Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, November 14, 2015

မြန်မာမွတ်စလင်ဖြစ်ရတာ ဂုဏ်ယူပါတယ်ဗျာ

မြန်မာမွတ်စလင်ဖြစ်ရတာ ဂုဏ်ယူပါတယ်ဗျာ
ဦးအောင်တင်၏ facebook profile ပုံ















ပထမမြန်မာနိုင်ငံတော် မတည်ထောင်ခင်ကတည်းက၊ ပုဂံပြည်ကို ထေရဝါဒဗုဒ္ဓဘာသာ မရောက်ရှိခင်ကတည်းက မွတ်စလင်တွေ မြန်မာပြည်ကို ရောက်ရှိနေကြပြီးဖြစ်တယ်လို့ပြောရင် သမိုင်းမသိသူတွေက ပိုတယ်ထင်ကြမယ်။
သထုံဘုရင် မနူဟာမင်းကို အနိုင်တိုက်ပြီး ပထမမြန်မာနိုင်ငံတော်မှာ ထေရဝါဒဗုဒ္ဓသာသနာ စတင်ပြန့်ပွါးစေခဲ့ရာမှာလည်း မွတ်စလင်တွေ ရှေ့တန်းက ပါခဲ့ပါတယ်။ တစ်ကယ်တော့ ကျနော်တို့မွတ်စလင်တွေဟာ မြန်မာပြည်မှာ ဗုဒ္ဓသာသနာပြန့်ပွါးရေး အဆင့်ဆင့်ကအစ၊ ဂီတအနုသုခုမအလယ်၊ တိုင်းပြည်ကာကွယ်ရေး၊ လွတ်လပ်ရေးအဆုံး ကြိုက်
တဲ့မြန်မာ့သမိုင်းကဏ္ဍတစ်ခုကို အခြားတိုင်းရင်းသားတွေ မပါဘဲ ရေးလို့ရချင်ရပါမယ်။ မွတ်စလင်မပါဘဲရေးလို့  လုံးဝ
လုံးဝ မရဘူးလို့ ကျနော်အကြိမ်ကြိမ်ပြောနေခဲ့တာပါ။ ဒီလောက်လက်ရင်းကျတဲ့ တိုင်းပြည်ထူထောင်ဖော် ထူထောင်ဖက်၊ သေဖော်သေဖက် မြန်မာမွတ်စလင်တွေကို ဒီခေတ်ကျမှ ဧည့်သည်တွေ၊ ဧည့်သည်သာသနာ၊ နိုင်ငံခြားသားတွေလို့ မဟုတ်မတရား စွပ်စွဲကြ၊ မုန်းတီးကြ၊ အကြမ်းဖက်တိုက်ခိုက်ကြတာကို ခံနေရခြင်းဟာ ဒီမိုကရေစီ အမြစ်တွယ်ခဲ့ရင် အာဏာလက်လွှတ်ရမှာ ကြောက်ရွံ့နေကြတဲ့ စစ်အာဏာရှင်တွေရဲ့ လက်ချက်သက်သက်ဆိုတာကိုလည်း အခိုင်အမာ ယုံကြည်ထားပါတယ်။
ဒီခေတ်က အိုင်တီခေတ်ပါ။ အင်တာနက်သုံးပြီး အနောက်ဥရောပနိုင်ငံတွေက မွတ်စလင်အချို့ဟာ သဲကန္တာရထဲက အိုင်ဆက်နဲ့ဆက်သွယ်ပြီး အလွယ်တကူ အကြမ်းဖက်မှုတွေ ကျူးလွန်နေကြတဲ့ ကာလကြီးမှာ -
ပြည်ပအကြမ်းဖက် အဖွဲ့အစည်းတွေက မြန်မာပြည်က မွတ်စလင်တွေကို မြှောက်ပေးပြီး အကြမ်းဖက်ကြဖို့၊ အကြမ်းဖက်ရာမှာ အကူအညီပေးဖို့ အကြိမ်ကြိမ် ဆက်သွယ် ခြေကုပ်ယူဖို့ ကြိုးစားနေကြတဲ့ အချိန်မှာ -
မြန်မာပြည်က မွတ်စလင်တွေ အထူးသဖြင့် လူငယ်တွေက မြန်မာပြည်မှာ မွတ်စလင်တွေ ဒီလောက် ဖိနှိပ်ခံ၊ အတိုက်ခံနေ
ရတာတောင်မှ အကြမ်းဖက်ဖို့ လုံးဝ မစဉ်းစားကြဘဲ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်အပြည့်နဲ့ အကြမ်းဖက်သမားတွေ မြန်မာပြည်မှာ လုံးဝ အမြစ်တွယ် ခြေမချနိုင်အောင် ကြံ့ကြံ့ခံ ရပ်တည်ကာကွယ်နေတာကို ဂုဏ်ယူပါတယ်။
လူမျိုးစုံ၊ ဘာသာစုံ မြန်မာနိုင်ငံသားတွေကလည်း အခြားနေရာတွေမှာ ကျနော်တို့နဲ့ အမြင်မတူကြရင်တောင် ဒီအချက်ကိုတော့ အသိအမှတ် ပြုပေးကြစေချင်တာကတော့ ကျနော်တို့ရင်ထဲက ဆန္ဒပါဗျာ။

No comments:

Post a Comment