Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, May 15, 2023

စစ်အစိုးရ-ဗုဒ္ဓဘာသာဆက်ဆံရေး (၁၉၉၀-၂၀၀၀)

 

စစ်အစိုးရ-ဗုဒ္ဓဘာသာဆက်ဆံရေး (၁၉၉၀-၂၀၀၀)


လူများစုဖြစ်သည့်အတွက် ဗုဒ္ဓဘာသာဝင်များသည် ၎င်းတို့၏ ဘာသာကို တစ်ဦးချင်းအလိုက်ရော အုပ်စုအနေနဲ့ပါ ကျင့်ကြံရာတွင်ကြီးမားသော အဟန့်အတားများ ကြုံရမှုမရှိပေ။ လူအများနှင့်ပြုလုပ်သော ဘာသာရေးအခမ်းအနားများကို အစိုးရက တိုက်ရိုက်ဘဏ္ဌာငွေစိုက်ထုတ်ကျင်းပပေးလေ့မရှိသော်လည်း ၁၉၉၀ ပြည့်နှစ်များနှင့်၂၀၀၀ ပြည့်နှစ်များဆီကမြင်တွေ့ခဲ့ရသည့်အတိုင်း အစိုးရက လမ်းညွှန်မှူပေးခြင်း၊ ဦးစီးဦးဆောင်လုပ်ပေးခြင်းများ ရှိသည်။ ယခုလို ခြုံငုံပြီး ယေဘုယျ ပြောဆိုခြင်းက လူစုနှစ်စုအတွက်တော့ ကိုယ်စားမပြုပေ။ ယင်းတို့မှာ နိုင်ငံရေးလှူပ်ရှားတက်ကြွသူရဟန်းတော်များနှင့် လမ်းရိုးမှသွေဖည်သော ဗုဒ္ဓဘာသာဂိုဏ်းကွဲများနှင့်အုပ်စုများ ဖြစ်သည်။ အဆိုပါလူစုနှစ်ခု၏ ဘာသာရေးလွတ်လပ်ခွင့်အပါအဝင် လူ့အခွင့်အရေးများကို စစ်တပ်က ချိုးဖောက်ခဲ့သည်ဟုဆိုနိုင်သည်။

အမေရိကန်ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် (USCIRF)၏ နှစ်စဉ်အစီရင်ခံစာများနှင့် များစွာသော လူ့အခွင့်အရေး အစီရင်ခံစာများတွင် ၁၉၈၈ခုနှစ်၊ ၁၉၉၀ ခုနှစ်များနှင့်၂၀၀၀ ပြည့်နှစ်များတွင် လူထုဆန္ဒပြပွဲများတွင် ပါဝင်ခြင်းနှင့် စစ်အစိုးရကို ကိုယ်တိုင်ဦးဆောင်ဆန္ဒပြခဲ့ခြင်းများကြောင့် သင်္ကန်းချွတ်လူဝတ်လဲခံရခြင်း၊ နှိပ်စက်ခံရခြင်း၊ ထောင်သွင်း အကျဉ်းချခံရခြင်းနှင့် ၎င်းတို့၏ မူလသီတင်းသုံးခဲ့ရာ ကျောင်းများတွင်ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပိတ်ပင်ခံရခြင်း၊ သာသနာ့ဘောင်ကိုစွန့်လွှတ်ရခြင်း သို့မဟုတ် နိုင်ငံအတွင်းမှ ထွက်ခွာအောင် ဖိအားပေးခံရခြင်းတို့ကို ခံစားခဲ့ရသော ရာပေါင်းများစွာသော ရဟန်းသံဃာတို့၏ အကြောင်းများကို အသေးစိတ်ဖော်ပြထားသည်။

စစ်တပ်သည် ၎င်းကိုမဆန့်ကျင်သော ရဟန်းတို့ကိုမဖိနှိပ်ခဲ့ဘဲ ကျော်ကြားပြီး ဝါစဉ်ကြီးသော ရဟန်းတို့ကို အားတက်သရော လှူဒါန်းမှူကို ပြုခဲ့သည့်အတွက် အထက်ပါ ဖိနှပ်မှူတို့ကို ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်ခံရခြင်းဟု USCIRF ၏ အစီရင်ခံစာတို့က ရံဖန်ရံခါ သတ်မှတ်ခြင်းက မေးခွန်းထုတ်စရာဖြစ်သည်။

အဆိုပါဖြစ်ရပ်တို့သည် စစ်တပ်ကိုဆန့်ကျင်သော ဗုဒ္ဓဘာသာရဟန်းတို့၏ ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်းသက်သက်လား သို့မဟုတ် နိုင်ငံရေးအရ သဘောထားကွဲလွဲသူများကို ဖိနှိပ်ခြင်းလား ဆိုသည်ကို ဆုံးဖြတ်ရခက်သည်။ ယခင်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အခြေစိုက်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံအတွင်း ရောက်ရှိနေပြီဖြစ်သော နိုင်ငံရေးအကျဉ်းးသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)နှင့်အခြား မြန်မာနိုင်ငံအခြေစိုက်လူ့အခွင့်အရေးအဖွဲ့များပါဝင်သော အစိုးရမဟုတ်သော အဖွဲ့အစည်းများက အဆိုပါ ရဟန်းတို့ကို ၎င်းတို့ပြုစုသော နိုင်ငံရေးအကျဉ်းသားများစာရင်းတွင် ထည့်သွင်းထားခြင်းမှာ အဆိုပါရဟန်းတို့၏ ဘာသာရေးလွတ်လပ်ခွင့်ထက် ပုဂ္ဂလိက အသက်ရှင်ခွင့်ကို ချိုးဖောက်ခံရသည်ဟု ဆိုလိုပုံရသည်။

မကြာခဏဆိုသလို သတိမမူတတ်သော်လည်း တိုက်ရိုက်ဆက်စပ်နေသောကိစ္စတစ်ခုမှာ မြန်မာဘုရင်များ လက်ထက်ကတည်းက ရာစုနှစ်များစွာ တည်ရှိလာခဲ့ပြီးသော လမ်းရိုးမှသွေဖည်သော ဂိုဏ်းများ၊ တရားများနှင့်ကျင့်သုံးမှူများကို အစိုးရနှင့် လမ်းရိုးရဟန်းတော်များက ဖိနှိပ်ခြင်းဖြစ်သည်။

သို့ရာတွင် ဗြိတိသျှကိုလိုနီခေတ် (၁၈၈၅-၁၉၄၈)က သံဃာထုတစ်ရပ်လုံးနှင့်အဆိုပါ လမ်းရိုးမှ သွေဖည်သော ဂိုဏ်းတို့ကို ထိန်းချုပ်ကွပ်ကဲပုံကို သိသိသာသာ ပြောင်းလဲစေခဲ့သည်။ ဗြိတိသျှတို့သည် သံဃာတို့ကို တိုက်ရိုက်ထိန်းချုပ်ခြင်းမှရှောင်ကြဉ်တတ်ပြီး ကိုလိုနီအစိုးရကို သံဃာထုထဲမှဆန့်ကျင်သော ရဟန်းတို့ကိုသာ နိုင်ငံရေးကိစ္စတစ်ရပ်အနေနဲ့ ပြင်းပြင်းထန်ထန်ကိုင်တွယ်ခဲ့သည်။

နိုင်ငံရေးတွင် ပါဝင်မှူမရှိသော သို့မဟုတ် ဗြိတိသျှတို့ကို ပေါ်ပေါ်ထင်ထင် မဆန့်ကျင်ခဲ့သော ရဟန်းတို့ကိုကား ၎င်းတို့အနေနှင့် လူဥပဒေနှင့်ဆုံးဖြတ်သော ရာဇဝတ်မှူများကို မကျူးလွန်သမျှကာလပတ်လုံး အစိုးရ၏ လက်တံမှကင်းလွတ်စွာ နေထိုင်ခွင့်ပြုခဲ့သည်။ ၎င်းက သံဃာထုထဲတွင် ကျယ်ကျယ်ပြန့်ပြန့် သီလယိုယွင်းမှူနှင့်သံဃာ့စည်းမျဉ်းများကို ပေါ့ပေါ့တန်တန် လိုက်နာမှူများ ဖြစ်ပေါ်စေခဲ့သည်။

၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရပြီးနောက် ဦးနုခေါင်းဆောင်သော ပါလီမန်ဒီမိုကရေစီအစိုးရက စည်းကမ်းပျက်နေသော ရဟန်းတို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်ကြိုးပမ်းပြီး တင်းကြပ်သော စည်းမျဉ်းများကို ပြန်လည်ချမှတ်ရန်လုပ်ခဲ့သော်လည်း အချည်းနှီးသာဖြစ်ခဲ့သည်။ သံဃာထုတစ်ရပ်လုံးကို လိုသလိုစည်းမျဉ်းများ သတ်မှတ်ပြီး ထိန်းချုပ်ရန်အစိုးရနှင့်ပူးပေါင်းမည်ဟု ကတိပြုသော နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ (မြန်မာအတိုကောက်နာမည် မဟန ဟုလူသိများကြသည်) ကို ဗဟိုသံဃာ့အုပ်ချုပ်ရေး ဥပဒေပြုရေးနှင့် တရားစီရင်ရေးအဖွဲ့တစ်ခုအနေနှင့် ၁၉၈၀ ခုနှစ်တွင် ဖွဲ့စည်းလိုက်သောအခါတွင်မှ နိုင်ငံတော်က ပြန်လည်အုပ်စီးမိသွားခဲ့သည်။ ယင်း တိုးတက်မှူတို့က သံဃာ့ဖွဲ့စည်းပုံနှင့် စည်းကမ်းကို ယေဘုယျအားဖြင့် ပိုမိုကောင်းမွန်အောင်ပြုလုပ်ခဲ့သော်လည်း မဟန အနေနှင့် ထေရဝါဒ ရှေးရိုးလမ်းစဉ်မှသွေဖည်သည်ဟုယူဆသည့် တရားများ၊ ကျင့်သုံးမှူများနှင့် အုပ်စုများကို အယူလွဲပြီး တရားဝင်ခြင်းမရှိဟု ၎င်းတို့ယူဆသည့်အတိုင်း သတ်မှတ်ကာ သာသနာကိုသန့်ရှင်းစေခဲ့သည်များလည်း ရှိနေသည်။

