Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, November 8, 2015

အစိုးရဖွဲ့နိုင်အောင် အများစုနိုင်တယ်လို့ NLD ပြော


အစိုးရဖွဲ့နိုင်အောင် အများစု နိုင်နိုင်တယ်လို့ NLD ပြော


 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစိုးရဖွဲ့နိုင်လောက်တဲ့အထိ နေရာအများစုမှာ အနိုင်ရနိုင်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်က ပြောပါတယ်။

အစိုးရဖွဲ့နိုင်ဖို့ဆိုရင် NLD ဟာ အနည်းဆုံး ၆၇ ရာခိုင်နှုန်း နိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

နယ်တွေဘက်က၊ ရွာတွေဘက်ကနေ ဆက်သွယ်ပြောလာတဲ့ သတင်းစကားတွေအရ ၈၀ ရာခိုင်နှုန်းလောက် နိုင်နေတယ်လို့ သိရကြောင်း ဦးဝင်းထိန်က ပြောပါတယ်။

အဲဒီလို နိုင်နေတယ်လို့ ပြောတဲ့အထဲမှာ လားရှိုး၊ မြောက်ဥက္ကလာ၊ သာကေတ၊ တောင်ဥက္ကလာ၊ မရမ်းကုန်း မြို့နယ်တွေ ပါဝင်တယ်လို့ ရွေးကောက်ပွဲနေ့ ညဦးပိုင်းမှာ သူက ပြောပါတယ်။

တချို့နေရာတွေမှာ မဲမသမာမှုတွေရှိနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း လက်ခံရရှိထားကြောင်းလည်း ဦးဝင်းထိန်က ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
Facebook

No comments:

Post a Comment