ကလေး ခြေထောက်ခွင်ခြင်း (bowlegs)
==================
ကလေးလေးတွေ မွေးခါစကနေ ခြေထောက်ခွင်ခွင်လေးတွေဖြစ်သလိုဖြစ်နေတာက Normal ပါပဲ။ ဗိုက်ထဲမှာ အခွေလိုက်လေးနေခဲ့ရတဲ့ position ကြောင့် အဲဒီလိုလေး ဖြစ်နေတာပါ။ ကလေးခြေထောက်က ခွင်ခွင်လေးဖြစ်နေတာကို သူမတ်တပ်ရပ်တဲ့အချိန်၊ လမ်းစလျှောက်တဲ့အချိန်မှာ ပိုသိသာပါတယ်။ ပုံမှန်ကတော့ ကလေးကြီးလာတာနဲ့ ဘာမှလုပ်စရာမလိုပဲ ဖြောင့်သွားတာပါ။ ကလေးအများစုဟာ အသက်သုံးနှစ်လောက်ရောက်တာနဲ့ ခြေခွင်တာ မရှိတော့ပါဘူး။ အသက် ၇ နှစ် ၈ နှစ်မှာဆိုရင် ကလေးအများစုရဲ့ ခြေထောက်ဟာ လူကြီးအရွယ်မှာဖြစ်လာမယ့်ပုံစံဖြစ်လာပါပြီ။ သဘာဝအလျောက် ပြန်ဆန့်မသွားနိုင်တဲ့ ခြေထောက်ခွင်ခြင်းလဲ ရှိပါတယ်။ အဲဒါက Vitamin D မပြည့်ဝလို့သော်လည်းကောင်း၊ Blount's disease လို့ခေါ်တဲ့ အရိုးတည်ဆောက်ပုံမမှန်ခြင်းကြောင့်သော်လည်းကောင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအဖြစ်က ရှားပါတယ်။ ခြေထောက်အတွင်းဖက်ကို ခွင်ခြင်း (Knock-Kneed)=======================ပုံ - ၃ ကပုံကို ပြောတာပါ။ ဒါမျိုးခြေထောက်ကလေးတွေက ကလေး ၃ နှစ်ကနေ ၆ နှစ်အတွင်းမှာ သိသာပါတယ်။ ဆေးကုဖို့မလိုပဲ သူ့ဟာသူ ဖြောင့်သွားလေ့ရှိပါတယ်။ဘယ်အချိန်ဆရာဝန်နဲ့ပြရမလဲ?====================- ကလေးက ၂ နှစ်ကျော် ၃ နှစ်လောက်တောင် ရောက်နေပြီ ခြေထောက်ခွင်နေတုန်းဆိုရင် ဆရာဝန်နဲ့ပြကြည့်ပါ။ - အဲဒီမတိုင်ခင်လဲ ကိုယ်က စိတ်ထဲမှာ တစ်မျိုးဖြစ်ရင်တော့ စိတ်ချရအောင် ဆရာဝန်နဲ့ တိုင်ပင်ပါ။- ခြေထောက်တဖက်ထဲခွင်နေရင် ဆရာဝန်နဲ့ပြပါ။ ကလေးခြေထောက်ခွင်တာပြင်လို့ရသလား?============================ကလေးခြေထောက်အခြေအနေကို ကလေး ၃ နှစ်သား အရွယ်အထိ ကြည့်ကြည့်ပါ။ လမ်းလျှောက်တာ တကယ်ကို သိသာလွန်းနေတယ် ဒါမှမဟုတ် လုံးဝလမ်းမလျှောက်တာတို့ ဖြစ်နေရင် .. နီးစပ်ရာ ဆရာဝန်ဆီသွားပြီး .. Physiotherapist ဆီ ညွှန်ပေးဖို့ (referral) တောင်းကြည့် ပါ။ Physiotherapist ဆိုတာ အကြောအဆစ်ကျွမ်းကျင်ကုပညာရှင် ဖြစ်ပြီး အချို့ နိုင်ငံတွေမှာတော့..Physical Therapist လို့လည်း ခေါ်တတ်တယ်။ နယ်ဘက်တအားကျတဲ့နေရာတွေမှာဆိုရင် ဆေးရုံကြီးတစ်ခုလုံးမှ အကြောအဆစ်ကုပညာရှင် တစ်ယောက်ပဲရှိပါတယ်။တချို့နေရာတွေမှာ မရှိပါဘူး .Physiotherapist က စမ်းသပ်စစ်ဆေးတာ(assessment) လုပ်ပါလိမ့်မယ်။ ပြီးရင် သင့်လျော်တဲ့ ကုသမှုပေးပါလိမ့်မယ်။ အကယ်၍ တအားဆိုးမယ်ဆိုရင်တော့ ခွဲစိတ်ကုသမှု (surgery) တစ်နည်းပဲ ရှိပါတယ်။ ခွဲစိတ်ကုသမှု surgery လုပ်ပြီးရင် လဲ physiotherapist နဲ့ တိုင်ပင်ပြီး နောက်ဆက်တွဲချွတ်ယွင်းမှု (complication) တွေ မဝင်အောင် သင့်တော်တဲ့ လေ့ကျင့်လှုပ်ရှားမှု (exercise) တွေ ဂရုပြုရမှာတွေကို သတိထားရမှာပါ။ မြန်မာနိုင်ငံဆေးပညာရပ်နယ်ပယ်မှာ အကြောအဆစ်ကုပညာ (Physiotherapy) ဆိုတာ လူတိုင်း မသိကြသေးတာ မဆန်းပါဘူး။ ဒါပေမဲ့ ကိုယ့်ကလေးအတွက် မှန်ကန်တဲ့ပညာရှင်ကို ရွေးချယ်တတ်နိုင်ကြပါစေ။သတိပြုရန် - ဆရာဝန်တွေက မလိုအပ်ပဲခွဲမှာစိုးလို့ ဆေးခန်းမပြဘူးဆိုတဲ့လူတွေ တော်တော်များများတွေ့ဖူးပါတယ်။ ကျွမ်းကျင်တဲ့ဆရာဝန်စုံစမ်းပြီးပြပါ။ မလိုအပ်ပဲခွဲတယ်ဆိုတာကို ကြောက်ပြီးဆေးခန်းမပြတာ အင်မတန် အန္တရာယ်များပါတယ်။ Diaper သုံးရင် ခြေထောက်ခွင်တယ်၊ ကွတယ်ဆိုတာ ဟုတ်သလား?=================================Diaper ဝတ်ရင် တချို့ slow learner ကလေးတွေမှာ လမ်းလျှောက်ပုံမမှန်တာ ဖြစ်ပါလိမ့်မယ်။ကလေးတိုင်းမဟုတ်ပါ။ slow learner ကလေးတွေပါ။ တကယ်လို့ အဲဒီလို ကလေးလေးက အမြဲ diaper အကြီးကြီးနဲ့ လမ်းလျှောက်မယ်ဆိုရင် သူ့ ဦးနှောက်ဖွံ့ဖြိုးမူအရ သူ့ ခြေထောက်လေးတွေ တကားကားနဲ့ လျှောက်တာကို အမှန်ထင်သွားတတ်ပြီး လမ်းလျှောက်ပုံ walking pattern မမှန်တာ ဖြစ်နိုင်ပါတယ်။ walking pattern မမှန်တာက ကလေးတွေရဲ့တိုးတက်မှုအခြေအနေအရ ကလေးရဲ့ကြွက်သားတွေမှာ muscle tightness/weakness ပြဿနာမရှိရင် လမ်းလျှောက်ပုံပြန်မှန်သွားပါတယ်။ တချို့ကလေးတွေမှာ မွေးရာပါ ပေါင်အဆစ်လွဲ (hip dislocation) တာလေးတွေ ရှိနေတယ်ဆိုရင်တော့ diaper ဝတ်ရင် အရမ်းသတိထားရပါတယ်။ အဲ့ဒါကတော့ တင်ပါးဆစ် hip နဲ့ပတ်သက်တာလေးတွေပါ။ ရပ်ကွက်ထဲက ဒေါက်တာရမ်းကုများနဲ့ ကလေးခြေထောက်ခွင်ခြင်း