Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, November 22, 2015

ရှေးခေတ်မြန်မာ မွတ်ဆလမ်တို့၏ အရေးပါသော အခန်းကဏ္ဍ

ရှေးခေတ်မြန်မာ မွတ်ဆလမ်တို့၏ အရေးပါသော အခန်းကဏ္ဍ

ဗမာပြည်မှာက ၉၆၉ တို့ မ.ဘ.သ တွေက မဟုတ်တမ်းတရားဝါဒဖြန့်ကြလို့ ကုလားဆိုရင် စော်ကားဆဲဆိုဖို့လောက်ပဲ ထင်နေကြတယ်။ဗမာစကားမှာ ကျေးဇူးရှင်ကိုစော်ကားရင် ကျေးစွပ်တက် တယ်ဆိုတာရှိတော့ ကုလားဆိုတာကျေးဇူး ရှင်ဖြစ်တယ်ဆိုတဲ့ အသိတရားလေးတော့ရှိဖို့ လိုတာပေါ့။အဲဒီလိုပြောတော့ တချို.က ကုလားဆိုတာ မွတ်စလင်တွေကိုပြောတာမဟုတ်ပါဘူးလို့ အရင်က မွတ်စလင်တွေကို ကုလားလို့နှိမ်ချပြောခဲ့ဘူးတဲ့သူတွေက ဗလောင်းဗလဲ ပြောကြပြန်ပါတယ်။ကုလားဘယ်လောက်ကျေးဇူးရှိသလဲ သိရအောင် ဆရာမောင်သော်ရေးတဲ့ အိန္ဒိယ၊မြန်မာ ဆက်ဆံရေးမှတ်တမ်း ဆိုတဲ့စာအုပ်ထဲကအချက်အလက်အချို.ကို ကောက်နှုတ်ရေးသားပေးလိုက်ပါတယ်။ 

"မြတ်စွာဘုရားသခင်သက်တော်ထင်ရှားရှိစဉ်ကပင် မြန်မာနိုင်ငံ တန့်ကြည့်တောင်၊မန္တလေးတောင် စသည်တို့ကိုရောက် ရှိလေဟန်ရေးသားဖော်ပြကြသည်။တနည်းအားဖြင့် အိန္ဒိယပြည်နှင့်အိန္ဒိယလူမျိုးတို့ကို အထင်ကြီး၍ အိန္ဒိယနှင့်အမျိုးဆက်ရမှကောင်းသည်။ဂုဏ်ရှိသည်ဟုထင်ခဲ့ကြသော ကြောင့်ဖြစ်သည်။(စာ-၁၃)။အေဒီ ၆ ရာစုတွင် ရခိုင်တိုင်းသို့ ရောက်ရှိလာသောဗုဒ္ဓဘာသာမှာ မဟာယာနဗုဒ္ဓဝါဒဖြစ်လေသည်။အဘယ်ကြောင့်ဆိုသော် ဝေသာလီခေါင်းလောင်းစာတွင် အရှေ.ဘင်္ဂလားသုံး ဂုပ္တ အက္ခရာ၊သက္ကတ ဘာသာဖြင့်ရေးသားထားသော စာများတွေ.ရသောကြောင့်ဖြစ်လေသည်။ရာမည
မွန်ပြည်တွင်လည်း အိန္ဒိယမြောက်ပိုင်းသုံးနာဂရီလက်ရေးအက္ခရာဖြင့် ပါဠိဘာသာ သက္ကတဘာသာဖြင့်ရေးထားသောစာများတွေ.ရပြီး ဗုဒ္ဓဝါဒ၊ဟိန္ဒူဝါဒ၊ဗိဿနိုးနတ်ကိုးကွယ်ခြင်းနှင့်နဂါးကိုးကွယ်ခြင်းများတွေ.ရသည်။သရေခေတ္တရာမှ ပုဂံသို့ရောက်ရှိလာသောဗုဒ္ဓသာသနာမှာလည်း မဟာယာနဗုဒ္ဓသာသနာဖြစ်ပြီး အကြောင်းမူ ခေတ်ဦးပုဂံမှ ပန်းချီကားများ၊ပန်းပုရုပ်တုများတွင် ဗောဓိသတ္တရုပ်ပွားတော်များခြံရံလျက်တွေ.ရသောကြောင့်ဖြစ်ပါသည်။မွန်ပြည်သို့ရောက်လာသောဗုဒ္ဓသာသနာမှာမဟာယာနဗုဒ္ဓဘာသာဖြစ်၍ဟိန္ဒူဝါဒလည်းရောထွေးပါလာသည်။ ထိုကြောင့်မြန်မာနိုင်ငံသိုပထမဆုံးရောက်ရှိလာသောကိုးကွယ်သည့်သာသနာမှာ မဟာယာနနှင့်ဟိန္ဒူအယူဝါဒတို့ဖြစ်ကြလေသည်။(စာ-၁၄-၁၅)။မြန်မာနိုင်ငံသို့ေ၇ာက်ရှိလာသောအက္ခရာမှာ အိန္ဒိယတောင်ပိုင်းတွင်လေးရာစုခေတ်ကရေးနည်းမှ ဆင်းသက်လာသည်ဟုဆိုနိုင်သည်။စာရေးနည်းနှင့်စာလုံးအက္ခရာများ၊ပန်းချီ၊ပန်းပု၊ပန်းပဲ၊ပန်းတည်း၊ဂီတ၊ပန်တျာ စသည့်အနုပညာရပ်များ၊ဆေး၊ဗိသုကာစသည့် ပညာရပ်များ၊ကိုးကွယ်သည့်ဘာသာများမှာ အိန္ဒိယပြည်မှရရှိခဲ့ခြင်းဖြစ်ပြီး ထိုကြောင့်လည်းအိန္ဒိယမှယဉ်ကျေးမှုအမွေများခွဲပေးခြင်းအတွက် မြန်မာတို့က ကျေးဇူးတင်ခဲ့ကြပေသည်။(စာ-၁၆)။"ဗိုလ်ချုပ်အောင်ဆန်း၏ပြောကြားချက်......"အိန္ဒိယအမျိုးသားများသည် မြန်မာများနှင့်အတိအကျတူညီသောအခွ င့်အရေးများရကြပေလီမ့်မည်။အိန္ဒိယအမျိုးသာခေါင်းဆောင်ကြီးများကလည်း အထူးအခွင့်အရေးနှင့်ကာကွယ်စောင့်ရှောက်မှုများအလိုမရှိဟုဆိုကြသည်။ဤအချက်ကပင် ဂုဏ်ယူစရာဖြစ်ပါသည်ဟု" ၁၉၄ရ ခု ဇူလိုင်လ ၅ ရက်နေ့တွင်ပြောကြားကြောင်း..(စာ၂၂၃)။

Credit. Aung Than Khant

No comments:

Post a Comment