Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, November 21, 2015

ကျွန်တော် ဘာကြောင့် အစ္စလာမ်သို့ပြောင်းရခြင်း ( Emmanuel Adebayor )



ကျွန်တော် ဘာကြောင့် အစ္စလာမ်သို့ပြောင်းရခြင်း ( Emmanuel Adebayor )

မကြာသေးခင်က အစ္စလာမ်ဘာသာသို့ကူးပြောင်းလာတဲ့ ကမ္ဘာကျော် ဘောလုံးသမား အာဖရိကတိုက်ရဲ့(Togolese Republic) နိုင်ငံသား ဖြစ်သူ
Emmanuel Adebayor ဟာ ခရိယာန်ဘာသာကနေအစ္စလာမ်ဘာသာသို့သူဘာကြောင့်ကူးပြောင်းလာရလဲဆိုတဲ့ အချက် ၁၃ ချက်ကို တင်ပြထားပါတယ်။
၁- Jesus (pbuh) က ဘုရားသခင်ဟာ တစ်ပါးတည်းပဲရှိကြောင်း ( Deut 6:4 , Mark 12:29 ) မှာသင်ကြားပြသခဲ့ပါတယ်။ အဲ့လိုပဲ အစ္စလာမ်ဘာသာဟာလည်း ဖန်ဆင်းအရှင်ဟာ တစ်ပါးတည်းရှိကြောင်း (Quran 4:171) သင်ကြားပြသထားပါတယ်။
၂- Jesus (pbuh) ဟာ ဝက်သားကိုမစား သုံးခဲ့ပါကြောင်း (Leviticus 11:7) သင်ကြားပြထားပါတယ်။ မွစ်လင်မ်တွေလည်း ဝက်သားမစားကြတဲ့အထောက်အထားကတော့ ( Quran 6:145 )
၃- Jesus (pbuh) ဟာ “as salaamu alaikum” (အသင့်အပေါ်သို့ငြိမ်းချမ်းမှုအပေါင်းကျရောက်ပါစေ) လို့ နူတ်ဆက်ကြောင်းအထောက်အထား (John 20:21) မှာလာရှိပြီး မွစ်လင်မ်တွေတစ်ဦးနဲ့တစ်ဦးတွေ့လျှင် ထိုသို့နူတ်ဆက်ကြပါတယ်။
၎- Jesus (pbuh) အမြဲတမ်း “ God Willing ” ( အင်ရှာအလ္လာဟ် ) လို့ပြောလေ့ရှိပါတယ်။ မွစ်လင်မ်တွေဟာလည်း ဘယ်အရာကိုမဆိုမပြုလုပ်ခင်အလျှင် ထိုသို့ပြောကြကြောင်း (Quran 18:23-24) မှာသင်ကြားပြသထားပါတယ်။
၅- Jesus (pbuh) ဟာ ရှီခိုးမဝတ်ပြုမီအလျှင် မျက်နှာနဲ့လက် ခြေထောက်များ ကိုဆေးကြောသန့်စင်လေ့ရှိပါတယ်။ မွစ်လင်မ်တွေလည်း ထိုနည်းတူစွာ(ဝူသူ) ရေသန့်စင်ကြပါတယ်။
6. Jesus (pbuh) နဲ့အတူအခြားသောပွင့်လာသမျှ တမန်တော်တွေဟာ ဖန်ဆင်းအရှင်ကို ရှီခိုးကြတဲ့အခါ သူတို့ရဲ့ ဦးခေါင်းတွေကို မြေပြင်သို့ ဦးချရှီခိုးကြကြောင်းအထောက် အထား( Matthew 26:39 ) မှာပါရှိပြီး မွစ်လင်မ်တွေကလည်း(စဂ်ျဒါဟ်) ဦးချရကြောင်း ( Quran 3:43 ) မှာ သင်ကြားပြသထားပါတယ်။
