Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, November 24, 2015

ကရူးဆိတ်စစ်ပွဲ၊ အပိုင်း (၁)

ကရူးဆိတ်စစ်ပွဲ
*******************

အပိုင်း (၁)
။။။။။။။။။။။။။။။

ယေရုဆလင် ကျဆုံးခြင်း
--------------------------------


သမိုင်းတစ်လျှောက်မှာ ကရူးဆိတ်စစ်ပွဲလောက်မွတ်စလင်နဲ့ ခရစ်ယာန်တွေထိပ်တိုက်တွေ့ တဲ့ သမိုင်းကြောင်း မရှိသလောက်ရှားတယ်။ အဲဒီစစ်ပွဲက နှစ်ဖက်လုံးအတွက် ရုန်းကန်ခဲ့ကြရတယ်။ ဆုံးရှုံးနစ်နာခဲ့မှုတွေရှိပေမယ့်လည်း မြင့်မြတ်တဲ့ နယ်မြေတစ်ခုကို အသီးသီးပုံဖော်ခဲ့ကြပြီး အသီးအပွင့်အဖြစ် ဥရောပနဲ့ အနောက်တောင်အာရှဒေသမှာ နိုင်ငံရေးအရ၊ လူမှုအရေးအရနဲ့ ဘာသာရေးအရ ရာစုနှစ်များစွာအထိ ဖွံဖြိုးတိုးတက်လာတဲ့ကောင်းကျိုးတွေ ခံစားခဲ့ရတာမျိုးလည်းရှိပါတယ်။ ရဲစွမ်းသတ္တိရှိပြီးမြင့်မြတ်တဲ့သူရဲကောင်းတွေအများအပြားပေါ်ထွန်းခဲ့ရတဲ့ ဒဏ္ဍာရီတွေကလည်းပြောမဆုံးပေါင် တောသုံးထောင်အထိရှိခဲ့သလို အခုလည်းရှိနေဆဲပါပဲ။ ကရူးဆိတ်စစ်ပွဲရဲ့  ရလာဒ်တွေလို့ သာသတ်မှတ်ကြပါစို့ ။

ယေရုစလင်ကိုပိုင်ဆိုင်ထားတဲ့ ၁၀၀၀ပြည့်နှစ်ပိုင်း မွတ်စလင်ကမ္ဘာရဲ့ နိုင်ငံရေးလောကကတော့ အင်မတန်ညစ်ညမ်းလွန်းခဲ့တယ်။ ၇၀၀ပြည့်နှစ်ပိုင်းက ပေါ်ပေါက်ခဲ့တဲ့ ကြီးကျယ်ခမ်းနားတဲ့ အဗ္ဗာဆစ်အင်ပါယာကြီးဟာလည်း ၁၀၀၀ပြည့်နှစ်လောက်မှာ ဟန်ပဲရှိတော့တယ်။ ကြိုးဆွဲရာကနေရတဲ့ လက်အောက်ခံ ခလစ်ဖ်(ဘုရင်ခံ)တွေ ပျံ့ နှံအုပ်ချုပ်နေကြပေမယ့်လည်း အင်ပါယာကြီးရဲ့  တကယ်အာဏာအစစ်အမှန်ကတော့ ဆယ်ဂျက် (Seljusks)လို့ ခေါ်တဲ့ တူရကီစစ်သူကြီးတွေရဲ့  လက်ထဲရောက်နေတယ်။ ဆယ်ဂျက်တွေက အေနာတိုလီယား (Anatolia) ကိုအုပ်ချုပ်နေပြီး အပိုင်စားရနယ်မြေတစ်လျှောက်ကို The Suljuk Sultanate of Rumလို့ နာမည်ပေးထားတယ်။ အဲဒီနယ်မြေထဲမှာ ဒီခေတ် ဆီရီးယား၊ အီရတ်နဲ့ ပါရှားတို့ ပါတယ်။ ဒါပေမယ့်လည်း အဲဒီနယ်မြေတစ်ခုလုံးက ပြည်ထောင်စုအဖြစ်တော့တည်ရှိနေတာမဟုတ်ဘူး။ အားလုံးတကွဲတပြားစီဖြစ်နေတာပါ။ ခရိုင်တိုင်း၊ မြို့  တိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်သူမြို့ စား (အမိရ်)ရှိတယ်။ တစ်မြို့ နဲ့ တစ်မြို့ က အမိရ်တွေကလည်း မတည့်ဘူး။ မြို့ နီးနားချင်း အမိရ်တွေနဲ့ ပုံမှန်စစ်ဖြစ်တယ်။ မြောက်အာဖရိကမှာတော့ သူတို့ နဲ့ ဘယ်တော့မှမတည့်တဲ့ ရန်သူ အစ္စမာအီလီ ရှီးယိုက်တွေက ဖာတီမစ် အင်ပါယာထူထောင်ပြီး အုပ်ချုပ်နေကြတယ်။ အဲဒီ ဖာတီမစ်တွေကလည်း စွန္နီတွေပိုင်ဆိုင်တဲ့ ဆယ်ဂျက်နယ်မြေထဲထိအောင် အမြဲတမ်းရသလောက်နယ်ချဲ့ ဖို့  ကြိုးစားနေကြသူတွေပါ။ ဖာတီမစ် ရှီးယိုက်စစ်တပ်နဲ့  ဆယ်ဂျက်စွန္နီစစ်တပ်ဟာ မြင့်မြတ်တဲ့မြို့ တော် ယေရုစလင်အနီးမှာအမြဲလိုလို ရှေ့ တန်းစစ်မျက်အဖြစ် ရင်ဆိုင်တာတွေရှိခဲ့တယ်။

