ကရူးဆိတ်စစ်ပွဲ
*************** ****
အပိုင်း (၄ - ဇာတ်သိမ်း)
။။။။။။။။။။။။။။။ ။။။။။။။။။။။။။။။ ။။။။
ယေရုဆလင်ကို ပြန်လည်အောင်မြင်ခြင်း
--------------- --------------- --------------- --------
အပိုင်း(၃)မှာတော့ မွတ်စလင်ကမ္ဘာကို ကရူးဆိတ်တွေကိုေ တ်ာလှန်ဖို့ အတွက် စတင်တပ်လှန့် ခဲ့သူ အမိရ် အီမဒ် အလ်- ဒီန် ဇန်ဂီ ကွယ်လွန်ပြီးနော က်ဖခင်ရဲ့ အရိုက်အရာကိုဆက်ခံခဲ့တဲ့ သားတော် နူးရ် အလ်- ဒီန် ဇန်ဂီ ခေါ် ဇန်ဂီလေးက အီဂျစ်ကိုသိမ်းဖို့ ကြိုးစားတဲ့ကရူးဆိတ်တွေကိုခုခံ တိုက်ခိုက်ဖို့  အတွက် ကာ့ဒ်မျိုးနွယ်ဝ င် ဗိုလ်ချုပ်ကြီး ရှီကူးဟ်ကိုဦးေ ဆာင်စေလွှတ်ခဲ့တယ်။ ဗိုလ်ချုပ်ကြီးရှီကူးဟ် အီဂျစ်ကိုအောင်နိုင်ပြီး အစာအိမ်ဝေဒနာနဲ့ ကွယ်လွန်တဲ့နော က် တူဖြစ်သူ ဆလဟ် အလ်-ဒီးန်က အီဂျစ်အမိရ်ဖြစ် လာခဲ့တာကိုဖတ်ရှု ခဲ့ရမှာပါ။
အီဂျစ်ကိုဆလဟ် အလ်-ဒီးန်အုပ်ချုပ်ပြီးမကြာခင်မှာ သူနဲ့ သူ့ ရဲ့ မူလအမိရ်ဖြစ်သူ ဇန်ဂီလေးတို့ ကြားအာဏာယှဉ်ပြီး ပဋိပက္ခနောုက်တ စ်ခုပြန်ဖြစ်လာနိုင်တယ်လို့  နိုင်ငံရေးလေ့လာ သုံးသပ်သူတွေကတော့သုံးသပ်ခဲ့ကြတ ယ်။ ဒါပေမယ့်လည်း ဆလဟ်အလ်-ဒီးန်က ဒီသုံးသပ်ချက်တွေကိုပယ်ချခဲ့ပြီး သူ့ အနေနဲ့ ဇန်ဂီလေးအပေါ်သစ္စာခံဆဲဖြစ်ကြောင်းနဲ့ ဇန်ဂီလေးနဲ့  ပူးပေါင်းပြီး ကရူးဆိတ်တွေကိုဆ က်လက်တော်လှန်သွားမှာဖြစ်ကြောင်း တုံ့ ပြန်ခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖန်ဆင်းရှင်ရဲ့  စီမံချက်အရ ဆလဟ်-အလ်ဒီးန်တစ်ယောက် မွတ်စလင်ကမ္ဘာရဲ့ ပြိုင်ဘက်ကင်း အမိရ်ဖြစ်လာဖို့ အကြောင်းဖန်ခဲ့ တယ်။ ဘာကြောင့်လဲဆိုေ တာ့ ၁၁၇၄ခုနှစ်မှာ ဇန်ဂီလေးကွယ်လွန်သွားခဲ့တာကြောင့် ဆလဟ် အလ်-ဒီးန်ကတော့ အီဂျစ်နဲ့  ဆီရီးယားရဲ့ တစ်ယောက်ထဲသောအ မိရ်ဖြစ်လာပြီး သူ့ ရဲ့ ပိုင်နက်ဟာလည်း ပါလက်စတိုင်းနယ် မြေတော်ရဲ့  ပတ်ပတ်
လည်နေရာ ထိအောင် ကျယ်ပြန့် လာခဲ့တယ်။