၇- Jesus (pbuh) ဟာ မုတ်ဆိတ်မွေးထားရှိပြီး အင်္ကျီအဝတ် ကိုခေါင်းက စွပ်ရတဲ့အဝတ်အပွအရှည် (အာရဗ်အဝတ်) ဝတ်ခဲ့ပါတယ်။ ထို့အတူ မွစ်လင်မ်တွေအတွက်တော့ ထိုသို့ မုတ်ဆိတ်အရှည်ထားခြင်းဟာ ယောင်္ကျားတိုင်းအတွက် (စွန္နသ်) ဖြစ်ပါတယ်။
၈- Jesus (pbuh) ဟာ ကောင်းကင်ကျတရားဥပဒေတွေကိုလိုက်နာခဲ့သလို ပွင့်လာသမျှ တမန်တော်များကိုပင် သက်ဝင်ယုံကြည်ကြောင်း ( Matthew 5:17 ) မွစ်လင်မ်တွေလည်းထိုနည်းတူစွာပင် ( Quran 3:84 - 2:285 ) မှာသင်ကြားပြသထားပါတယ်။
၉- Jesus (pbuh) ရဲ့မိခင်မွန် မယ်ရီ(မရ်ယမ်)သခင်မ မိမိရဲ့ကိုယ်ခန္ဓာကို အလွန်ကို ဣနြေ္ဒကြီးစွာ လုံခြုံဖုံးကွယ်လျှက် ဝတ်စားဆင်ယင်ပြီး ဦးခေါင်းကိုပါ (Hijab) ဆံပင်တွေမပေါ်အောင်ဖုံးကွယ်ထားကြောင်း( Timothy 2:9 - Genesis 24:64-65, Corinthians 11:6 ) တွေအထောက်အထားပါရှိပြီး မွစ်လင်မ်အမျိုးသမီးတွေကို ဣနြေ္ဒရှိစွာ လုံခြုံစွာ(Hijab) လုပ်ဖို့ကိုလည်း (Quran 33:59) သင်ကြားပြသမိန့်ဆိုထားပါတယ်။
၁၀- Jesus (pbuh) နဲ့အပြင်အခြားသော တမန်တော်တွေဟာ ရက်ပေါင်း ၄၀ အထိကို ဥပုပ်သီလစောင့်ထိန်းခဲ့ ကြောင်း ( Exodus 34:28 - Daniel 10:2-6 1Kings 19:8 - Matthew 4:1 ) မှာ အထောက်အထားနဲ့ လာရှိထားပြီး မွစ်လင်မ်များအဖို့လည်း လမြတ်ရမဇာန်မှာ ရက်ပေါင်း ၃၀ ဥပုပ်သီလကိုမစောင့်မနေရစောင့်ထိန်း ရကြောင်း ( Quran 2:183 ) သင်ကြားပြသမိန့်ဆိုထားပါတယ်။
၁၁- Jesus (pbuh) ဟာ အိမ်သို့ဝင်တဲ့အခါမှာ “ Peace to this home ” (ဤအိမ်ငြိမ်းချမ်းမှုအပေါင်းကျရောက်ပါစေ) အဲ့ဒီအပြင် အိမ်ထဲမှာရှိတဲ့သူတွေကို (ငြိမ်ချမ်းမှုအပေါင်းကျရောက်ပါစေ)လို့ပြောဆိုသင်ကြားပြသခဲ့ကြောင်း ( Luke 10:5 ) ပြသထားပြီး ထိုနည်းတူစွာ မွစ်လင်မ်တွေဟာလည်း အိမ်သို့ဝင်တဲ့အခါ (Bismillah) အရှင်မြတ်နာမည်တော်နဲ့အစပြုပြီး (စလာမ်) (ငြိမ်းချမ်းသာယာမှုအပေါင်းကျရောက်)ပါစေဆိုတဲ့ တသမှုကို (Quran 24:61) သင်ကြားပြသမိန့်ဆိုထားပါတယ်။