မွတ်စလင်ကမ္ဘာထဲမှာ နိုင်ငံရေးအရဒီလိုမသင့်မြတ်မှုတွေရှိနေပေမယ့်လည်း တာ့ခ်တွေကတော့ သူတို့  အင်ပါယာကြီးကို ဘိုင်ဇန်းတိုင်းတွေရဲ့ နယ်မြေထိကျော်လွန်သိမ်းပိုက်နိုင်ခဲ့ကြတယ်။ ၁၀၇၁ခုနှစ်မှာဖြစ်ခဲ့တဲ့ မန်ဇီကတ်တိုက်ပွဲမှာ တာ့ခ်တွေဟာ ဘိုင်ဇန်းတိုင်းတွေကိုအလွယ်တကူအနိုင်ယူခဲ့ကြပြီး အေနာတိုလီယားရဲ့ နယ်မြေကိုတိုးချဲ့ နိုင်ခဲ့တယ်။ သူတို့  ရဲ့ အောင်မြင်မှုဟာ ဘိုင်ဇန်းတိုင်းတွေရဲ့ မြို့ တော်ကြီး ကွန်စတန်တီနိုးပဲလ်ထိအောင် သိမ်းပိုက်အောင်မြင်ခဲ့ကြပါသေးတယ်။ တာ့ခ်တွေရဲ့  ရန်ကိုမခံနိုင်တော့တဲ့အဆုံး ဘိုင်ဇန်းတိုင်းဘုရင် အဲလက်စိုစ်က ရောမမှာရှိတဲ့ ကက်သလစ်ပုပ်ရဟန်းမင်းကြီး ပုပ် အာဘန် ၂ (Catholic Pope Urban II) ကိုစာပို့ ပြီး အကူအညီတောင်းပါတော့တယ်။