ကရူးဆိတ်စစ်တပ်ကိုပြင်းထန်တဲ့ထိုးစစ်ဆင်မှုတွေ မပြုလုပ်ခင်ပထမဆုံးအနေနဲ့ နိုးကြားလာတဲ့မွတ်စလင်ကမ္ဘာကြီး စည်းလုံးညီညွတ်မှုရှိမရှိကို ဆလဟ် အလ်-ဒီးန်ကစေ့စပ်သေချာအောင်စတင် လုပ်ဆောင်တယ်။ ဒါကြောင့် အဆုံးသတ် သွားတဲ့ အီဂျစ်ရှီးယိုက် ဖာတီမစ်မင်းဆက်ရဲ့ လက်ကျန်အဖွဲ့ တစ်ခုဖြစ်တဲ့ (Assassins) လုပ်ကြံသတ်ဖြတ်သူ များအဖွဲ့ ကို ရှင်းဖို့ ကြိုးစားခဲ့တယ် ။ Assassinsအဖွဲ့ ကသူတို့ ရဲ့ နိုင်ငံရေးဆိုင်ရာ လိုအပ်ချက်တွေပြ ည့်ဝဖို့ အတွက် မွတ်စလင်နဲ့  ကရူးဆိတ်ခေါင်း ဆောင်ပိုင်းတွေကို ရွေးသတ်တတ်တဲ့အဖွဲ့ လည်းဖြစ်တယ်။ သူတို့ အဖွဲ့ ရဲ့ အနှောင့်အယှက်အ ဟန့်  အတားတွေရှိနေပေ မယ့်လည်း ဆလဟ် အလ်-ဒီးန်က မွတ်စလင်တွေကို တစုတဝေးထဲဖြစ်အောင်စုစည်းနိုင်ခဲ့ပြီး ကရူးဆိတ်စစ်တပ်ကိုရင်ဆိုင်တိုက် ခိုက်ဖို့ အတွက် အဆင်သင့်ဖြစ်အော င်ပြင်ဆင်နိုင်ခဲ့ပါတယ်။
မွတ်စလင်ကမ္ဘာကြီးတစုတဝေးထဲညီညွတ်ဖို့ အတွက်လည်း ဆလဟ် အလ်-ဒီးန်ကအချိန်တော်တော်ပေးဆပ် ခဲ့ရသေးတယ်။ ဒါပေမယ့်လည်း ၁၁၈၀ပြည့်နှစ်အေ စာပိုင်းမှာတော့ သူ့ ရဲ့ စစ်တပ်က ကရူးဆိတ်တွေသိမ်းပိုက်ထားတဲ့ မြင့်မြတ်တဲ့နယ် မြေတော်ကိုပြန်လ ည်ရယူဖို့ အဆင်သင့်ဖြစ်လာ ခဲ့ပါပြီ။ ကရူးဆိတ်တွေသိမ်းပိုက်ထားတဲ့နယ် မြေတွေ မှာ လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀အရင်ကမွတ်စလင် ကမ္ဘာမှာဖြစ်ပျက် ခဲ့တဲ့ အဖြစ်အပျက်အတိုင်းဖြစ်နေတာကိုသွားတွေ့ ရ တယ်။ သူတို့ တွေဟာလည်း စည်းလုံးညီညွတ်မှုပြိုကွဲနေကြပြီး မြို့  နီးနားချင်းတွေ၊ မြို့ စားတွေအချင်းချ င်းအာဏာလု၊ အာဏာပြိုင်ပြီး စစ်ခင်းနေကြတယ်။ ဒါကိုကြည့်ခြင်း အားဖြင့် စည်းလုံးမှုပြိုကွဲရင် ရန်သူအရှေ့ မှာ သားကောင်လိုလည်စ င်းပေးရတတ်တယ်ဆိုတဲ့အချက်ကိုပေါ် လွင်စေပါတယ်။ အဓိကရန်သူနဲ့ မရင်ဆိုင်ခင်သစ္စာဖောက်တွေကိုအရ င်ဆုံးရှင်းလင်း ခဲ့တာကိုလည်းတွေ့ မြင်ခဲ့ရတဲ့အတွ က် ဆလဟ် အလ်-ဒီးန်ရဲ့ ခေါင်းဆောင်မှုအ ရည်အချင်းကို ထင်သာမြင်သာရှိေ စခဲ့တယ်။ အတုယူစရာနဲ့ သံဝေဂယူစရာသမို င်းမှတ်တမ်းတွေပါ။ ၁၁၈၂ခုနှစ်မှာတော့ ကရူးဆိတ်တွေသိမ်းပိုက်ထားတဲ့နယ် မြေထဲကို ဆလဟ် အလ်-ဒီးန်ရဲ့ စစ်တပ်ကြီးစတင် ခြေချခဲ့ပြီး ပြင်သစ်ကရူးဆိတ် စစ်သားတွေနဲ့ နောက်ဆုံးပိတ်တိုက်ပွဲကိုဆင်နွှဲ ခဲ့တယ်။
