“ရိုဟင်ဂျာမရှိဘူးလို့ပြောတဲ့ (စောင့်ကြည့်ဂျာနယ်ဆောင်းပါးရှင်) ဆကိုး၊ နိုင်ငံတော်သမ္မတ နဲ့ လဝကဝန်ကြီးသို့ ဖတ်ဖို့”

၅.၁၁.၂ဝ၁၃ ရက်စွဲနဲ့ထုတ်ဝေတဲ့ စောင့်ကြည့်ဂျာနယ် အတွဲ(ဂ) အမှတ် (၂၂) စာမျက်နှာ ၂၇ မှာ ဆောင်းပါးရှင် ဆကိုး က ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို မီဒီယာအချို့ သည်းခြေကြိုက် သုံးစွဲလာ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ “မြန်မာနိုင်ငံ၏ တရားဝင် အသိအမှတ်ပြုထားသော တိုင်းရင်းသားလူမျိုးစာရင်းတွင် မပါဝင်သည့် “ရိုဟင်ဂျာလူမျိုး”ဟူသော အသုံးအနှုန်းကို ယခုအခါ မီဒီယာအချို့တွင် တွင်တွင်ကျယ်ကျယ် သည်းခြေကြိုက် သုံးစွဲလာကြသည်ကို တွေ့ရသည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်က ရိုဟင်ဂျာမရှိကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရိုဟင်ဂျာမရှိဟု အကြိမ်ကြိမ် တရားဝင်ပြောကြားနေသော်လည်း ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်အချို့ကမူ ရိုဟင်ဂျာဟုသုံးကာ မီဒီယာများကလည်း ရေးသားမှုကို အတိအလင်း ပြုလုပ်လာနေကြသည်။ ၂ဝ၁၃ အောက်တိုဘာ ၂၇ ရက်ထုတ် မွန်းတည့်နေဂျာနယ် အတွဲ(၁) အမှတ်(၄၄)တွင် “သန်း ၆ဝ ကျော်ထဲက မြန်မာမွတ်စလင်တို့အတွက်နေရာ” ဘာသာပြန်ဆောင်းပါး၌ ရိုဟင်ဂျာများအား အဓမ္မဖိနှိပ်ချုပ်ချယ်နှိပ်စက်ကြောင်း၊ ရိုဟင်ဂျာဆိုသော အသုံးအနှုန်းကို အကြိမ်ရေ (၃ဝ) ရေးသားထားသည်ကို တွေ့မြင်ရသည်။ ……………..”စသဖြင့် ရေးသားထားသည်ကို ဖတ်ရပါသည်။

ဆကိုး ခင်ဗျား -
ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို မွန်းတည့်နေဂျာနယ်က တွင်တွင်ကျယ်ကျယ် သည်းခြေကြိုက် သုံးစွဲခဲ့တာမဟုတ်ပါဘူး။ ၁၅.၇.၁၉၆၁ မှာ မြန်မာ့တပ်မတော်က မေယုအထူးထုတ်စာစောင်အဖြစ် ထုတ်ဝေခဲ့တဲ့ ခေတ်ရေး (အတွဲ ၁၂ အမှတ် ၆)က တွင်တွင်ကျယ်ကျယ် သည်းခြေကြိုက် သုံးစွဲခဲ့တာဖြစ်ပါတယ်။ စာရေးဆရာတစ်ယောက်ဖြစ်ပြီး အထွေထွေဗဟုသုတမရှိတာဟာ အင်မတန်ရှက်စရာကောင်းပါတယ်။ ဒီ့ထက်ပိုဆိုးတာက မြန်မာ့တပ်မတော်က တာဝန်ရှိသူများက သူတို့တပ်မတော်ကပြောခဲ့တာကို မသိဘဲ မရှိဘူးလို့ ပြောကြားတာဟာ ပိုလို့တောင် ရှက်စရာကောင်းလှပါတယ်။ မိတ်ဆွေတစ်ယောက်စီက ခေတ်ရေး (အတွဲ ၁၂ အမှတ် ၆)စာအုပ် မိတ္တူလေးရလို့ ဖော်ပြပေးလိုက်ပါတယ်။ “ကျားကျားမီးယပ်ရေးနေ၊ ပြောနေတာတွေ ရပ်တန့်သင့်ပြီ”။

“မေယုနယ်ခြားခရိုင်အတွင်းတွင် နေထိုင်ကြသော ရိုဟင်ဂျာများသည်လည်း ပြည်ထောင်စုအတွင်း လူမျိုးစုတစုဖြစ်သည်ကို သဘောပိုက်ထားကြစေလိုကြောင်း” တပ်မတော် ဒု-ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်ကို သဘောပိုက်ထားကြစေလိုပါသည်။