Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, November 10, 2015

အမေရိကန်နှင့် ဆက်ဆံရေး ပိုရင်းနှီးအောင် မတည်ဆောက်ရန် မြန်မာကို တရုတ်သတိပေး


အမေရိကန်နှင့် ဆက်ဆံရေး ပိုရင်းနှီးအောင် မတည်ဆောက်ရန် မြန်မာကို တရုတ်သတိပေး


By ဒီဗွီဘီ 10 November 2015  Print  Email  

အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးကို ခိုင်မာအောင် တည်ဆောက်ပြီး တရုတ်ကို စွန့်ခွာမသွားဖို့ မြန်မာကို တရုတ်က သတိပေးလိုက်ပါတယ်။

တရုတ်အစိုးရ အာဏာရ ကွန်မြူနစ်ပါတီနဲ့ ချိတ်ဆက်ထားတဲ့ ဂလိုဘယ်လ်တိုမ်း တရုတ် သတင်းစာက နိုဝင်ဘာ ၁၀ ရက်က အခုလို သတိပေးလိုက်တာလို့ အေအက်ဖ်ပီ သတင်းက ဖော်ပြပါတယ်။

မြန်မာ အရပ်သားအစိုးရက ပွင့်လင်းတဲ့ ရွေးကောက်ပွဲကို ဦးတည်ခဲ့သလို အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးမြှင့်ခဲ့အပြီးမှာတော့ တရုတ်-မြန်မာ ဆက်ဆံရေးက အထူးအရေးပါတဲ့ အခြေအနေကနေ သာမန်အဆင့် ဖြစ်သွားတယ်လို့ ဒီသတင်းစာ အယ်ဒီတာအာဘော်က ရေးပါတယ်။

အမေရိကန်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးက တရုတ်ရဲ့ အခင်အမင်မပျက်တဲ့ မူဝါဒကနေ ရရှိတဲ့ အကျိုးကျေးဇူးကို ပျက်စီးသွားနိုင်တဲ့ ရွေ့လျားမှုတခုဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်က သဘောထားကြီးသလို သနားကြင်နာတတ်တယ်လို့လည်း အယ်ဒီတာအာဘော်က ဖော်ပြပါတယ်။

စစ်အစိုးရအုပ်ချုပ်စဉ် တရုတ်အစိုးရဟာ မြန်မာနိုင်ငံရဲ့ အရင်းနှီးဆုံး မဟာမိတ်နဲ့ ကုန်သွယ်ဘက်နိုင်ငံ ဖြစ်ခဲ့ပြီး နိုင်ငံတကာရဲ့ ကဲ့ရဲ့ပြစ်တင်မှုကို တရုတ်အစိုးရက အကာအကွယ် ပေးခဲ့ပါတယ်။

ဒါပေမယ့် တရုတ်အစိုးရရဲ့ သယံဇာတ ထုတ်ယူမှုက မြန်မာနိုင်ငံ ပြည်သူတွေကို ဒေါသထွက်စေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကတော့ လူထုဆန္ဒကို ဖော်ကျူးမယ်လို့ သန္နိဋ္ဌာန်ချထားပါတယ်။

No comments:

Post a Comment