Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, November 2, 2015

မြန်မာ့ပညာရေးနှင့် သာဓက

(ပုံ-၁) ပဉ္စမတန်း၊ ပထဝီဝင် စာမျက်နှာ ၂၆-၂၇


ပဉ္စမတန်း ပထ၀ီ စာအုပ်က သက်သေထူနေပါတယ်။ ကျောင်းသားမိဘ တစ်ဦးဖြစ်တဲ့ ဒေါ်အေးအေးသန်းက သူ့ဖေ့စ်ဘုတ် စာမျက်နှာမှာ တင်ထားတာပါ။ သူ့သား စာကျက်တာ နားထောင်ရင်း တခုခု လွဲနေတာကို သတိ ထားမိလို့ ပြဋ္ဌာန်းစာအုပ်ကို ယူကြည့်လိုက်တဲ့အခါ အခုဓာတ်ပုံထဲမှာလို အကြီးအကျယ်လွဲမှားနေတာ တွေ့လိုက်ရပါတယ်တဲ့။ မြန်မာ့ပညာရေး ဘယ်လို အကြီးအကျယ်လွဲမှားနေလဲဆိုတာ အခုဒီဓာတ်ပုံ
က သက်သေထူနေပါ တယ်။

မြန်မာပြည်မြေပုံမှာ ရခိုင် ကမ်းမြှောင်ဒေသကို ညွှန်းဆိုထားပုံက အရှေ့ဘက် ကုန်းမြင့်ဒေသပုံ လို့ ပြဆို ထားပြီး ရှမ်း ကုန်းမြေမြင့်ကို တော့ အနောက်ဘက် တောင်တန်းဒေသလို့ ညွှန်းဆို
ပြသထားပါတယ်။

ဒီလို ပြဋ္ဌာန်းစာအုပ်တွေနဲ့ သင်ကြားပို့ချတဲ့ မြန်မာ့ပညာရေး အတွက် ကျောင်းသားမိဘတွေက အစိုးရကျောင်းကို သူ တို့ သား၊ သမီးတွေကို ပညာသင်စေဖို့ အတော်တွန့်ဆုတ်သွားစေခဲ့ပါတယ်။

(ပုံ-၂) ဒုတိယတတန်း၊ သင်္ချာ မျက်နှာဖုံးစစာမျက်နှာနှင့် စာမျက်နှာ ၉၆

ဒီ ဒုတိယတန်းသင်္ချာ စာမျက်နှာ ၉၆ တွင်ပါသော နံပါတ် (၃)ပုစ္ဆာကို ဘယ်သူတွက်နိုင်မလဲ နည်းနည်း စဉ်းစားကြည့်လိုက်ပါ။ ဒီအစိုးရလက်အောက် ပညာရေးဌာန ဝန်းထမ်းအားလုံးပေါင်းပြီး တွက်ခိုင်းရင်လည်း တွက်နိုင်မည်မဟုတ်ပါ။
ဆင်ခြင်တုံးတရားနည်းတဲ့ ပညာရေးကို ပြင်ဆင်ရန် အချိန်တန်ပြီဟု နိုးဆော်လျှင်လည်း အပြစ်ကျပြီ။ ပြစ်မှုကြီး ကျူးလွန်သွားပြီလေ။ ထောင်ပဲ စံနေရတာ မျက်မြင်ဒိဋ္ဌပဲ။

တိုးတက်နေတဲ့ ကမ္ဘာကြီးနောက်ကို ကျွန်ုပ်တို့ မျိုးဆက်လူငယ်တွေ ဒီလိုမျိုး ပညာရေးနှင့် ဘယ်လို
လိုက်မီနိုင်မလဲ
မြန်မာ့ပညာရေး ဘယ်လို အဆင့်အတန်း ရှိတယ် ဆိုတာကို ဝေဖန်ဖို့နဲ့ ဆင်ခြင်ဖို့ပါ။

အိမ့်သံစဉ် ~





No comments:

Post a Comment