သမ္မတအိုဘားမား မြန်မာနိုင်ငံက ဒုက္ခသည်ကလေးတွေနဲ့ တွေ့ဆုံ
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မှာ အရှေ့အာရှထိပ်သီးညီလာခံ တက်ရောက်နေတဲ့ အမေရိကန်သမ္မတ ဘာရက်အိုဘားမားဟာ ဒီကနေ့ မြန်မာနိုင်ငံကေ န ဒုက္ခသည်ကလေးတွေနဲ့ တွေ့ဆုံစကားပြော ကြားခဲ့ပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ က လေ့လာသင်ကြားရေး စင်တာမှာ မလေလးရှားနိုင်ငံက ဆင်းရဲသားကလေးငယ်တွေနဲ့ အမေရိကန်မှာ အခြေချနေထိုင်ဖို့ ခွင့်ပြုချက်ရထားပြီးသားဖြစ်တဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာကလေးငယ်တွေကို ပညာသင်ကြားပေးနေ တာဖြစ်ပြီး သမ္မတအိုဘားမားက ဒီကနေ့ သွားရောက် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
သမ္မတအိုဘားမားဟာ ဆီးရီးယားနိုင်ငံက စစ်ပြေးဒုက္ခသည် တစ်သောင်းကျော်ကို အမေရိကန်မှာ လက်ခံဖို့အတွက် ပြင်ဆင်နေချိန်မှာ ပြင်သစ်နိုင်ငံ ပါရီနဲ့ မာလီမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်  သေဆုံးမှုတွေများ ပြီး အမေရိကန် အမတ်တွေက စစ်ပြေးဒုက္ခသည်ေ တွကို လက်ခံဖို့ စိုးရိမ်နေတဲ့အချိန်လည်းဖြစ်ပါတ ယ်။
အတိုက်အခံ ရီပတ်ဘလီကန် ကြီးစိုးထားတဲ့ အောက်လွှတ်တော်က ဥပဒေပြဌာန်းပြီး ဆီးရီးယားက စစ်ပြေးဒုက္ခသည်ေ တွကို လက်ခံဖို့ ခက်ခဲအောင် ဥပဒေပြဌာန်းပြီး တားမြစ်နိုင်ဖို့  ကြိုးပမ်းနေချိန်လည်းဖြစ်ပြီး သမ္မတအိုဘားမားနဲ့  သဘောထားကွဲလွဲနေ ချိန်လည်း ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့မှာ အကြမ်းဖက်တိုက်ခိုက်ခဲ့သူတွေထဲက တစ်ဦးဟာ ဆီးရီးနိုင်ငံကေ န ဒုက္ခသည်တွေနဲ့အတူပါလာတယ်ဆိုပြီး အထောက်အထားတွေ တွေ့ရှိခဲ့တာကြောင့် အမေရိကန် အောက်လွှတ်တော်နဲ့  အထက်လွှတ်တော်မှာ ဆီးရီးယားနိုင်ငံက ဒုက္ခသည်တွေကို အထပ်ထပ် စစ်ဆေးပြီးမှ လက်ခံဖို့ ဥပဒေပြဌာန်းဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
အဲ့ဒီဥပဒေဟာ စစ်ဆေးကြောရမယ့် အဆင့်တွေများပြီး ဘယ်လိုမှ အကောင်အထည်ဖေါ်ဖို့ မဖြစ်နိုင်တာကြောင့် သမ္မတအိုဘားမားက ဗီတိုအာဏာနဲ့ ပယ်ချမယ်လို့ ပြောထားပါတယ်။
ကွာလာလမ်ပူလေ့ကျ င့်သင်ကြားရေးစင်တာမှာ လူငယ်တွေနဲ့တွေ့ ဆုံစဉ် သမ္မတအိုဘားမားက "ဒီကလေးငယ်တွေကို တွေ့တဲ့သူတိုင်း အတိုင်းအတာတစ်ခု အထိ ကိုယ့်သားသမီးလို သဘောထားနိုင်ကြမှာပါ။
ဒီကလေးတွေဟာ ချစ်ခြင်းမေတ္တာ နဲ့ အကာအကွယ်ပေးမှုဆိုတာကို လိုအပ်နေတဲ့ ကလေးငယ်တွေပါ။ ကျွန်တော်သမ္မတဖြ စ်နေချိန်မှာ ဒုက္ခသည်ကလေးငယ်ေ တွရဲ့ အရေးကို ဒီထက်ပိုပြီး ဆောင်ရွက်ပေးသွားမှာဖြစ်တယ်" လို့ ပြောကြားလိုက်ပါ တယ်။
(လူမှောင်ခိုကူး မှုကနေ လွတ်မြောက်ခဲ့တဲ့  အသက် ၁၆နှစ်အရွယ် ရိုဟင်ဂျာကလေးငယ်တစ်ဦးကို သမ္မတအိုဘားမား ပွေ့ဖက်နှုတ်ဆက်စ ဉ်) ဓါတ်ပုံ AFP
မလေးရှားနိုင်ငံ
မလေးရှားနိုင်ငံ
သမ္မတအိုဘားမားဟာ
အတိုက်အခံ ရီပတ်ဘလီကန် ကြီးစိုးထားတဲ့ အောက်လွှတ်တော်က ဥပဒေပြဌာန်းပြီး
ပြင်သစ်နိုင်ငံ ပါရီမြို့မှာ အကြမ်းဖက်တိုက်ခ
အဲ့ဒီဥပဒေဟာ စစ်ဆေးကြောရမယ့်
ကွာလာလမ်ပူလေ့ကျ
ဒီကလေးတွေဟာ ချစ်ခြင်းမေတ္တာ
(လူမှောင်ခိုကူး
No comments:
Post a Comment