အယူအဆ===================================ရပ်ကွက်ထဲက ဒေါက်တာရမ်းကုများဆိုတာ ရပ်ကွက်ထဲက အဒေါ်ကြီးတွေကို ပြောတာပါ။ ဟိုလူက ဒီလိုလုပ်ပါ။ ဒီလူက ဒီလိုလုပ်ပါ။ ငါတို့တုန်းက ဒီလိုလုပ်တာဆိုပြီး သဘာဝအလျောက်ဖြောင့်သွားမယ့် ကလေးခြေထောက်တွေနဲ့ ကလေးရဲ့ဒူးကလေးကို ကလေးငယ်စဉ် လနုစဉ် ပုံသွင်းရမယ်ဆိုတဲ့ အယူလွဲနဲ့ အတင်းဖြောင့်တာ၊ နှိပ်တာ၊ ဒူးကိုလှည့်တာတွေ အရမ်းမှားပါတယ်။ အလကားသက်သက် ကလေးကို နာကျင်စေတာဖြစ်သလို ဒူးလည်သွားရင် အန္တရာယ်များပါတယ်။ ကျွန်မတို့မောင်နှမတွေကို အမေက ခြေထောက်ပုံစံမသွင်းပေးခဲ့ဘူး။ ခြေထောက်အပြင်မခံရပေမယ့် ကျွန်မတို့မောင်နှမတွေ တစ်ယောက်မှ ခြေထောက်မခွင်ကြဘူး။ ခြေထောက်ခွင်တာနဲ့ ခြေထောက်မသွယ်တာက case က မတူဘူး။ သွယ်အောင်လှအောင်လဲ မခွဲစိတ်ပဲပြင်လို့မရဘူး။ အခုကျွန်မသမီးလေးကို ကျွန်မခြေထောက်ပုံစံမသွင်းပေးဘူး။ သူလဲ ခြေထောက်မခွင်ဘူး။ ကျွန်မသမီးလေး လသားတုန်းက အိမ်ကိုလာလည်တဲ့အဒေါ်တစ်ယောက် ခြေထောက်ပုံသွင်းတာဒီလိုဆိုပြီးနှိပ်ပြရင်းနဲ့ ဒူးကိုညှစ်ပြီး လှည့်တာ ကလေးက တော်တော်နာသွားတယ်။ ဒူးများလည်သွားမလားလို့ ကြည့်နေတဲ့ ဒီအမေလဲ ရင်ကွဲမတတ်လန့်သွားတယ်။ တချို့က ထိန်းပြီးညင်ညင်သာသာလုပ်တတ်ပေမယ့် တချို့က အရှိန်မထိန်းနိုင်ဘူးလေ။ ဒီတော့ စာများများဖတ်ပါလို့ပဲ တိုက်တွန်းချင်ပါတယ်။ စာမဖတ်နိုင်ရင်၊ မသေချာရင် ကာကွယ်ဆေးထိုးရင်း ဆရာဝန်နဲ့မေးပါ။ ကလေးအကြောင်း ဆေးအကြောင်း သေချာနားလည်တဲ့ဆရာဝန်တွေက မလုပ်နဲ့ဆိုရင် မလုပ်ပါနဲ့။ ရပ်ကွက်ထဲက အဒေါ်ကြီးထက် ယုံလို့ရပါတယ်။ ရှေးထုံးကိုလဲ မပယ်နဲ့ ဈေးသုံးကိုလဲ မကြွယ်နဲ့ဆိုပေမယ့် တချို့ရှေးထုံးတွေက အန္တရာယ်များလွန်းပါတယ်။ Jessica_M#jessicathecoolmomအင်္ဂလိပ်လိုဖတ်ရန် Links http://www.babycenter.com/0_bowlegs_1435105.bchttp://www.babycenter.com/404_why-are-my-babys-legs-bowed-is-this-permanent_9956.bchttp://m.raisingchildren.net.au/articles/bow_legs.htmlhttp://www.timeoutdubai.com/kids/features/48174-bow-leg-kids-in-dubai
No comments:
Post a Comment