၂၀၁၄ ခုနှစ်အထိ မဟန ကိုယ်တိုင်ကသော်လည်းကောင်း မဟနက ဖွဲ့စည်းပေးသည့် အထူးခုံရုံးများကသော်လည်းကောင်း ချမှတ်ပြီးသည့် ဆုံးဖြတ်ချက် နှစ်ဆယ့်တစ်ချက် ရှိနေပြီး အယူလွဲသည်ဟု စွပ်စွဲခံရသည့်တရား၊ ဝါဒနှင့်ကျင့်ကြံမှူများကို အထက်ဇယားတွင် တွေ့နိုင်သည်။ အဆိုပါ ခုံရုံးနှင့်အဖွဲ့၏ ဆုံးဖြတ်ချက်များ အားလုံးက စွပ်စွဲခံရသူတို့ကို အပြစ်ရှိသည်ဟု ဆုံးဖြတ်ခဲ့သည်။ အကျိုးဆက်အားဖြင့် အပြစ်ရှိသူတို့သည် တရားဟောခြင်းကို ရပ်တန့်ရပြီး အယူလွဲနေသော တရားများနှင့် ကျင့်ကြံပုံလွဲနေသော ကျင့်ကြံမှူများကို ဖြန့်ဝေနေခြင်းကိုလည်း ရပ်တန့်ရသည်။

ယနေ့အထိ မိုးပြာဦးဉာဏ၏ ကိစ္စမှလွဲ၍ စွပ်စွဲခံရပြီး အပြစ်ရှိသည်ဟု ဆုံးဖြတ်ခံထားရသည့် မည်သူကမျှ မဟနနှင့်ခုံရုံးများ၏ ဆုံးဖြတ်ချက်ကို မလိုက်နာခြင်းမျိုး မရှိသေးပေ။


" မိုးပြာဦးဉာဏဂိုဏ်းပြဿနာ"



ယနေ့ခေတ်အစိုးရနှင့် ဗုဒ္ဓဘာသာဆက်ဆံရေးမှာ ယခင်ထက်စာလျှင် ဝိဝါဒကွဲလွဲမှုနည်းလာသည်။ ၁၉၈၀ ခုနှစ်များဆီက စတင်လာခဲ့သော တစ်ခုတည်းသော ပြဿနာကိစ္စမှာ မိုးပြာဦးဉာဏ (ရှင်ဉာဏ သို့မဟုတ် ရှင်မိုးပြာဟုလည်း သိကြသည်) ၏ ကိစ္စဖြစ်သည်။ ၎င်းကို သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ထောင်မှလွတ်ပေးခဲ့သည်။ ၎င်း၏ ကိစ္စက မဟနက မြှင့်တင်သည့်သန့်ရှင်းသော ထေရဝါဒလမ်းစဉ်ကို နိုင်ငံတော်အစိုးရက အကာအကွယ်ပေးထားပုံနှင့်ပတ်သက်ပြီး အရေးကြီးပြီး ရှားပါးသည့် သက်သေတစ်ခုအဖြစ်ရှိနေသည်။ ယင်းကိစ္စသည်မဟနနှင့် ဂိုဏ်းဂဏများအကြား ဂိုဏ်းများက ခုံရုံးများနှင့် မဟန၏ ဆုံးဖြတ်ချက်ကိုလိုက်နာပြီး ၎င်းတို့၏ ယုံကြည်မှုများနှင့်ကျင့်ကြံမှုများကိုစွန့်လွှတ်၍ တရားပြန့်ပွားစေခြင်းကို ရပ်တန့်လိုက်သရွေ့ အေးအေးချမ်းချမ်း ဖြေရှင်းတတ်သော ဖြစ်ရိုးဖြစ်စဉ်မှသွေဖည်နေသည်။

၂၀၁၀ ခုနှစ်များအတွင်း မိုးပြာဦးဉာဏ၏ ကိစ္စသည် ယင်းဂိုဏ်း၏ ခေါင်းဆောင်အပေါ်ကို ချမှတ်ခဲ့သော အလွန်ကြာရှည်သော ထောင်ဒဏ်များကြောင့် နိုင်ငံတကာလူ့အခွင့်အရေး တောင်းဆိုသည့်အသိုင်းအဝန်း၏ အာရုံစိုက်မှုကိုရရှိခဲ့သည်။ မဟနက ဖွဲ့စည်းလိုက်သော အထူးခုံရုံးအမှတ် ၁၇ က မိုးပြာဂိုဏ်း၏ သင်ကြားမှုများသည် အယူလွဲသည်ဟု ၂၀၁၁ ခု နိုဝင်ဘာလ ၁၅ ရက်တွင်မှ ဆုံးဖြတ်ခဲ့သော်လည်း ဂိုဏ်းခေါင်းဆောင် ဦးဉာဏနှင့် မဟန ကြား ပဋိပက္ခမှာ ၁၉၈၁ ခုနှစ်ကတည်းက စတင်ခဲ့သည်။ 

ဦးဉာဏသည် ထေရဝါဒဗုဒ္ဓဘာသာကို မြန်မာနိုင်ငံအနှံ့တွင်ရှိသော ဘုန်းတော်ကြီးကျောင်းများတွင် သင်ယူခဲ့သည်။ ၁၉၈၀ ပြည့်နှစ် အစောပိုင်းတွင် ၎င်းသည်သစ္စာတရားကိုသိမြင်ကာ အရိယာဖြစ်သွားပြီဟု စတင်ပြောဆိုလာခဲ့သည်။ ၎င်းက သူ၏ တရားပေါက်သွားပုံကို သက်တမ်း တစ်နှစ်သာရှိသေးသော မဟန ထံသို့ အကြောင်းကြားခဲ့သော်လည်း အဖွဲ့က မယုံခဲ့ပေ။ ယင်းကဲ့သို့ တရားပေါက်သည်ဟု လိမ်လည်ပြောနေခြင်းမှာ ပါရာဇိကကံလေးပါးထဲမှ တစ်ပါးကို ချိုးဖောက်ခြင်းဟု မဟနက ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် ဗုဒ္ဓမြတ်စွာဘုရားက ထိုကဲ့သို့ ချိုးဖောက်မှုမျိုးအတွက် မည်သည့်ပြစ်ဒဏ်ကိုမျှ ချမှတ်မထားခဲ့ပေ။ ထိုအချက်ကြောင့် မဟနက စစချင်းတွင် ၎င်းအား မည်သို့မျှ အရေးယူခြင်း မရှိခဲ့ခြင်း ဖြစ်နိုင်သည်။ 

ဦးဉာဏသည် မကြေနပ်ဘဲ စည်းအပြင်ရောက်သွားသလိုဖြစ်ကာ ထေရဝါဒဗုဒ္ဓဘာသာကို စွန့်လွှတ်ခဲ့သည်။ ထိုသို့ စွန့်လွှတ်ခဲ့ခြင်းကိုလည်း မဟနထံသို့ အကြောင်းကြားခဲ့ပြီး ၎င်းသည် မိုးပြာရောင်သင်္ကန်းကို စတင်ဝတ်ခဲ့သည်။ ၁၉၈၃ ခု ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာဟူသော ဝါဒသစ်တစ်ခုကို ၎င်းက ထည်ထောင်လိုက်ကာ တရားများ စတင်ဟောကြားခဲ့သည်။ ၎င်း၏ နောက်လိုက်အများအပြားက ၎င်းကို ရဟန်းတစ်ပါးအသွင် ဆက်ဆံမြဲ ဆက်ဆံနေခဲ့သည်။ ထို့နောက် မဟန အတွက် နိုင်ငံတော်၏ အကူအညီနှင့် အမိန့်နာမခံသော ၎င်းကိုအရေးယူရန် အခွင့်အလမ်းတစ်ရပ်ပေါ်လာခဲ့သည်။ အသစ်ပြဌာန်းလိုက်သော ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေ (၁၉၈၃)၏ ပုဒ်မ ၅ နှင့် ပုဒ်မ ၉ က ဆိုထားသည်မှာ "လူဝတ်ကြောင်တစ်ဦးသည် မည်သည့်အခါမျှ ရဟန်းအဖြစ်ဟန်ဆောင်ခြင်းမပြုရနှင့် ယင်းတားမြစ်ချက်ကို ဖောက်ဖျက်လျှင် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည်"ဟု ဖြစ်သည်။ ဦးဉာဏကို အဆိုပါ ပုဒ်မတို့နှင့် ၁၉၈၄ ခုနှစ်တွင် ထောင်ချခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် ပြန်လွတ်လာခဲ့သည်။

ထို့နောက် ၁၉၉၁ ခုနှစ်တွင် ၎င်းထပ်မံ အဖမ်းခံရပြီး မမှန်မှန်းသိလျှက်နှင့် မှားယွင်းသော သတင်းစကားတို့ကို ဖြန့်ချီမှုဖြင့် စွပ်စွဲခံရကာ အရေးပေါ်စီမံမှုအက်ဥပဒေ (၁၉၅၀) ၏ ပုဒ်မ ၅(င)နှင့် ထောင်ဒဏ်ဆယ်နှစ် အပြစ်ပေးခံရပြန်သည်။ ၁၉၉၈ ခုနှစ်တွင် ထောင်မှ ဒုတိယအကြိမ် လွတ်လာခဲ့သည်။

