Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, November 11, 2015

အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး ယောကျာ်းလေးဘဝသို့ထူးခြားစွာကူးပြောင်း


အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး ယောကျာ်းလေးဘဝသို့ထူးခြားစွာကူးပြောင်း
==============================




ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ ခရိုင် လပွတ္တာမြို့ပြင် အလုံမြို့နယ်ခွဲ၊ ကွင်ပေါက်ကျေးရွာအုပ်စု ကွင်ပေါက်ကျေးရွာတွင်နေထိုင်တဲ့ ဦးခင်မောင်ရွှေ ဒေါ်မခိုင် တို့ရဲ့ သားသမီးများအနက် အငယ်ဆုံးသမီးဖြစ်တဲ့ အသက် ၁၃ နှစ်အရွယ် ကျောင်းသူလေး မခိုင်ရွှေစင်သည် ယောက်ျားဘဝသို့ အလုံးစုံပြောင်းလဲခဲ့သည်ကို ထူးဆန်းစွာတွေ့ရှိခဲ့ရကြောင်း  ၄င်းရဲ့ ဦးလေးတော်စပ်သူ ဦးစိုးမိုးက Oreintal News သို့ပြောသည်။ မခိုင်ရွှေစင် (သို့မဟုတ်) မောင်ခိုင်ရွှေစင်သည် လွန်ခဲ့သော (၃) လ ခန့်က စတင်၍ ၄င်းရဲ့ခန္ဓာကိုယ်မှာ ထူးခြားစွာဖြစ်ပေါ်နေသည်ကို ရှက်ရွံ့ခဲ့ကာ မည်သူကိုမျှ မပြောပြခဲ့ဘဲ ပြီးခဲ့တဲ့လ ကမှ မိခင်ကို ဖွင့်ပြောခဲ့ကြောင်း သိရသည်
မိခင်ဖြစ်သူမှာ အံ့သြဝမ်းသာမှုဖြင့် သေချာစမ်းစစ်ကြည့်ရာ သမီးမိန်းကလေးမှ သားယောက်ျားလေးသို့ လိင်အဂါ င်္လုံးဝပြောင်းလဲသွာ:ကြောင်း မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရပြီးမှသာ ဖခင်ဖြစ်သူကို မိခင်က ဖွင့်ပြောခဲ့ကြောင်း ၄င်းရဲ့ဖခင်ဖြစ်သူ ကွင့်ပေါက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ရွှေ ကေပြောသည်။
**တကယ်ပါဗျာ ကျွန်တော်ကတော့ ဘယ်လိုဝမ်းသာလို့ဝမ်းသာရမှန်းတောင် မပြောတတ်တော့ပါဘူး
ဘာပဲဖြစ်ဖြစ်သမီးမိန်းကလေးကနေ သားလေးဖြစ်သွားတော့လည်း
သာသနာ့ဘောင် ကို ချီးမြှောက်ခွင့် ရတာပေါ့**လို့ ၄င်းကရင်ဖွင့်သည်
**ကျွန်မလည်း အံ့သြလွန်းလို့ မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ စစ်ဆေးကြည့်တာ တကယ်ပဲ ကျွန်မသမီးလေးက ယောကျာ်းလေးဘဝပြောင်းသွားတာ ကိုယ်တိုင်တွေ့မြင်ရမှ ယုံသွားတော့တယ် သူ့အတိတ်ကံအကျိုးပေးပါပဲ**လို့ မိခင်ဖြစ်သူက မိမိရဲ့ကိုယ်တွေ့ဖြစ်ရပ်ကို အံ့သြစွာပြောပြသည်
မောင်ခိုင်ရွှေစင်မှာ ယခုအခါတွင် လပွတ္တာမြို့ အမှတ် (၁၀) ရပ်ကွက် ရှိ ဘော်ဒါဆောင်တစ်ခုတွင် အ ထ က( ၂ ) ကျောင်းတွင် သတ္တမတန်းတက်ရောက်သင်ကြားနေသူဖြစ်ပြီး
**အဲလိုမျိုးကြီးဖြစ်သွားတော့ တော်တော်ရှက်တော့ရှက်မိတာပေါ့
သူငယ်ချင်းတွေကြားမှာလည်း ကသိကအောက်ဖြစ်နေရတယ် **လို့ ကာယကံရှင် မောင်ခိုင်ရွှေစင်က ပြောသည်
**ဒါမျိုးကဖြစ်တတ်ပါတယ် ကျန်းမာရေးကိုတော့ သေသေချာချာဂရုစိုက်ရဦးမယ်**လို့ ပုသိမ်မြို့ရှိ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက မှာကြားခဲ့သည်
ယင်းဖြစ်ရပ်မျိုး မြန်မာပြည်တွင် ၂၀၀၃ ခုနှစ် က မသင်းစန္ဒာ လည်း မိန်းမဘဝ မှ ယောက်ျားဘဝ သို့ ပြောင်းလဲ ခဲ့ဖူးကာ အလွန်ထူးဆန်းဖွယ်ရာ ဖြစ်ရပ်များပဲ ဖြစ်ပါတယ်
‪#‎ဦးTU‬

No comments:

Post a Comment