အဲလက်စိုစ်ရဲ့ အကူအညီတောင်းခံမှုကို ပုပ်အာဘန်က လက်ခံခဲ့ပြီး မွတ်စလင်တွေပိုင်ဆိုင်ထားတဲ့နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ပြီး သူ့ လက်အောက်ရရှိဖို့ အတွက် ကြီးမားတဲ့စစ်တပ်ကြီးတစ်ခုကိုဖွဲ့ စည်းမယ်ဆိုပြီး စတင်လူစုဆောင်းပါတော့တယ်။ ပုပ်အာဘန်ရဲ့  အိပ်မက်ကတော့ မွတ်စလင်တွေကို နိုင်ငံရေးအရရော စစ်ရေးအရပါ ဖျက်ဆီးဖြိုခွင်းဖို့ နဲ့ မြင့်မြတ်တဲ့ ယေရုဆလင်နယ်မြေတော်မှာ လက်တင်နိုင်ငံတော်ထူထောင်ဖို့ ပဲဖြစ်ပါတယ်။ ဒါနဲ့ ပဲ ကလဲမောင့်ကောင်စီ (Council of Clermont) အစည်းအဝေးပွဲမှာ ပုပ်အာဘန်က တက်ရောက်လာတဲ့ ကက်သလစ်ဘုန်းတော်ကြီးတွေကို စစ်တပ်ဖွဲ့ စည်းရာမှာ ကူညီပေးဖို့ နဲ့ မြင့်မြတ်တဲ့နယ်မြေတော်ကို စစ်ချီတပ်ဖို့ အတွက် တပ်လှန့် ခဲ့ပါတော့တယ်။ ပုပ်အာဘန်ရဲ့ ဖိအားပေးမှုကြောင့် လူပေါင်း သုံးသောင်းပါတဲ့ ကရူးဆိတ် ခရစ်ယာန်စစ်တပ်ကြီး ပေါ်ထွက်လာခဲ့တယ်။ အံ့သြဖို့ ကောင်းတာကတော့ အဲဒီစစ်တပ်ထဲမှာ အမျိုးသမီးတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေပါပါနေပြီး ကွန်စတီနိုးပဲလ်ကို စတင်စေလွှတ်ခဲ့ပါတယ်။

အဲဒီကရူးဆိတ်စစ်သားတွေနဲ့ ပထမဆုံးထိပ်တိုက်ရင်ဆိုင်ပြီးတိုက်ပွဲဝင်ခဲ့သူတွေကတော့ အေနာတိုလီယားက တာ့ခ်တွေပါ။ Sultanate of Rum ကဆယ်ဂျက်ရဲ့ အမိရ်ဖြစ်သူ ခီလစ် အာရှန်က သူတို့ နယ်မြေထဲကိုကျူးကျော်လာတဲ့ ပထမဆုံးကရူးဆိတ်စစ်တပ်ကို အစောဆုံးချေမှုန်းနိုင်လိုက်ခဲ့တယ်။ နောက်တစ်ကြိမ်ချီတက်လာတဲ့ ကရူးဆိတ်စစ်တပ် လှိုင်းလုံးကြီးကတော့ တာ့ခ်တွေဘယ်လိုမှမခုခံမရင်ဆိုင်နိုင်လောက်အောင် ကြီးမားခဲ့တဲ့အတွက် ကရူးဆိတ်စစ်တပ်အတွက် အေနာတိုလီယားမြို့ ကိုချီတက်ဖို့ လမ်းကြောင်းရှင်းသွားခဲ့တယ်။ စစ်ချီတက်ရာလမ်းတစ်လျှောက် ကျေးရွာတွေ ဆင်ခြေဖုံးဒေသတွေမှာနေထိုင်သူတွေက ခရစ်ယာန်အများစုဖြစ်နေပေမယ့်လည်း ကရူးဆိတ်စစ်တပ်က လုယူမီးရှို့ တာတွေ တောက်လျှောက်လုပ်ခဲ့ပြီး စစ်တပ်အတွက် လိုအပ်တဲ့ပစ္စည်းနဲ့ ရိက္ခာတွေကို ဖြည့်တင်းနိုင်ခဲ့တယ်။ လုယူခံရသူတွေ ခရစ်ယာန်အများစုဖြစ်ရတာကလည်း ကရူးဆိတ်စစ်တပ်စစ်မချီခင်အဲဒီဒေသတွေအပါအ၀င် ကွန်စတန်တီနိုးပဲလ်အထိ တာ့ခ်တွေသိမ်းပိုက်ထားလို့ ပါ။ အဲဒီဒေသတွေဟာ အရင်ကတည်းကခရစ်ယာန်တွေနေထိုင်ခဲ့တာပါ။