ဦးဉာဏက ဆက်လက်၍ တရားဟောနေခဲ့ရာ နောက်လိုက်တစ်ထောင်နီးပါးရှိလာခဲ့သည်။ ယခင်အတိုင်း ကံကြမ္မာကို ၂၀၁၀ ခုနှစ်တွင် သူကြုံရပြန်သည်။ ဤတစ်ကြိမ်တွင်တော့ ရာဇသတ်ကြီး ပုဒ်မ ၂၉၅ နှင့် ၂၉၅(က) (တစ်ခုကိုနှစ်နှစ်စီ)၊ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၆ (ငါးနှစ်)၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၆ (ငါးနှစ်)၊ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၀ (ငါးနှစ်)နှင့် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေပုဒ်မ ၁၂ နှင့် ပုဒ်မ ၁၃ (တစ်ခုကိုငါးနှစ်စီ)တို့ကို သုံးကာ စုစုပေါင်း ထောင်ဒဏ်နှစ် နှစ်ဆယ်ချခံရသည်။ အယူခံရန်၊ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ရရန်နှင့် တရားရုံးချုပ်မှ အမှုခေါ်စာချွန်တော် အမိန့်တစ်ခုရရန် ၎င်း၏ အကြိမ်ကြိမ် ကြိုးပမ်းအားထုတ်မှုများမှာ အချည်းနှီးဖြစ်ခဲ့သည်။ ၎င်းကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ (အသက် ၇၇)တွင် ထောင်မှလွတ်ခဲ့သည်။ ဦးဉာဏနှင့် ၎င်း၏ နောက်လိုက်များက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည် ဦးဆောင်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသော အစိုးရတစ်ရပ် အုပ်ချုပ်နေသည့် မြန်မာနိုင်ငံတွင် ယင်းတို့၏ ဂိုဏ်းကို မြင်တွေ့ကြသည်။ ထို့ကြောင့် ဂိုဏ်းသည် ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို ရပ်တန့်ခြင်း မပြုကြသေးသည့်အတွက် မဟန ၏ စိတ်ကွက်ခြင်းကို ခံရပြန်သည်။ မဟန က ဦးဉာဏနှင့်နောက်လိုက်များကို ဥပဒေကြောင်းအရ အရေးယူနိုင်ရန် ယင်းတို့၏ ဆုံးဖြတ်ချက်ကိုဘာသာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို တောင်းဆိုခဲ့သည်။ ဂိုဏ်းသည် မန္တလေးတိုင်းဒေသကြီးတွင် အခြေစိုက်ပြီး နောက်လိုက်များက တစ်နိုင်ငံလုံးအနှံ့ရှိနေသည့်အတွက် နိုင်ငံတော်သမ္မတရုံးကလည်း ဝန်ကြီးဌာနကို ကူညီရန်ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များသို့ အမိန့်ထုတ်ခဲ့သည်။ သို့ရာတွင် ၂၀၁၇ ခုနှစ် မတ်လအထိတော့ ယင်းကိစ္စမှာ မပြီးပြတ်သေးပေ။

မိုးပြာဂိုဏ်း ကိစ္စမှာ အချက်နှစ်ချက်ရှိသည်။ ပထမအချက်မှာ ဂိုဏ်းများထံမှအမိန့်လုံးဝနာခံမှုကို မဟနက လိုချင်သည်။ ဒုတိယအချက်မှာ ၎င်းတို့ကိုဆန့်ကျင်သော မဟန၏ ဆုံးဖြတ်ချက်ကို စိတ်ပါလက်ပါဖြစ်စေ စိတ်မပါဘဲဖြစ်စေ ဂိုဏ်းများက လိုက်နာခဲ့လျှင် အေးအေးချမ်းချမ်း ဖြစ်သွားသော်လည်း ဂိုဏ်းတစ်ဂိုဏ်းက မဟန၏ အမိန့်ကိုဆန့်ကျင်ခဲ့လျှင် မဟနက အရေးယူတတ်သည်။

နိုင်ငံရေးအခြေအနေအသစ်တွင် ဦးဉာဏနှင့်နောက်လိုက်များကို ထောင်ဒဏ် ထပ်ချမည်လား ဆိုသည်ကတော့ မရေရာပေ။ သို့ရာတွင် ဦးဉာဏနှင့်နောက်လိုက်များကို ယင်းတို့လုပ်ချင်သလို မဟန က လုပ်ခွင့်မပေးခြင်းနှင့် မဟန ကိုယ်စား အစိုးရက ဂိုဏ်းကို အပြစ်ပေးရန်တောင်းဆိုခြင်းကို အစိုးရက လိုက်လျောခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် မဟနနှင့် ၎င်း၏ ခုံရုံးများမှ ပြန်ဆိုသဘောပေါက်သည့်အတိုင်း လမ်းရိုးမှသွေဖည်ခြင်းသည် မြန်မာနိုင်ငံတွင် ဘာသာရေးပြစ်မှုတစ်ခုဖြစ်နေဆဲပင် ဖြစ်သည်။ အစိုးရကလည်း မဟနနှင့် ပူးပေါင်းပြီး ထိုကဲ့သို့သော ပြစ်မှုများကို အပြစ်ပေးနေဦးမည်သာဖြစ်သည်။


Ref: Freedom of Religions in Myanmar-Burmese By International Centre for Ethnic Studies and Equitas- International Centre for Human Rights Education (Published 2018)

Tuesday, May 2, 2023

ပူရ်နီစန္ဒြာ (Purni Sandra ) Futí

 


ပူရ်နီစန္ဒြာ Purni Sandra (လပြည့်စန္ဒာ)


ဒီ ပူရ်နီစန္ဒြာ ကဗျာဟာ မြောက်ဦးခေတ် အာရကန်နန်းတွင်းစာဆိုတော် အာလာဝလ်က ရေးဖွဲ့ခဲ့တဲ့ ပဒုမ္မာဝတီ လင်္ကာရှည်မှ ကောက်နုတ်ထားတာဖြစ်ပါတယ်။ သတိုးမင်းတရားရဲ့ ဂုဏ်တော်ဘွဲ့ ကဗျာတစ်ပုဒ် ဖြစ်တယ်။

ကဗျာဆိုလိုရင်းကတော့-

  • စာဆိုအာလာဝလ်က ကဗျာအစတွင် ဆလိမ်ရှားမင်းရဲ့ မင်းမျိုးမင်းဆက်တွေ ဘုန်းမီးနေလ မည်းမှောင်ခံရပြီးနောက် နရပတိကြီး နန်းတက်လာခဲ့တဲ့အကြောင်းနဲ့ အစပြုထားတယ်။
  • နရပတိကြီး စိုးစံခဲ့တဲ့ကာလက အလွန့်အလွန် ပျော်ရွှင်ဖွယ်ကောင်းခဲ့တယ်။ အဲဒီနေ့ရက်တွေကို ခိုင်းနှိုင်းယှဥ်ပြစရာတောင် မရှိဘူးလို့ စာဆိုက တအံ့တသြ ဖော်ပြခဲ့တယ်။ အဲဒီ သာယာပျော်ရွှင်တဲ့ အခိုက်အတန်လေးကို ခေတ်ဆိုးက ပျက်သုဥ်းယူဆောင်သွားခဲ့လေတယ်။

  • နရပတေးကြီးမှာ သားတော် တစ်ပါးနဲ့ သမီးတော်တစ်ပါး ဖွားတော်မူခဲ့တယ်။ သူတို့ရဲ့ အိမ်ထောင်ရေးရာလည်း အလွန်သာယာခဲ့တယ်။ အဲဒီသားတော်ဟာ နောင်တွင် နန်းဦးနန်းကိုင်ထိန်း မင်းတစ်ပါးဖြစ်လာမယ့် နိမိတ်ကောင်းရှိတယ်။

  • ခမည်းတော် နတ်ရွာစံတဲ့အခါ သားတော် နန်းတက်ကာ ခမည်းတော်၏ အရိုက်အရာ ဆက်ခံခဲ့တယ်။ နတ်မင်းကြီးတောင် သူ့ကို မြင်လို့ တရှက်တကိုးဖြစ်ရလောက်အောင် ဘုန်းဂုဏ်မြင့်မြတ်သူ ဖြစ်တယ်။

  • နာမတော်ကတော့ သတိုးမင်းတရားတဲ့။ ရုပ်နဲ့ဂုဏ်နဲ့ ပြိုင်ဘက်ကင်းတယ်။ ဉာဏ်ပညာတော် ထူးကဲတဲ့အပြင် ဘုန်းကံကလည်း အံ့ဖွယ်လောက်အောင် ကောင်းလှတယ်။

  • လှပတဲ့သူ့မျက်နှာတော်ကို ရှုမြင်ရသူ ရွှင်လန်းစေတယ်။ လပြည့်ညက စန္ဒာနဲ့ ခွဲခြားလို့မရနိုင်လောက်အောင် လှပတဲ့ရုပ်ရည်ကျက်သရေပိုင်ရှင်လို့ စာဆိုက စာပန်းချီနဲ့ ဖော်ကျူးထားတယ်။


ဒီကဗျာမှာ စာဆိုတော်အာလာဝလ်က အာရကန်နန်းတွင်း ရာဇဝင်အကြောင်းအရာတစ်ခုကို စပ်ဆိုထားတာတွေ့ရပါတယ်။ တတိယမြောက်ဦးခေတ် ဆလိမ်ရှားခေါ်  မင်းရာဇာကြီး (၁၅၅၇-၁၆၁၂) နောက်ပိုင်း မြောက်ဦးနန်းဆက် မတည်မငြိမ်ဖြစ်လာခဲ့တယ်။ သူ့ကိုငါသတ် ငါသာလျှင် မင်းမြတ် ဆိုတဲ့အယူနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ များပြားလာတော့ အုပ်ချုပ်ရေးယန္တရားက ပပျက်လာခဲ့တယ်။ ဒါက မြောက်ဦးနိုင်ငံတော် ဆုံးရှုံးရမယ့် နိမိတ်ပေါ့။ အဲ့ဒီကြားက နရပတိမင်းရဲ့အရိုက်အရာကို ဆက်ခံခဲ့တဲ့ သတိုးမင်းတရား (နန်းသက် ၁၆၄၅-၁၆၅၂)ရဲ့ ဂုဏ်တော်ဘွဲ့လင်္ကာကို စပ်ဆိုထားခြင်း ဖြစ်တယ်။ မြောက်ဦးနန်းခေါ် မြို့ဟောင်းဟာ ၁၇၈၄ ခု မဟာသမ္မတရာဇာလက်ထက်မှာ မရှူမလှ ကျဆုံးခဲ့လေတယ်။

* စာဆိုတော်က  သတိုးမင်းတရားရဲ့ ဂုဏ်တော်ဖွဲ့ကလင်္ကာမှာ သတိုးမင်းတရားကို နရပတိရဲ့ သားတော်အဖြစ်ဖော်ပြခဲ့တယ်။ စာဆိုတော်ရဲ့ အခြားလင်္ကာတစ်ပုဒ်မှာ သတိုးမင်းကို နရပတိမင်းရဲ့တူတော်ရင်းလို့ ဖော်ပြထားတာတွေ့ရပါတယ်။


_ လူထုဝဏ္ဏ


Ref: Patmavati By Alaol

Friday, April 28, 2023

Egana Gucthí (အဆွေအမျိုးတို့၏ အခေါ်အဝေါ်များ)



Egana Gucthí (အဆွေအမျိုးတို့၏ အခေါ်အဝေါ်များ)

