Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, November 20, 2015

မင်းတုန်းမင်းကြီးက အစ္စလာမ်ဘာသာဝင်အတွက် မက္ကာဟ်ရွှေမြို့တော်၌ ဇရပ်ဆောက်ပေးခြင်း




မင်းတုန်းမင်းကြီးက အစ္စလာမ်ဘာသာဝင်အတွက် မက္ကာဟ်ရွှေမြို့တော်၌ ဇရပ်ဆောက်ပေးခြင်း

မြန်မာပြည်မှာရှိတဲ့ မွတ်စလင်တွေ၊ ခရစ်ယာန်တွေကို ဘာသာရေးလွတ်လပ်ခွင့်နှင့် ပံပိုးမှုအားကောင်းဆုံးပေးခဲ့သောခေတ်ကို ပြရလျှင် ကုန်းဘောင်ခေတ်ရဲ့ မင်းတုန်းမင်း လက်ထက်ဖြစ်ပါတယ်။

ခရစ်ယာန်တွေအတွက် သံတဲကျောင်း၊ မွတ်စလင်တွေအတွက် ဗလီတွေဆောက်ပေးခဲ့ပါတယ်။ ဒါအပြင့် တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များ ဟဂ်ျပြုလုပ်ရာ၌ တည်းခိုရန် မျက်နှာမငယ်စေရန် ဗရမာရိုဗာသ်းဟုခေါ်သော ဒေါင်းဇရပ်ကြီးကို တည်ဆောက်လှုဒါန်းခဲ့ပါတယ်။

အဆိုပါ ဗရာမာရိုဗားသ်ကို မြန်မာတိုင်းရင်းသား အစ္စလာမ်ဘာသာဝင် ကျောက်ကုန်သည် ဟာဂျီရွှေဘော်နှင့် ကျော်ထင်ဂုဏ္ဏရပ်ဘွဲ့ရ အဝယ်တော် ဟာဂျီ ခလိဖာဟ် ဦးဖိုးမြတို့ ဦးဆောင်သော အဖွဲ့ဝင် ၈၀ ခန့်ပါဝင်သည့် အဖွဲ့ကို တာဝန်ပေးအပ်ခံခဲ့ရသည်။ ဒေါင်းဇရပ်တော်မှာ  အရှေ့မျက်နှာ လေးခန်း၊ အနောက်အလျား ၁၂ခန်း၊ အရှေနဖူးစီးတွင် ဒေါင်းတံဆိပ်ထုလုပ်ပြီး မက္ကာဟ်မြို့ ရုံးတော် အစ္စလာမ်လက်ထောက်တရားမှုးချုပ် မော်လာနာ ဖခရ် ရှေ့တော်မှောက်၌ ဟစ်ဂျရီ ၁၂၈၀ ခု၊ ဇိလ်ကအ်ဒဟ် ၂၀ရက်တွင် ရှရီအဟ်တရားရုံးတွင် မှတ်ပုံတင်ခဲ့ပါတယ်။ ခရစ်သက္ကရာစ် ၁၈၆၄ ဧပြီလ ၂၆ ရက် ဖြစ်ပါသည်။ 

ယင်းအချက်အလက်များကို ကုန်းဘောင် မင်းဆက်မဟာရာဇဝင်တော်ကြီး တတိယအတွဲ စာမျက်နှာ ၄၄၀ သံဝစ္စရအလှူစာရင်းတွင် ဆက်လက်လေ့လာနိုင်ပါသည်။

"တူရကီနိုင်ငံ မက္ကာဟ်မြို့ရှိ ပသီလူမျိုးတို့ ကိုးကွယ်သည့် ပသီကျောင်းကြီးအနီး စတုဒီသာ တည်းခိုးရန် အုတ်ဇရပ်တော်ကြီး ဆောက်လုပ်လှူဒါန်းတော်မူသည်။" 


ကိုးကား။     
။ ဒေါက်တာအောင်ဇော်၏ တိုင်းရင်းမွတ်စလင်စာပြုစာဆို
။ ကုန်းဘောင်မင်းဆက် မဟာရာဇဝင်တော်ကြီး တတိယတွဲ၊ စာမျက်နှာ ၁၄၄။ 



No comments:

Post a Comment