၁၀၉၇ခုနှစ်မှာတော့ ကရူးဆိတ်စစ်တပ်ဟာ ခံတပ်အခိုင်အမာတည်ဆောက်ထားတဲ့ အန်းတီယိုးခ်ျမြို့  အနီးကို ချီတက်ရောက်ရှိခဲ့တယ်။ အဲဒီနေရာက အခုခေတ်မှာတော့ တူရကီတောင်ပိုင်းဒေသဖြစ်ပြီး ဆီရီယားနယ်စပ်နဲ့ နီးကပ်စွာ တည်ရှိပါတယ်။ အန်းတီယိုးခ်ျမြို့ ကို မြို့ စား ဆယ်ဂျက်အမိရ်ဖြစ်သူ ယာဂီ-ဆိုင်ယန်က သူ့ ရဲ့ တပ်သား ၆၀၀၀နဲ့ အတူ ခုခံကာကွယ်ခဲ့တယ်။ ပုံမှန်သဘောအရဆိုရင်တော့ တပ်သား၆၀၀၀ဟာ တပ်သားပေါင်း သုံးသောင်းကျော်ပါတဲ့ ကရူးဆိတ်စစ်တပ်ကြီးအတွက် ဘာမှမှုစရာမဟုတ်ပေမယ့်လည်း အန်းတီယိုးခ်ျမြို့ ရိုးခံတပ်ခိုင်မာမှုကြောင့် ဘယ်လိုမှတိုးမပေါက်ဖြစ်ခဲ့ရတယ်။ အန်းတီယိုးခ်ျရဲ့ ခံတပ်က မွတ်စလင်ကမ္ဘာရဲ့  အခိုင်မာဆုံးထဲကတစ်ခုဖြစ်တယ်လို့ နာမည်ကြီးပြီး ပတ်ပတ်လည်မှာ မြစ်တစ်စင်း၊ တောင်တစ်တောင်၊ ချောက်တစ်ချောက်က ၀န်းရံထားသလို မြို့ ရိုးကလည်း အင်မတန်ကိုခိုင်မာပါတယ်။ အဲဒီအချိန်မှာသာ မွတ်စလင်တွေစည်းလုံးညီညွတ်ပြီး ကရူးဆိတ်စစ်တပ်ကိုဖြိုခွင်းနိုင်ခဲ့မယ်ဆိုရင် နှစ်ပေါင်းအတန်ကြာအထိ ခရစ်ယာန်တွေလွယ်လွယ်ပြန်ပြီးခေါင်းထောင်လို့ မရအောင်နိုင်အောင် ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့်လည်း မွတ်စလင်တွေရဲ့ ကံကြမ္မာကတော့ သစ္စာမဲ့မှု၊ တကွဲတပြားမှုတွေကြောင့် ကြောက်မက်ဖွယ်ကောင်းအောင် ဆိုးဝါးလွန်းခဲ့ရတယ်။

အန်းတီယိုးခ်ျရဲ့ အမိရ် ယာဂီ-ဆိုင်ရန်က ဆက်သားတစ်ယောက်စေလွှတ်ပြီး မြို့ နီးနားချင်းက အမရ်တွေအနေနဲ့ သူ့ ကို အကူအညီပေးဖို့ နဲ့ ကရူးဆိတ်တွေကိုခုခံရင်ဆိုင်ဖို့  အတွက်တောင်းဆိုခဲ့ပေမယ့်လည်း စိတ်မကောင်းစွာပြန်ရတဲ့သတင်းကတော့ “တစ်ဘို့ ထဲပဲကြည့်နိုင်မယ်၊ ကိုယ့်ကိစ္စကိုယ်ရှင်း၊ ကိုယ့်ကံကြမ္မာနဲ့ ကိုယ်ပဲ” ဆိုတဲ့ တုံ့ ပြန်မှုတွေပဲဖြစ်ခဲ့ပြီး တူရကီအမိရ်တွေရဲ့  ရပ်တည်ချက်ဟာ အင်မတန်ကိုစိတ်ဓါတ်ကျစရာကောင်းခဲ့တယ်။ သူတို့  ဆီကိုအန္တရာယ်မလာသေးသမျှကာလပတ်လုံး ကရူးဆိတ်တွေနဲ့ ရင်ဆိုင်နေရတဲ့မြို့ နီးနားချင်းအမိရ်တွေကို ကူညီဖို့  အတွက် စိတ်ကူးမရှိခဲ့ကြဘူး။ နောက်ဆုံးရလဒ်ကတော့ ဆီရီယားတစ်လျှောက်က အမိရ်မှန်သမျှဟာ ယာဂီ-ဆိုင်ရန်ရဲ့  အကူအညီတောင်းမှုကို မျက်နှာလွှဲခဲပစ်လုပ်လိုက်ပြီး အကူအညီပေးဖို့ ငြင်းဆန်လိုက်ပါတော့တယ်။ တချို့  ကဘယ်လိုထိအောင်တွေးသလဲဆိုရင် “အန်းတီယိုးခ်ျမြို့ က ကူရူးဆိတ်တွေလက်ထဲရောက်သွားရင် ပိုတောင်ကောင်းပြီး ငါတို့ အတွက်ပိုတောင်အကျိုးရှိသေးတယ်။ ဒါမှ ငါတို့ ရဲ့ ပြိုင်ဘက်ထဲကတစ်ယောက်လျှော့သွားမှာ” ပါတဲ့။ ဘယ်သူဆီကမှအကူအညီတွေ စစ်ကူတွေမရခဲ့ပေမယ့်လည်း အန်းတီယိုးခ်ျမြို့ ဟာ ကရူးဆိတ်တွေရဲ့  ထိုးစစ်ကိုကြံ့ကြံ့ခံနိုင်ခဲ့တယ်။ ရှေ့  ဆက်လည်း ခုခံနိုင်မယ့်အလားအလာတွေရှိတယ်။ မြို့ ထဲက သစ္စာဖောက်တစ်ယောက်သာမရှိခဲ့ရင်ပေါ့။

