သမိုင်းဆရာကြီး ဇင်းနိုဖန်နှင့် ပညာရှိကြီး ပလေတိုတို့က မိမိတို့ဆရာ၏ ဩဝါဒကထာကို နောင်လာ နောင်သားတို့ လေ့လာနိုင်စေရန် မှတ်တမ်းတင်ခဲ့ခြင်းသာ ရှိ လေသည်၊ ထိုသူနှစ်ဦးကြောင့် ဆိုကရေးတီး၏ အယူအဆ အတွေးအခေါ်နှင့် ဩဝါဒတို့သည် ဂရိတို့၏ ယဉ်ကျေးမှုကို ထင်ရှားကျော်စော စေခဲ့သည်။

ငယ်ဘဝ
ဆိုကရေးတီးသည် အေသင်မြို့တော်၏ ဆင်ခြေဖုံးရပ်ကွက်၌ မွေးဖွား၍၊ သူ၏ဖခင်မှာ ပန်းပုဆရာဖြစ်သည်။ ပန်းပု ပညာကို သင်ကြားလေ့လာစဉ်က ပညာကိုကောင်းစွာမသင်ခဲ့ရချေ။ ဖခင်၏ ပန်းပုပညာကို သင်ယူ လျက်၊ ပန်းပုဆရာအဖြစ် လုပ်ကိုင်ပြီးနောက် ထိုအလုပ်ကို စွန့်လွှတ်၍ အမှန်တရားကို စဉ်းစားကြံဆခြင်းဖြင့် ပျော်ပိုက်နေလေသည်။သူသည်နေရေး စားရေးအတွက် မပူပင်ချေ။ ရောင့်ရဲလွယ်သောစိတ်ဓာတ်ရှိ၏။ ကြံ့ခိုင်သောကိုယ်ခန္ဓာကြောင့် ခံနိုင်ရည်ရှိလေသည်။ အတန်ငယ် စားရုံအိပ်ရုံနှင့် နေနိုင်သော သတ္တိရှိရကား စီးပွားရှားဖွေခြင်းကို မပြုဘဲ အမှန်တရား ကိုသာ ရှာဖွေခြင်းဖြင့် အချိန်ကုန်လွန်စေခဲ့သည်။

ဆိုကရေးတီးသည် အေသင်မြို့တော်ရှိ လမ်းမကြီးများ ပေါ်တွင် ကြမ်းတမ်းသော အဝတ်ကိုဝတ်ဆင်လျက် ဖိနပ်ကို အလျင်းမစီးဘဲ သွားလာတတ်သည်။ အရပ်မှာပု၍ လမ်းလျှောက်ပုံမှာ ဘဲသွားသကဲ့သို့ဖြစ်ရကား အကြည့်ရဆိုးလေသည်။ ဝတ်မှုစားမှုကို ဂရုမစိုက်ခြင်းကြောင့် အမြဲညစ်ပတ်ပေရေ နေလေသည်။ သွားလာယင်း သူသိလိုသမျှကို တွေးတောကြံဆ၍နေတတ်၏။ လမ်း၌တွေ့ရသော မည်သူကိုမဆို လှမ်း၍ မေးမြန်းတတ်သည်။ ထိုခေတ်အခါက အေသင်မြို့သားတို့သည်အလွန်အလှကြိုက်၍ ဂုဏ်မက်သူများ ဖြစ်ရကား၊ အရုပ်ဆိုး၍အဝတ်အစုတ် အပြတ်ကို ဝတ်သော ဆိုကရေးတီးအားရှောင်လွှဲသွားတတ်ကြသည်။ သို့ရာတွင် အချို့ကမူ သူ၏ကိုယ်ကျင့်တရားနှင့်ဆိုင်သော ဟောပြောချက်များကို နားထောင်ကောင်းလှသဖြင့် ဝိုင်း၍နားထောင်ကြလေသည်။ လူတို့သည် ဆိုကရေးတီး၏ စကားများကို နာယူမှတ်သား ကြသည်။ အနှစ်သာရကင်းမဲ့သော အယူအဆများသည် ဆိုကရေးတီး၏ တိကျပြတ်သားသော အရိုးခံတရားနှင့် မယှဉ်နိုင်သဖြင့် ပျောက်ကွယ်ကြရသည်။ ရှေးကလူတို့၏ တွေးတော ယူဆချက်များကို ဆိုကရေးတီးသည် အမှန်သို့ရောက်အောင် ဟောပြောခဲ့သည်။

ဆိုကရေးတီး၏ ဩဝါဒကို မင်းမျိုးမင်းနွယ်တို့၏ သားသမီးများပင် ဆည်းကပ်နည်းယူကြရသည်။ ထိုအခါက စစ်သေနာပတိတစ်ဦးဖြစ်သူ အယ်လစီဗိုင်းအားဒီးသည် ဆိုကရေးတီးကို ကြည်ညိုသူဖြစ်ရာ သူ့ဆရာ အကြောင်းကို ဆိုကရေးတီး၏ စိတ်မှာ အံ့ဩဖွယ်ကောင်းအောင် မွန်မြတ်လှ၍၊ သူ၏ဟောပြောချက်တို့ သည် အာဏာစက်ကဲ့သို့ မနာခံဘဲ မနေနိုင်အောင် ဖြစ်တော့သည်ဟူ၍ မှတ်တမ်းတင်ခဲ့သည်။

ဆိုကရေးတီးသည် ပင်ပန်းညောင်းညာမှုကို ဂရုထားသူ မဟုတ်ချေ။ နံနက်စောစောကစ၍ တစ်နေရာတွင် ရပ်ကာ တစ်စုံ တစ်ခုကို စဉ်းစားနေလျှင် သူမည်မျှကြာမည်ကို စောင့်ကြည့်ကြသော လူများသာ ညောင်း ညာနှုန်းရိပေသည်။ အိပ်လျက် စောင့်ကြရပေမည်။ သို့ရာတွင် ဆိုကရေးတီးကား ထိုနေရာမှ ရွေ့ရှားလိမ့် မည် မဟုတ်ချေ။ ဆိုကရေးတီး၌ ဤကဲ့သို့ အမူအကျင့်ရှိ သော်လည်း သူသည် အပေါင်းအသင်းဝင်ဆံ့၍ မိတ်ဆွေများအိမ်၌ကျင်းပသော ထမင်းစားပွဲများတွင် ရယ်စရာပျက်လုံးများနှင့်လည်း သောတတ်သည်။ ပညာရှိပီပီ နက်နဲသော အယူအဆ ပြဿနာများကိုလည်း ဆွေးနွေးတတ်သည်။ ဆိုကရေးတီးသည် ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ အနှောင့်အရှက်ပေးခြင်းတို့ကို လုံးဝမှုသူမဟုတ်ချေ။ ယင်းသို့ စိတ်အနှောင့်အရှက်ကို ခံနိုင်ရည် ရှိခြင်းမှာ သူ၏နှုတ်သီးကောင်း သဘောဆိုးသော ဇနီးပီး၏ အနှောင့်အယှက်ပေးမှုကို ကျင့်သားရပြီး ဖြစ်သောကြောင့်ဟု ဆိုရပေမည်။

စစ်မှုထမ်းဘဝ
ဆိုကရေးတီးသည် ကိုယ်ကျင့်တရားကိုသာ ဂရုစိုက်၍ ကြံဆသော ပညာရှိပုဂ္ဂိုလ်ကြီးမဟုတ်၊ လက်ရုံးရည် နှင့် ပြည့်စုံသော စစ်သည်တော်လည်း ဖြစ်ခဲ့ဖူး၏။ စစ်ပွဲပေါင်းများစွာ အောင်ပန်း ဆွတ်ခူးခဲ့ဖူးသူလည်း ဖြစ်၏။ သို့ရာတွင် စစ်တိုက်ခြင်းသည် သူ၏ ကိုယ်ကျင့်တရား ကောင်းမွန်ရေးဝါဒနှင့် ဖီလာဖြစ်နေ သည်ဟု ယူဆလာသောအခါ အက်သင်းမြို့သားများက မည်မျှပင် တိုက်တွန်းသော်လည်း စစ်ကိုကြဉ်လိုက်လေသည်။ သူ၏ ကိုယ်ကျင့်တရား အယူအဆများသည် မတရားမှုများကို လက်သင့် မခံယူသဖြင့် ဆိုကရေးတီးသည် အက်သင်းအစိုးရ၏ မုန်းထားငြိုငြင်ခြင်းကို ခံရလေသည်။

ရုံးတင်စစ်ဆေးခြင်းနှင့် သေဆုံးခြင်း
ဤသို့ဖြင့် ဆိုကရေးတီးသည် အက်သင်းအစိုးရနှင့်တကွ မာနခက်ထန်၍ ကိုယ်ကျင့်တရား မရှိသော လူထုနှင့် အရာရာတွင် ဆန့်ကျင်ဖက် ဖြစ်နေရကား၊ နောက်ဆုံး၌ သူ့အား အလွန်မုန်းထားသည့် ရန်သူ သုံးဦး ခေါင်းဆောင်သော လူတစ်စုသည် ဆိုကရေးတီး၏ အယူအဆသည် လူငယ်တို့၏ ကိုယ်ကျင့်တရား ကို ပျက်ပြားစေသည်သာမက လူတို့၏ လက်ရှိယုံကြည်ကိုးကွယ်မှုကို စော်ကားသည်ဟု တရားစွဲဆိုခဲ့သည်။ ဆိုကရေးတီး၏ တပည့်များက ရှေ့နေငှားရမ်း၍ တရားဆိုင်ရန် ပြောသော်လည်း ရှေ့နေမငှားဘဲ သူကိုယ်တိုင် သူ၏ အယူအဆများကို ရှင်းလင်းဖြေဆိုခဲ့သည်။ ထိုသို့ ရှင်းပြချက်ကို ဆိုကရေးတီး၏ လျှောက်လဲချက်များဟု ယခုတိုင်အောင် ထင်ရှားလျက်ရှိသည်။ ရုံးတော်က သူ့အား အပြစ်ရှိသည်ဟု တစ်ဖက်သတ် ဆုံးဖြတ်ပြီးလျှင် သေဒဏ်အပြစ်ပေးခဲ့သည်။ သို့ရာတွင် ဆိုကရေးတီးကား အနည်းငယ်မျှ မတုန်လှုပ်ချေ။ စီရင်ချက်အတိုင်း လာ၍ပေးသော အဆိပ်ခွက်ကို သတ္တိရှိရှိနှင့် မော့ချလိုက်လေသည်။

ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)

ဆိုကရေးတီးရဲ့ အရိပ်များ
=======================
ဂရိအတွေးအခေါ်ပညာရှင် ဆိုကရေးတီးသည် ဖိနပ်မစီး။ ရာသီဥတုဒဏ် ခံနိုင်သော ၀တ်ရုံတစ်ထည်ရှိလျှင် သူ့အတွက် ပြည့်စုံလေသည်။
(၁)
တစ်နေ့မှာ လူသူရှုပ်ထွေးသော ဈေးထဲသို့ သူရောက်သွား၏။ လမ်းဘေးမှာ ချရောင်းသောပစ္စည်းများကို သူ စူးစူးစမ်းစမ်း လိုက်ကြည့်နေမိသည်။ သူက မသိသော်လည်း သူ့ကို သိထားပုံရသည့် လူငယ်လေးတစ်ယောက်က လာမေးသည်။
"ဆရာကြီး ဘာပစ္စည်းကို ရှာနေတာလဲ"
"ဘာပစ္စည်းကိုမှ မရှာပါဘူးကွယ်။ လူတွေအတွက် အမှန်တကယ်လည်း မလိုအပ်တဲ့ ပစ္စည်းတွေ ဘယ်လောက်များ များနေပြီလဲလို့ လိုက်ကြည့်တာပါ"
(၂) တစ်နေ့ လူတစ်ယောက်မှ ဆိုကရေးတီးအား
"ဆရာကြီး... ကျွန်တော် မိန်းကလေးတစ်ယောက်ကို ချစ်နေမိပြီ"
"ဟုတ်လား ဘယ်အချိန်က ချစ်သွားတာလဲ"
"မြင်မြင်ချင်း ချစ်မိတာပါပဲ၊ ဘယ်လိုလုပ်ရမလဲ"
"နောက်တစ်ခေါက် သေသေချာချာ ထပ်ကြည့်လိုက်"
"ဗျာ"
"နောက်တစ်ခေါက် သေသေချာချာ ထပ်ကြည့်လိုက်လို့"
လူငယ်လေးက နားမလည်ဘဲ ခေါင်းကုတ်၍ လှည့်ထွက်သွားသည်။ သူက နောက်တစ်ခါ ရွေးချယ်ခွင့် ပေးလိုက်သည့်သဘော ဖြစ်၏။ သူ့ဆုံးဖြတ်ချက်ကို သေချာစေရန် ဖြစ်သည်။
(၃)
တစ်ခါ သူ့ထံသို့ ကျောင်းတော်သားတစ်ယောက် ရောက်လာပြန်သည်။
"ဆရာကြီး ကျွန်တော် ပညာလိုချင်လို့ပါ"
"လာ... လိုက်ခဲ့"
မြစ်ကမ်းပါးတစ်ခုသို့ သူတို့ ရောက်သွားကြသည်။ သူက ထိုကျောင်းသားလေးကို ရေထဲ တွန်းချလိုက်၏။ ရေမကူးတတ်သော ကျောင်းတော်သားကလေးမှာ ယက်ကန်ယက်ကန်။ သူ ပြန်ဆယ်ပေးခဲ့ပါသည်။ စကားတစ်ခွန်းကိုတော့ မေးရ၏။
"မင်း... ရေထဲနစ်တုန်းက ဘာကို အတောင့်တဆုံးလဲ"
"လေ"
"အေး... ရေနစ်တဲ့အချိန်မှာ လေကို တောင့်တသလိုမျိုး ပညာကို မင်း တောင့်တရင် မင်း ပညာတတ်ကြီး ဖြစ်ရမယ်"
(၄)
ဆိုကရေးတီး သေခါနီး ဝေဒနာခံစားရသည်ကို မြင်သဖြင့် သူ့၏ တပည့်များက ငိုကြွေးကြလေသည်။ ထိုအခါ ဆိုကရေးတီးမှ '' ဘာလို့ငိုနေတာလဲ သေသွားတာပိုကောင်းလား ရှင်ကျန်နေတာ ပိုကောင်းလားဆိုတာ ဘုရားသခင်မှပဲ သိလိမ့်မယ် '' ဟု မငိုကြစေဖို့ ပညာစကားဖြင့် ဆုံးမခဲ့လေသည်။
ထိုအရာများသည် ဆိုကရေးတီး၏ အရိပ်အချို့ဖြစ်လေ၏

Credit to (တာရာမင်းဝေ)

Tuesday, November 7, 2017

အတောက်အပကြိုက်သော ကင်ညာ မြို့တော်ဝန်


AFRICA UPDATES | နိုဝင်ဘာ ၇, ၂၀၁၇ |

ကင်ညာ[Kenya] မြို့တော်ဝန် မိုက်ခ် ဆောင်ကို [Mike Sonko]ဟာ ရွှေကားများ ၊ ရွှေ ၂၄ ကရတ်နဲ့  ပြုလုပ်ထားတဲ့ ဖုန်းများ ပိုင်ဆိုင်ပြီး နှင့် ရွှေဝိုင်းအရက်တွေသာ သောက်တယ်လို့ နာမယ်ကျော်တယ်။ 

နိုင်ရိုဘီမြို့[Nairobi]ရဲ့ ဒုတိယမြောက် မြို့တော်ဝန် မိုက်ခ် ဆောင်ကိုဟာ သူရဲ့ အထူးအဆန်း ဘဝအနေ အထိုင်ကြောင့် ပိုမိုထင်ရှားကျော်ကြားလာတယ်။။ 





အသက် ၄၂ နှစ် အရွယ် မြို့တော်ဝန်ဟာ နှစ်ကြာ နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ဆိုရှယ်မီဒီယာ၌ သူ့ ဇိမ်ခံ ပိုင်ဆိုင်မှုများကို မျှဝေတင်ပြခြင်းကြောင့် လူသိများခဲ့တယ်။ 
သူဟာ တောက်ပတဲ့အရာဟူသမျှကို အလွန်အမင်း နှစ်သက်ကြတယ်။ အဓိကအားဖြင့် ရွှေပေါ့။ ရွှေ ဆိုရင် အရူးအမှူးလို ကြိုက်ကြပါတယ်။ အကန့်အသတ်မရှိ၊ အတော်အသတ်မရှိ သူတတ်နိုင်သမျှ ရယူကြတယ်။ 

သူ့ရဲ့ အလှဆင် ဖက်ရှင် အသုံးအဆောင်တွေအပြင် ကားနဲ့ ဖုန်းတွေဟာလည်း ရွှေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ သူဟာ ရွှေရောင် ရှိတဲ့ အရက်ကို ရွှေပုလင်းတွေမှာ ထည့်သောက်ကြတယ်လို့ အချို့က စွပ်စွဲ ပြောဆိုကြတယ်။ 

ဒီ ဟီပ်ဟော့ပ် ဖက်ရှင်ကျကျနေတဲ့ နိုင်ငံရေးသမားဟာ အသက် ၃၅ နှစ်တွင် ကင်ညာနိုင်ငံ၊ မာကာဒါရာ [Makadara] မဲဆန္ဒနယ်မှ ပါလီမန်အမတ်အဖြစ် ရွေးကောက်ခံရပြီးနောက်ပိုင်း အမျိုးသား နိုင်ငံရေးလာက မှာ ထင်ရှားလာခဲ့တယ်။ ယခုသူဟာ တရားဝင်နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုမှာ ပါဝင်နေသူဖြစ်တယ်။ ဒါပေမဲ့ သူ့သမိုင်းက အမြဲတမ်း ဒီလိုတော့ မရှိခဲ့ဖူးတဲ့။  

ဝီကီပဒေယား[Wikipedia] အရ ဆောင်ကိုဟာ သူရဲ့ အစောပိုင်း ဘဝကို ရာဇဝတ်မှု၌ ဖြတ်သန်းစေခဲ့ တယ်။ သူဟာ နိုင်ငံတကာ ရာဇဝတ်မှု ဘွဲ့မယူခင် နိုင်းရိုဘီနှင့် မိုမ်ဘာဆာ [Mombasa] လမ်းမတွေပေါ်၌ လူတွေကို ရိုက်နှက်လုယက်မှုဖြင့် အသက်မွေးခဲ့တယ်။ 




ဘားဇ် ကင်ညာ [Buzz Kenya] သတင်းအရ သူဟာ နိုင်ငံတကာ မူးယစ်ဆေးဝါး ရာဇာ တစ်ဦး ဖြစ်ခဲ့တယ်။ ရှီမိုလာ တဲဝါး [Shimo La Tewa] အကျဉ်းထောင် ဖောက် ထွက်ပြေးရှောင်တိမ်းခဲ့သူ အဖြစ်လည်း ကျော်ကြားခဲ့တယ်။  နိုင်ငံရေးလောကသို့ မရောက်မီ သူဟာ အစ်လန်[Eastland]၌ မာတာတာစ် [Matatus] အမည် ယဉ်စုများကို စီမံခန့်ကွဲသည့် လုပ်ငန်းဆောင်ရွက်ခဲ့တယ်။ အဆိုပါ ယဉ်တွေဟာ ယနေ့တိုင်း ဝင်ငွေ အားကောင်းစွာ ပြေးဆွဲနေဆဲဖြစ်တယ်။ 