၁၂- Jesus (pbuh) ဟာ ယောင်္ကျားလိင်အင်္ဂါထိပ်ဖြားအပိုသားကို ၈ ရက်သားအရွယ်မှာ ဖြတ်တောက်ခြင်းခံခဲ့ရကြောင်း ( Bible Luke 2:21 ) အထောက်အထားလာရှိထားပါတယ်။ ထိုနည်းတူစွာပဲမွစ်လင်မ်များအဖို့ (Quran 16:123) အရ မွစ်လင်မ်များအဖို့ တမန်တော် အီဗရာဟင်(အလိုင်းဟိစ္စလာမ်) ရဲ့သာသနာအတိုင်းလိုက်နာဖို့မိန့်ဆိုထားတဲ့အထောက်အထားအရပြုလုပ်ရမှာဖြစ်ကြောင်း အကြောင်းမှာ ကိုယ်တော်မုဟမ္မဒ် ( ဆွလ္လလာဟူအလိုင်းဟိဝစလ္လာမ် ) သခင်အမိန့်ရှိတော်မူတယ်
“ တမန်တော် အီဗရာဟင်သခင်ဟာ အသက်တော် ၈ နှစ်သားမှာ သူကိုယ်တိုင် (လိင်အင်္ဂါထိပ်ဖြား) ကိုဖြတ်တောက် ခဲ့ကြောင်း ” ပြောကြားခဲ့ပါတယ်။ အထောက်အထား( Bukhari - Muslim - Ahmed ) ကျမ်းများမှာ လာရှိထားပါတယ်။
၁၃- Jesus (pbuh) ဟာ Aramaic ဘာသာရပ်စကားကိုပြောဆိုခဲ့သူဖြစ်ပြီး သူဟာ ဖန်ဆင်းရှင်ကို ( Elah ) လို့သုံးနှူန်းခေါ်ဝေါ်စေခဲ့ပါတယ်။ ထိုအသံထွက်ကတော့ မွစ်လင်မ်တွေ ဖန်ဆင်းရှင်ကို ခေါ်တဲ့ (Allah) အလ္လာဟ် လို့ခေါ်တဲ့ အသံထွက်နဲ့ ဆင်တူရိုးမားဖြစ်ပါတယ်။ Aramaic ဘာသာရပ်စကားဟာရှေးဟောင်းဘာသာရပ်စကားဖြစ်ပြီး Bible ရဲ့ ဘာသာရပ်စကားလည်းဖြစ်ပါတယ်။ စီမီးယင်းမျိုးနွယ်ဝင်တွေရဲ့ ဘာသာရပ်စကားအပြင် အာရဗ် ဟီဗရူး စတဲ့ဘာသာရပ်တွေမှာပါ ဖန်ဆင်းရှင်ကို “ Elah ” လို့ခေါ်ဝေါ်သလို အာရဗ်ဘာသာရပ်ကလည်း ဖန်ဆင်းရှင်ကို “ Allah ” လို့ခေါ်ဝေါ်ထားကြောင်းအထောက် အထားလာရှိထားပါတယ်။
အခုပြောကြပါ ဘယ်သူတွေဟာ Jesus (pbuh) ရဲ့ နောက်လိုက် အစစ်တွေလဲ ?
ဟုတ်ပါတယ် လက်ရှိအခြေအနေမှာတော့ မွစ်လင်မ်တွေကသာ Jesus (pbuh) ရဲ့ နောက်လိုက်အစစ်အမှန်တွေသာဖြစ်ကြောင်း ကျွန်တော်အကြွင်းမဲ့ယုံကြည်ပါတယ်။
( Emmanuel Adebayor )
Adebayor ဟာ အရင်က Metz , Monaco , Arsenal , Real Madrid , Manchester City , အသင်းတွေမှာကစားခဲ့ဖူးသူဖြစ်ပြီး ယခုလက်ရှိ အင်္ဂလိပ်အသင်းဖြစ်တဲ့ Tottenham Hotspur ကစားနေပါတယ်။
ဘာသာပြန်တင်ဆက်သူ - အနဲကြီး
ဆင့်ပြန်ဖော်ပြသူ
Shine Maung Maung
(အစ္စလာမ့်စာအုပ်ပြတိုက်)

No comments:

Post a Comment