အန်းတီယိုးခ်ျမြို့ ရိုးကို ကရူးဆိတ်တွေမရမကဖြိုနေတဲ့အချိန်မှာ ဖီရွဇ်လို့ ခေါ်တဲ့ သံချပ်ကာအင်္ကျီတွေ ဒိုင်းတွေလုပ်တဲ့ ပန်းဘဲသမားတစ်ယောက်က မြို့ ကိုကာကွယ်နေဖို့ အတွက် မြို့ ရိုးတစ်ခုမှာတာဝန်ကျတယ်။ ကရူးဆိတ်တွေ လာမတိုက်ခင်က ဖီရွဇ်ဟာ မှောင်ခိုရောင်းဝယ်မှုလုပ်တယ်ဆိုပြီး မြို့ စား ယာဂီ-ဆိုင်ရန်က ဒဏ်ငွေကြီးကြီးမားမား ပြစ်ဒဏ်ချ တပ်ရိုက်ခဲ့တယ်။ ဖီရွဇ်ကိုဒါကိုမကြေနပ်ပဲတေးထားတယ်။ ယာဂီ-ဆိုင်ရန်ကိုလက်စားချေဖို့ အတွက် ကရူးဆိတ်တွေကို မြို့ ထဲပေးဝင်လိုက်ခြင်းက သူ့  အတွက်အချိုမြိန်ဆုံးပဲလို့ တွေးပြီး ညသန်းခေါင်စစ်ငြိမ်သွားတဲ့အချိန်မှာ ကရူးဆိတ်စစ်သားတချို့ ကို သူ့ ရဲ့ မြို့ ရိုးနေရာကနေ မြို့ ထဲကိုတက်ခွင့်ပေးလိုက်တယ်။ အဲဒီစစ်သားတွေက မြို့ ရိုးတံခါးကိုဖွင့်လိုက်ပြီး စစ်တပ်တစ်တပ်လုံးကိုမြို့ ထဲဝင်နိုင်ဖို့ မြို့ တံခါးကိုဖွင့်ပေးလိုက်ပါတော့တယ်။ မနက်အာရုံသောက်ချိန်မှာတော့ မြို့ ဟာ ကရူးဆိတ်တွေရဲ့  လက်ထဲဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားပါတော့တယ်။ မြို့ ကျသွားပြီးနောက်ဆက်တွဲအဖြစ် ယောက်ျား၊ မိန်းမနဲ့ ကလေးတွေကို ဒေါသထွက်နေတဲ့ ကရူးဆိတ်စစ်တပ်ကြီးက လမ်းပေါ်မှာတင် သွေးသံရဲရဲကျအောင်သတ်ဖြတ်ခဲ့ပြီး မြို့ ကိုပါမီးတင်ရှို့ လိုက်တယ်။ ဒီအဖြစ်အပျက်တစ်ခုလုံးက မြို့ ထဲက ဖီရွဇ်ဆိုတဲ့ ပန်းပဲသမားရဲ့ ကလဲ့စားချေလိုမှု၊ သစ္စာဖောက်မှုတို့ ကြောင့်ဖြစ်ခဲ့ရတဲ့အတွက် နောင်လာနောင်သားအတွက် သံဝေဂယူဖွယ်ရာပါ။