ရိုရှိုက်သံ တညံညံ




ရိုရှိုက်သံ တညံညံ


အ​နောက်ကမ်းက လက်​နက်​သံ 
အ​ရှေ့ကမ်းက မီးဟုန်လျှံ
ဗရမ်းဗတာ ခုန်​​ကျံကျံ
"ရို" နှလုံးသံ။ 

လယ်မြေခြံက သိမ်းပိုက်ခံ
ချွေးလျှံဆောက်တဲ့ တဲဥယျာဉ်
သက်ပေါင်းလွန်စွာ စတေးခံ
“ရို” ငိုရှိုက်သံ။ 

ရေးဖွဲ့- ရိုဟင်လေး

Saturday, November 4, 2017

ပါကစ္စတန် လွတ်လပ်ရေးဖခင် ဂျိန္နာဟ်၏ သမီးတော် ဒီနာ ဝါဒီယာ သက်တော် (၉၈) နှစ်တွင် ကွယ်လွန်


မစ္စတာ ဂျိန္နာဟ်၊ သူ့နှမ ဖာတေမာနှင့် သူ့ သမီး ဒီနာ
—​ Courtesy National Archives Islamabad
တင်ပြ 📰 နတ်မျက်စိ|
Dawn.com| November 02, 2017|

ကိုင်ဒေ အာဇော်မ် မူဟာမတ်အာလီ ဂျီန္နာဟ်နှင့် ရာတ္တာန်ဘိုင် တို့၏ တစ်ဦးတည်းသော သမီး ဒီနာ ဝါဒီယာ Dina Wadia (အသက် ၉၈)ဟာ နယူးယောက်မြို့၌ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ (၂)ရက် ကြာသပတေးနေ့ တွင် ကွယ်လွန်ခဲ့တယ်လို့ မွမ်ဘိုင်နှင့် နယူးယောက်မြို့မှ လာရှိသည့် သတင်းအရ အတည်ပြုသွားတယ်။ 

သူမသည် ၁၉၁၉ ခုနှစ်၊ ဩဂုတ်လ ၁၄နှင့် ၁၅ ရက် ည မွေးဖွားသူဖြစ်တယ်။ မစ္စတာ ဂျိန္နာဟာ သူ့သမီး ဒီနာကို ရတ္တနာ ဘိုင်နှင့် ကွာရှင်းပြီးနောက် တစ်ဦးတည်း ပြုစုပျိုးထောင်ပေးခြင်း ဖြစ်တယ်။  

မစ္စတာ ဂျိန္နာဟ်နဲ့ သူ့သမီး ဒီနာ တို့ လန်ဒန်မြို့၊ ဟမ်စတိတ်၊
 အနောက် ဟီးတ် လမ်းရှိ သူတို့ပိုင် အိမ်ခြံ၌ အပျင်းပြေနေပုံ
—​ Courtesy National Archives Islamabad
မစ္စတာ ဂျိန္နာဟ်ဟာ သူ့သမီးကို အလွန်တရာ ချစ်ခင်ကြတယ်။ သို့သော် အိန္ဒိယ-ပါရစီလူမျိုး Neville Wadia နှင့် အသက် ၁၇နှစ်တွင် ချစ်ကျွမ်းဝင် လက်ထပ်ခဲ့ပြီးနောက် သူတို့၏ မေတ္တာဟာ အနည်းငယ် တင်းမာလာခဲ့တယ်။ 

ဒီနာ နှင့် နီဘီးလ် တို့ဟာ မွမ်ဘိုင်မြို့တွင် အတူနေထိုင်ခဲ့ပြီး သား တစ်ယောက်၊ သမီးတစ်ယောက် ရပြီး နောက် လမ်းခွဲခဲ့သည်။

Quaid-i-Azam Mohammad Ali Jinnah ၏ တစ်ဦးတည်းသော သမီး ဒီနာ ဝါဒီယာ (ဝဲဖက်)၊
ခမည်းတော် အသုဘသို့ တက်ရောက်ရန် ဒေလီမှ ထွက်ခွာနေစဉ်
Photo: The Press Information Department, Ministry of Information, Broadcasting
& National Heritage, Islamabad

ဒီနာဟာ ၁၉၄၈ ခုနှစ် သူ့ခမည်းတော် လဲဖြစ်၊ ပါကစ္စတန် နိုင်ငံရဲ့ ဖခင်ကြီးလဲဖြစ်တဲ့ Quaid e Azam Muhammad Ali Jinnah ရဲ့ အသုဘအခမ်းအနား တက်ရောက်ပြီး ခမည်းတော်အား နောက်ဆုံး ဂါရဝပြုရန် ပထမဆုံးအကြိမ် ပါကစ္စတန်နိုင်ငံသို့ ရောက်လာခြင်းဖြစ်တယ်။  

