Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, November 30, 2015

ဒေါက်တာ အေးချမ်းဆိုသူ ဖက်ဆစ်တစ်ဦး ဖတ်ရန် နိုဘယ်လ်ဆုရှင် အမာတ္တယာဆဲန်ကို ထမင်းငတ်သူလို့ ရခိုင်တွေ အရင်စွပ်စွဲပြပါ



ဒေါက်တာ အေးချမ်းဆိုသူ ဖက်ဆစ်တစ်ဦး ဖတ်ရန် နိုဘယ်လ်ဆုရှင် အမာတ္တယာဆဲန်ကို ထမင်းငတ်သူလို့ ရခိုင်တွေ အရင်စွပ်စွဲပြပါ
=====================================================
ဗုဒ္ဓဘာသာဝင်စစ်စစ် မျိုးနွယ်ကနေ ပေါက်ဖွားလာသူ၊ အမေရိကန် ပီအိပ်ခ်ျဒီ ဒေါက်တြာ ဖစ်တဲ့မန္တလေးသား ဒေါက်တာဇာနည်ကို တစ်နေရာမယ် ရခိုင်သားတစ်ယောက်က " ဒေါက်တာဇာနည် ခင်ဗျားစားရေးသောက်ရေးအတွက် ရိုဟင်ဂျာကိစ္စပြောဆိုနေတာ ရပ် လိုက်ပါ " ဆိုတဲ့ သဘော မျိုး လာပြောတာကို ခုနလေးတင် တွေ့လိုက်မိလို့ ဒါလေး ရေး တင်မိတာပါ။
ဒေါက်တာဇာနည်ဟာ ငတ်ပြတ်နေသူလို့ထင်ပြီး မိမိကြီးပြင်းခဲ့ရာ ၀န်းကျင်နဲ့ တိုင်းထွာပြီး ဒါမျိုးစော်ကားလာသူ ကိုရွှေရခိုင်ကို ပြောချင်တာက ဒီလိုပါခင်ဗျာ။ ရိုဟင်ဂျာတွေရဲ့ သ မိုင်း ဖြစ်ရပ်မှန်တွေကို အမှန်အတိုင်းပြောခဲ့ဆိုခဲ့လို့ ဗုဒ္ဓဘာသာသစ္စာဖောက်အဖြစ်၊ ထမင်း ငတ်နေသူ အဖြစ် ဒေါက်တာဇာနည်ဆိုသူကို ပုံဖော်ဖို့ ကြိုးစားမယ်ဆိုရင် ခင်ဗျားလိုလူ စားတွေကို တစ်ခု ထောက်ပြပါရစေခင်ဗျာ။
ဒေါက်တာဇာနည်ထက် ပိုလူသိများတဲ့ နောက် ထပ် ဗုဒ္ဓဘာသာဝင် တစ်ဦးကို ထမင်းငတ် နေသူအဖြစ်ဒါမျိုး စွပ်စွဲပြော ဆိုရဲတဲ့ သတ္တိ ခင်ဗျားတို့မှာ ရှိပါသလား။ ဘာလဲ ကိုယ့် နိုင်ငံသားအချင်းချင်းမို့သာ ပြောရဲပြီး ကမ္ဘာကို ထွက်မပြော ရဲတာပါလား။ ဖြေကြည့် ပါ။ ခင်ဗျားတို့မှာ ဒီလို ထွက်ပြီး စွပ်စွဲရဲတဲ့ သတ္တိ နဲ့ ပညာရှိနေပြီဆိုရင် အဲ့ဒီ ဗုဒ္ဓဘာသာဝင် ကို သစ္စာဖောက်လို့ ကမ္ဘာသိအောင် ထွက်ပြီး စွပ်စွဲပြကြပါလို့ ပြောချင်တယ်။ ဒါကတော့ ကမ္ဘာက လေးစားရတဲ့ နိုဘယ်လ်ဆုရှင် ဒေါက်တာ အမာတ္တယာဆဲန်(Amartya Sen)ပါ ပဲ။ ခင်ဗျားတို့ စွပ်စွဲ ပြောဆိုတာပြီးရင် သူကလည်း ခင်ဗျားတို့ ကို တစ်ခုခုတော့ တုန့်ပြန် မှာပါ။