သတ္တဝါဟူသည် အဆွေအမျိုးနှင့် မကင်းပင်တည်း။ ရိုဟင်ဂျာစကားတွင် အဆွေအမျိုးကို Egana guctí ဟု၎င်း၊ Giyañt gucti ဟု၎င်း ခေါ်သည်။ မျိုးဆက်ကို nosól ဟု၎င်း၊ fissán ဟု၎င်း၊ ဘိုးစဉ်ဘောင်ဆက် အစဉ်အလာကို Ishto kurum (silsila) ဟု၎င်း အသီးသီးခေါ်ကြသည်။ ဤအဆွေအမျိုးတို့၏ အခေါ်အဝေါ် အမျိုးမျိုးကို ရှင်းလင်းပီပြင်အောင် အုပ်စုအလိုက်အပိုင်းခွဲ၍ ဖော်ပြပေးပါမည်။ မြန်မာ့တိုင်းရင်းသား ရိုဟင်ဂျာဘာသာစကားကို လေ့လာနေသူများအတွက် တစ်ထောင့်တစ်နေရာက အထောက်အကူပြုပါလိမ့်မည်ဟု ယုံကြည်ပါသည်။ 


အဆွေအမျိုးအခေါ်အဝေါ်ကို အုပ်စုခွဲရာ -


 ၁။  Bab-dada soiddo gucthí 

(မျိုး ခုနှစ်ဆက်၊ ဆွေ ခုနှစ်ဆက် အခေါ်အဝေါ်များ)

၂။ Cúddór gorór gucthí 

(မိသားစုအရင်း အခေါ်အဝေါ်များ)

၃။ Bái-boinór egawati 

(ညီအစ်ကိုမောင်နှမဆက် အခေါ်အဝေါ်များ)

၄။ Sañsato-Jerató, Fuuto-mooto eganawati

(ဘထွေးဘကြီး၊ အဒေါ်ဒွေးဒွေးဆက် အခေါ်အဝေါ်များ)

၅။ Biyádolar Eganawati

(အိမ်ထောင်ရေးဆက် ဆွေမျိုးအခေါ်အဝေါ်များ)


ဟူ၍ မျိုးတူရာရာ အုပ်စု (၅) စု ခွဲကာ လေ့လာကြရအောင်......။




၁။ Babdada soiddó fissán


မျိုး ခုနှစ်ဆက်၊ ဆွေ ခုနှစ်ဆက်မှာ ရှေ့ဆွေမျိုး (၇) ဆက်၊ နောက်ဆွေမျိုး (၇) ဆက် စုစုပေါင်း ၁၄ ဆက် ရှိတယ်။ ဤ ၁၄ ဆက်ကို Ek guctí (သို့) Handan မျိုးနွယ်စု၊ ဆွေမျိုးစု ဟုခေါ်လေ့ရှိတယ်။ 


Soiddó Fissán [ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်]


(၇) Dhoñr Dada   = အဘော (အဘဲ၏ အဖေ)

(၆) Bor Doñbá     = အဘဲ (အဘင်၏ အဖေ)

(၅) Dhoñbá         = အဘင် (အဘီ၏ အဖေ)

(၄) For Dada       = အဘီ (အဘေး၏ အဖေ)

(၃) Bor Dada       = အဘေး (အဘိုး၏ အဖေ)

(၂) Dada             = အဘိုး (မိမိ၏ အဘိုး)

(၁) Bab               =  အဘ (မိမိ၏ အဖေ)

(၀) Nize              =  မိမိ

(၁) Fuwa            =   သား (မိမိမွေးသော သား)

(၂) Nati              =   မြေး (သား၏ သား)

(၃) Futi               =   မြစ် (မြေး၏ သား)

(၄) Chúti             =  တီး (မြစ်၏ သား)

(၅) Luti               =  တွတ် (တီး၏ သား)

(၆) Muoti             =  ကျွတ် (တွတ်၏ သား)

(၇) Gutí               =  ဆက် (ကျွတ်၏ သား)



၂။ Cúddor Góror Gucti


ရိုဟင်ဂျာစကားမှာ မိသားစုကို Góror gucthí ဟုသုံးကြသည်။ အိမ်ထောင်စု ဆိုသော စကားလုံးနှင့် အဓိပ္ပာယ်ချင်းချင်း နီးစပ်သည်။ cúddór မှာ အရင်းအချာ အနက်ရသည်။ အိမ်တစ်အိမ်မှာ အမိရင်း၊ အဖရင်းကို ဗဟိုပြု၍ အတူတကွနေထိုင်သော အမှန်တကယ် သား၊သမီး မြေးမြစ်များအစု ဖြစ်သည်။ ထိုမိသားစုဝင်များ ဆွေမျိုးတော်စပ်ပုံ အခေါ်အဝေါ်များမှာ-


  • Góror gucti = မိသားစု (မိဘရင်းနှစ်ဦးပါဝင်သော                          သားသမီးအစု) 
  • Bab           = အဖေ (မိဘနှစ်ပါးတွင် အဖေဖြစ်သူ)
  • Baba         = အဖေ၊ ဖခင် (ဖခင်ကို ချစ်စနိုးခေါ်သော                        နာမည်)
  • Babá         =  အဖေ ၊ ဖခင်
  • Ba | Bao    = အဖေ ၊ ဖခင် (bab မှ အသံပြောင်းဖြစ်                     လာသော နာမည်)
  • Bazi           = အဖေ ၊ ဖခင် 
  • Pepe          = အဖေ ၊ ဖခင်  (မြန်မာဘာသာစကားမှ မွေးစားထားသော နာမည်)
  • Maa           = အမေ၊ မိခင် (မိဘရင်း နှစ်ပါးတွင် မိခင်ဖြစ်သူ)
  • Mamá       = အမေ၊ မိခင် (မိခင်ကို ချစ်စနိုးခေါ်သော နာမည်)
  • Mamma     = အမေ၊ မိခင်
  • Aái            = အမေ၊ မိခင် (ရှေးခေတ်သုံး စကား)
  • Átáibab      = ဖထွေး (မိခင်၏ ပထမ လင်ယောက်ျား)
  • Átái              = ဖခင်၏ ဒုတိယမိန်းမ
  • Atáimaa      = မိထွေး (ဖခင်၏ ဒုတိယ မိန်းမ) 
  • Hátatóbai   = ဝမ်းကွဲညီအစ်ကို
  • Fuwain cúwain = သားသမီးများ
  • Fuwa         = သား (မိဘရင်းမှ ပေါက်ဖွားလာသော သား)
  • Fut            = သား
  • Futúya       = သား (သားကို ချစ်စနိုးခေါ်သော နာမည်) 
  • Laafuwá     = ပထမယောက်ျား/ ပထမမိန်းမ၏ သား(လင်ပါ/မယားပါ သား)
  • Firafitta fuwa = မွေးချင်း (ကျော့ကပ် မွေးဖွားလာသော သား)
  • Zii              = သမီး (မိဘအရင်းမှ ပေါက်ဖွားလာသော သမီး)
  • Zérfua        = သမီး၊ မိန်းကလေး
  • Báiná         = တူ
  • Bañní.         = တူမ
  • Báifút          = တူ
  • Batzii         = တူမ
  • Futuní        = သမီး (သမီးကို ချစ်စနိုးခေါ်သော နာမည်)
  • Nati futi      = မွေးမွဈ (သား/သမီးရင်းမှ မွေးဖွားလာသော သားသမီး)


၃။ Bai-boinor egawati nam


ညီကိုမောင်နှမဆက်အစုတွင် ညီအစ်ကိုအစဉ်များ၊ ဝမ်းကွဲညီကိုများနှင့် သမီးမြောက်သားများကိုပါ ထည့်သွင်းထားသည်။


Bái-boin          = မောင်နှမ

Bái                 = ညီကို (မိဘအရင်းမှ ပေါက်ဖွားလာသော မွေးချင်း)

Dhoñrbái       = အစ်ကို (မိမိထက် အသက်အရွယ်ကြီးသော အစ်ကို)

Bodda            = အစ်ကိုကြီး (အစ်ကိုများထဲတွင် အကြီးဆုံး အစ်ကို)

Majjábái        = အစ်ကိုလတ်

Kúillabái        = ဒုတိယ အစ်ကိုလတ် (တတိယမြောက်အစ်ကို)

Dudúbái        = ဒုတိယ အစ်ကိုလတ် (* စတုတ္ထမြောက်အကို အတွက်လေ့ သုံးလေ့ရှိသည်)

Gurabái         = အစ်ကိုလေး

Báiso            = အစ်ကိုထွေး (အစ်ကိုများထဲတွင် ငယ်သော အစ်ကို)

Lalábai          = အစ်ကိုထွေး (အစ်ကိုများထဲတွင် အငယ်ဆုံးဖြစ်သော အစ်ကို)

Atúbái            = အစ်ကိုထွေး

Chóñro bái      = ညီငယ်

Firafitta bái     = မောင်ဖား၊ မောင်ဖွား (မွေးချင်းဖြစ်သော မောင်၊ညီ)

Mazudabái        = ဝမ်းကွဲညီအစ်ကို

boín               = ညီအစ်မ

Bu                   = အစ်မ (မိမိထက်ကြီးသော အစ်မ)

Bubu               = အစ်မ (အစ်မကို ချစ်စနိုးခေါ်သော နာမည်)

Dhoñbu           = အစ်မကြီး

Majjábu           = အစ်မလတ်

kúillabu           = တတိယမြောက် နှမ

Dudu              = တတိယမြောက် နှမ (*စတုတ္ထမြောက်အတွက်လည်း သုံးလေ့ရှိသည်)

Gurabu            = နှမငယ်

Atúbu / Atí bu             = နှမထွေး (အငယ်ဆုံးနှမ)

Lalabu             = နှမထွေး

Guraboin         = ညီမ


Sañsato-jeçáto bái/boin = ဘထွေးဘကြီးဖက်က ဝမ်းကွဲညီအစ်ကိုမောင်နှမ

Sañsatobái     = ဝမ်းကွဲညီအစ်ကို (ဘထွေး၏သား)

Sañsarfút bái   = ဝမ်းကွဲညီအစ်ကို (ဘထွေး၏သား)

Sañsato boin   = ဝမ်းကွဲညီအစ်မ (ဘထွေး၏သမီး)

Jeçátobái       = ဝမ်းကွဲညီအစ်ကို (ဘကြီး၏သား)

Jeçárfút bái     = ဝမ်းကွဲညီအစ်ကို (ဘကြီး၏သား) 

Jeçárfút boin   = ဝမ်းကွဲညီအစ်မ (ဘကြီး၏သမီး) 

Mooto-fuuto bái-boin= အဒေါ်ဦးလေးဖက်က ဝမ်းကွဲမောင်နှမများ

Moorfut bái    = ဝမ်းကွဲညီအစ်ကို (ဦးလေး၏သား)

