Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, November 25, 2015

သမ္မတလုပ်ရန် အများကဆန္ဒရှိနေသော်လည်း အသက်အရွယ်အရ မလုပ်လိုကြောင်း NLD နာယက ဦးတင်ဦး ငြင်းဆို

သမ္မတလုပ်ရန် အများကဆန္ဒရှိနေသော်လည်း အသက်အရွယ်အရ မလုပ်လိုကြောင်း NLD နာယက ဦးတင်ဦး ငြင်းဆို
------ ------ ------ ------
NLD အစိုးရအဖွဲ့တွင် သမ္မတလုပ်ရန် အများကဆန္ဒရှိနေသော်လည်း မိမိအသက်အရွယ်အရ မလုပ်လိုကြောင်း NLD နာယက ဦးတင်ဦးက နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားကြောင်း သိရသည်။ “ကျွန်တော်ကတော့ မလုပ်ပါဘူးဗျာ။ ကျွန်တော်က သိပ်ပြီး သင်ခန်းစာရနေတဲ့ လူပဲဗျာ။ အသက်ကလည်း ရပါပြီ။ လုပ်တန်သလောက်လည်း လုပ်ပြီးပါပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စလုပ်ကတည်းက သူ့ရဲ့ဆောင်ရွက်ရ မယ့်ကိစ္စအ၀၀ အားလုံးကို ကျွန်တော့်အတွေ့အကြုံနဲ့ တတ်နိုင်သမျှ ကျွန်တော်လုပ်ခဲ့ဖူးသမျှ အားလုံးနဲ့ အောင် မြင်အောင် ကူညီမယ်ဆိုတဲ့အတိုင်း သန္နိဋ္ဌာန်ချထားတဲ့အတိုင်းပဲ ကူညီသွားမှာပါပဲ''ဟု ဦးတင်ဦးက ပြောကြားသည်။
သမ္မတတာဝန်အား မိမိအနေနှင့် စိတ်ဝင်စားမှုမရှိဘဲ လုပ်ကိုင်နိုင်သူများရှိနေမည်ဖြစ်ကြောင်း သိုပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေက အကန့်အသတ်ရှိနေသော်လည်း လူထု၏ တခဲနက်ထောက်ခံအားပေးမှုဖြင့် အောင်မြင်လာခြင်းကြောင့် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထု ၏ဆန္ဒနှင့် အေးချမ်းတည်ငြိမ်စွာ ဖြစ်လာနိုင်မည်ဟု ယုံကြည်ကြောင်း၊ အချိန်အတိုင်းအတာတခုမျှ ခေတ္တ စောင့်ဆိုင်းပြီး နောက်ဆုံးတွင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်လာနိုင်စရာအကြောင်း ရှိလာနိုင်မည်ဟု ယုံကြည်ကြောင်း ဦးတင်ဦးက ဆက်လက်ပြောဆိုသည်။
NLD နာယက ဦးတင်ဦးအနေနှင့် သမ္မတတာဝန်ထမ်းဆောင်ရန် မည်သို့ပင် ငြင်းပယ်ပြောဆိုနေသော်လည်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အမှန်တကယ် ကမ်းလှမ်းတိုက်တွန်းတာဝန်ပေးမည်ဆိုပါက ငြင်းပယ် ရန် ခက်ခဲလိမ့်မည်ဟု NLD ဗဟိုကော်မတီအများစုက သုံးသပ်ပြောဆိုလျက်ရှိသည်။ယခုအခါ NLD ၏ သမ္မတဖြစ်နိုင်ခြေအရှိဆုံးနှင့် အသင့်တော်ဆုံးဆိုသောပုဂ္ဂိုလ်မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဟောင်းသူရဦးတင်ဦးပင် ဖြစ်သည်ဟု NLD ပါတီဝင်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ နှင့် သတင်းမီဒီယာများက ဦးစားပေးပြောဆိုဖော်ပြလျက်ရှိသည်။
ထို့ပြင် ဦးတင်ဦးသည် ၂၀၀၈ ဖွဲ့စည်းပုံပါ သမ္မတအရည်အချင်းနှင့် အံဝင်ခွင်ကျအဖြစ်ဆုံးပုဂ္ဂိုလ်ဖြစ်ကာ ငါးနှစ်သက်တမ်းကို ဆက်လက်လုပ်ကိုင်နိုင်သူ အဖြစ် ထင်ကြေးပေးလျက်ရှိကြောင်း သိရသည်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း မိမိအနေဖြင့် သမ္မတအား ရွေးချယ်ထားပြီးဖြစ်ကြောင်းနှင့် အများ ပြည်သူသဘောကျနှစ်ခြိုက်နိုင်မည့် ပုဂ္ဂိုလ်ဖြစ်ကြောင်းပြောဆိုထားသည်။

ကိုဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment