Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, November 20, 2015

ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း အနိုင်ရသော်လည်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဖြစ်နိုင်ခြေနည်းပါး



ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း အနိုင်ရသော်လည်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဖြစ်နိုင်ခြေနည်းပါ 

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းသည် အမ်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေတွင်အနိုင်ရရှိခဲ့သော်လည်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဖြစ်နိုင်တော့မည် မဟုတ်ဟု သုံးသပ်မှုများ ထွက်ပေါ်နေသည်။

ယနေ့ နိုဝင်ဘာလ ၁၇ ရက် နေ့စွဲဖြင့် ထုတ်ဝေသော Tomorrow ဂျာနယ်တွင် “ သမ္မတ ခန့်အပ်မယ့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၀န်ကြီးချုပ်တွေ ဘယ်သူ ဖြစ်မလဲ” ခေါင်းစဉ်ဖြင့် သုံးသပ်ချက် ဆောင်းပါးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ သက်တမ်းရှည် ဗဟိုကော်မတီဝင် ဂွမြို့နယ် အမှတ်( ၂) မဲဆန္ဒနယ်မြေမှ ဦးညီပုမှာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားသည်

ရခိုင်ပြည်နယ်လွှတ်တော်ကိုလည်း လွှတ်တော်ကိုယ်စားလှယ် နေရာ (၂၂) နေရာ အနိုင်ရရှိထားသော ရခိုင်အမျိုးသား ပါတီကသာ ကြီးစိုးဖွယ်ရှိနေသည်ဟု ဖော်ပြထားသည်။

ရခိုင်ပြည်နယ် လွှတ်တော်တွင် ကြံ့ခိုင်ရေး ပါတီမှာ (၃) နေရာသာ အနိုင်ရရှိခဲ့သည်။

အမ်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေတွင်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းသည် မဲအရေအတွက် ၉၅၄၅ ဖြင့် အနိုင်ရရှိခဲ့ပြီး သူနှင့် ယှဉ်ပြိုင်ခဲ့သူ ရခိုင်အမျိုးသား ပါတီမှ ဒေါ်လှလှရီသည် မဲ ၃၁၈၄ သာ ရရှိခဲ့ သည် ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အရာရှိ ဦးသူရိန်ထွဋ်က နိရဉ္စရာသို့ ပြောကြားသည်။

ရခိုင်အမျိုးသားပါတီမှ အမ်းမြို့နယ် ပြည်နယ် လွှတ်တော် အမှတ် (၂) မဲဆန္ဒနယ်မြေ တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူ ဦးခင်မောင်ဌေးသည် မဲ အရေအတွက် ၉၄၅၂ ပြိုင်ဘက် ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ်ကို အနိုင်ရရှိခဲ့သည်။

အမ်းမြို့နယ်တွင် ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲမှ စပြီး ရခိုင်အခြေစိုက် ပါတီတစ်ခုခုက တစ်ကြိမ် တစ်ခါမျှ အနိုင်ရရှိခဲ့ဖူးခြင်း မရှိကြောင်း သိရသည်။ ယခု အနိုင်ရရှိမှုသည် ပထမ အကြိမ် ဖြစ်ပြီး ပြည်နယ် လွှတ်တော် အမှတ် (၂) တွင်သာမက အမျိုးသားလွှတ်တော်တွင် ဒေါ်ထုမေလည်း အနိုင်ရရှိခဲ့သည်။

နိုဝင်ဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့သော ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည်ရခိုင် ပြည်နယ် လွှတ်တော်တွင် (၃) နေရာသာ အနိုင်ရရှိခဲ့ပြီး ဦးမောင်မောင်အုန်းမှာ အမ်းမြို့နယ်တွင်လည်းကောင်း၊ ဦးဇော်ဇော်မြင့် မှာ ဘူးသီးတောင် မြို့နယ် အမှတ်(၁) လည်းကောင်း၊ ဦးထွန်းလှစိန်မှာ မောင်တောမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေတွင်လည်းကောင်း အနိုင်ရရှိခဲ့သည်။

အမ်းမြို့နယ်တွင် ဦးမောင်မောင်အုန်း အနိုင်ရရှိလျင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဖြစ်လာနိုင်သည်ဟု အစပိုင်းတွင် ခန့်မှန်းထားကြသော်လည်း ကြံ့ခိုင်ရေး ပါတီမှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ရှုံးနိမ့်ခဲ့သဖြင့် ဦးမောင်မောင်အုန်းမှာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဖြစ်လာနိုင်စရာ မရှိတော့ဟု ခန့်မှန်း သုံးသပ်မှုများထွက်ပေါ်လာခြင်း ဖြစ်သည်။

No comments:

Post a Comment