Mooto bái      = ဝမ်းကွဲညီအစ်ကို (ဦးလေး၏သား)

Mooto boin    = ဝမ်းကွဲညီအစ်မ (ဦးလေး၏သမီး)

Muírfút bái    = ဝမ်းကွဲညီအစ်ကို (အဒေါ်၊ ဒွေးလေး၏သား)

háláto bái     = ဝမ်းကွဲညီအစ်ကို (အဒေါ်၊ ဒွေးလေး၏သား)

Háláto boin    = ဝမ်းကွဲညီအစ်မ (အဒေါ်၊ ဒွေးလေး၏သမီး)

Moto-fuuto bái-boin = အဒေါ်၊ ဦလေးတို့ဘက်မှ ဝမ်းကွဲညီအကိုမောင်နှမဆက်

Sañsato-jeçáto bái-boin = ဘကြီးသားဘထွေးဘက်မှ ဝမ်းကွဲညီအကိုမောင်နှမဆက်

Mazuda bái-boin = မိကွဲမောင်နှမ (မိထွေးဘက်မှ သားသမီး)

Ataito bái          = မိကွဲညီအစ်ကို (မိထွေးဘက်မှ သား)



၄။ Sañsato-Jerató,Fuuto-mooto egana


Sañsa           = ဘထွေး (အဖေ၏ ညီ)

Hakku          = ဘထွေး (အဖေ၏ ညီ)

Kaka             = ဘထှေး (အဖေ၏ ညီ)

Kow              = ဘထှေး (အဖေ၏ ညီ)

Jeçá             = ဘကြီး (အဖေ၏ အစ်ကို)

Jeçi/jiçu     = ဘကြီး၏ မိန်းမ

Doñbazi       = ဘကြီး (အဖေ၏ အကြီးဆုံးအစ်ကို)

Fuu              = အရီး (အဖေ၏ အစ်မ)

Fuinná          = အရီး (အဖေ၏ ညီအစ်မ)

Babu            = အဒေါ် (အဖေ၏ ညီအစ်မကို ချစ်စနိုးခေါ်သော နာမည်)

Moo              = ဦးလေး (အမေ၏ ညီအစ်ကို)

Mamu           = ဦးလေး (အမေ၏ ညီအစ်ကို)၊ အဒေါ်၏ ယောက်ျား

Gura mamu     = ဦးလေး (အမေထက်ငယ်သော မောင်)

Dhoñr mamu    = ဦးရီး၊ ဦးကြီး (အမေထက် ကြီးသောအစ်ကို)

Mami              = အရီး (ဦးရီး၏ မယား)

Mūi                 = အဒေါ် (အမေ၏ ညီအစ်မ)

Hálá                = အဒေါ် (အမေ၏ ညီအစ်မ)၊ *လင်၏ မိခင်ကိုလည်း ခေါ်လေ့ရှိသည်

Gurama           = ဒေါ်လေး (အမေ၏ ညီမလေး)

Mūisó              = ဒွေးတော် (အမေ၏ အငယ်ဆုံး ညီမလေး)


 

၅။ Biyá dolar Eganawati

ယောက်ျားတစ်ယောက်နှင့် မိန်းကလေးတစ်ယောက် အိမ်ထောင်ပြုလိုက်သောအခါ ဆွေမျိုးအသစ်များ တိုးလာလေ့ရှိသည်။ နှစ်ဘက် လင်မယား၏ အပြန်အလှန် အမျိုးတော်စပ်ပုံ အခေါ်အဝေါ်များလည်း လေ့လာကြရအောင်။ 


Bera-beri        = ဇနီးမောင်နှံ

Bera                 = လင်ယောက်ျား (ကာမပိုင်ယောက်ျား)

Nek               = လင်ယောက်ျား

Fuwainor bab = လင်ယောက်ျား(မိန်းမက တရှက်တကန်းခေါ်သော နာမည်)

Hóchom          = လင်ယောက်ျား

Beçi                = ဇနီးမိန်းမ 

Muk                = ဇနီးမိန်းမ

Bibi                = ဇနီးမိန်းမ (မိန်းမကို ချစ်စနိုးခေါ်သော နာမည်)

Fuwainór maa = ဇနီးမိန်းမ

Diyor              = မတ် (လင်ယောက်ျား၏ ညီ)

Báshuor         = ခဲအို (လင်ယောက်ျား၏ အစ်ကို)

Nonon           = ခယ်မ (လင်ယောက်ျား၏ ညီမ)

Noncoc          = ယောက်မ (လင်ယောက်ျား၏ အစ်မ)

Zal                = လင်ညီအစ်မ (ညီအစ်ကိုတို့၏ မယားအချင်းချင်း တော်စပ်ပုံ) 

Hotin            = မယားဖက် (လင်ယောက်ျား၏ မယားအချင်းချင်း အပြန်အလှန်တော်စပ်ပုံ)

Háñlá           = ယောက်ဖ (မယား၏ မောင်)

Hóñdí           = ခဲအို (မယား၏အစ်ကို)

Háñlí            = ခယ်မ (မယား၏ ညီမ) 

Dessos          = မရီး  (မယား၏ အစ်မ)

Hózón           = မယားညီအစ်ကို (ညီအစ်မတို့၏ လင်သားအချင်းချင်း တော်စပ်ပုံ) 

Hwouri          = ယောက္ခမ (လင်/မယား၏ မိခင်) 

Hwour           = ယောက္ခမ (လင်/မယား၏ ဖခင်)

*မြန်မာဝေါဟာရ ယောက္ခမသည် ဒွိလိင်ဖြစ်၍ ယောက်ျားရော့ မိန်းမရော့ အတူတူသုံးသည်။

Biyai             = ခမည်းခမက် (လင်၏ ဖခင် နှင့် မယား၏ဖခင်တို့ အပြန်အလှန်တော်စပ်ပုံ)

Biyáini          = ခမိခမက် (လင်၏ မိခင် နှင့် မယား၏မိခင်တို့ အပြန်အလှန်တော်စပ်ပုံ)

Futtra          = ခမည်းခမက်၏ သား

Zamai          = သမက် (သမီး၏ ယောက်ျား)

Buo             = ချွေးမ (သား၏ ဇနီးမယား)

Oribou         = သမီးယောက္ခမ (ချွေးမနှင့် ယောက္ခမတို့ အပြန်အလှန် တော်စပ်ပုံ)

Bouzamai     = သမီးယောက်ျား (လင်နှင့် မယား အပြန်အလှန်တော်စပ်ပုံ)

Buos           = မရီး (အစ်ကို၏ မယား)

Bábi            = မရီး 

Baibo          =  ယောက်မ (ညီမောင်၏ မယား)

Mukgour     = လင်ငယ် (အကြောင်းအားလျော်စွာ ယာယီလက်ထပ်ထားသော ယောက်ျား)

Boinor zamai = ယောက်ဖ (ညီမ၏ လင်)

Bonái           = ခဲအို (အစ်မ၏ လင်ယောက်ျား)

Biyairo guicti = ခမည်းခမက် ဆွေမျိုးများ 


Ouror guctí = ယောက္ခမဘက်က ဆွေမျိုးများ 

Talói       = ညီအစ်ကို ၊ ညီမ ၏ ယောက္ခမ

Talóiní    = အစ်ကို ၊ ညီမ ၏ ယောက္ခမ (အမျိုးသမီး)

Taltó bái = မရီး၊ ယောက်မ၏ ညီအစ်ကို

Taltó boin = မရီး၊ ယောက်မ၏ အစ်မ၊ညီမ

Taltori    = မရီး၊ ယောက်မ၏ အစ်မ၊ညီမ



— RohangKing

(၁၂-၄-၂၀၂၃)


Monday, April 17, 2023

ကမ္ဘာ့အလင်း ဆရာနူးရ်


ကမ္ဘာ့အလင်း ဆရာနူးရ်

ဆရာကို ပျော်ဘွယ်မြို့နယ် အုန်းပင်ခြံရွာ၌ အဘ ဦးဟာမြင် အမိ ဒေါ်မူတို့မှ ၁၉၁၄-ခုနှစ်တွင် ဖွားမြင်သည်။ ရှစ်နှစ်သား အရွယ်ကပင် ကုရ်အာန် ကျမ်းစာကို ကောင်းစွာဖတ်နိုင်သည်။ ၁၁-နှစ်သားအရွယ်တွင် အုန်းပင်ခြံရွာ အစိုးရမူလတန်းကျောင်း၌ စတုထ္တတန်း အောင်မြင်သည်။ ၁၉၂၈-ခု ၁၄ နှစ်သားအရွယ်တွင် ပင်းတားရွာ အစိုးရအလယ်တန်းကျောင်းမှ သတ္တမတန်းအောင်မြင်သည်။

ဆရာသည် သာသနာ့ပညာ ဆည်းပူးနိုင်ရန် အရဗီကျောင်း များကို စုံစမ်းရင်း အုန်းပင်ခြံရွာတွင်ပင် မိဘကို ၄ နှစ်ခန့် ကူညီလုပ်ကိုင်ပေးနေသည်။ ရန်ကုန်အနီး ဒေးဒနောရွာတွင် အရဗီကျောင်းဖွင့်လှစ်ကြောင်း သိရှိသောအခါ သူငယ်ချင်းများဖြစ်ကြသော မောင်လာနာ မုဟမ္မဒ် ယာစီးန်၊ မောင်လာနာ အဗ္ဗဒူလ် ဟကီမ်းတို့နှင့်အတူ ရမ်ဇမ် ၁ရက်နေ့တွင် ဒေးဒနောသို့ ဦးတည်ပြီး ပညာသင်ခရီးထွက်ခဲ့ကြသည်။ ဒေးဒနောတွင် သခင်ကြီး မောင်လာနာ အဇီးဇ်အဟ်မဒ်ထံ အရဗီ၊ အူရ်ဒူ စာပေများနှင့် အစ္စလာမ် ရေးရာကျမ်းစာများ သင်ယူခဲ့သည်။ ကျောင်းနေဘက်များမှာ မောင်လာနာ ဃာဇီဟာရှင်၊ မောင်လာနာ ဟာဖိဇ် စွာလေးဟ်၊ မောင်လာနာ အလီ၊ မောင်လာနာ ယာစီးန်၊ မောင်လာနာ အဗ္ဗဒူလ်ဟကိမ်းတို့ ဖြစ်သည်။

