Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, November 28, 2015

OIC အမည္ခံကာ အစၥလာမ္ဘာသာအား စော်ကားသူ ဗုဒ္ဓသားတော်များကို ဗပာန်းရဲစခန်းအမှုဖွင့်

OIC အမည်ခံကာ အစ္စလာမ်ဘာသာအား စော်ကားသူ ဗုဒ္ဓသားတော်များကို ဗပာန်းရဲစခန်းအမှုဖွင့်


မိုးပြာ
နိုဝင်ဘာ ၂၇ ၊ ၂၀၁၃

OIC ဆန္ဒပြပွဲ အမည်ခံကာ အစ္စလာမ်ဘာသာကို စော်ကားတဲ့ဗီနိုင်းစာသားကိုင်ဆောင်ခဲ့ကြတဲ့ ဗုဒ္ဓသားတော်များကို ဗပာန်းမြို့နယ်ရဲစခန်းက "အခြားသူများကိုးကွယ်သည့်ဘာသာသာသနာ အားညိုးနွမ်းစေမှု ပ/၄၅၈./၂၀၁၃။ပုဒ်မ၂၉၅က နဲ့ဗပာန်းရဲစခန်းက နိုဝင်ဘာလ ၂၆ ရက်နေ့မှာ အမှုဖွင့်လိုက်ပြီလို့ Myat Thu Aung ဖဘ စာမျက်နှာမှာဖေါ်ပြထားပါတယ်။

ဒီလ ၁၅ ရက်နေ့က ရန်ကုန်မြို့မှာပြုလုပ်တဲ့ OIC ဆန္ဒပြပွဲမှာ "သားဖောက်နှုန်းမြန် အစ္စလာမ်၊ တိရိစ္ဆာန်ဝါဒ ဆန့်ကျင်ကြ"ဆိုတဲ့ အစ္စလာမ်ဘာသာကို စော်ကားထားတဲ့ ဗီနိုင်းစာသားကို ဗုဒ္ဓသားတော် ၃ ပါးက ကိုင်ဆောင် ပြီးလှည့်လည်ခဲ့တာပါ။

ဒီလိုမျိုး ဗုဒ္ဓသားတော်တွေရဲ့ အစ္စလာမ်ဘာသာအပေါ်ရိုင်းစိုင်း စော်ကားမှုအပေါ် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးတွေကလည်း ရှုံ့ချခဲ့ကြပါတယ်။(ဆက်စပ်သတင်းအနေနဲ့ဖတ်ဖို့ ၊
OIC ဆန္ဒပြပွဲအမည်ခံကာ အစ္စလာမ်ဘာသာအား ဗုဒ္ဓသားတော်များ ရိုင်းဆိုင်းစော်ကားမှု အစ္စလာမ်ဘာသာရေးအဖွဲ့ နဲ့ နောက်တစ်ပုဒ်က အဖွဲ့ကြီး ၅ ဖွဲ့ရဲ့သမ္မတ ထံ တောင်းဆိုတင်ပြစhttps://www.facebook.com/media/set/?set=a.584414061608394.1073742005.294925060557297&type=1)

"လုပ်တဲ့ပုဂ္ဂိုလ်တွေကို ဘုန်းကြီးတို့ ဘက်က ကန့်ကွက်တယ်၊ရှုံ့ချတယ်။ဘုန်းကြီးတို့ရဲ့ ရည်ရွယ်ချက်က ဘာသာတစ်ခု၊လူမျိုးတစ်ခုကို နစ်နာအောင် ဆိုတဲ့ ရည်ရွယ်ချက် လုံးဝမပါပါဘူး"လို့ ရခိုင်ဘုန်းကြီးတစ်ပါးဖြစ်တဲ့ ဦးပါမောက္ခက ပြောသည်" ဆိုပြီး ပြည်မြန်မာ သတင်းဂျာနယ် အမှတ် ၈၉၈၊ စာမျက်နှာ၂၅ က သတင်းတစ်ရပ်မှာဖေါ်ပြထားပါတယ်။

တရားမ၀င်ဘာသာရေးဂိုဏ်းတစ်ခုဖြစ်တဲ့ ၉၆၉ အဖွဲ့ရဲ့ခေါင်းဆောင်လို့အများလက်ခံထားတဲ့ ဘာသာရေးအဓိကရုန်းမှု ထောင်ထွက် သင်္ကန်းခြုံ ၀ီရသူကိုယ်တိုင် ရှုံ့ချပါတယ်လို့ပြောခဲ့ရတဲ့ အထက်ပါ ဗီနိုင်းအမှုကို သူမသိရပါဘူးလို့ ဘူးခံငြင်းခဲ့တဲ့ ဦးပါမောက္ခပာာ ၂၀၁၂ အောက်တိုဘာ ၁၅ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ တော်သလင်းလ အုံကြွမှုတစ်ရပ် သို့မပာုတ် OIC ဆန္ဒပြပွဲတုန်းကလည်း အစ္စလာမ်ဘာသာဝင်တွေပာာ သားဖေါက်နှုန်းမြန်ကြောင်းအပြင် “မူဆလင်ဘာသာဝင်တွေဟာ အစွန်းရောက်ပြီးတော့ မိမိတို့နိုင်ငံ(မြန်မာနိုင်ငံ)မှာနေပြီး၊ မိမိတို့လူမျိုးကိုလည်း
စော်ကားတယ်"လို့ ရခိုင်လူမျိုး ဗုဒ္ဓသားတော်တစ်ပါးဖြစ်သည့် ဦးပါမောက္ခက ပြောခဲ့ဖူးပါတယ်

OIC အမည်ခံကာ အစ္စလာမ်ဘာသာအား စော်ကားသူ ဗုဒ္ဓသားတော်တွေကို ဗပာန်းရဲစခန်းကအမှုဖွင့်ပြီလို့ ဖဘ စာမျက်နှာမှာ ရေးသားဖေါ်ပြထားတဲ့ Myat Thu Aung ဖဘ စာမျက်နှာပာာ ရွှေနိင်ငံသစ်နေ့စဉ်သတင်းစာရဲ့ သတင်းထောက်တစ်ဦးရဲ့ ဖဘ စာမျက်နှာဖြစ်တယ်လို့လည်း အဆိုပါ စာမျက်နှာမှာဖေါ်ပြချက်တစ်ရပ်အရသိရပါတယ်။

>Myanmar Muslim Media<

No comments:

Post a Comment