သူက နောက်ဆုံးအကြိမ် ပါကစ္စတန်သို့ ရောက်လာခဲ့တဲ့ ခရီးက ၂၀၀၄ ခုနှစ်တွင် သူ့သား Nasli Wadia နှင့် မြေး Jehangir နှင့် Ness တို့နဲ့အတူ ရောက်လာခြင်းဖြစ်တယ်။  

သူ့ဖခင်ရဲ့ ဂူဗိမာန်ဖူးမော်ပြီးနောက် ဧည့်သည်တော်စာအုပ်တွင် “This has been very sad and wonderful for me. May his [Jinnah's] dream for Pakistan come true.” လို့ ရေးခဲ့တယ်။ 

Friday, November 3, 2017

Háil Bisáná Noiya San

Lekoyá    📓       Fáida Halu
Gouya-     🎤      Shalom Juhari |



Háil bisána Noiya San


(1)
Ki cúndór Hail bisáná dec añárar
Uttor fuké gíri raikké Arakan címá faar
Merit mazé bisai raikké Recómi rumal
Naf doijjar faní sola-fíra Jonnotor doil lar
Ki cúndór hail bisáná dec añárár

(2)
Ki cúndór Assan wala Dec añárár
Ére mazé tánda Miulá Sairó míkká berar
Bijili ye comki comki Húcir gana gaar. 
Raitot mazé San Taraye Fúl fuithte fán laar
Ki cúndór Assan wala Dec añárár

(3)
Ki mozar Musóm O bái Dec añárár 
Hudin, Bairá, Cítkal có mozar musóm háñzar
Ókkol musomót rizúk bóça Gula gala nofúrár
Allahr rahamót zórifórer Zóror doillá laar.
Ki mozar Musóm O bái Dec añárár 

(4)
Ki adojja Manúic O bái dec añárár
Mugót raké Allahr zikír decót bané Mosít mazaar
Elóm óre dón buzí koumorllá dé foran taar
Gór báriye solafíra Fíríctar dóil laar
Ki adojja Manúic O bái dec añárár

(5)
Ki cúndór hail bisáná dec añárár
Faig foccú bakbálluk có taarif gori nofúrar
Assan wala sailé obai Nur batti dóil laar
Okkól decór túaró beggun barík Arakan aññárár
Ki cúndór hail bisana dec añárár


🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋

Thursday, November 2, 2017

ဂြိုဟ်တာရာနှင့် ရိုသက်ကြီးစကား

Gorhá ól [Planets]
စုစည်းတင်ပြ ⛲ ရိုဟင်လေး|Old is Gold|


💎 ဂြိုဟ်တာရာနှင့် ရိုသက်ကြီးစကား 💎


“ဂြိုဟ်”ကို ရိုဟင်ဂျာ ဘာသာစကားမှာ ဒေသအလိုက် ၃ မျိုးတောင် သုံးနှုန်းခေါ်ကြတာ တွေ့ရပါတယ်။ တစ်ချို့ ဒေသမှာ GORHÁ ၊ တချို့ဒေသမှာ GONDHÁ ၊ တချို့နေရာမှာ Goolá လို့ ခေါ်ကြတာကို တွေ့နိုင်ပါတယ်။ ဒီမှာ စကားလုံး သုံးလုံးစလုံးဟာ တစ်လုံးနဲ့ တစ်လုံး ဆက်နွယ်မှုရှိပါတယ်။ လေယူလေသိမ်း ပြောင်းလဲသွားတာပဲ ဖြစ်နိုင်တယ်။  သက္ကတ စကားလုံး Graha မှ အသံပျက်လာတဲ့ စကားလုံးတွေ ဖြစ်တယ်။ ရှေးရိုဟင်ဂျာတွေက ဂြိုဟ်ကို ကြယ်အကြီးစား [Doñr Tara]လို့ ယူဆကြတယ်။ တစ်နည်းဆိုရင် ကြယ်ပါပဲ။ အာကာသ ဝတ္တုတွေကို ယေဘုယျအားဖြင့် Tara လို့ ခေါ်ကြတယ်။ အဲ့ဒီ တာရာ Objects တွေ ရိုဟင်ဂျာ တွေရဲ့ အသုံးအနှုန်းအရ (၄)မျိုးတောင် ကွဲခြားနိုင်တယ်။ (၁) တာရာ [Tara]—ကြယ်တာရာ၊ (၂) နော်ခ်ချော့ တာရာ [Nokcá Tara]—နက္ခတ်တာရာ/ တစ်စုံတစ်ခု၏ ပုံဖော်နိုင်သည့် ကြယ်အစု၊  (၃) ဂိုလာ [Goola]—ဂြိုဟ် (၄) ချော့တာနော့ရ် တီရ် [Cótanor Tir]—ဥက္ကာပျံ တို့ဖြစ်ကြတယ်။ (၈) ရာစု နောက်ပိုင်း အိစ္စလာမ်ရဲ့ အရိပ်အောက်ခိုလှုံပြီး ကျမ်းတော်မြတ် ကုရ်အာန်ရဲ့ အလင်းပြမှုကြောင့် အကာသသိပ္ပံပညာရပ် ဆိုင်ရာ အသိပညာ ဗဟုသုတများ ပိုမို သိကျွမ်းလာခဲ့တယ်လို့ ခန့်မှန်းနိုင်တယ်။