ဒေးဒနောတွင် သင်ရိုးပြီးမြောက်ပြီး အိန္ဒိယနိုင်ငံ စဟာရန် ပူရ်မြို့ မဇာဟင်ရ်အိုလုမ် တက္ကသိုလ်တွင် ဆက်လက်ပညာ ဆည်းပူးသည်။ အဆိုပါ တက္ကသိုလ်ကြီးမှ ဒရ်ဂျာအူလာ၊ အာလင်ဖွဇရ်၊ ပထမအဆင့် ဖြင့် ထူးချွန်ထိုက်တန်စွာ ဘွဲ့စနဒ် ဆွတ်ခူးရယူပြီး မြန်မာပြည်သို့ ပြန်ခဲ့သည်။ ၁၉၃၉- ခုနှစ်တွင် ယင်းတော်မြို့ မဒီနာတုလ်အိုလုမ် ကျောင်း တည်ထောင်ခဲ့သည်။ အဆိုပါကျောင်းသည် မန္တလေးတိုင်း၏ ပထမဆုံးသော အရဗီကျောင်းကြီးဖြစ်ပြီး မြန်မာနိုင်ငံ၏ တတိယမြောက် အရဗီကျောင်းကြီးအဖြစ် ဂုဏ်ယူကြရသည် ။ အဆိုပါ ကျောင်းကြီး၏ ပင့်ဖိတ်ချက်အရ ဆရာ မောင်လာနာ ဃာဇီဟာရှင်နှင့်အတူ တာဝန်ယူလိုက်ကြ သည်။ ဆရာသည် အလယ်တန်းပြီးဆုံးသည်အထိ ပညာသင်ကြား ပေးပြီးထူးချွန်သူများကို မိမိတို့ ပညာဆည်းပူးခဲ့ရာ အိန္ဒိယ တက္ကသိုလ်သို့ ပို့ဆောင်ပေးသည်။

ဆရာသည် ၁၉၄၉-ခုတွင် မိထ္တီလာမြို့၌ ဂျာမေအာအဇီဇီယာကျောင်းကြီး ဖွင့်လှစ်နိုင်သကဲ့သို့ တပည့်ရင်းတစ်ဦးဖြစ်သူမောင်လာနာ ယူစွတ်(ဖ်) မဇာဟေရီကလည်း ၁၉၅၆-ခုနှစ်တွင် ပျော်ဘွယ်မြို့၌ မဇာဟေရွလ်အိုလူးမ်ကျောင်းကြီးကို ဖွင့်လှစ်ခဲ့ပါသည်။ ဆရာကြီးတို့သည် အာလင်မ်ပညာရှင် အမြောက်အမြား မွေးထုတ်ပေးနိုင်ခဲ့ကြသည်။ ဆရာသည် သင်ကြားပို့ချခြင်းဖြင့် သာသနာဖြန့်ဖြူးရေး လုပ်ငန်းကို တပည့်ကျော်နှင့် မျက်နှာလွှဲရနိုင်ချိန်တွင် စာပေဖြင့် သာသနာဖြန့်ဖြူးရေးလုပ်ငန်းကို တာဝန်ယူလိုက်သည်။ ၁၉၅၂- ခုနှစ် ကမ္ဘာ့အလင်း စာစောင်တွင် အယ်ဒီတာချူပ် အလင်းးစာစောင်တ်တွငွင် အယ်ဒ်ဒီတီတာချုပ် ဖြစလာသည။်

ကမ္ဘာ့အလင်းစာစောင်တွင် ကုရ်အာန်ဘာသာပြန်၊ ဟဒီဆ် ဘာသာပြန်၊ စီရတ်ဘာသာပြန်နှင့် အစ္စလာမ်ရေးရာ အဖြာဖြာ အရဗီသင်ခန်းစာ ပို့ချချက် တောင်းဆုတော်များ စသည်တို့ကို ဘာသာပြန် တင်ဆက်သည်။ ကမ္ဘာ့အလင်းစာစောင်သည် ထိုစဉ်က အမြော်အမြင်ကြီးသော လုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သည့် မစ္စတာနူးရ်မုဟမ္မဒ်၏ အထောက်အပံ့ဖြင့် ထုတ်ဝေခြင်းဖြစ်သည် ။ တာဝန်ခံ အယ်ဒီတာဆရာဒဂုန်သိန်း၊ နိုင်ငံခြား အယ်ဒီတာ ဆရာမောင်ကိုဂဖ်ဖာရီနှင့် ဆရာကမ္ဘာ့အလင်း ဦးကိုလေးတို့ကလည်း

စုပေါင်းပါဝင်ဖြည့်ဆည်း ကြိုးပမ်းကြသဖြင့် ကမ္ဘာ့အလင်းစာစောင်ကြီးသည် စာပေလောကတွင် ထိုက်တန်စွာ နေရာရခဲ့သည်။ ပရိသတ် အားပေးမှုကို လည်း ခံရသည်။ ၀ါသနာရှင်တို့နှုတ်ဖျား ယနေ့တိုင် ရေပန်း စားလျက်ရှိသည်။ ဤစာစောင်ကိုအကြောင်းပြု၍ ဆရာကိုလည်း ၀ိသေသတိုး၍ ကမ္ဘာအလင်း ဆရာနူးရ်ဟု ခေါ်ဝေါ်လာကြသည်။

ဆရာသည် တက္ကသိုလ်မွတ်စလင်မ် ကျောင်းသားများအသင်းတွင် အခါအားလျော်စွာ ဟောကြားပို့ချခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ၁၉၅၇ နိုဝင်ဘာလ ၂၃ရက်နေ့က ပို့ချသော ‘အစ္စလာမ်နှင့် စာရိတ္တကြံ့ခိုင်ရေး’ကို ကမ္ဘာ့အလင်း စာစောင်တွင် ပြန်လည်ဖော်ပြထားသည်။ ဆရာသည် ပညာဂုဏ်မမောက်၊ အနေအထိုင် ရိုးသားသည်။ အပြောအဆို သိမ်မွေ့သည်။ ဆရာ ဃာဇီက ဖရစ်ရှ်တာလေးဟု လေးလေးစားစား တင်စားခေါ်လေ့ရှိသည်။ ဆရာသည် အနေအထိုင် ရိုးသကဲ့သို့ ဆရာ၏စကားပြေ အရေးအသားမှာလည်း ရိုးရှင်းသည်။ ပြေပြစ်သည်။ လွယ်ကူသည်။ ပြည်သူစွဲမက်သည်။ ဆရာသည် မိမိ စာဟန်ြဖင့် ကုန်အာန်ကျမ်းတော်မြတ်ကို ၁၀ ဂျွတ်ထိ ပြန်ဆိုခဲ့သည်။ နမာဇ်ဖတ်နည်းကျမ်း၊ ရိုဇာ၊ ဇကတ်၊ တရားတော် ၆ ပိုဒ်၊ တောင်းဆုတော်များအပြင် အခြားကျမ်း စာများကိုလည်း ရေးသားပြုစုခဲ့သေးသည်။ ပရိသတ် တစ်ခဲနက်အားပေးသဖြင့် ဆရာ့စာများကို အကြိမ်ကြိမ်ပင် ပြန်လည်ပုံနှိပ်ထုတ်ဝေရသည်။

၁၉၆၆-ခုနှစ်တွင် ဆရာသည် ပညာရှင်အကြီးအကဲများ၏ မေတ္တာရပ်ခံချက်အရ ယင်းတော် မဒီနတူလ် အိုလူမ် ကျောင်းကြီးကို ပြန်လည်တာဝန်ယူသည်။ ဆရာလက်ထက်တွင် ကျောင်းတော်ကြီး သည် ဘက်စုံတိုးတက်လာပြီး ပညာအရာတွင်လည်း ကျော်ကြားလာသည်။ ၁၉၇၀-ခုတွင် ဒေါင်ရာဟဒီဆ်တန်းကို စတင်ဖွင့်လှစ်သည်။ မစ်ရှ်ကတ် ကျမ်းနှင့် ဗုခါရီကျမ်းတို့ကို ကိုယ်တိုင်ပို့ချသည်။ ဆရာသည် တိုင်းရင်းဆေးပညာကိုလည်း တန်ဖိုးထားသည်။ ရန်ကုန်မြို့တွင် ဖွင့်လှစ်သော သြဋာရိကသုခုမဆရာတော် ဦးမဟိန္ဒ၏ အခြေခံ မြန်မာတိုင်းရင်းဆေးပညာသင်တန်းကို တက်ရောက်သည်။ ၁၉၇၃-ခုနှစ်တွင် ဆရာဖြစ်သင်တန်း အောင်လက်မှတ်ရရှိသည်။ ဆရာသည် စာပေဗိမာန်က ဖွင့်လှစ်သော သတင်းစာသင်တန်းကိုလည်း တက်ရောက်ခဲ့သည်။

ဆရာသည် သာသနာအကျိုးပြု၊ လူထုအကျိုးပြု၊ နိုင်ငံအကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်ရင်း ၁၉၈၇-ခု ဧပြီလ ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်အချိန်တွင် မိတ္ထီလာမြို့ သာယာ ကုန်းရပ်ရှိ မိမိနေအိမ်တွင် အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူသည်။ ဇနီး ဒေါ်ဇော်ရာဘီနှင့် သားသမီး ၁၁ ဦး ကျန်ရစ်သည်။

၁၉၆၂-ခုနှစ် သြဂုတ်လထုတ် ဗမာမွတ်စလင်စာစောင် လာ ဆရာ၏အောက်ပါဆောင်းပါးကောက်နုတ်ချက်ဖြင့် ဆရာ၏ စေတနာကိုသုံးသပ်နိုင်ပါသည်။

