Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, November 20, 2015

ရိုဟင်ဂျာဆိုသူများ နိုင်ငံသားအပြည့်အဝဖြစ်ခွင့်ရရန် နိုင်ငံသားဖြစ်ခွင့် ဥပဒေပြောင်းလဲဖို့ အဆိုပြုမူကြမ်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အတည်ပြု

ရိုဟင်ဂျာဆိုသူများ နိုင်ငံသားအပြည့်အဝဖြစ်ခွင့်ရရန် နိုင်ငံသားဖြစ်ခွင့် ဥပဒေပြောင်းလဲဖို့ အဆိုပြုမူကြမ်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အတည်ပြု
မဇ္ဈိမ၊
Thu, 11/19/2015 

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသူများကို အပြည့်အဝနိုင်ငံသားဖြစ်ခွင့်ပေးနိုင်ရန် နိုင်ငံသားဖြစ်ခွင့်ဥပဒေကို ပြောင်းလဲဖို့ ကုလသမဂ္ဂအထွေထွေညီလာခံ၏ လူ့အခွင့်အရေးကောင်စီက တိုက်တွန်းပြီး နိုင်ငံတွင်းမွတ်စလင် လူနည်းစုများအပေါ် ဆက်ဆံမှုများကိုလည်း ပြစ်တင်လိုက်ကြောင်းသိရသည်။

နိုင်ငံပေါင်း ၁၉၃ နိုင်ငံ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေးတွင် လူ့အခွင့်အရေးအပေါ် ဦးတည်ကာ အများသဘောတူညီမှုဖြင့် ဥရောပနိုင်ငံများ၊ အမေရိကန်နှင့် အခြားသော အနောက်အုပ်စုများ ထောက်ခံမှုဖြင့် ဆုံးဖြတ်ချက်မူကြမ်းကို ချမှတ်အတည်ပြုခဲ့ခြင်းဖြစ်သည်။

"ရခိုင်ပြည်နယ်က ရိုဟင်ဂျာဆိုသူများအရေးအခင်းနှင့် အခြားလူနည်းစုများအရေးကိစ္စရပ်များတွင် လူ့အခွင့်အရေးချိုးဖောက် အလွဲသုံးစားလုပ်မှုများအပေါ် စိုးရိမ်ပူပန်မှုများကို ညီလာခံတွင် ထပ်လောင်းပြောကြားကြောင်း" ဖော်ပြသည်။

မြန်မာနိုင်ငံတွင်း မျိုးရိုးစဉ်ဆက်နေထိုင်ခဲ့သည်ဟုဆိုကြသည့် ရိုဟင်ဂျာဆိုသူများကို ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေအရ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင် ထည့်သွင်းခြင်းမရှိဘဲ အခွင့်အရေးများလည်း ကန့်သတ်ခံနေရသည်ဟုဆို၍ မြန်မာနိုင်ငံက တိုင်းရင်းသားမဟုတ်ဟု အတည်ပြုထားသည့် ရိုဟင်ဂျာများအရေးတွင် နိုင်ငံတကာက ဖိအားပေးလျက် ရှိနေသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်တင့်က ယခု ဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်ပြီး ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းအားလည်း အမှန်တကယ် တိုင်းရင်းသားမရှိကြောင်းဆိုကာ ကန့်ကွက်ခဲ့သည်။

ယခု ဆုံးဖြတ်ချက်မူကြမ်းတွင် မြန်မာနိုင်ငံတွင်း နိုင်ငံရေး၊ စီးပွားရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ အပါအဝင် အပြုသဘောဆောင်သည့် ဖွံ့ဖြိုးမှုများကို ကြိုဆိုကြောင်းလည်း ဖော်ပြသည်။ အပြည့်အဝရွေးကောက်ခံလွှတ်တော်နှင့် အတူ အရပ်သားအစိုးရအောက်တွင် စစ်တပ်အပါအ၀င် အားလုံးသော အဖွဲ့အစည်းများကိုလည်း တိုက်တွန်းဆော်သြထားသည်။

ယခု ဆုံးဖြတ်ချက်မူကြမ်းကို လာမည့်လအတွင်းကျင်းပမည့် အထွေထွေညီလာခံတွင် ဆန္ဒမဲခွဲ အတည်ပြုမည်ဖြစ်သည်။

Ref: Reuters

No comments:

Post a Comment