ဒေါက်တာ အမာတ္တယာဆဲန် ဆိုတာဟာ ၁၉၉၈ ခုနှစ်အတွက် ဘောဂဗေဒပညာရပ်အ တွက် နိုဘယ်လ်ဆုကို ဆွတ်ခူးခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ မိခင်နိုင်ငံ ဖြစ်တဲ့ အိန္ဒိယ ရဲ့ အမြင့်ဆုံး ဆုတံဆိပ်တစ်ခုဖြစ်တဲ့ " Bharat Ratna ( ဘာရတ် ရတနာ) ခေါ် "အိန္ဒိယနိုင် ငံရဲ့ ရတနာ တစ်ပါး " ဆိုတဲ့ဆုကိုလည်း ရရှိပြီး အသိအမှတ်ပြုခဲ့ရသူတစ်ဦးပါပဲ။ သူဟာ ခင်ဗျားတို့ နှိမ်ခေါ်နေကြတဲ့ ဘင်္ဂလီလူမျိုးပါပဲ။ သို့သော် ခင်ဗျားတို့ ရခိုင်လူမျိုး များ တစ်ခါ မှတောင် အိပ်မက်မမက်နိုင်သေးတဲ့ ပညာရပ်ဆိုင်ရာ ကမ္ဘာ့အဆင့် နိုဘယ်လ်ဆု တစ်ခု ကို အဆင့်အတန်းမီမီအရယူပြနိုင်ခဲ့တဲ့ ကမ္ဘာက လေးစားရတဲ့ ပညာရှင်ကြီး တစ်ဦးပါ။ သို့ပေမဲ့ သူဟာ ဗုဒ္ဓဘာသာဝင်တစ်ဦးလည်း ဖြစ်တာ အမှန်ပါပဲ။ သူဟာ ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်တာမို့ သူဟာ ဘယ်သို့ မြင့်မြတ်လှသူဖြစ်ကြောင်း မြန်မာမာစာနယ်ဇင်းတွေ အဲ့ ဒီအချိန်တုန်းက ၀ိုင်းဝန်းမြှောက်ပင့်ရေးသားခဲ့ကြတာကို ခုထိမှတ်မိနေပါသေးတယ်။
အဲ့ဒီ ဒေါက်တာ အမာတ္တယာဆဲန်ကပဲ အမေရိကန်နိုင်ငံက ကမ္ဘာသိ ဟားဗတ်တက္ကသိုလ် မှာ ပြုလုပ်တဲ့ ညီလာခံကြီး တစ်ခုမှာ ပြောသွားခဲ့ဘူးတဲ့ စကားတွေ ရှိပါတယ်။ အဲ့ဒါတွေကို လူကြီးမင်းတို့ သိကြပါသလား။ သူကိုယ်တိုင် ဘင်္ဂလီ လူမျိုးဖြစ်တဲ့ အမာတ္တယာဆဲန်က က ပြောသွားခဲ့တဲ့ ထင်ရှားတဲ့စကားတွေထဲမှာ ယနေ့ထိ မှတ်မှတ်ထင်ထင်ရှိနေတဲ့ စကား ထဲက က တချို့ကတော့ ..............
၁။ခင်ဗျားတို့ အခုစွပ်စွဲနေကြသလို မြန်မာနိုင်ငံက ရိုဟင်ဂျာလူမျိုးတွေဟာ သူ့လူမျိုးဖြစ်တဲ့ ဘင်္ဂါလီတွေ မဟုတ်ဘူးလို့ ပြောထားခဲ့ပါတယ်။
၂၊ ရိုဟင်ဂျာလူမျိုးတွေဟာ ယနေ့မြန်မာပြည်ဆိုတဲ့ တိုင်းပြည်ကို သူတို့ဖာသာ သွားခဲ့ကြ တာမဟုတ်ဘဲ သူတို့ရှိနေခဲ့ တဲ့ လွတ်လပ်တဲ့ ရခိုင်ပြည်က မေယုဒေသ တို့ မြောက်ဦးေ ဒသတို့ ကို ဗမာတွေကသာ အရောက် လာခဲ့ကြ တာ ဖြစ် ကြောင်း တရားဝင်ပြောကြားခဲ့ ပါတယ်။
