Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, November 2, 2015

ရိုဟင်သား (လူထုဝဏ္ဏ)




ရိုဟင်သား
ရေးသူ- လူထုဝဏ္ဏ

ဘာမထီလာပြီ၊ ဇာနည်ဖွား
ရိုဟင်သားဟေ့ ရိုဟင်သား။
အန္တရာယ်ရန်စွယ်၊ အမြန်ဖယ်ရှား
ကာကွယ်သွားမည့် ရိုဟင်သား။
အစဉ်သာရင်မှာ၊ အကြင်နာဖွား
အမျိုးနှင့်တစ်သားတည်း ရိုဟင်သား။

ရိုးကြေသက်သေ၊ တို့တစ်တွေမမူ
ရိုဟင်ကမွေးတဲ့ ရိုဟင်သား။
စွန့်လွတ်စွမ်းစား၊ အနစ်နာခံ
အစဉ်လာမှန်တဲ့ ရိုဟင်သား။
လုံ့လဝီရိယ၊ အမြဲရှိသဖော်
ဇွဲအပြည့်နှင့် တို့ရိုဟင်ဂျာနော်။

မျိုးချစ်စိတ်နှင့်၊ ဇာတိမာန်
အစဉ်သန်တဲ့ ရိုဟင်သား။
ပတ္တမြားမှန်၊ နွံမနစ်
ကျွန်ဖြစ်မခံတဲ့ ရိုဟင်သား။
အမိမြေတာဝန်၊ အစဉ်ထမ်း
ရွှင်ရွှင်လန်းလန်း ရိုဟင်သား။
ရိုဟင်သားဟေ့ ရိုဟင်သား။

သတ္တိဗျတ္တိ၊ အစွမ်းပြည့်စုံ
မျိုးဂုဏ်ဆောင်တဲ့ ရိုဟင်သား။
အရေးကြုံလာ၊ တာဝန်သိ
သစ္စာရှိတဲ့ ရိုဟင်သား။

တိကျမှန်ကန်၊ မြန်ဆန်ရေး
အစဉ်တွေးလို လုပ်ဆင်ခြင်။
အသက်ပေးလှူ၊ ဘဝလှူ၍
ရိုဟင်အတွက်၊ ကြည်ဖြူဆက်
ချီတက်လှမ်းမယ့် ရိုဟင်သား။
ခန္ဓာသုဉ်းစွ၊ စွန်လွှတ်ရလည်း
လောကအလယ်၊ အားမငယ်
ရင်ဝယ်ပြုံးလျက်၊ စွမ်းသည်ဘက်မှ
ဆက်လက်ချီတဲ့ ရိုဟင်သား။ 



Posted via Blogaway


No comments:

Post a Comment