Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, November 19, 2015

မေတ္တာကို အခြေခံသည့် နိုင်ငံရေးမျိုး လုပ်ကြည့်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မေတ္တာကို အခြေခံသည့် နိုင်ငံရေးမျိုး လုပ်ကြည့်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါဝင်ကူညီခဲ့ကြသော အနုပညာရှင်များနှင့် ပါဝင်ခဲ့ကြသူများကို ကျေးဇူးတင်ကြောင်း ပြောကြားစဉ် (ဓာတ်ပုံ − ဒီချုပ်ဖေ့စ်ဘွတ်ခ်)
အခြား နိုင်ငံများတွင် မလုပ်ဖူးသည့် မေတ္တာကို အခြေခံ သည့် နိုင်ငံရေးမျိုးလုပ်ကြည့်လိုသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ရန်ကုန်မြို့ နေအိမ်၌ နိုဝင်ဘာ ၁၂ ရက် နံနက် အနု ပညာရှင်များနှင့်တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသွားသည်။
 ‘‘ပြောင်းလဲချိန်တန်ပြီလို့ ပြောတာ တကယ်ပဲ ပြောင်းလဲ ချင်တယ်။ ပြောင်းလဲချင်တယ်ဆို တာ အစိုးရတစ်ခုတည်းကို ပြော တာမဟုတ်ပါဘူး။ စနစ်တစ်ခုဆို တာ နိုင်ငံရေးစနစ်တစ်ခုတည်းကို ပြောတာမဟုတ်ပါဘူး။ နိုင်ငံကို လည်း ပြောင်းလဲချင်တယ်။ လူမှု ရေးစနစ်တွေမှာလည်း ပိုပြီးတော့ ကောင်းအောင်လုပ်ချင်တယ်။ အဲ ဒီလိုလုပ်လို့ရမယ်လို့လည်း ယုံ ကြည်တယ်။ တခြားနိုင်ငံတွေမှာ မလုပ်ဖူးတဲ့ ဟာမျိုးလည်း လုပ် ကြည့်ချင်တယ်။ ဥပမာ တချို့က ပြောတယ် မေတ္တာကို အခြေခံတဲ့ နိုင်ငံရေးဆိုရင် မဖြစ်နိုင်ဘူးပေါ့ နော်။ နိုင်ငံရေးဆိုတာ ဒီလိုမဟုတ်ပါဘူး ဆိုပြီးတော့။ ကောင်းပြီ တခြားနိုင်ငံတွေမှာ မဖြစ်နိုင်ရင် ကိုယ့်နိုင်ငံမှာ ဖြစ်အောင်မလုပ် နိုင်ဘူးလားဆိုတာ  အဲဒီလိုစိတ် ဓာတ်နဲ့။ ကျွန်မတို့နိုင်ငံဟာ တခြားနိုင်ငံတွေနဲ့ မတူဘူး။ တစ်မူထူးခြားပြီးတော့ ကောင်းတဲ့နိုင်ငံမျိုးဖြစ် စေချင်တယ်။ အဲဒီလိုနေရာမှာ အားလုံးပေါင်းပြီးတော့ ကူညီတဲ့ နေရာမှာ အနုပညာရှင်တွေရဲ့ ကဏ္ဍဟာ အင်မတန်မှ အရေး ကြီးပါတယ်’’ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။
အနုပညာရှင်များသည် နိုင်ငံရေးမဟုတ်ဘဲနှင့် ပြည်သူများ လက်ခံနိုင်သည့် ပုံစံနှင့် ဆွဲဆောင် ရန် အခွင့်အရေးများစွာရှိကြောင်း၊ ယင်းကိစ္စများကို ဝိုင်းဝန်းလုပ်ပေး စေလိုကြောင်း၊ လုပ်ဆောင်ပေး ခြင်းများကြောင့်လည်း အများကြီး အောင်မြင်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကားပြောသည်။
‘‘ရွေးကောက်ပွဲ ကာလမှာ တချို့နေရာတွေမှာ ပြည်သူလူထု က ရွေးကောက်ပွဲကို သိပ်စိတ် မဝင်စားဘူးဆိုတဲ့  နေရာတွေ လည်း ရှိခဲ့တယ်။ အဲဒီလိုဆိုတော့ ကဲ.. စစ်ကူ အဖြစ်နဲ့ ဘယ်သူ့ကို လွှတ်ရမလဲဆိုတော့ ကမန်း ကတန်းနဲ့ အနုပညာရှင်တွေကို ချဉ်းကပ်ရတယ်။ အနုပညာရှင် တွေက ပြည်သူကို ဆွဲဆောင်တဲ့ နေရာမှာ အလွန်ထိရောက်တယ်။ အနုပညာကနေ နိုင်ငံရေးပညာ ပေးမှုပေါ့’’ဟု ၎င်းက ပြောသည်။
 ဒေါ်အောင်ဆန်းစုကြည် သည် ရွေးကောက်ပွဲမှ ထွက်ပေါ် လာသော လူထုဆန္ဒကို အကောင်အထည်  ဖော်နိုင်ရေးအတွက် သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စု လွှတ် တော် နာယကတို့နှင့် လာမည့် ရက်သတ္တပတ်အတွင်း တွေ့ဆုံ ဆွေးနွေးလိုကြောင်း နိုဝင်ဘာ ၁၀ ရက်၌ စာရေးသားပေးပို့တောင်း ဆိုခဲ့သည်။

No comments:

Post a Comment