‘ကျွန်ုပ်တို့ အာလင်များသည် ခေတ်ပညာ မတတ်ခြင်း ကြောင့် ခေတ်နှင့် ရင်ပေါင်မတန်း နိုင်ဘဲ ခေတ်နောက်ကျခဲ့ရသည်။ တိကျမှန်ကန်သော အစ္စလာမ်သွန်သင်ချက်များကို ခေတ်မီမီ ကျယ်ကျယ်ပြန့်ပြန့် တင်ပြနိုင်ခြင်းမရှိပေ။ ကျွန်ုပ်တို့ အာလင်ပညာရှင်များသည် ခေတ်ပညာကို ဒီဂရီ ရသည်အထိ သင်ကြားပြီး အစ္စလာမ်သွန်သင်ချက်ကို ခေတ်မီမီ ကျယ်ကျယ် ပြန့်ပြန့် တင်ပြနိုင်မည်ဆိုပါက လက်ရှိအခြေအနေထက် အဆပေါင်းများစွာ အစ္စလာမ်၏ အကျိုးသယ်ပိုးဆောင်ရွက်နိုင်မည်မှာ အမှန်ပင်ဖြစ်ပေသည်။ ယင်းကဲ့သို့ ဒီဂရီယူပြီး ခေတ်ပညာဖြင့် အသက်မွေးကာ ဘာသာရေး ကိစ္စများကို စေတနာဝန်ထမ်း ဆောင်ရွက်သွားနိုင်မည်ဆိုပါက တရားတော်နှင့် အကိုက်ညီဆုံးဖြစ်ပြီး အောင်မြင်မှု ထိရောက်မှုမှာလည်း ဘာသာရေး အကြောင်းပြု၍ အသက်မွေးဆောင်ရွက်သည်ထက် ပိုမိုမည်မှာသေချာနေပေမည်။ ဆိုလိုရင်းမှာ ခရိုင်ဝန်၊ တိုင်းမင်းကြီး သို့တည်းမဟုတ် သူဌေးကြီးဖြစ်နေသော အာလင်ပညာရှင်တစ်ဦး၏ ဟောပြောတင်ပြခြင်းတွင် လူထုအပေါ် အကျိုးသက်ရောက်မှုမှာ လက်တွေ့အားဖြင့် ကွာခြားနေမှုပင်ဖြစ်ပါသည်။

သာသနာ့ပညာကို ခြေခြေမြစ်မြစ် သင်ကြားခဲ့ပြီး သူမတူအေင် ထူးချွန်စွာ ဒရ်ဂျာအူလာ၊ အာလင်ဖွဇရ်ဖြင့် အောင်မြင်ခဲ့သူ ပညာရှင်ကြီ၏ ၁၉၆၂-ခုနှစ်က ဥဒါန်းစကားဖြစ်ပါသည်။ အာလင်ဆိုသော ဝေါဟာရ၏ အဓိပ္ပာယ်သတ်မှတ်ချက်၏ ကျယ်ပြန့်နက်ရှိုင်းမှုကို မသိ ကျိုးကျွံ ပြုနေသူတို့အတွက် ဆင်ခြင်စရာဖြစ်ပါသည်။ ဆရာကား အမြော်အမြင် ကြီးမားလှပါသည်။ ခေတ်မီတိုးတက် ထက်မြက် ထူးချွန်သော စာပေပညာရှင်ကြီးဖြစ်ပါသည်။

 



ကိုးကား-


အငြိမ်စား မြန်မာစာ ပါမောက္ခ ဒေါက်တာ အောင်ဇော်က ရေးသည့် တိုင်းရင်း မွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (ဒုတိယတွဲ) မှကူးယူဖော်ပြပါတယ်။

Friday, April 14, 2023

အောင်အောင်(စစ်တွေ) သို့မဟုတ် တရားမျှတမှုအတွက် ဘဝရင်းနှီးခဲ့တဲ့ စာရေးဆရာ


အောင်အောင်(စစ်တွေ) သို့မဟုတ် တရားမျှတမှုအတွက် ဘဝရင်းနှီးခဲ့တဲ့ စာရေးဆရာ


" မိမိ၏ ယုံကြည်ချက်၊ ခံယူချက်၊ လိုအင်ဆန္ဒများထက် အများအကျိုးအတွက် အသက်ရှင်သူသည်သာ စစ်မှန်သော လူသားဖြစ်သည်။ အမျိုးဘာသာသာသနာထက် လူပီသသောပုဂ္ဂိုလ်တစ်ဦးဖြစ်ရန် အရေးကြီးသည်။ "

— အောင်အောင်(စစ်တွေ)


အမျိုးအရေး မိမိအရေး၊ တိုင်းပြည်အရေး မိမိအရေး ဆိုတဲ့ခံယူချက်နဲ့အညီ အဓမ္မကို ဆန့်ကျင်ကာ တရားမျှတမှုအတွက် ဘဝတစ်လျှောက်လုံး စွန့်လွှတ်အနစ်နာခံခဲ့တဲ့ အောင်အောင် - စစ်တွေ ဆိုတဲ့ ပုဂ္ဂိုလ်ကို လူအများစုက စာရေးဆရာ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးအနေနဲ့ပဲ သိကျွမ်းကြတာဖြစ်တယ်။

သူရဲ့ဂုဏ်ပုဒ်ဟာ ဒီလောက်မျှနဲ့ မပြည့်စုံသေးပါဘူး။ ဒါတွေက​တော့ သူက လူတွေအား သိခွင့်ပေးထားသလောက်ပါပဲ။ နောက်ကွယ်က ရွက်အုပ်ဖုံးထားတဲ့ သူ့ရဲ့ ဂုဏ်အရည်အချင်းတွေ အများကြီးရှိပါသေးတယ်။ အထူးခြားဆုံးတစ်ခုကတော့ သူဟာ အရည်အချင်းရှိတဲ့ သာသနာ့အာလိမ် ပညာရှင်တစ်ပါးလဲ ဖြစ်ပါတယ်။ သူ လူသားအကျိုးပြုစေတနာ့ လုပ်ရပ်တွေကို မိမိရဲ့တာဝန်ဝတ္တရားအဖြစ်သတ်မှတ်ကာ စိုက်စိုက်မတ်မတ် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

အောင်အောင်(စစ်တွေ)ကို ၁၉၆၇ ခုတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကုန်တန်းရပ်ကွက်၊ ချင်းပျံလမ်းရှိ နေအိမ်တွင် ဖခင် မော်လာနာ ဂျလာလူဒ္ဒိန် (နိုအ်မာနီယာ ကျောင်းဆရာ)မှ ဖွားမြင်ခဲ့တယ်။ နာမည်ရင်းမှာ ကာဆီမ်း (ခ) မောင်ကျော်သိန်း ဖြစ်ပါတယ်။ 

မောင်ကျော်သိန်းဟာ အခြေခံပညာကို စစ်တွေမြို့၌ သင်ယူခဲ့တယ်။ သူဟာ ငယ်စဥ်ကတည်းကပင် ဉာဏ်ရည်ကောင်းသူဖြစ်တယ်။ ဘာသာသာသနာကို ချစ်မြတ်နိုးသူ ဖြစ်တယ်။ ဒါကြောင့် လောကဓာတ်ပညာ သင်ယူနေချိန်မှာပဲ သာသနာ့ပညာကိုလည်း တပြိုင်တည်း လေ့လာဆည်းပူးနိုင်ခဲ့ပါတယ်။ အဆင့်မြင့်ပညာကို ရန်ကုန်တက္ကသိုလ်၌ တက်ရောက်သင်ယူပြီး သမိုင်းဘာသာ အဓိကဖြင့် မဟာဝိဇ္ဇာဘွဲ့ (MA - History)နှင့် အာလိမ်ဖာဇီလ်ဘွဲ့ ရရှိခဲ့လေတယ်။ 

မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် ပြင်းထန်တဲ့ မောင်ကျော်သိန်းဟာ ကျောင်းသားဘဝကပင် အမျိုးသားရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်။ သူဟာ ရိုဟင်ဂျာလူမျိုး လွတ်မြောက်ရေးအတွက် စာအုပ်စာတမ်းများ၊ ဆောင်းပါးများ၊ ဝေဖန်ရေးဆောင်းပါးများစွာကို အောင်အောင်(စစ်တွေ) ကလောင်အမည်ဖြင့်ရေးသားပြုစုခဲ့တယ်။ "ရိုဟင်ဂျာ ဂျီနိုဆိုဒ် ရပ်တန့်ဖို့ သင့်အကူအညီ လိုအပ်နေပြီ" စာအုပ်မှာ သူမကွယ်လွန်မီ ရေးသားပြုစုခဲ့တဲ့ စာအုပ်ဖြစ်တယ်။ 

"မငြင်းနိုင်သော ရိုဟင်ဂျာ ငြင်းပယ်သူများ၊ ယင်းမှာ ဂျီနိုဆိုဒ်၏ လမ်းကြောင်း"၊ 

"မြန်မာနိုင်ငံ၏ ရှေးအကျဆုံး တိုင်းရင်းသားမျိုးနွယ်စု ရိုဟင်ဂျာနှင့် ကမ္ဘာ့အဖိနှိပ်ခံဆုံးလူမျိုး"၊ 

"လူသားမျိုးနွယ်စုဖြစ်တည်မှုပေါ် ကျူးလွန်ခဲ့သော ပြစ်မှု" 

စတဲ့ အဖိနှိပ်ခံရိုဟင်ဂျာလူမျိုးဆိုင်ရာ စာအုပ်စာတမ်းများ၊ အစီရင်ခံစာများ ရေးသားပြုစုကာ ရိုဟင်ဂျာလူမျိုးရဲ့ အဖိနှိပ်ခံဘဝကို ကမ္ဘာသိအောင် ဖော်ထုတ်ပြီး တရားမျှတမှု ရှာဖွေခဲ့တယ်။ 

သူဟာ ရိုဟင်ဂျာလူမျိုးတစ်မျိုးတည်းအတွက်သာ မဟုတ်ဘဲ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း အသားအ​ရောင် လူမျိုးဘာသာမခွဲခြားဘဲ အခွင့်အရေး ဆုံးရှုံးခံနေရတဲ့၊ မတရားဖိနှိပ်ခံရတဲ့ ကရင်၊ ကချင်၊ ရှမ်းစတဲ့ တိုင်းရင်းသားလူမျိုးစုအတွက် တရားမျှတမှုရရှိရေး ၂၀၁၂ ခု ကတည်းကပင် ရရာလမ်းကနေ မာမာမတ်မတ် တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။ 