ရှေးရိုဟင်ဂျာတို့ဘဝတွင် ကြယ်တွေရဲ့ အခန်းကဏ္ဍလဲ အရေးပါခဲ့တယ်။ သန်းခေါင်ယံမှာ Zuúrá Tara [Venus] ကို ကြည့်ပြီး ဆဟေ့ရီ အချိန် ခန့်မှန်းကြတယ်။ ဓူဝံကြယ် [Súr Tara]ကို ကြည့်ပြီး အရပ်လေး မျက်နှာ သတ်မှတ်ကြတယ်။ Háñt Tara, Nicí Tara စတဲ့ ကြယ်တာရာ တွေကိုလဲ သူ့နေရာနဲ့သူ အလေးထား အသုံးပြုခဲ့ကြတယ်။ ဒါ့အပြင် အထက်မှာ ဖော်ပြပြီးသလို Nokcá Tara ကဏ္ဍလဲရှိတယ်။ အဲ့ဒါ ကို နောက်ပို့စ် တစ်ခုမှာ တင်ပေးပါမယ်…စောင့်မျှော် ဖတ်ရှူကြပါ။ ဒီမှာ ဂြိုဟ်ရှစ်လုံး အကြောင်းပဲ တင်ပြ ပေးပါမယ်။ 

စကြာဝဠာရှိ ကျနော်တို့နေတဲ့ နဂါးငွေ့တန်း ဂလက်စီမှာ ဂြိုဟ်ရှစ်လုံးရှိတယ်လို့ နက္ခတ်ဗေဒ ပညာရှင်တွေက အတည်ပြုကြတယ်။ သို့သော် သိပ္ပံ မထွန်းကားမီ ရှေးခေတ်၌ ရိုဟင်ဂျာတွေက အိန္ဒိယ နက္ခတ်ဗေဒပညာရှင် အာရ်ယာ ဘာတ္တာ [Aryabhata, 499 CE] ရဲ့ ဂြိုဟ်တည်ရှိပုံကို ရှေးကပင် လက်ခံ သုံးစွဲလာခဲ့တယ်လို့ ထင်ရတယ်။ Ptolemy ရဲ့ ယူဆချက်ကိုလဲ တွေ့ရတယ်။  အခြေခံ ဂြိုဟ် ငါးလုံးကို သတ်မှတ်ကြတယ်။ နေ၊ လ တွေကိုပင် ဂြိုဟ်အဖြစ် ယုံကြည်ခဲ့ကြတယ်။ ၂၀ ရာစု နောက်ပိုင်းတွင် အကာသသိပ္ပံပညာ တိုးတက်လာသည်နှင့်အမျှ  ရိုဟင်ဂျာ ပညာတတ်တို့ကလဲ အဲ့ဒီ ဂြိုဟ်ကိုးလုံးကို လက်ခံလာခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၆ ခု နောက်ပိုင်းတွင် ခေတ်သစ် နက္ခတ်ဗေဒပညာရှင်တွေက ပလေတိုဂြိုဟ်ကို Disqualify လုပ်ပြီး ဂြိုဟ် (၈)လုံး အတည်ပြုခဲ့တယ်။ နောက်ပိုင်းတွင် တဖြေးဖြေး တွေ့ရှိလာခဲ့တဲ့ ဂြိုဟ်တွေရဲ့ အမည်ကို အနောက်တိုင်းသား အခေါ်အတိုင်းပဲ လေယူလေသိမ်းပျက် ခေါ်ကြတာဖြစ်တယ်။   ဒီမှာ နေ အဖွဲ့အစည်းရဲ့ ဂြိုဟ်အမည်တွေကို ရိုဟင်ဂျာ အခေါ်အဝေါ်နဲ့ ဖော်ပြပေးမှာဖြစ်တယ်။ အဲ့ဒီလို ဖော်ပြပေးတဲ့အခါ ရှေးခေတ်နှင့် ယခုခေတ် ဟူ၍ နှစ်ပိုင်း ခွဲခြား ဖော်ပြပေးရမှာ ဖြစ်တယ်။


