Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, November 13, 2015

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မီရှင် ဥက္ကဋ္ဌထံသို့ ရင်ဖွင့်ပေးစာ

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မီရှင် ဥက္ကဋ္ဌထံသို့ ရင်ဖွင့်ပေးစာ



သို့
ဦးတင်အေး
ဥက္ကဌ
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မီရှင်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
ရက်စွဲ။ ။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်။

အကြောင်းအရာ။ ။ အမှန်တရားအပေါ် အသက်စွန့်
 ရပ်တပ်နိုင်ရန်။
လေးစားစွာဖြင့်-
ကျွန်တော်မျိုးသည် ရိုဟင်ဂျာတိုင်းရင်းသား တစ်ဦး ဖြစ်ပြီး ယခု နိုဝင်ဘာလ (၈)ရက်တွင် ပြည်လုံးကျွတ် ရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့ပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ သမိုင်းဝင် ရွေးကောက်ပွဲ ပဏာမ ရလဒ်များ အမှားမဖက်
မှန်ကန်တိကျအောင် ပေါ်ထွက်လာစေရေးအပေါ် ပြည်သူ ပြည်သားအများစုက စိုးရိမ်မကင်း ဖြစ်နေသည့် အလွန် 
အရေးပါလှသော အခြေအနေကို မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံး၏ကိုယ်စား ရင်ဖွင့်ပြောဟလိုပါသည်။
အချိန်ဟူသည် အရေးကြီးလှ၏။ အခြေအနေကလည်း ရင်ခုန်းမြန်နေ၏။ ထိုအရာထက် ပိုမို အရေးကြီးလှသည်မှာ မိမိ၏ ကံကြမ္မာ ဖန်တီးခွင့် ရရှိလာဖို့နှင့် မိမိ၏တိုင်းပြည်သည် စစ်မှန်သော ဒီမိုကရေစီ လမ်းသစ်ဆီသို့ ရောက်ရှိနိုင်ဖို့ ပြည်သူ ပြည်သားများအများစုသည် မျှော်လင့်ချက် အပြည့်အဝနှင့် ထိုက်တန်းသော ပါတီကြီးကိုယ်စားပြု အမတ်လောင်းများအား မဲပေးလိုက်သည်ကို ချိုသာစွာ ပြီးမြောက်ဖြစ်မြောက်လာပြီး စစ်မှန်သော ရလဒ်တစ်ခု ထွက်ရှိလာအောင် အလေးထား
သင့်ခြင်းပင် ဖြစ်သည်။ အခြေအနေသည် ပုဂ္ဂိုလ်ရေးနှင့် တစ်ကိုယ်ရေး လိုက်စားရမည်များထက် တိုင်းပြည် အနာဂတ် ကောင်းစားရေးနှင့် ပြည်သူလုထူးများ၏ လိုအင်ဆန္ဒများ ပြည့်ဝလာနိုင်ရေးများ လုပ်ဆောင်ပေးစွမ်းနိုင်ရန် အခွင့်ကောင်းသော အခါသမယကြီးပင် ဖြစ်သည်။

သို့ဖြစ်ပါ၍ ကမ္ဘာပေါ်ရှိ ၁၄၄ ဘီလီယန်ခန့်သော မျက်လုံးများအောက်တွင် အရှိကို အရှိအတိုင်း၊ အဖြစ်ကို အဖြစ်အတိုင်း၊ အဟုတ်ကို အဟုတ်အတိုင်း လုပ်ဆောင်ပြသပြီးပြည်သူလူထု၏ စိတ်ကိုသိမ်းသွင်းကာ ချောမောသာယာသော အနာဂတ် နှင်းဆီလမ်းကို သတိရှိရှိ လျှောက်လှမ်းရန် ရှိပါကလည်း အချိန်တန်နေပါပြီဟု ထပ်မံ တိုက်တွန်းလိုပါသည်။
လူကြီးမင်း တစ်ယောက်တည်း၏ ယနေ့အချိန်ကို မှန်ကန်ဖြောင့်မှတ် ပွင့်လင်းမြင်သာသောလမ်းတွင် ရင်းနှီးပါက သန်းပေါင်း ၆၀ ကျော်သော မြန်မာ ပြည်သူ ပြည်သားများ၏ မနက်ပြန်အနာဂတ်အချိန်သမယကြီး သာယာလာနိုင်စေ
ပါသည်။

 မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းတို့ အညစ်အကြေးများကင်းစင်းပြီး အမှန်တရားများပွားနိုင်ကြပါစေ။

မှ
ရင်ဖွင့်သူ
မေယုအာလီ
ကျောင်းသားအရေးလှုပ်ရှားသူ

No comments:

Post a Comment