Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, November 15, 2015

ပါရီမြို့ တိုက်ခိုက်မှုများအတွင်း ပထမဆုံးတိုက်ခိုက်ရေးသမားကို ဖော်ထုတ်သိရှိ



ပြင်သစ်နိုင်ငံမြို့တော် ပါရီမြို့တွင် ဖြစ်ပွားသော တိုက်ခိုက်မှုများအနက် တစ်ခုတွင်ပါဝင်ခဲ့ သော အကြမ်းဖက်သမားတစ်ဦး ထည်မြို့တောင်ဘက် ဆင်ခြေဖုံးဒေသများရှိ ကော်ကိုရွန်နိစ်ရပ်ကွက်မှ အသက် (၂၉)နှစ်အရွယ် ပြင်သစ်နိုင်ငံသားဖြစ်ကြောင်း ပါရီမြို့အစိုးရရှေ့နေ ဖရန်ဆွာမိုလင်က ပြောကြားသည်။
လူပေါင်း ၁၂၉ ဦးသေဆုံးပြီး အခြားလူပေါင်း ၃၅၀ ကျော် ဒဏ်ရာရရှိခဲ့သော ယင်းတိုက်ခိုက်မှုများပြီးနောက် ဘယ်လ်ဂျီယမ်နိုင်ငံတွင် လည်း စီးနင်းမှုများပြုလုပ်ခဲ့ပြီး ဖမ်းဆီးမှုအများအပြားပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘယ်လ်ဂျီယမ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် စီးနင်းမှုများအနက် အနည်းဆုံးတစ်ခုမှာ ပါရီတိုက်ခိုက်မှုများနှင့် ဆက်စပ်ကြောင်း သိရသည်။
ပါရီမြို့ ရော့ခ်ဂီတဖျော်ဖြေ ပွဲ တိုက်ခိုက်မှုအတွင်းပါဝင်သော အကြမ်းဖက်တိုက်ခိုက်ရေးသမားသည် ရာဇဝတ်မှုကျူးလွန်ဖူးသော ရာဇဝင်ရှိသူဖြစ်ပြီး ၂၀၁၀ မှစ၍ ဘာသာရေးအစွန်းရောက်ဖြစ်လာသူဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်ရေးသမားကို လက်ဗွေရာဖြင့် ခွဲခြားသိရှိခဲ့ခြင်းဖြစ်သည်ဟု မစ္စတာမိုလင်က ပြောသည်။
တိုက်ခိုက်ရေးသမားခုနစ်ဦး သေဆုံးကြောင်းနှင့် ၎င်းတို့အားလုံးတွင် ရိုင်ဖယ်သေနတ်များပါရှိကြောင်း ပြင်သစ်အရာရှိများက ပြောသည်။
သေဆုံးသူများတွင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်သားတစ်ဦး၊ ချီလီနိုင်ငံသားသုံးဦး၊ ဘယ်လ်ဂျီဝမ်နိုင်ငံသားနှစ်ဦး၊ မက္ကဆီကိုနိုင်ငံသားနှစ်ဦး၊ စပိန်နိုင်ငံသားနှစ်သီး၊ ပေါ်တူဂီနိုင်ငံသားတစ်ဦးနှင့် ဗြိတိန်နိုင်ငံသားတစ်ဦးပါဝင်ပြီး ပြင်သစ်နိုင်ငံ သားများစွာပါဝင်ကြောင်း သိရသည်။ ကျန်ရှိသော သေဆုံးသူများ မည်သည့်နိုင်ငံမှဖြစ်ကြောင်း စစ်ဆေးနေဆဲဖြစ်သည်။
ပစ်မှတ်ထားခံခဲ့ရသောနေ ရာများအနက်တစ်ခု၏ အပြင်ဘက်တွင် တိုက်ခိုက်ရေးသမားတစ်ဦး အလောင်းအနီး၌ ဆီးရီးယား နိုင်ငံကူးလက်မှတ်တစ်ခု တွေ့ခဲ့ရကြောင်း France 2 သတင်းဌာနနှင့် အခြားပြင်သစ်သတင်းဌာနများက ကြေညာသည့် ပါရီမြို့တိုက်ခိုက်ရေးသမားများအနက် အချို့ကို ဘယ်လ်ဂျီယမ်ထောက်လှမ်းရေးဌာနက သိရှိထားသူများဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
ထို့အပြင် တိုက်ခိုက်ရေးသမားများအနက်တစ်ဦးနှင့် ဖခင်ဖြစ်သူတို့ကို ပြင်သစ်အာဏာပိုင်များက ဖမ်းဆီးထားကြောင်း သိရသည်။
ပါရီမြို့ အရှေ့ဘက် ၈၁ မိုင်အကွာရှိ နေအိမ်သုံးလုံးကို ရဲတပ်ဖွဲ့က စီးနင်းပြီးနောက် လူနှစ်ဦးကို ဖမ်းဆီးသွားကြောင်း အေအက်ဖ်ပီ သတင်းက ဖော်ပြသည်။
ယင်းတိုက်ခိုက်မှုများအနက် အသေခံဗုံးခွဲသူတစ်ဦး၏အမည်မှာ အီစမေးလ်အိုမာစတီဖီဖြစ်ပြီး ၎င်းသည် ၂၀၁၂ အထိ ချာထရက်စ် ဒေသတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
—Ref: CNN/AFP

No comments:

Post a Comment