Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, November 2, 2015

စေတနာ့ရှင် မျိုးစိတ်ကောင်း (ရိုဟင်လေး)




စေတနာ့ရှင် မျိုးစိတ်ကောင်း 
ရေးသူ- ရိုဟင်လေး 

နွေဦးကာလ၊ ကျောင်းကြီးဖွင့်လျှင် အားမာန်ပြည့်ဖွင့်၊ စေတနာထားကျောင်း စာအုပ်စာတမ်း၊ ဖြည့်စွမ်းသာပင် စာသင်ကျောင်းတွင်၊ ထကြွလှုပ်ရှား ရွာဟင်ဂျာစေတနာ့၊ ဆရာငယ်တို့လေး

သူငယ်အနာဂတ်၊ မြင့်မားရအောင် ပညာမျိုးစေ့၊ စိုက်ပြီးသူရွက်ဆောင် အရည်အသွေး၊ ထက်ချွန်ပျိုးထောင် မျိုးမည်းဘာသာ၊ ဖြူမခွဲခြား 
ကျယ်ပြန့်လွှမ်းခြုံ ချဉ်းကပ်နည်းနှင့်လေး..... ။ 

ပညာတိုးပွား၊ ကျိုးများစေရန် 
စာပေသင်ကြား၊ စိတ်အားသူထက်သန် ဇာတိမျိုးမာန်၊ ရှင်ရေးစေသန် 
မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ ဦးထား 
စာရိတ္တပါ သင်ကြားပေးသည်နှင့်လေး....။

သာရေးနာရေး၊ အရေးပေါ်လျှင် သွားရောက်မေးမြန်း၊ သူထမ်းဆောင်သည်ပင် အလှူမင်္ဂလာ၊ မကျန်ကူဆောင် 
လုပ်ငန်းရုန်းခွင်၊ မြဲပင်လှုပ်ရှား 
စိတ်မနောပါ ကြိုးစားသည်နှင့်လေး ...။ 

စေတနာသင်၊ ကလေးပျော်ကျောင်း 
သဒ္ဓါဖြူစင်၊ အာစရိယကောင်း....။


No comments:

Post a Comment