(၁)  ရှေးအခါက ရိုဟင်ဂျာတွေ ယုံကြည်ခဲ့တဲ့ ဂြိုဟ် အမည်များ-


စဉ် ရိုဟင်ဂျာ ဗမာ English 
၁ Cóni စနေဂြိုဟ် Saturn 
၂ Bicíb ကြာသပတေးဂြိုဟ် Jupiter
၃ Moñggol အင်္ဂါဂြိုဟ် Mars
၄ Beil နေ Sun
၅ Zuúráh သောကြာဂြိုဟ် Venus 
၆ Vuid ဗုဒ္ဓဟူးဂြိုဟ် Mercury 
၇ Zun လ Moon

မှတ်ချက်။        Mars ဂြိုဟ်ကို Laal Tara ဟု ခေါ်တာလဲတွေ့ရတယ်။ 

ဒီရှေးအခေါ်တွေကို သုံးသပ်ကြည့်တဲ့အခါ နည်းနည်းတော့ ထူးခြားတယ်လို့တွေ့ရမယ်။ နေ၊ လ တွေကိုပါ ဂြိုဟ်အဖြစ် သတ်မှတ်ကြတာရေ…နံမည် အခေါ်တွေဖြစ်တဲ့ Cóni, Bicíb, Buid, Moñggol တွေက အိန္ဒိယမူရင်း အခေါ်တွေ ဖြစ်နေတယ်။ အဲဒီထဲမှာ Zuuráh ဂြိုဟ် အခေါ်တစ်လုံးတော့ အိန္ဒိယ ဂြိုဟ် နံမည်တွေမှာ မတွေ့ရဘူး။ အဲ့တော့ နည်းနည်းတိုးပြီးတော့ လေ့လာကြည့်လိုက်တဲ့အခါ ဓာတ်တူနေတဲ့ အာရဗီ ဂြိုဟ် နံမယ် Zuhúrá မှ ရိုဟင်ဂျာတို့က Zuuráh လို့ ခေါ်လာခြင်း ဖြစ်တာကို ယူဆနိုင်တယ်။ Beil, Zun ကတော့ မူရင်း ရိုဟင်ဂျာ စကားလုံးတွေဖြစ်တယ်။ 



(၂) ဂြိုဟ် ရှစ်လုံးအမည်များ

၁ Vuid ဗုဒ္ဓဟူးဂြိုဟ် Mercury 
၂ Zuúráh သောကြာဂြိုဟ် Venus
၃ Duniyai ကမ္ဘာဂြိုဟ် Earth 
၎ Moñggol အင်္ဂါဂြိုဟ် Mars
၅ Bicíbကြာသပတေးဂြိုဟ် Jupiter 
၆ Cóni စနေဂြိုဟ် Saturn 
၇ Nepcú နပ္ပကျူး Neptune 
၈ Oranás ယူရီနက်စ် Uranus

မှတ်ချက်။     Faltu [Pluto] သည် ၂၀၀၆ ခုနှစ် မတိုင်မီ ဂြိုဟ်အဖြစ် သတ်မှတ်ခဲ့သော်လည်း နက္ခတ်ဗေဒ ပညာရှင်၏ သုံးသပ်ချက်အရ ဂြိုဟ်၏ ဂုဏ်သတ္တိ မပြည့်စုံသဖြင့် ဂြိုဟ်အဖြစ်မှ ပယ်ချခဲ့သည်။ကမ္ဘာဂြိုဟ်ကို Vúmi ဂြိုဟ် လို့လဲ ခေါ်တယ်ဟု တစ်ချို့က ထွက်ဆိုကြတယ်။ 


အာကာသဆိုင်ရာ သိထားသင့်သည့် စကားလုံးများ

Beil                = နေ
Zun                = လ (San ယနေ့သုံး)
Tara               = ကြယ်တရာ
Nokcá tara   = နက္ခတ်တာရာ
Gorhá/Gondhá/Goolá = ဂြိုဟ်။ ကြယ်ကြီး။
Sáñti Goolá  = အရံဂြိုဟ်
Cótanór tir   = ဥက္ကာပျံ။
Aga-ambor   = အာကာသ။ ဝေဟင်။
Assan            = ကောင်းကင်။
Folá Musafér = အာကာသယာဉ်မှူး။
Nojúmi           = နေ၊လ ကိုးကွယ်သူ။ နက္ခတ်ပညာရှင်။
Osin Uçan Jaáñs = ပန်းကန်ပြားပျံ။
Rokéth          = အာကာသယာဉ်။

✈✈✈✈✈✈✈✈✈✈✈✈✈✈✈✈✈✈✈✈✈🚲

Ref: အာရကန်ပြည်အနှံ့ သက်ကြီး လောကဓာတ်ပညာတတ်၊ အာရဗီ ပညာတတ် သက်ကြီးတွေ သာမက ပြည်ပ ရိုဟင်ဂျာ သက်ကြီးတွေထံမှ စုစည်းရရှိခဲ့သည့် ဗဟုသုတများကို ပြန်လည် မျှဝေပေးခြင်းဖြစ်သည်။