ဒါ့အပြင် အစ္စလာမ်သာသနာ ထွန်းကားရေးအတွက်လည်း တစ်ဖက်တစ်လမ်းက ကြိုးပမ်းခဲ့တယ်။ ကျမ်းတော်မြတ် ကုရ်အာန်ကို ယနေ့ခေတ်သုံး မြန်မာစကားပြေနဲ့ လွယ်ကူရှင်းလင်းအောင် ဘာသာပြန်ခဲ့တဲ့ သူ့လက်ရာမှာ တန်ဖိုးမဖြတ်နိုင်သော အမြူတေရတနာတစ်ခုပင်တည်း။ ကျမ်း​တော်မြတ် ကုရ်အာန်ကို မြန်မာဘာသာသို့ ဘာသာပြန်ဆိုသူ ပထမဆုံး ရိုဟင်ဂျာတစ်ဦးလည်း ဖြစ်တယ်။ သူရဲ့စေတနာကား ​​ပေးဆပ်လို့မကုန်နိုင်လောက်ပေ။ သူရဲ့ ဘာသာပြန်ကုရ်အာန်ကျမ်းတော်ကို မိုဘိုင်းဆော့ဝဲလ် ဖန်တီးကာ Google Play Store ၌ တင်ပေးထားတယ်။ မည်သူမဆို အခမဲ့ဒေါင်းယူ ဖတ်ရှူလေ့လာနိုင်ပါတယ်။ ဘာသာရေးဆိုင်ရာ အခြားစာအုပ်စာပေများကိုလည်း ပြုစုထုတ်ဝေကာ လမ်းလွဲနေသူတွေကို လမ်းမှန်ရောက်အောင် အားထုတ်ခဲ့တယ်။

သူဟာ ခေတ်စားနေတဲ့ အင်တာနက် ဆိုရှယ်မီဒီယာတွေကို အသုံးပြု၍ ရိုဟင်ဂျာအရေး တက်တက်ကြွကြွ လှုပ်ရှားခဲ့တယ်။ အင်တာနက်လောကတွင် တက်ကြွလှုပ်ရှားမှုအများဆုံး ရိုဟင်ဂျာတစ်ဦးဟု ဆိုရပေမယ်။ Aung Aung Sittwe ကိုယ်ပိုင်ပေ့ချ်၊ ကိုယ်ပိုင်ဘလော့ တည်ထောင်ကာ အမျိုးသားရေး၊ အဖိနှိပ်ခံဘက်ရပ်တည်ရေးဆိုင်ရာ ဆောင်းပါးများလည်းကောင်း၊ နိုင်ငံတကာ အွန်လိုင်းဝပ်ဆိုက်များတွင် ဆောင်းပါးများလည်းကောင်း အမြောက်အများ ရေးသားခဲ့တယ်။ လူမှုကွန်ရက်များဖြစ်တဲ့ Twitter နှင့် Facebook တို့မှာလည်း ဆောင်းပါးများ၊ ပြည်တွင်း သတင်းမှန်များ ရေးသားတင်ပြရာမှာ ပရိတ်သတ်တို့၏ ယုံကြည်စိတ်ချမှုကို ခံခဲ့ရသည်။  Twitter မှာ follower အများဆုံး ရိုဟင်ဂျာဟုပင်သတ်မှတ်ခံရတယ်။ 

နိုင်ငံတကာပညာရှင်များ၊ မီဒီယာများ၊ သုတေသီများကိုလည်း သူတို့ရဲ့ ရိုဟင်ဂျာအရေးဆိုင်ရာ ပရိုဂျက်များတွင် ကူညီလေ့ရှိတယ်။ အဲဒီကနေ နိုင်ငံတကာပညာရှင်များ၏ ယုံကြည်လေးစားမှုကို ခံခဲ့ရတယ်။ ပြည်ပစာရေးဆရာများက ရေးသားခဲ့တဲ့ ရိုဟင်ဂျာဆိုင်ရာ စာအုပ်စာပေများတွင် အောင်အောင်(စစ်တွေ)ရဲ့ အကိုးအကားတွေ များစွာပါရှိပါတယ်။

ကိုဗစ်ကပ်ဆိုးကာလတွင် မြန်မာအစိုးရက ပြည်သူများကို  ကူညီစောင့်ရှောက်မှုလစ်လျူရှုနေကြောင်း၊ အောက်စီဂျင်အိုးများ လုံလုံလောက်လောက် စီစဥ်မပေးကြောင်း၊ ပြည်သူတွေဟာ လမ်းဘေးကမ်းဘေးတွင် ဒုနဲ့ဒေး သေဆုံးနေကြောင်း၊ အစိုးရဟာ ရောဂါကပ်ဘေးကို ပြည်သူတွေအပေါ် လက်နက်သဖွယ်အသုံးပြုနေကြောင်း စသည်ဖြင့် သူက ဆိုရှယ်မီဒီယာမှာ ပြင်းပြင်းထန်ထန် ထောက်ပြဝေဖန်ခဲ့တယ်။ 

ဒီကပ်ဘေးက ​အောင်​အောင်(စစ်​တွေ)ရဲ့မိသားစုကိုလည်း မလွတ်ခဲ့ဘူး။ဇူလိုင်လ ၅_၆ ရက်နေ့မှာ သူအပါအဝင် မိသားစုဝင်အားလုံး ကိုဗစ်နိုင်တင်းပိုး ကူးစက်ခံခဲ့ရတယ်။ 

အောင်အောင်ဟာ ဇူလိုင်လ ၁၃ ရက် ညနေကပင် အောက်စီဂျင်တပ်ဆင်ကာ အသက်ရှူရတဲ့အထိ ရောဂါပြင်းထန်လာခဲ့တယ်။ ​ဆေးကုသမှုမရ၍ တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာနေတဲ့ အောင်အောင်(စစ်တွေ)ရဲ့ ကျန်းမာရေး အခြေအနေဟာ နလှန်ထူမလာ​တော့ဘဲ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက် မနက် ၄း၄၀ တွင် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ၁၄၄ လမ်းရှိ မိမိ၏နေအိမ်၌ စာရေးဆရာဟာ အသက် ၅၄ နှစ်မှာ အလ္လာဟ်အမိန့်တော်ခံယူသွားလေတယ်။ အဖိနှိပ်ခံ ရိုဟင်ဂျာလူမျိုးကို နှိပ်စက်မှုကွင်းပြင်မှ အပြတ်မကယ်ထုတ်နိုင်ခဲ့ဘဲ ဘဝနိဂုံးချုပ်ခဲ့ရလေတယ်။ ရိုဟင်ဂျာလူမျိုးဟာ ရဲရင့်တက်ကြွတဲ့ ဓမ္မစစ်သည်တော်တစ်ဦး ဆုံးရှုံးခဲ့ရလေတယ်။ သူကွယ်လွန်ချိန်တွင် သား တစ်​ယောက်နဲ့ သမီးနှစ်​ယောက် ကျန်ရစ်ခဲ့ရှာတယ်။ သူ၏ နောက်ဆုံးဆန္ဒမှာ သူရေးသားခဲ့တဲ့စာအုပ်တွေကို ရောင်းချကာ ရရှိသမျှရောင်းရငွေနဲ့ သူ့ဇာတိမြေ စစ်တွေမြို့ရှိ မိဘမဲ့(ယတိမ်) ကလေးတွေကို ​ထောက်ပံ့ကူညီ​ရန် သူရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ဦးအား မှာသွားခဲ့လေသတဲ့။

— လူထုဝဏ္ဏ

၂၀၂၃ ခု၊ ဧပြီလ ၃ ရက်။ 


ကိုးကား

အင်တာနက်


Saturday, March 25, 2023

မိန်းလိုက်ဖိ.... မချေ

 


မိန်းလိုက်ဖိ.... မချေ


မျဉ်းပြိုင်နှစ်ခု 

အတူတူ ခရီးနှင်ကေလဲ့သော့်

ဆုံဖို့အမှတ်ကား မဟိမနား


ဟုတ်ယင့်… ငါ့ရို့လျှောက်ခစွာလမ်းက 

မျဉ်းပြိုင်မဟုတ်

တစ်နိရာစီက နိပီးကေ

ကန့်လန့်ဖြတ် ဦးတည်လာခစွာ

ထောင့်ဖြတ်မျဉ်း နှစ်ခုဝေ


အမှတ်တစ်ခုမာ 

အိပ်မက်မိုးတိမ် တကွက်ကွက်နဲ့

မေတ္တာရီရွာသွန်း လုလု

တနားချေ ဆုံခပနာ

ဖြတ်ထွက်လားခရေ 

မျဉ်းချေနှစ်ခုဖြိုက်နိယင့်


နီပူတိုက်ချေလို့

မိုးတိမ်လိပ်ပျောက်ရေခါ

ဦးတည်ချက်ကိုယ်စီနန့်

ကျိန်စာသင့် ရာဟုလမ်းပိုင်

လှမ်းမမီအောင် ဝီးလို့ဝီးလို့ လားနီဗျာယ်။


ဆုံမှတ်ချေမာ လန်းဆန်းခစွာ အချိန်ချေတိကို

ခွန်အားအဖြိုက် ထုတ်သုံးပနာ

ကံကကြမ္မာလားလမ်းကို လက်ခံပီးလိုက်ဖိဝေ

မချေ… မပိုင်ဆိုင်ရေ အိပ်မက်ဘောက်သာနန့်

အရာ တဆာဆာ မမျှော်လိုက်ကတ်ဖိ

သဲပြင်မာ လီတိုက်လို့ ပျောက်လားခရေ

ဝတ္တုချေပိုင် မိန်းလိုက်ဖိဝေ…



— ရိုးချေ

(၁၄-၃-၂၀၂၃)





Tuesday, March 21, 2023

Goin Fanír Mooti (Oli)

 Goin Fanír Mooti


Haba ye zuri zuri kuciye gaar oli

Ekka oddó nosíribo gumor e dori


Sanda mamu miyulat luwai gum giyé

Zilímilí tarar jahanót háñzi yó giyé


Sanor kulot gumzare tui mor foori

Cópponor falkit sorí goriló súrwari


Raitor oñccáré tortú kiyór dhor

Zehón tor dáke asi o nunuya mor


Mor kulot mazé tor tuinná gór

Uri uri aai mor faigorso sugór


San tarar dikká tui hañcic hamicá

Dilottú mor cúde yan hí duwa


Khala miyúla miçá faní boni bāi giyoi

Fúl okkól loi miçá-miçá hotá hoi giyoi


Tui yo ekka fun hotá rocá roci

Fuçá okkole sou keen gorí gaar oli


Tor loi basi asé añr guñra duniya

Dure zehón giyo buri aiyé sogor faníya 


Tor tengot añí diyum raki 

Cárá duniyar kullé kúci


Bezar óibi zehón diyum aza ador gorí

Añi dé golot tui éri sóyi nitti


Uzor nogoijjó sup oizó e ambor cón

Gum borá sukoré abar no goró seton


Honi kiya tor sugortú nofarefán gúm suri

Gumza re gumza goin fanit asé fán mooti


(Oli)

—RohangKing

(12-1-2023)