( ရခိုင်ပြည်ရဲ့ တိုင်းရင်းသားတွေအဖြစ် အစဉ်အဆက်တည်ရှိခဲ့တဲ့ မေယုဒေသသား ရိုဟင် ဂျာတွေ အပါအ၀င် အားလုံးနေထိုင်နေတဲ့ ရခိုင်ပြည်ကို ခရစ်သက္ကရစ် ၁၇၈၅ ခုနှစ်၊ ဇန်န၀ါ ရီလ ၂ရက်နေ့မှာ့ ကုန်းဘောင် မင်းဆက် စတင်ထူထောင်ခဲ့သူ အလောင်းဘုရား ရဲ့ လေးယောက်မြောက်သားတော် နဲ့ ရွှေဘိုကုန်းဘောင်မင်းဆက်ရဲ့ စတုတ္ထမြောက်ဘုရင် ဘိုးတော်ဦးဝိုင်း လက်ထက်မှာ ဘိုးတော်ဦးဝိုင်းရဲ့ သားတော်ကြီး သတိုးမင်းစော ( နောင် ဘကြီးတော်ဘု ရားဟု အမည်တွင်သူက စစ်သူကြီးပြုပြီး ) က တရားဝင်သိမ်းပိုက်ခဲ့တဲ့ သမိုင်းဖြစ်ရပ်ကို ကိုးကားပြီး ဒေါက်တာ အမာတ္တယာဆဲန် က ပြောသွားခဲ့တာဖြစ်ပါတယ်။)
၃။ ရိုဟင်ဂျာလူမျိုးတွေဟာ အခုသူတို့နေနေတဲ့ နေရာမှာပဲ ရာစုနှစ်ပေါင်းများစွာနေထိုင်လာ ခဲ့သူတွေဖြစ်ကြောင်းနဲ့ ဘင်္ဂလီတွေ မဟုတ်ကြောင်း ကမ္ဘာသိ နိုဘယ်လ်ဆုရှင် ဘင်္ဂါလီ လူမျိုး ဗုဒ္ဓဘာသာဝင်လည်းဖြစ်သူ ဒေါက်တာအမာတ္တယာဆဲန်က ကမ္ဘာသိပြောကြားခဲ့ပါ တယ်။ မည်သည့် နိုဘယ်လ်ဆုရှင်များကမျှ စောဒနာမ၀င်သလို ဒေါက်တာအေးချမ်းဆို သူ ကဲ့သို့ မထင်မရှားမည်သည့်သမိုင်းပညာရှင်ဆိုသူကမျှလည်း စောကြောခဲ့ခြင်းမရှိခဲ့ကြောင်း မှတ်သား မိခဲ့ပါသည်။ ယနေ့ ဒေါက်တာအေးချမ်းဆိုသူပြောနေသလို မည်သည့် ဘင်္ဂါလီဘ ယာကြော် ကုလားက ရေးခဲ့မှန်းမသိသည့် မည်သူကမှလည်း မသိသည့် စာအုပ်အပေါ် ကိုး ကားပြောဆိုနေခြင်းလည်း မဟုတ်ကြောင်း သိစေအပ်ပါသည်။
ဘင်္ဂါလီ ဗုဒ္ဓဘာသာဝင် ကမ္ဘာသိပညာရှင်စစ်စစ်ဖြစ်တဲ့ နိုဘယ်လ်ဆုရှင် ဒေါက်တာ အမာ တ္တယာဆဲန် ရဲ့ ပြောကြားချက်တွေကိုပဲ အရင်ချေဖျက်ကြည့်ပါဦး မြန်မာပြည်မှ ဖက်ဆစ် သမိုင်းဆရာဆိုသူ လူ့ကောက်ကျစ်များခင်ဗျာ။
မန္တလေးသား ဒေါက်တာဇာနည် ကို နောက် မှ အပုပ်ချကြတာပေါ့။ လောလောဆည် ခင်ဗျားတို့ မုန်းတဲ့ ဘင်္ဂါလီလည်းဖြစ်၊ ခင်ဗျားတို့ ချစ်တဲ့ ဗုဒ္ဓဘာသာစစ်စစ်လည်း ဖြစ်၊ ရိုဟင်ဂျာဟာ ခင်ဗျားတို့ စွပ်စွဲနေသလို ဘင်္ဂါလီလူမျိုး လည်း လုံးဝမဟုတ်ပါဘူးလို့ ကမ္ဘာသိ ထပ်ကာထပ်ကာပြောကြားထားတဲ့ နိုဘယ်လ် ဆုရှင် ဒေါက်တာအမာတ္တယာဆဲန် ကို ထမင်းငတ်လို့ ပြောနေတယ် ဘာညာနဲ့ အရင် ရှုတ်ချတာတွေ ဘာတွေကို မြင်ချင်ပါတယ်။
ဘောရှိရင် လုပ်ပြပါခင်ဗျာ။ ကျေးဇူးတင်ပါ တယ်။

No comments:

Post a Comment