အခက်အခဲဆုံးမြို့ ကိုချေမှုန်းနိုင်ခဲ့တဲ့ ကရူးဆိတ်စစ်သားတွေကတော့ သူတို့ စစ်တပ်ကို ယေရုစလင်အထိဆက်လက်ချီတက်ပါတော့တယ်။ စစ်ချီတက်ရာလမ်းတစ်လျှောက်မှာတွေ့ တဲ့မြို့ တိုင်းရဲ့  ကံကြမ္မာဟာ အန်းတီယိုးခ်ျနဲ့ ထပ်တူဖြစ်ခဲ့ရတယ်လို့ စိတ်မကောင်းကြီးစွာသိရတယ်။ မြို့  အသီးသီးကသက်ဆိုင်ရာမြို့ စားအမိရ်တွေဟာ သူတို့ မြို့ ကံကြမ္မာဆိုးကနေလွတ်မြောက်ပြီး ကရူးဆိတ်တွေဆီက အကာအကွယ်ရဖို့ အတွက် မြို့ နီးချင်းမြို့ တွေကို ရန်သူတွေလက်ထဲရောင်းစားခဲ့ကြလောက်အောင် စိတ်ဓါတ်အောက်တန်းကျခဲ့ကြတယ်။ တစ်မြို့ နဲ့ တစ်မြို့  မသင့်မြတ်မှုကို ကရူးဆိတ်တွေကောင်းကောင်းအခွင့်ကောင်းယူခဲ့ကြပြီး အန်းတီယိုးခ်ျကလို ခုခံမှုမျိုးကိုနောက်တစ်ကြိမ်မကြုံတွေ့ ရတော့ပဲ ယေရုဆလင်ထိအောင် သက်တောင့်သက်သာချီတက်ခဲ့ကြပါတော့တယ်။

