Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, November 17, 2015

ဂျာနမားဇ်(နမားဇ်ဖတ်တဲ့အခင်း)



ဂျာနမားဇ် (နမားဇ်ဖတ်တဲ့အခင်း)


ကျနော်တို့ငယ်ငယ်ကတည်းက ဂျနမားဇ်အခင်းမှာပါတဲ့ ရုပ်ပုံတွေ သတ္တဝါပုံတွေပါတဲ့အကြောင်း ခဏခဏ ကြားဖူးတယ်။ အရင်တစ်ခါက မွဖ်သီဆရာအာရစ်ဖ်ရဲ့ ဘယန်ဟောပြောပွဲတစ်ခုမှာလည်း ပြောဖူးတယ်။ အဲ့လို အခင်းတွေမှာ ကာဗာဟ်ကျောင်းတော်ပုံတွေနဲ့ ဂျာနမားဇ်ပြုလုပ်ကြတယ်။ လူတွေကလည်း အဲ့အပေါ်က နင်းကြတယ်၊ မက်တပ်ရပ်ကြတယ်။ တို့တွေအများစုက သတိမထားကြတော့တဲ့အခြေအနေတွေ ဖြစ်နေကြတာပေါ့နော်။ 
တကယ်ဆို ဘယ်မွစ်လင်မ်မှ ကအ်ဗာဟ်ကျောင်းတော်ကြီးပုံကို မြေကြီးပေါ်ချနင်းပြဆို ဘယ်သူမှမလုပ်ရဲကြဘူး။ ဒါပေမယ့် ဂျနမားဇ်ပေါ်မှာရှိတဲ့ ကအ်ဗာဟ်ကျောင်းတော်ပုံကိုတော့ ကိုယ်တွေနင်းတယ် တက်ရပ်တယ် ကျော်တယ်ခွတယ် အကုန်လုပ်ကြတယ် ဘာလို့လဲ? စောဒကတက်စရာ ဖြစ်လာပြီမဟုတ်လော့။

ဒါလည်းပဲ အစ္စလာမ်ကို တစ်ဖက်လက်နဲ့ စော်ကားနေသူတွေရဲ့ လုပ်ရပ်တွေပါ။ ဆန့်ကျင်တဲ့ အနေနဲ့ ပုံပါရင်မဝယ်ကြပါနဲ့လို့ မေတ္တာရပ်ခံအပ်ပါတယ် !

သိပ်မကြာသေးခင်ကလည်း ဒူဘိုင်းအိမ်နားက ဗလီအကြီးကြီးတစ်ခုက ကော်ဇော်ပေါ်က ပန်းခက်ပုံရိပ်ပေါ်မှာ ဝက်ခေါင်းပုံပေါ်နေလို့ နာမဇီတွေပြောပါများလာလို့ အခင်းတစ်ခုလုံးကို လဲပစ်လိုက်ကြပါတယ်။ ဒီနေ့တစ်ခါ လေဆိပ်က ဂျမာအသ်အခန်းထဲက ဂျာနာမားဇ်အခင်းအပေါ်မှာ ဗလီပုံနဲ့ဘေးကပ်ရပ်လျက် ဘေးနှစ်ဖက်မှာ လက်ဝါးကပ်တိုင်(Cross) ၂ ခုကိုပါ ရောသွင်းထားတာတွေ့ရတယ်။ ခြေနင်းဘက်မှာတော့ ကုရ်အာန်ရဲ့ အဖုံးမျက်နှာပြင် အသွင်သဏ္ဍန် ဖော်ထားတာကို သတိထားမိတယ်ဗျ !


တစ်ချို့ချို့ ကလည်း ဒါဟာ စိတ်စွဲလန်းမှုပါတဲ့ တကယ်တော့ သတ္တဝါပုံတွေစတဲ့ပုံရိပ်တွေ မပေါ်ပါဘူးးတဲ့ ပြောကြပါတယ် !

နမားဇ်ရဲ့ စည်းကမ်းချက်တွေပြဌာန်းထားတဲ့ မစာအိလ်စာအုပ်တစ်အုပ်မှာဖတ်ဖူးတာ မိမိနမားဇ်ဖတ်မယ့်အရှေ့မှာ ဖုန်း သော့ အာရုဏ်းလွဲနိုင်တဲ့ အရာဝတ္ထုတွေ ချထားရင်တောင် မက္ကရူးဟ်ဖြစ်တယ်လို့ ဖတ်ဖူးတယ်ဆိုတော့ ဂျနမားဇ် ကော်ဇောပေါ်က အဲ့လို ပုံရိပ်တွေကိုဖော်ဆောင်ပေးနိုင်တဲ့ အခင်းပုံရိုပ်တွေ ကိုအသုံးပြူဖတ်စေခြင်းကရော မက္ကရူးဟ်မဖြစ်ဘူးလားးး ??

အဲ့လို ဘိုင်တို့ ဖြစ်နိုင်ရင် ပလိန်း ဗျောင် ဂျနမားဇ်ပဲ သုံးကြပါလို့ အကြံပြုသတိပေးပြစေ !

လေးစားလျက်
အနဲကြီး

No comments:

Post a Comment