ဆလဟ် အလ်-ဒီးန်အတွက်အ ထူးအရေးပါပြီး အန္တရာယ်ကြီးတဲ့ ကရူးဆိတ်ဘက်ကရန် သူခေါင်းဆောင်ကေ တာ့ ရေးနောလ် အော့ဖ် ချက်တင်လုံပါ။ ချက်တင်လုံကတော့ ရက်စက်ကြမ်းကြုတ်သူတစ်ယောက်ဖြစ် ပြီး သူအပိုင်စားရတဲ့ နယ်မြေထဲမှာရှိတဲ့ မွတ်စလင်တွေကို အမြဲတစေဒုက္ခပေးသူတစ်ယောက်ဖြစ်တဲ့ အပြင် ဟဂ်ျဘုရားဖူးခရီးစဉ်သွားရောက်တဲ့  ကန္တရခရီးသွားဘုရားဖူးမွတ်စလင်တွေကို ကြားဖြတ်တိုက်ခိုက်သူလည်းဖြစ်တယ်။ ချက်တင်လုံဟာ အင်မတန်ကိုအတင့် ရဲသူတစ်ယောက်ဖြစ်ပြီး အစ္စလာမ်ဘာသာရဲ့ အထွဋ်မြတ်ဆုံးန ယ်မြေတော်နှစ်ခု ဖြစ်တဲ့ မက္ကာဟ်နဲ့ မဒီနာကို တစ်ခါထက်ပိုတြဲ့ ခိမ်းခြောက်မှုတွေနဲ့  ရန်စခဲ့ပါသေးတယ်။ ဒီလိုရန်စမှုကိုဘ ယ်လိုမှသည်းမခံနိုင်တဲ့ ဆလဟ် အလ်-ဒီးန်ကတော့ ရေးနော်လ်အော့ဖ် ချက်တင်လုံကို ကိုယ်တိုင်ကိုယ် ကျအပြစ်ပေးဖို့ အတွက် ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။
ဆလဟ် အလ်-ဒီးန်ချခဲ့တဲ့ဆုံးဖြတ်ချက်က ၁၁၈၇ခုနှစ်မှာဖြ စ်ပွားခဲ့တဲ့ ဟတ္တင်တိုက်ပွဲမှာအကောင်အထည်ပေါ်လာတယ်။ ဒီတိုက်ပွဲမှာ ကရူးဆိတ်စစ်တပ်က မွတ်စလင်တွေကိုရ င်ဆိုင်ဖို့ အတွက် ယေရုဆလင်မှာရှိတဲ့ သူတို့ ရဲ့ စစ်သားအများစုကို စစ်မြေပြင်ကို ခေါ်ခဲ့တယ်။ မွတ်စလင်စစ်တပ်ကိုခုခံဖို့ ကရူးဆိတ်စစ်အင် အား နှစ်သောင်းရှိခဲ့ ပြီး မွတ်စလင်တွေဘက်က တော့ စစ်အင်အား သုံးသောင်းနဲ့ ရင်ဆိုင်တိုက်ခိုက်မှာဖြစ်တယ်။ ကန္တာရစစ်ချီတပ်တဲ့ စစ်ကြောင်းမှာ စစ်သားတွေဟာ သတ္ထုချပ်ဝတ်တန်ဆာတွေ အပြည့်အစုံနဲ့ စစ်ချီလာပေမယ့် လည်း ရေအလုံအလောက်မသယ်ဆောင်လာခဲ့တဲ့က ရူးဆိတ်စစ်တပ်ဟာ ဒုက္ခအကြီးအကျယ်စ တွေ့ ပါတော့တယ်။ မွတ်စလင်စစ်တပ်နဲ့ တိုက်ပွဲရင်ဆို င်ချိန်မှာတော့ ကရူးဆိတ်စစ်သားေ တွက မတ်တပ်ရပ်ပြီးလမ်းလျှောက်ဖို့ တောင် အင်အားခပ်ယဲ့ယဲ့ ပဲကျန်ရှာတော့တယ်။ မွတ်စလင်စစ်တပ်ရဲ့ ကြောက်ခမန်းလိလိထိုးစစ်ဆင်မှြုေ ကာင့် ကရူးဆိတ်စစ်သားေ တွ ကစဥ့်ကလျားထွက်ေ ပြးခဲ့ရတဲ့အပြင် ဆလဟ် အလ်-ဒီးန် အင်မတန်အလိုရှိေ နတဲ့ ရေးနောလ်အော့ဖ် ချက်တင်လုံကိုလည်း သုံ့ ပန်းအဖြစ်အရှင် ဖမ်းဆီးနိုင်ခဲ့ တယ်။ တခြားဖမ်းဆီးရမိ ခဲ့တဲ့ ကရူးဆိတ်သုံ့ ပန်းတွေအပေါ်မှာ ကြင်နာခဲ့ပေမယ့် လည်း ဆလဟ် အလ်-ဒီးန်တစ်ယော က်ကတော့ သူ့ ရဲ့ အမျက်ကို မထိန်းနိုင်ခဲ့ပဲ ချက်တင်လုံကိုကိုယ်တိုင်ကိုယ်ကျ ကွက်မျက်ခဲ့ပါတယ်။ ဒီပြစ်ဒဏ်ခတ်မှုက တော့ ဆလဟ် အလ်-ဒီးန်ရဲ့ သမိုင်းမှာ အကြံပေးတွေရဲ့ အကြံကိုမစောင့် ဆိုင်းပဲ ကိုယ်ပိုင်တယူသန်သဘောထားနဲ့  လုပ်ဆောင်ခဲ့တဲ့  သူ့ ရဲ့ တစ်ခုထဲသောလုပ် ရပ်အဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ကရူးဆိတ်စစ်တပ်ကိုအရှိုက်ထိုးနို င်လိုက်တဲ့ ဆလဟ် အလ်-ဒီးန်ရဲ့ စစ်တပ်အတွက်တော့  ယေရုဆလင်ကိုချီတ က်ဖို့  အတွက် လွယ်ကူသွားခဲ့ပါ ပြီ။ စစ်ချီတက်ရာလမ်း တစ်လျှောက်မှာလည်း ခုခံမှုပါးပါးကို သာ ကြုံရတော့တယ်။ ၁၁၈၇ခုနှစ် အောက်တိုဘာလ ၂ရက်နေ့ မှာတော့ ဆလဟ် အလ်-ဒီးန်ဦးဆော င်တဲ့ မွတ်စလင်စစ်တပ်ြ ကီးက မြင့်မြတ်တဲ့တော် ၀င်နယ်မြေရဲ့ မြို့ တော်ကိုကရူးဆိတ်တွေလက်အောက်ကနေ တဖန်ပြန်လည်အောင်နိုင်ခဲ့တယ်။ ဒီလိုပြန်အောင်နိုင်ဖို့  အတွက် ၈၈နှစ် ၂လနဲ့ ၁၇ရက် အတိအကျကြာမြင့်ခဲ့တယ်။
ဆလဟ် အလ်-ဒီးန်ရဲ့ မြင့်မြတ်တဲ့ကိုယ်ကျင့်တရား၊ သနားကြင်နာတတ်တဲ့ စိတ်နေစိတ်ထားနဲ့ ရက်စက်ကြမ်းကြု တ်မှုကို မလိုလားတဲ့သဘောထားကိုယေရုဆလင်မြို့ အောင်နိုင်အပြီးမှာ ရှင်းလင်းပြတ်သွားစွာမြင်တွေ့ ခဲ့ရတယ်။ လွန်ခဲ့တဲ့ ၈၈နှစ်တာကာလ ကရူးဆိတ်စစ်တပ်ေ ယရုဆလင်ကိုအောင် နိုင်တုန်းက သွေးတဲ့ခြေမျက်စိဖုံးတဲ့အထိမွတ် စလင်မြို့  သားတွေကိုရက်စက်စွာသတ်ဖြတ်ခဲ့ေ ပမယ့်လည်း ဆလဟ် အလ်-ဒီးန်ကတော့ ဆန့် ကျင်ဘက်လုပ်ရပ် မျိုးကိုလုပ်ပြနိုင် ခဲ့တယ်။ ယေရုဆလင်မှာနေထိုင်တဲ့ခရစ်ယာန်အားလုံးကိုငြိမ်း ချမ်းစွာနဲ့ မြို့ ထဲကနေ ထွက်ခွါခွင့်ပြု ခဲ့တယ်။ ဒါတင်မကသေးပဲ အခွန်အနည်းငယ်ဆောင်လိုက်တာနဲ့ တင် ကိုယ်ပိုင်ပစ္စည်းဥစ္စာအားလုံးသယ် ဆောင်သွားနိုင်ဖို့ စီစဉ်ပေးခဲ့တယ် ။ ဆင်းရဲသားတွေနဲ့ အခွန်ငွေမပေးဆောင်နိုင်သူတွေ (ဒီခေတ်ပိုက်ဆံနဲ့ တွက်မယ်ဆိုရင် ဆလဟ် အလ်-ဒီးန်ကောက်ခံ တဲ့အခွန်ငွေက ဒေါ်လာ ၅၀ပဲရှိတယ်လို့ သိရ)ကို မြို့ ထဲကနေ အခမဲ့ထွက်ခွါခွင့်ပြုခဲ့တယ်။ ခြုံငုံပြောရမယ် ဆိုရင်တော့ မြို့  သူမြို့ သားအားလုံးကြို မို့ ထဲကနေ ငြိမ်းချမ်းစွာထွက်ခွါခွင့်ပြုခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ယေရုဆလင်ကိုမွတ် စလင်တွေလက်ထဲကနေ တဖန်ပြန်လည်သိမ်းပိုက်ဖို့ အတွက် ၁၁၈၉ခုနှစ်မှာ ဥရောပသား ကရူးဆိတ်တွေကြိုးစားလာပြန်တယ်။ ဒီတစ်ကြိမ်ချီတက်လာတဲ့ကရူးဆိတ်စ စ်တပ်ကိုတော့ နာမည်ကြီး အင်္ဂလိပ်ဘုရင် ခြင်္သေ့နှလုံးသား ပိုင်ရှင်လို့ တင်စားခဲ့ရတဲ့ ဘုရင်ရစ်ချက်က ဦးဆောင်ခဲ့တယ်။ ရစ်ချက်နဲ့  ဆလဟ် အလ်-ဒီးန်တို့ အကြား တိုက်ပွဲပေါင်းများစွာဆက်လက်ဖြစ်ပွားခဲ့ပြီးနော က်မှာတော့ ကရူးဆိတ်စစ်တပ်က စစ်ရှုံးနိမ့်ခဲ့ ပြီး မြင့်မြတ်တဲ့နယ် မြေတော် ယေရုဆလင်ဟာ မွတ်စလင်တွေလက်ထဲမှာပဲဆက်လက်တည် ရှိခဲ့တယ်။ ဒီတိုက်ပွဲတွေမှာလည်း ဆလဟ် အလ်-ဒီးန်ဟာ သူ့ ရဲ့ ထိပ်တန်းစိတ်နေ စိတ်ထားနဲ့ စစ်မှန်တဲ့သူရဲ ကောင်းတစ်ဦးပီသ မှုကိုဆက်လက်ပြသနိုင်ခဲ့တယ်။ တိုက်ပွဲတစ်ခုမှာ ရစ်ချက်တစ်ယောက် သူ့ မြင်းအသတ်ခံလို က်ရတာမြင့်ရတော့ ဆလဟ် အလ်-ဒီးန်ကမွတ်စ လင်စစ်တပ်ထဲကမြင်း တစ်ကောင်ကို ယူပြီး လက်ဆောင်ပြန်ပေး ခဲ့တယ်။ ဆလဟ် အလ်-ဒီးန်ပြောခဲ့ တာကတော့ “ဘယ်ခေါင်းဆောင် ဗိုလ်ချုပ်ကမှ ကိုယ်ပိုင်မြင်း မရှိပဲ စစ်တပ်ကိုဦးဆော င်ဖို့ ဆိုတာမဖြစ်နိုင်ဘူး”တဲ့။ ဆလဟ် အလ်-ဒီးန်ရဲ့ ရက်ရောမှုနဲ့ ကြင်နာမှုဟာ ဥရောပခရစ်ယာန်တွေရဲ့ ပါးစပ်ဖျားမှာ အမွှမ်းမတင်ပဲနေလို့ မရအောင် ဖြစ်ခဲ့ပြီး ရန်သူမွတ်စလင်ခေါင်းဆောင်ဖြစ်ပေ မယ့်လည်း ခရစ်ယာန်တွေရဲ့ လေးစားသမှုကိုရယူနိုင်ခဲ့တယ်။
ဆလဟ် အလ်-ဒီးန်မွတ်စလ င်ကမ္ဘာကိုခေါင်း ဆောင်မှုနဲ့ အတူ စည်းလုံးညီညွတ်တဲ့မွတ်စလင်တွေရဲ့ ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့ တယ်။ ဆလဟ် အလ်-ဒီးန်ကွယ်လွ န်သေဆုံးပြီးနော က်ပိုင်းမှာလည်း သူထူထောင်ခဲ့တဲ့ အိုက်ယူဘီမင်းဆက် (နောက်ပိုင်းမှာ တော့ မမ်လွခ်)က သူ့ ရဲ့ အုပ်ချုပ်မှု စံနစ်အတိုင်းရှေ့ ဆက်ခဲ့ပြီး မွတ်စလင်တွေကို စည်းလုံးညီညွတ်မှုရှိအောင် ရာစုနှစ်အတန်ကြာ ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တယ် ။ မြင့်မြတ်တဲ့ပါလ က်စတိုင်းနယ်မြေ နဲ့  ယေရုဆလင်မြို့ တော်ဟာ မွတ်စလင်တွေရဲ့ အုပ်ချုပ်မှုအော က်မှာ ၁၉၁၇ခုနှစ်ထိအော င်တည်တံ့ခဲ့ပေမယ့်လည်း ပထမကမ္ဘာစစ် ဗြိတိသျှကိုလိုနီရဲ့  ကျူးကျော်မှုကြောင့် နေမ၀င်အင်ပါယာလက်အောင်ကိုကျဆုံး သွားခဲ့ပြန်ပါတယ်။
