Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, November 2, 2015

အသျှူးရနေ့(ရိုဟင်လေး)




ဒီဇိုင်း      ရိုဟင်လေး


အသျှူးရနေ့
(ရိုဟင်လေး)

မဟ်ရမ်လဆန်း၊ ဆယ်ရက်မှန်
အသျှူးရနေ့၊ ရောက်လာဖန်
တမန်တော်မြေး၊ မျက်သာအေး
မယ်ဖာတေမာ၊ ရင်သွေးပါ
အီမာမ်ဟူးစိန်၊ ကာရ်ဘာလ္လာ
သက်စွန့်စစ်တိုက်၊ ဗိုလ်ရံပါ
အီစ္စလာမ်သာသနာ၊ ရှင်သန်ရှာ
နောက်မဆုတ်ဘဲ၊ အသက်ပေးခဲ့။

ထိုနေ့ထိုရက်၊ ဖန်ဆင်းခဲ့
အာရ်သျှော့ပလ္လင်၊ ဒီစကြာလေး
မောရှယ်တမန်၊ အောင်ပွဲခံ
ဖာရိုဘုရင်နှင့်၊ ဤရက်မှန်
ခေတ်တမန်နိုးဟ်၊ ရေလွှမ်းမိုး
သူနဲ့ပေါင်းအပ၊ ကပ်ဘေးမြုပ်
ကမ္ဘာပြိုမည်၊ အလ္လာဟ်သျှင်
လောကီဘဝ၊ တစ်ဘက်ပြောင်း
ရင်ဆွဲထင်ဟပ်၊ မျက်ရည်ပွေ့
ဖြစ်ကြီးရပ်ပြည့်၊ အာသျှူးရနေ့။

ဖွဲ့ချိန်၊ ၁၅၊ ၁၂၊ ၂၀၁၀။

No comments:

Post a Comment