၁၀၉၉ခုနှစ် ဇွန်လ ၇ရက်နေ့ မှာတော့ ကရူးဆိတ်စစ်တပ်ကသူတို့ ရဲ့ ပန်းတိုင် ယေရုဆလင်ကိုအရောက်လှမ်းနိုင်ခဲ့တယ်။ မြင့်မြတ်တဲ့နယ်မြေယေရုဆလင်ရဲ့ အနေအထားကလည်း ဘယ်ဘက်ကပဲကြည့်ကြည့် ကရူးဆိတ်စစ်တပ်ကြီးကိုခုခံနိုင်မယ့် အနေအထား မရှိတော့ပါ။ ကရူးဆိတ်တွေ ယေရုဆလင်ကိုမရောက်လာခင် တစ်နှစ်အရင်ကလည်း ယေရုဆလင်ဟာ အီဂျစ်က ဖာတီမစ်ရှီးယိုက်တွေဟာ အင်အားပြိုကွဲလာတဲ့ တာ့ခ်တွေလက်ထဲကနေ မြို့ ကိုသိမ်းပိုက်ထားပြီး ရှီးယိုက်တွေရဲ့ နယ်မြေကို ဆီရီးယားပိုင်နက်ကျော်တဲ့အထိ ချဲ့ ထွင်နိုင်ခဲ့ပါတယ်။ မြို့ ရိုးကလည်းပျက်ရှာပြီ၊ မြို့ မှာခုခံတဲ့စစ်သားကလည်း ရာဂဏန်းနည်းနည်းပဲရှိတယ်၊ ဘယ်သူ့ ဆီကမှာလည်း စစ်ကူလာဖို့ မျှော်လင့်စရာကောက်ရိုးတမျှင်တောင်မရှိတဲ့အနေအထားနဲ့ တစ်လအကြာမှာတော့ ခရူးဆိတ်တွေဟာ တမန်တော်မြတ်မုဟမ္မဒ် (ကိုယ်တော့်အပေါ်ငြိမ်းချမ်းသာယာမှုအပေါင်းကျရောက်ပါစေသား) ကောင်းကင်ဘုံနန်းခရီးကိုကြွချီတော်မူခဲ့တဲ့ မြင့်မြတ်တဲ့မြို့ တော် ယေရုဆလင် ကရူးဆိတ်စစ်တပ်ရဲ့  လက်ထဲကို တလုံးတ၀ထဲရောက်ရှိလို့ သွားခဲ့ပါတယ်။ ယေရုဆလင်ကျသွားပြီး ထုံးစံအတိုင်းလူသတ်ပွဲကြီးစတင်ပေါ့တော့တယ်။ ကရူးဆိတ်စစ်သားတွေရဲ့ လက်ချက်နဲ့  မွတ်စလင်အများစုနဲ့ ဂျူးတွေအပါဝင် လူပေါင်း ခုနှစ်သောင်းကျော် (တချို့ တစ်သိန်းလို့ ပြော) ဟာ လမ်းမထက်မှာ ရက်စက်စွာသတ်ဖြတ်ခြင်းခံခဲ့ရတယ်။ ကရူးဆိတ်စစ်သားတွေရဲ့  သတ်ဖြတ်မှုကနေလွတ်မြောက်ဖို့ အတွက် မွတ်စလင်တွေဟာ အလ်-အက္ကဆွာ ဗလီဝတ်ကျောင်းတော်ထဲကို ၀င်ရောက်ပုန်းအောင်ကြပေမယ့်လည်း သွေးဆာနေတဲ့ စစ်သားတွေဟာ ဗလီဝတ်ကျောင်းတော်ထဲမှာပါမရှောင် လူသတ်မှုတွေကျူးလွန်ခဲ့တယ်။ ကရူးဆိတ်စစ်သားတစ်ယောက်ရဲ့ ပြန်ပြောင်းပြောကြားချက်အရ “မွတ်စလင်တွေရဲ့ သွေးတွေကတော့ ခြေကျင်းဝတ်ပါမြှပ်တယ်” လို့  တင်စားရလောက်တဲ့အထိသွေးချောင်းအတိစီးဆင်းခဲ့ရတယ်။ အလ်-အက္ကဆွာဝတ်ကျောင်းတော်ရဲ့  ပစ္စည်းပစ္စယျတွေလုယက်ခံခဲ့ရပြီး အလှအပလက်ရာတွေဖျက်ဆီးခံခဲ့ရတယ်။ ဗလီခေါင်မိုး အခုံးကိုလည်း ပုံပြောင်းကာ ခရစ်ယာန်ချာ့ခ်ျကျောင်းအသွင်းပြောင်းလိုက်ပါတော့တယ်။ စစ်သူကြီးအွမ္မရ်အိဗ္ဗနေ့  ခသ်သားဗ် (ရသွေ့ )ရဲ့ ခေတ်ကာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကုဒ်စ်ရဲ့ လမ်းမထက်မှာ အဇာန်အသံဆိတ်သုဉ်းခဲ့ရပြီး ဗလီဝတ်ကျောင်းတော်တွေမှာလည်း ဆွလားသ်ဝတ်ပြုမှုပျောက်ဆုံးသွားခဲ့ရပါတယ်။

အစ္စလာမ်ဘာသာရဲ့ တတိယမြောက်အထွဋ်မြတ်ဆုံးနယ်မြေတစ်ခု ရက်စက်စွာသိမ်းပိုက်ခြင်းခံခဲ့ရပေမယ့် ကျန်တဲ့မွတ်စလင်ကမ္ဘာရဲ့ တုံ့ ပြန်မှုကတော့ အံ့သြဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။ ယေရုဆလင်ကိုပြန်လည်သိမ်းပိုက်ဖို့ အတွက်နဲ့  မွတ်စလင်တွေတဖန်ပြန်လည်နိုးကြားလာဖို့ အင်အားပြန်စုတာနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ရတယ်။

ဒီအပိုင်း(၁)ကတော့ ဒီနေ့ ခေတ်မွတ်စလင်ကမ္ဘာအပါအ၀င်မြန်မာမွတ်စလင်လောကရဲ့ အဖြစ်ကိုလည်း ထင်ဟပ်စေပါတယ်။ ပြင်စရာရှိတာတွေပြင်သင့်ကြောင်းပါ။

အပိုင်း (၂) မျှော် … … …

ကိုးကား > Maalouf, A. (1984). The Crusades Through Arab Eyes, New York: Schocken
Ochsenwald, W,. & Fisher, S. (2003). The Middle East: A History. (6th ed.). New York: McGraw-Hill.

(စတီဗင်)

No comments:

Post a Comment