ဆလဟ် အလ်-ဒီးန်ရဲ့ ခေတ်က လွန်ခဲ့တဲ့နှစ်ေ ပါင်းများစွာကရှိခဲ့ပေမယ့်လည်း သူ့ ခေတ်အခါကမွတ်စလ င်တွေကရူးဆိတ်စစ် ပွဲကာလမှာ စည်းလုံးညီညွတ်မှုပြန်လည်ရရှိခဲ့ ပုံကို ဒီခေတ်မွတ်စလင်က မ္ဘာအနေနဲ့ ပြန်လည်အတုယူသင့်ကြောင်း တင်ပြရင်း ကရူးဆိတ်စစ်ပွဲသ မိုင်းကို ဒီနေရာမှာတင်နိဂုံးချုပ်အပ်ပါတယ်။
ကိုးကား > Hodgson, M. (1961). The Venture of islam . (Vol 2). Chicago: University of Chicago Press.
Maalouf, A. (1984). The Crusades Through Arab Eyes. New York: Schocken.
အပိုင်း (၁) ဖတ်ရှု့ ရန် > http://goo.gl/ bbAkoK
အပိုင်း (၂) ဖတ်ရှု့ ရန် > http://goo.gl/ LSHQwb
အပိုင်း (၃) ဖတ်ရှု့ ရန် > http://goo.gl/ 8MdoLW
ချစ်ခင်လေးစားလျှက် …
11:28 PM
20/7/2014
(စတီဗင်)
***************
အပိုင်း (၄ - ဇာတ်သိမ်း)
။။။။။။။။။။။။။။။
ယေရုဆလင်ကို ပြန်လည်အောင်မြင
---------------
ယရုဆလင်ကိုအောင ခရစ်ယာန်စစ်တပ်လ |
အပိုင်း(၃)မှာတေ
အီဂျစ်ကိုဆလဟ် အလ်-ဒီးန်အုပ်ချ
လည်နေရာ ထ
ကရူးဆိတ်စစ်တပ်က
မွတ်စလင်ကမ္ဘာကြီ
ဆလဟ် အလ်-ဒီးန်အတွက်အ
ဆလဟ် အလ်-ဒီးန်ချခဲ့တ
ကရူးဆိတ်စစ်တပ်က
ဆလဟ် အလ်-ဒီးန်ရဲ့ မြင့်မြတ်တဲ့ကိ
ယေရုဆလင်ကိုမွတ်
ဆလဟ် အလ်-ဒီးန်မွတ်စလ
ဆလဟ် အလ်-ဒီးန်ရဲ့ ခေတ်က လွန်ခဲ့တဲ့နှစ်ေ
ကိုးကား > Hodgson, M. (1961). The Venture of islam . (Vol 2). Chicago: University of Chicago Press.
Maalouf, A. (1984). The Crusades Through Arab Eyes. New York: Schocken.
အပိုင်း (၁) ဖတ်ရှု့ ရန် > http://goo.gl/
အပိုင်း (၂) ဖတ်ရှု့ ရန် > http://goo.gl/
အပိုင်း (၃) ဖတ်ရှု့ ရန် > http://goo.gl/
ချစ်ခင်လေးစားလှ
11:28 PM
20/7/2014
(စတီဗင်)
No comments:
Post a Comment