Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, November 10, 2015

OIC၏ထောက်ပံ့ မှုဖြင့်သာ NLD မဲနိုင်ခြင်းဖြစ်ကြောင်း ဆရာတော်ဦးဝီရသူ မိန့်ကြား


OIC၏ထောက်ပံ့ မှုဖြင့်သာ NLD မဲနိုင်ခြင်းဖြစ်ကြောင်း ဆရာတော်ဦးဝီရသူ မိန့်ကြား



နိုဝင်ဘာလ (၉)

မြန်မာနိုင်ငံတွင်ကျင်းပခဲ့သော ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသအသီးသီးမှာ
အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့၏ အနိုင်ရရှိမှုသည် OIC အဖွဲ့၏ကူညီထောက်ပံ့ သည့်
ရန်ပုံငွေဖြင့် မြန်မာပြည်အနှံ့အပြား စည်းရုံးနိုင်ခဲ့ခြင်းကြောင့် အနိုင်ရရှိခြင်းဖြစ်သည်ဟုဆရာတော်ဦးဝီရသူ
မှ ယနေ့အင်တာဗျူးအစီအစဉ်တွင် ထုတ်ဖော် ပြောကြားခဲ့ကြောင်း အတုမရှိဂျာနယ်သတင်းထောက် ကိုမြင့်ဇော်မှ သတင်းပေးပို့ခဲ့ပါသည်။

ယနေ့နံနက်၁၀နာရီအချိန်က မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်တွင် ကျင်းပခဲ့သော အင်တာဗျူး
အစီအစဉ်တွင် လက်ရှိရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ဆရာတော်၏ သဘောထားကို မေးမြန်းရာ ဆရာတော်မှ ဖြေကြားရာတွင် လက်ရှိရွေးကောက်ပွဲသည် တရားမျှတသော ရွေးကောက်ပွဲတခုဖြစ်ခဲ့ပြီး ပါတီအသီးအသီးမှ ပါဝင်ယှဉ်ပြိုင်ခဲ့သဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်ကို
ဝမ်းမြောက်ဂုဏ်ယူမိပါတယ် ရွေးကောက်ပွဲကျင်းပဖို့ ပါတီအသီးသီးက လွန်ခဲ့တဲ့၃လလောက်ကစပြီး နေရာအနှံ့ မှာ စည်းရုံးရေးဆင်းကြတယ် အမျိုးသားရေးပါတီတွေက နောက်ခံကူညီပံ့ ပိုးမှုတွေ
မရှိခဲ့ကြတော့ မျက်နှာပန်း မလှပဲ ရှုံးနိမ့်ခဲ့ရတယ် လက်ရှိအာဏာရပါတီကတော့ စည်းရုံးရေးတွေမှာ အနည်းငယ် လမ်းချော်ခဲ့တယ်လို့  ဦးဇင်းထင်ပါတယ် ဘာလို့ပြောနိုင်တာလဲဆိုတော့ တခ်ျိန်လုံး
နိုင်ငံ့ အတွက်သမ္မတကြီးဦးသိန်းစိန်တို့ ဦးလှဆွေတို့ အချိန်ပြည့်တာဝန်တွေကျေပြွန်အောင်
ထမ်းဆောင်ကြတယ် တကယ်တော်ကြပါတယ် ဒါပေမယ့် စည်းရုံးရေးတွေအပြိုင်လုပ်ကြတော့
ပြည်ခိုင်ဖြိုးပါတီက လမ်းချော်ပြီး ကော့သောင်းက ကုလားတွေက ပြည်ခိုင်ဖြိုးပါတီကို ထောက်ခြံကတယ်
ဒီမှာတင် ပါတီကနာမည်ပျက်သွားတယ် ကုလားတွေနဲ့ပတ်သက်မိရင် ပါတီသိက္ခာကျသွားတဲ့
အချက်ကို မရိပ်မိခဲ့ကြဘူး တချိန်လုံးလဲ ပါတီက အမျိုးသားရေးကို ရှေ့တန်းတင်ပြီး လုပ်ခဲ့ကြတယ် လွှတ်တော်မှာလဲ မျိုးစောင့်ဥပဒေကိုတင်သွင်းပေးသွားတယ် ပါတီလုပ်ငန်းစဉ်တွေကလဲ အမျိုးသားရေးကို
ရှေ့တန်းတင်တော့ ဦးဇင်းတို့ကလဲ ထောက်ခံခဲ့တယ် အဲ့ဒီအချိန်အထိ ပါတီက နာမည်ပျက်မရှိသေးဘူး
မဲဆွယ်စည်းရုံးတော့လဲ ရခိုင်မှာကျင်းပတဲ့ပွဲဆိုရင် တကယ်အောင်မြင်ခဲ့ပါတယ်
ဒါပေမယ့် ကုလားပါလာရင် ပွဲပျက်တာပဲ အဲ့ဒီအချက်ကတော့ ပါတီကိုထိခိုက်သွားတာပါ
ဒါကိုနောက်တက်မယ့်အစိုးရအဖွဲ့အနေနဲ့ သတိထားမိဖို့ အင်မတန်မှ လိုအပ်ပါတယ်
NLD ပါတီအောင်မြင်သွားတာကတော့ OICကထောက်ပံ့ တဲ့ရန်ပုံငွေတွေကို
ကောင်းကောင်းအသုံးချပြီး စည်းရုံးသွားတာပါ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ဆိုရင်
ဒီလောက်ထိ စည်းရုံးနိုင်မယ် မထင်ပါဘူး ဒီလိုကူညီမယ့်အဖွဲ့သာရှိမယ်ဆိုရင်
ဦးဇင်းတို့ကိုယ်တိုင် ရွေးချယ်ခိုင်းထားတဲ့ NDFပါတီ မတူကွပြားခြင်းနှင့်ညီညွတ်ရေးပါတီတွေကို
စင်ပေါ်ရောက်အောင် တင်ပေးနိုင်ပါတယ် အဓိက ကတော့ NLD နိုင်တာက
OIC ကျောထောက်နောက်ခံရှိနေလို့ပါ ဟု မိန့်ကြားသွားခဲ့ပါသည်။

ဆက်လက်ပြီး သတင်းထောက်ကိုမြင့်ဇော်မှ လာမည့်အစိုးရသစ်လက်ထက်မှာ ဦးဇင်းအနေနဲ့
ဘာတွေဆက်လုပ်ဖို့အစီအစဉ်ရှိပါသလဲလို့ မေးမြန်ရာမှာ  ဦးဇင်းတို့က အမျိုးသားရေး
ဆရာတော်တွေဖြစ်တယ် အစိုးရသစ်အဖွဲ့ကို စောင့်ကြည့်သွားမယ် မျိုးစောင့်ဥပဒေကို ကာကွယ်ဖို့အပြင်းအထန် ကြိုးပမ်းသွားမှာပါ မျိုးစောင့်ဥပဒေကိုထိပါးလာရင်
ဘယ်အစိုးရတက်တက် ဦးဇင်းတို့က အသက်ပေးပြီး ကာကွယ်သွားမှာပါ နိုင်ငံကိုတော့ ကုလားလက်ထဲကို အပါမခံပါဘူး ဆိုပြီး မိန့်ကြားသွားခဲ့ပါသည်။

ကိုမြင့်ဇော်(အတုမရှိ ဂျာနယ်သတင်းထောက်)

No comments:

Post a Comment